Tuesday, December 23, 2008

မင်္ဂလာအကြိုပုံများ ၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းနှင့် မင်္ဂလာအခမ်းအနား အမှတ်တရပုံများ


ကျွန်မ 'လင်းလက်ကြယ်စင်' နှင့် ချစ်သူခင်ပွန်း ကိုကို 'ကိုနိုင်မိုးအောင်' တို့၏ မင်္ဂလာအခမ်းအနား Mandarin Oriental Hotel (Singapore) မှာ အောင်မြင်ပျော်ရွှင်စွာ ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ (၇)လကျော်ကျော် ဆက်တိုက် မနားမနေ အလုပ်ရှုပ်ခဲ့ရ ၊ ပင်ပန်းခဲ့ရတဲ့ စီစဉ်မှုတွေအားလုံး စနစ်တကျ ပျော်ရွှင်စွာ ပြီးဆုံးသွားတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တက်ရောက်အားပေးခဲ့ကြတဲ့ နှစ်ဖက်မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိမိပါတယ်။ လှပအေးချမ်းပျော်ရွှင်ဖို့ကောင်းတယ်လို့ သတ်မှတ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးသိပ်တင်မိပါတယ်။ မင်္ဂလာအခမ်းအနားမှာ ဖော်ပြခဲ့သော ကျွန်မတို့ရဲ့ မင်္ဂလာအကြိုပုံများ ၊ ကျွန်မ အသက်(၂၀)ပြည့်နှစ် မွေးနေ့ပွဲပုံများနှင့် မင်္ဂလာလက်မှတ်ရေးထိုးခြင်း ပုံများကို တောင်းဆိုထားသော မိတ်ဆွေများအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်။ ယနေ့ညနေ(၃)နာရီမှာ ဘာလီကျွန်းသို့ ဟန်းနီးမွန်းခရီးစဉ် သွားမှာဖြစ်တဲ့အတွက် နှစ်သစ်နောက်ပိုင်းမှ ကျွန်မ ဘလော့ခ်တွေပေါ် ပုံမှန်ပြန်ရောက်ပါလိမ့်မယ်။ လှပအေးချမ်းသော ဒီဇင်ဘာလ၏ နှင်းပွင့်များနှင့်အတူ ရင်ခုန်ဖွယ်ကောင်းသော ခရစ်စမတ် ၊ နှစ်သစ်အချိန်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Wedding Photos Links ;

Pre-Wedding Photos

My 20th Birthday & Registration of Marriage

Wedding Ceremony in Mandarin Oriental Hotel, SG


46 comments:

Anonymous said...

သာယာချမ်းမြေ့တဲ့ ဘဝကို သက်ဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

nyi ma lin let, very nice to see ur weddin' picz & birhday picz! wish u a joyful X'mas , a happy new yr wif ur new hubby!

Anonymous said...

congratulations!

Su said...

Congratulations!
Alcune volte basta un attimo per dimenticare una vita, mentre non basta una vita per dimenticare un attimo: quello che oggi vivete e che durerà tutta la vita!
Possa la realtà essere più bella dei sogni che vi hanno portato oggi all'altare.
Il mio augurio più affettuoso in questo giorno di festa

sincerely

pandora said...

လိုက်ဖက်တဲ့စုံတွဲရဲ့ ပျော်ရွှင်ကြည်နူးစရာ ပုံရိပ်လေးတွေကို ကြည့်သွားတယ်။

congratulations!

Anonymous said...

ညီမလေး လင်းလက်
ပျော်ရွှင်ဖွယ် ဟန်းနီးမွန်း ဖြစ်ပါစေနော်.. :)
ညီမတို့နှစ်ယောက် အရမ်းလိုက်ဖက်ညီတယ်နော်
ညီမလဲ လုံးဝမထင်ရဘူး အရမ်းလိုက်ကြတယ်
ညီမငယ်လေး ကံကောင်းပါစေလို့
ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်စ်ပါကွယ်..

s said...

ကြည်နူးအေးချမ်းဖွယ်ကောင်းလိုက်တာ။ဂုဏ်ယူပါတယ်မလင်းလက်။
လိုက်ဖက်တဲ့ စုံတွဲပဲ။

ခင်မင်းဇော် said...

သမီးရေ ဓါတ်ပုံတွေ စောင့်မျှော်နေတာ...
အရမ်းဝမ်းသာတယ်။
ခုလိုအဆင်ပြေ စည်ကားပျော်ရွှင်နေတာကို မြင်ရတဲ့အတွက်ပေါ့။
ဘ၀ခရီးတလျှောက်လုံး အေးချမ်းသာယာပျော်ရွှင်နိုင်ပါစေ။
အန်တီခင်မင်းဇော်

Alvin S. C. Lee said...

Congratulations to you and Ko NMA!

May you both be blessed for the many good years ahead together :)

Anonymous said...

ကိုနိုင်မိုးအောင်နဲ့ မလင်းလက် သာယာချမ်းမြေ့ပါစေ။ အပျော်လေးများကိုမျှဝေခံစားသွားပါတယ်။

Anonymous said...

အားကျမိပါသည်။ ပျော်ရွှင်သောဘ၀ ကိုပိုင်ဆိုင်နိုင်ပါစေ အမ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

မလင်းလက် နဲ့ ကိုနိုင်မိုးအောင်

သားကောင်း သမီးကောင်းလေးတွေ ရပြီး သာယာပျော်ရွှင်တဲ့ ဘ၀ကိုတည်ထောင်နိုင်ပါစေ။

မောင်ဆန်နှင့်ဇော်မျိုး (တောသားနှစ်ယောက်)

:P said...

ချစ်သူ နှစ်ယောက် အမြဲပျော်ရွှင်ပါစေ....
(လောလောလတ်လတ် မင်္ဂလာဆောင်ထားတဲ့ ဘလော့ဂါတွေ 2009 မှာ ပို့စ် အတင်ကျဲမယ် ဆိုတဲ့ ကိုပေါရဲ့ဟောစာတမ်းလို မဟုတ်ဘူးဆိုတာ 2009 မှာ သက်သေပြပါ။)

Unknown said...

Nyi Ma yay,
Happy birthday and Congratulation Naw!
You both are a gifted match. I am so glad for your wedding.
Good luck Nyi Ma Lin Let.

GreenGirl said...

Congratulations ပါညီမလေး :)

Anonymous said...

အားကျမိပါတယ် မလင်းလက်ရယ်... သာယာပျော်ရွှင်သော ဘ၀ကို တည် ဆောက်နိုင်ပါစေလို့ နှစ်သစ်နှင့်အတူ ဆုတောင်းပေးလိုက်ပါတယ်..

Moe Cho Thinn said...

ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေ လာကြည့်သွားပါတယ် ညီမလေးရေ။
သာယာပျော်ရွှင် ချမ်းမြေ့တဲ့ မိသားစုဘ၀လေးကို ချစ်တဲ့သူနဲ့အတူ လျှောက်လှမ်းနိုင်ပါစေ။

Unknown said...

တယောက်ထဲထုရမှာ ပျင်းတယ်

Unknown said...
This comment has been removed by a blog administrator.
Anonymous said...

congrats ပါ
လိုက်ကြတယ် ;)

May Moe said...

Congratulations ပါ ညီမလေး။ သာယာပျော်ရွှင် ချမ်းမြေ့တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ

ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ

Anonymous said...

congratulation ahchit

Anonymous said...

ကြယ်စင် ညီမလေး ပုံတွေ အရမ်းလှတွေ...
အပျော်တွေလည်း ကူးစက်ခံစားရပါတယ်...
ပျော်ရွှင်စရာ ဟန်နီးမွန်းခရီး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...
သားကောင်း သမီးရတနာလေးတွေလည်း ဖွားမြင်နိုင်ပါစေနော်... :P

Nge Naing said...

ဒီလင် ဒီမယား ရာသက်ပန် အဆင်ပြေပြီး ပျော်ရွှင်ကြည်နူးစွာနဲ့ အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ။

megumi said...

မင်္ဂလာဝတ်စုံလေးနဲ့ အရမ်းလှတာပဲ။
အားကျသွားပြီ သိလား။ :P

အရမ်းလိုက်ဖက်တဲ့စုံတွဲလေးအတွက် ရာသက်ပန် အိုးအောင်မင်းအောင် ပေါင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MELODYMAUNG said...

ပျားရည်ဆမ်းဒိုးနတ် အဲလေ..ပျားရည်ဆမ်းခရီးပြန်လာရင် ပုံတွေအများကြီးထပ်တင်ဦးနော် စစ်
နှစ်သစ်မှာ ပျားရည်ဆမ်းရင်း ပျော်ရွှင်သလို ရာသက်ပန်ရိုးမြေကျ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ

Anonymous said...

နောက်ကားတွေ ကျော်တက်သွားတော့ ရှေ့ကားတွေ ဘူ ပိတ်ပီပေါ့ (ဟီး)
မကျေနပ်ဘူ: နောက်က အမီလိုက်ခဲ့မယ် (ဟဟာ့ )

ခရေဖြူ

Anonymous said...

စိတ်မညစ်နဲ့ညီမလေးရေ..
နင်ဟာ အလှဆုံးသတို့သမီးပါ ညီမလေးရေ..

လင်းလက်ကြယ်စင် said...

ချစ်ခင်ရသော မိတ်ဆွေမောင်နှမများ >> ခရီးက ပြန်ရောက်လာပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မင်္ဂလာဆောင်တဲ့နေ့ရက်က ဓာတ်ပုံများကိုတော့ ကိုယ်တိုင်တောင် သွားမယူရသေးပါဘူး။ ဖြေးဖြေးမှ ယူမယ်လို့ စဉ်းစားထားပါတယ်။ ဆုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်။ ခံစားမှုပျော်ရွှင်ခြင်းများကို မျှဝေထားတာတွေကို နားလည်ခံစားပေးကြသူများကို ချီးကျူးကျေးဇူးတင်မိပါတယ်။ တစ်ဖတ်သတ် အမြင်များနဲ့ မိမိလိုသလို ကောက်ချက်ချပြီး ပေါက်တတ်ကရ ကွန်မန့်ပေးနေသူများကို မလိုအပ်လို့ Approve မလုပ်ပေးထားပါ။ စိတ်ညစ်ခြင်းများ တစ်စက်မှမရှိဘဲ ရှေ့ဆက်အနာဂတ်ခရီးအတွက် ပန်းတိုင်ကို သေချာလျှောက်လှမ်းလျက်

ခင်မင်စွာဖြင့်

လင်းလက်ကြယ်စင်

တောင်ပေါ်သား said...

မင်္ဂလာရှိသော ပြည့်စုံသော နှစ်သစ်လေး တခု ဖြစ်ပါစေလို့ ရင်ထဲက ဆုတောင်းပေးပါတယ်

JulyDream said...

ဘ၀ခရီးလမ်းမှာ အဆင်ပြေ ချောမွေ့ပါစေ...

မေငြိမ်း said...

ပျော်ရွှင်ပြည့်စုံတဲ့ ဘ၀ခရီးလမ်းမှာ နှစ်များစွာတိုင် အတူ လျှောက်လှမ်းသွားကြရပါစေ...။

Z said...

မမလင်းလက်... congratulations ပါနော်...
သတို့သမီးက အရမ်းလှသလို...သတို့သားနဲ့လည်း လိုက်ဖက်ညီပါတယ်...
သာယာတဲ့ ဘ၀ခရီးလမ်းတခုကို နှစ်ယောက်အတူတူလက်တွဲပြီး အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေနဲ့ ကျော်ဖြတ်နိုင်ပါစေ။

Ju K. said...

Congratulations'..very sweet couple..

ညီလင်းသစ် said...

Congratulations...လင်းလက်ရေ!

Anonymous said...

စူများတွေများ စွံကုန်ပီ ကိုယ်ပဲကျန်တော့လယ်ဂျာ

Anonymous said...

ညီမလေးရေ အခုမှရောက်ဖြစ်တယ်။ ပျော်ရွှင်ဖွယ် အိမ်ထောင်တစ်ခုကို ဖန်တီးနိုင်ပါစေနော်။ အစစအရာရာ အဆင်ပြေနေစေဖို့ ဆုတောင်းပေးလိုက်တယ်။

PHYO said...

အ ခု မှလာ လည်ဖူးတာပါ
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့ သာယာတဲ့ ဘ၀ခရီးလမ်းတခုကို နှစ်ယောက်အတူတူလက်တွဲပြီး ကျော်ဖြတ်နိုင်ပါစေခင်ဗျာ
အားကျမိပါရဲ့ဗျာ

YeKyawAungMDY said...

လင်ချစ်၊ မယားချစ်ပါမက မောင်ချစ်၊ နှမချစ်ကဲ့သို့ သက်ဆုံးတိုင် အတူတကွ လက်တွဲပြီး အခက်အခဲ ဟူသမျှ ကျော်လွားအောင်မြင်နိုင်ပါစေ..
ပျော်ရွင်ချမ်းမြေ့ပါစေ...
Congradulation to Mr Naing Moe Aung and Mrs Naing Moe Aung!!!!

Anonymous said...

congratulation!!!!
ထာရပျော်ရွှင်ချမ်းမြေ့စွာ လက်တွဲခိုင်မြဲကြပါစေ..
သိပ်လိုက်ဖက်တဲ့ မင်္ဂလာမောင်နှံပါပဲ..
ညီမလေးလဲ မင်္ဂလာဝတ်စုံလေးနဲ့ သိပ်လှတာပဲ..

အဉ္ဇလီ said...

ဒီစုံတွဲ ဘဝခရီးလမ်းမှာ အဆင်ပြေ ချောမွေ့ပါစေဗျာ ...

သံလွင် HeRo said...

သူငယ်ချင်းရေ...မရောက်ဖြစ်တာကြာလို့
အခုမှာ မဂ်လာဆုလာတောင်းပေးရတာ ဆောရီးပါနော်။
သာယာပျော်ရွှင်ဖွယ်ကောင်းသောမိသားစုဘဝလေးကို
ပိုင်ဆိုင်ပါစေ။
သံလွင်ဟီးရိုး

Anonymous said...

မလင်းလဲ့ရေ.. ဖိတ်ထားတာကြာလှပြီ.. အခုမှရောက်လာတော့တယ်.. ကိုကိုအတွက်.. အချိန်တွေ အများကြီးပေးနေရလို.နဲ့တူတယ်.. ဟုတ်တယ်ဟုတ်... :) link ယူသွားပြီနော်

သက်ပိုင်သူ said...

မလင်းလဲ့ရေ.. ဖိတ်ထားတာကြာလှပြီ.. အခုမှရောက်လာတော့တယ်.. ကိုကိုအတွက်.. အချိန်တွေ အများကြီးပေးနေရလို.နဲ့တူတယ်.. ဟုတ်တယ်ဟုတ်... :) link ယူသွားပြီနော်.. ဆီပုန်းမှာ.. လာအော်ခွင့်လေး ပြုပါဦး

Anonymous said...

kkk

Anonymous said...

နေနဲ့လရွှေနဲ့မြပါပဲ။ အားကျပါတယ်ဗျာ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။