Thursday, July 31, 2008

၈.၈.၈၈ နှလုံးသားမဲ့ လက်မရွံ့ လူသတ်ပွဲ



၈လေးလုံး အရေးတော်ပုံ မှတ်တမ်းတွေကို ကြည့်တိုင်း နာကျင်ကြေကွဲရတဲ့ နှလုံးသားဟာ ဒီ Video File ကို ထပ်ကြည့်လိုက်မိတဲ့အခါ ထပ်မံ နာကြဉ်းစက်ဆုပ်မိရပါတယ် .. ။ ဒီမြေဟာ သိပ်ကိုလှပသာယာပါတယ်။ ဒီမြေပေါ်က လူတွေအားလုံးဟာ ချစ်ခင်ဖို့ ကောင်းကြပါတယ်။ ဒါပေမယ့် .. ဒီမြေပေါ်မှာ ရှိနေတဲ့ အမှိုက်တွေကြောင့် ဒီမြေကြီးဟာ အပြစ်မဲ့လူများရဲ့ သွေးတွေနဲ့ နာကျင်ကြေကွဲရိပ်တွေ လွှမ်းခြုံနေခဲ့ရတယ်။

6 comments:

Anonymous said...

thanks lin let. you should have to keep for history of 8888.

yannaing said...

လင်းလက်ရေ......ဘလော့ဆိုတာကို သိရတဲ့အချိန်ကစပြီး လင်းလက်ကြည်စင်ဆိုတာလည်း
တပြိုင်တည်းသိရပါတယ်..အချိန်အားရင်တော့အသစ်
တွေတင်ပေးပါ.. proxy တွေကြားကနေပြီးလာရတာပါ
ကျွန်တော်ရဲ့ ဘလော့ကိုလည်းလာပါ အကြံပေးပါ
http://yannaing-thinking.blogspot.com ပါ ။

Anonymous said...

၈ လေးလုံး ရဲ့ မြင်ကွင်းတွေကို မကြည့်ရက် ပေမယ့် သေသေချာချာ ထပ်ကြည့် သွားပါတယ် မလင်းလက်...။ သန်းရွှေကို ပြည်သူ မနိုင်ပေမယ့် Natural Law က နိုင်လာမှာပါ...။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိပါဘူး.. ဒီလို ပေါ်ပေါ်ထင်ထင် ယုတ်မာ ပက်စက်သူတွေ အတွက်ကတော့ ဆွေးစဉ်မျိုးဆက် အပြစ်တွေ ခံစားရမှာပါ...။

Nge Naing said...

လင်လက်ရေ စာလာဖတ်သွားပါတယ်။ ၈၈ သမိုင်းကို လင်းလက်တို့လို မျိုးဆက်သစ်တွေက အခုလို ပြန်လည်တင်ပြပေးတာကို သိပ်ပြီးကျေးဇူတင်တယ်၊ ဂုဏ်လည်းယူပါတယ်။

Hteink Min said...

မှန်အောင် ပစ်မယ်တဲ့ဗျ.. မှန်အောင်ပစ်တာ.. ကိုယ့်သားသမီး ကိုယ်သတ်နေတယ်ဆိုတာ နေဝင်းမသိဘူးနဲ့ တူတယ်.. လာလည်သွားပါတယ် ညီမ.. အကို အခု ဘလော့စပေါ့မှာ စာပြန်ရေးနေပါတယ်.. .ကွန် ကြီးက ပိုးကိုက်သွားလို့ .. အားရင် လာအားပေးပါဦးဗျာ..

ထိုက်မင်း

Anonymous said...

၈၈ နဲ.ပတ်သက်လာတိုင်း ဘယ်နှစ်ကြိမ်မှန်းမသိတဲ့
မျက်ရည်တွေထပ်ကျမိတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။