Sunday, December 07, 2008

ခင်မောင်တိုး - ချစ်သူသိစေ


အဆိုတော် ခင်မောင်တိုးသီချင်းတွေထဲ အကြိုက်ဆုံးသီချင်းများထဲမှာ “ချစ်သူသိစေ”သီချင်းလည်း ပါတယ်။ မဟာဆန်သူ ၊ ရတနာသူ ၊ ဝေးခဲ့ပြီပန်းခရမ်းပြာ ၊ ပန်းချစ်သူ ၊ ဒွိဟစိတ်နဲ့သုညမှာ ၊ ရိုးရိုးလေး ၊ အို ၊ တိတ်တခိုး အစရှိတဲ့ သီချင်းတွေကို သိပ်ကြိုက်ပါတယ်။ ဒီဇင်ဘာ (၇)ရက် အမှတ်တရနေ့အတွက် နူးညံ့သိမ်မွေ့ကဗျာဆန်သော ဒီသီချင်းကို သိပ်နှစ်သက်သော “သူ”အတွက် စာသားလေးတွေပါ နားထောင်ရင်း ရေးဖွဲ့သီကုံးပေးလိုက်ပါတယ်။


ချစ်သူသိစေ

ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ~~
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့် ~
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ ထာဝရအမြဲတည် ~~
နှလုံးသားမှာ စွဲမြဲစွာထုံရစ် ~ ဆွတ်ပျံ့နေ ချစ်သူသိစေ ~
တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~ မင်းမရှိလည်းစွဲမြဲစွာ
~ ဘယ်လောက်ဝေးနေ ~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
တွေ့လို့နေ ချစ်သူသိလေ ~

~ ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ် ~
~ တွယ်နှောင်ရစ်ငင်အိပ်မက်မှာအစဉ်အမြဲရှိ ~~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~
~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
ကျေးငှက်တို့တီးတိုးသံ ~~ ချိုစွာကြားရင် မင်းစကားသံ စွဲမြဲစွာကျန်ရစ်
~ ကြားလို့နေ ချစ်သူသိလေ ~~

~ တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
~ ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~
~ မင်းမရှိလည်းစွဲမြဲစွာ ~ ဘယ်လောက်ဝေးနေ
~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~
~ တွေ့လို့နေ ချစ်သူသိလေ ~ ဘယ်လောက်ဝေးဝေး
~ ဘယ်မှာဖြစ်ဖြစ် ~ တွယ်နှောင်ရစ်ငင် ~ အိပ်မက်မှာ အစဉ်အမြဲရှိ ~
~ နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
~ ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~
~ ကျေးငှက်တို့ တီးတိုးသံ ~ ချိုစွာကြားရင် ~
~~ မင်းစကားသံ စွဲမြဲစွာကျန်ရစ် ကြားလို့နေ ချစ်သူသိလေ ~~




Photo Credit to http://screensaver.pe.kr/view/data/category_love/love_wallpaper_111.jpg

10 comments:

Yan said...

အင်း...

အချစ်နတ်ဖမ်းစားခံရရင် ပို့စ်ကောင်းလေးတွေ ထွက်တတ်တယ်ဆိုပဲ..

မလင်းလက်တစ်ယောက် ဘာတွေဖမ်းစားနေလဲဗျ.

:)

You are in love....

Keep it up........

အားကျလယ်..

Y.

Anonymous said...

ခင်မောင်တိုးသီချင်းတွေကတော့ အမြဲလိုမဟုတ်တောင် အခါတလေ အရမ်းနားထောင်လို့ သီချင်းတွေပါ။
ရိုးရိုးလေးနဲ့ ဖွဲ့ထားတဲ့စာသားတွေကိုက စွဲလန်းစရာပါပဲ

JulyDream said...

အဲဒီသီချင်းကို ကျွန်တော်လည်း ကြိုက်တယ်ခင်ဗျ။ စာသားတွေက အနက်အဓိပ္ပါယ် အပြည့်ရှိတယ်လေ။

ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ဆိုတဲ့စာသားကို အကြိုက်ဆုံးပဲ။

Anonymous said...

ဒီသီချင်းလေကခုချိန်မှာတော့ကျနော်အတွက်တော့တော်တော်လေကိုတိုက်ဆိုင်မူ
ရှိတဲ့သီချင်းလေဖြစ်တဲ့အတွက်ခုလိုနာထောင်ရတာကျေးဇူးတင်ပါတယ်နော်။

GreenGirl said...

ညီမလေးရေ...သီချင်းလေးကြိုက်လို့ ယူသွားပြီနော်..ကျေးဇူး
အချစ်တွေနဲ့ ပျော်ရွှင်ပါစေ...

Melody said...

It is a poem. I think the poet is mg sein win (ba tee gone)

Anonymous said...

very nice mentioned of Ko Khin Maung Toe's songs Linlet !
Thanks for sharing.

Best,
ko myoe.

Anonymous said...

God Bless u

Anonymous said...

သူတို့ လင်းလက်ကို မနာလိုလို့အဲလိုရေးတာဖြစ်တယ်. တင်ပြတာရှိရင်တင်ပြပါ. ကဲ့ရဲ့တဲ့လူတွေပဲရှက်ရမှာဖြစ်တယ် သူတို့ပဲအပြစ်ရှိတယ်

Anonymous said...

hi sister, visiting u r blog, nice to read, listen music, ..

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။