Monday, July 14, 2008

အမှတ်တရ ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာပွဲလေးအတွက် စုံတွဲတိုင်း လိုအပ်သည့် ပြင်ဆင်မှုများ

ဘ၀ရဲ့ဖြတ်သန်းချိန် တိုတိုလေးမှာ နှလုံးသားနဲ့ဦးနှောက် ပေါင်းစပ်ပြီး ချစ်ခြင်းမေတ္တာပန်းတွေနဲ့ လှိုင်လှိုင်ဖူးပွင့်နေတဲ့ အိမ်ကလေးတစ်ခုကို နှစ်ယောက်အတူ တည်ဆောက်ချင်တဲ့အခါ .. မိန်းကလေးတိုင်း ယောက်ျားလေးတိုင်း ပြင်ဆင်ပျော်ရွှင်ရတဲ့အချိန်လေးတစ်ခုကတော့ `နှစ်ကိုယ်တူ ယှဉ်တွဲမည့် မင်္ဂလာပွဲ´ .. ။ တစ်သက်မှာ တစ်ခါပဲပြုလုပ်ရပြီး တစ်ဘ၀လုံး အမှတ်ရနေမည့် မင်္ဂလာပွဲလေးတစ်ခုအတွက် မောင်နှံတွေအားလုံး မိမိစိတ်ကူးလေးတွေဖြင့် ပုံဖော်ရတာ သိပ်တော့မလွယ်။ တစ်ရက် နှစ်ရက်ခန့်သာ ကြာမြင့်သည့် ရင်ခုန်လှုပ်ရှားဖွယ် ထိုအချိန်လေးအတွက် နှစ်ချီကာ ပြင်ဆင်ရသည်မှာ မောင်နှံများအားလုံး၏ အပျော်များ အမောများဖြင့် အစဉ်အမြဲဖုံးလွှမ်းလျက် .. ။

စိတ်ကူးအိပ်မက်များထဲမှ မိမိလိုချင်သော အမှတ်တရနေ့ကလေးကို ပုံဖော်နိုင်ဖို့အတွက် ယေဘုယျ ပြင်ဆင်မှုများကို ကျွန်မ ဖတ်ရှုလေ့လာနေသော စာတမ်းများ ၊ မဂ္ဂဇင်းများ နှင့် ကျွန်မ အတွေးများ ပေါင်းစပ်ပြီး အချိန်ကာလပြင်ဆင်မှုအတိုင်းအတာများကို တတ်သိသလောက် မျှဝေပေးလိုက်ပါတယ်ရှင်။

မင်္ဂလာပွဲ မတိုင်မီ ၁၈လအလို

- မိမိသုံးလိုသော ငွေကြေးပမာဏကို နှစ်ဦးအတူ တိုင်ပင်ဆွေးနွေးပါ။ သုံးလိုသော ပစ္စည်းများ ၊ စာရင်းများအားလုံးကို စာအုပ်တစ်အုပ်တွင် အကြမ်းဖျဉ်း ရေးဆွဲထားပါ။

- မင်္ဂလာပွဲနှင့်ပတ်သတ်သော မဂ္ဂဇင်းများ ၊ စာစောင်များကို စတင်ဖတ်ရှုလေ့လာပါ။ ကြေငြာများ ၊ အတွေ့အကြုံရှိသူများ ၊ မင်္ဂလာပွဲဖိုရမ်များကို ခေါင်းစဉ်အလိုက် ဖတ်ရှုလေ့လာပါ။

- ဟိုတယ်များ ၊ မင်္ဂလာခန်းမများက ပြုလုပ်သော Seminar များကို တက်ရောက်လေ့လာပါ။

- Relationship ပိုမိုကောင်းမွန်စေသော စာပေများ အကြံဥာဏ်များ မဂ္ဂဇင်းများကို ဖတ်ရှုပါ။


မင်္ဂလာပွဲမတိုင်မီ ၁၂လအလို

- Registration Of Marriage အတွက် သက်ဆိုင်ရာ ရုံးများတွင် ဒိတ်ယူစုံစမ်းပါ။

- Outdoor Soleminsation လုပ်ချင်သူများ နေရာ ရွေးချယ်ပါ။

- မိမိနှစ်သက်သော ၊ ငွေပမာဏ သင့်လျော်သော မင်္ဂလာပွဲခန်းမကို အသေးစိပ်လေ့လာရွေးချယ်ပါ။

- မိမိစိတ်ကြိုက်ဖြစ်သော ဟိုတယ် ခန်းမကို ရွေးချယ် reserve လုပ်ပါ။

- ဟိုတယ်ခန်းမ အပြင်အဆင်နှင့် မင်္ဂလာပွဲပြုလုပ်ကျင်းပသည့်ရက်အတွက် Wedding Planner အကူကုမ္ပဏီအား ငှားသင့် ၊ မငှားသင့် စဉ်းစားဆုံးဖြတ်ပါ။

- မင်္ဂလာပွဲအခမ်းအနားတွင် သတို့သား ၊ သတို့သမီးနှင့် ဧည့်သည်များ မစုံခင် လူအများ စုစီးစွာ စောင့်ဆိုင်းနိုင်အောင် Cocktail Reception လေးတစ်ခု ပါဝင်ထည့်သွင်းချင်လျင် ဟိုတယ်နှင့် မေးမြန်းညှိနှိုင်းပြောဆိုပါ။

- ကိုယ်အလေးချိန်များသူများ သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာပိုင်ရှင်များဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းများ ၊ အစားချိန်စားခြင်းများ စတင်ပြုလုပ်ပါ။

- ကိုယ်အလေးချိန်နည်းသူများ ပြည့်ဝလှပသော အလှပိုင်ရှင်များဖြစ်အောင် အစားသေချာစားခြင်းများ ၊ ရေများများသောက်ခြင်း ၊ အိပ်ရေးမှန်မှန်အိပ်ခြင်း ၊ ဗီတာမင်အားဆေးများ သောက်ခြင်း ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းများ ပြုလုပ်ပါ။

- သတို့သမီး ၀တ်စုံဆိုင်များ ၊ သတို့သားဝတ်စုံဆိုင်များကို ဖတ်ရှုရွေးချယ်ပြီး လှည့်လည်ကြည့်ရှုပါ။ ကြိုက်နှစ်သက်ရာကို ၀ယ်ယူမည်လော ၊ ငှားရမ်းမည်လော စဉ်းစားဆုံးဖြတ်ရွေးချယ်ပါ။

- သတို့သား သတို့သမီးအရံ ပါဝင်ထည့်သွင်းထားသူများ ထိုသူများအတွက် မိမိဘက်မှ စီစဉ်ပေးရမည်ဆိုပါက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားပါ။

- လက်ဝတ်ရတနာများကို ငှားရမ်းမည်လော ၊ ၀ယ်ယူမည်လော စဉ်းစားရွေးချယ်ဆုံးဖြတ်ပါ။ ငှားရမ်းချင်လျင် မင်္ဂလာဝတ်စုံဆိုင်များ သို့မဟုတ် မိတ်ကပ်အလှဖန်တီးရှင်များကို မေးမြန်းရပါမည်။ ၀ယ်ယူချင်လျင် ပစ္စည်းမှန် ၊ ဈေးမှန်သော ဆိုင်များကို လေ့လာကြည့်ရှုပါ


မင်္ဂလာပွဲမတိုင်မီ ၆လအလို

- မိတ်ကပ်နှင့်ဆံပင် အလှဖန်တီးရှင်ကို ရွေးချယ်ပါ။

- မင်္ဂလာပွဲနှင့်ပတ်သတ်သော ဖိုရမ်များမှ မင်္ဂလာဆောင်ပြီးသူများ၏ အတွေ့အကြုံများ ၊ လမ်းညွှန်သော အလှဖန်တီးရှင်များကို ဆက်သွယ်မေးမြန်းပါ။

- ဓါတ်ပုံဆရာ ၊ ဗီဒီယိုရိုက်မည့်သူများကို ဆက်သွယ်ပါ။

- ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ကို စာရင်းစတင်ပြုစုပါ။

- မင်္ဂလာပွဲအခမ်းအနားအား လှပပြီးမြောက်ရန်အတွက် အစီစဉ်များအား ရေးဆွဲပါ။ သူငယ်ချင်းများ အကူညီလိုလျင် ထိုသူငယ်ချင်းများအား ဆက်သွယ်မေးမြန်းထားပါ။ မင်္ဂလာနေ့ရက်တွင် ကူညီဖို့ရန် အနည်းဆုံး သုံးဦးအား ရွေးချယ်စဉ်းစားမေးမြန်းပြီး အစီစဉ်များကို ရှင်းလင်းစွာ ပြောပြထားပါ။

- သတို့သမီးဖိနပ် ၊ သတို့သားဖိနပ်နှင့် အသုံးအဆောင်များကို စတင်စုဆောင်းပါ။

- ဟန်းနီးမွန်းခရီးထွက်ရန် နိုင်ငံအနေအထားနှင့် ရာသီဥတုအခြေအနေများကို လေ့လာသုံးသပ်ပြင်ဆင်ပါ။

- မျက်နှာအလှပကို အထူးဂရုစိုက်ပါ။ အဖုအပိန့်များ နှင့် အသားရောင်ကို အထူးဂရုစိုက်ပါ။ မျက်နှာ ပေါင်းတင်ခြင်းများ ၊ သန့်စင်ခြင်းများကို အိမ်တွင် သို့မဟုတ် ဆိုင်တွင် မင်္ဂလာပွဲမတိုင်မီထိ စတင်ပြုလုပ်ပါ။


မင်္ဂလာပွဲမတိုင်မီ ၃လအလို

- မင်္ဂလာလက်စွပ်ဒီဇိုင်းများကို ဆိုင်များတွင် ကြည့်ရှု ရွေးချယ်ပြီး လက်ချောင်းအနေအထားများ တိုင်းယူအပ်ပါ။

- မိမိရွေးချယ်ထားသော မင်္ဂလာခန်းမ အခမ်းအနားတွင် မင်္ဂလာကိတ်အစီအစဉ်မပါခဲ့လျင် မင်္ဂလာကိတ် မှာယူရန် ပြင်ဆင်ရွေးချယ်ပါ။

- မိမိရွေးချယ်ထားသော မင်္ဂလာခန်းမ အခမ်းအနားတွင် Guest Book မပါခဲ့လျင် Guest Book လှလှလေးများအား စုဆောင်းဝယ်ယူပါ။ Thank you ကဒ်လေးများအား ဧည့်သည်များအတွက် မှာယူပါ။

- မင်္ဂလာသီချင်း သီဆိုပေးရန် တေးဂီတအဖွဲ့များ သုံးချင်လျင် တေးဂီတအဖွဲ့များကို ကြိုတင်ဘွတ်ခ်လုပ်ပါ။ မိမိကိုယ်ပိုင်မင်္ဂလာသီချင်းများသာ ဖွင့်လိုပါက ရွေးချယ်ဘွတ်ခ်လုပ်ထားသော ဟိုတယ်ခန်းမကို ဆက်သွယ်ပြောဆိုပါ။

- ဖိတ်စာရိုက်ရန် စတင်စီစဉ်ပါ။

- မင်္ဂလာကား ငှားယူရန် ဆုံးဖြတ်ရွေးချယ်ပါ။


မင်္ဂလာပွဲမတိုင်မီ ၂လအလို

- မိတ်ကပ်အလှဖန်တီးရှင်နှင့်ဆံပင်ပုံစံကို အစမ်းစတင်ပြင်ဆင်ကြည့်ပါ။

- သတို့သမီး လက်ကိုင်ပန်းကို ရွေးချယ်မှာယူပါ။

- မင်္ဂလာပွဲအကြိုဓါတ်ပုံ ရိုက်ချင်လျင် Outdoor & Indoor အတွက် ပြင်ဆင်ရိုက်ကူးပါ။

- စီစဉ်ထားသည့်ကိစ္စအားလုံးကို မိမိ၏ အကူ Wedding Planner သို့မဟုတ် မိဘဆွေမျိုး ညီအကိုမောင်နှမများ အကူညီယူကာ ပြန်လည် Confirm လုပ်ပါ။

- ဟန်းနီးမွန်းခရီးအတွက် လိုအပ်သော အသုံးအဆောင်များကို စတင်ဝယ်ယူပါ။


မင်္ဂလာပွဲမတိုင်မီ ၁လအလို

- အိပ်ရေး၀၀အိပ်ပါ ။ စိတ်ပူခြင်းများ ၊ အပျော်လွန်ခြင်းများကို ထိန်းသိမ်းကာ ကျန်းမာရေး နှင့် သွားလာရေး အားလုံးကို အထူးဂရုပြုပါ။

- သတို့သမီး ၀တ်စုံ ၊ လက်ကိုင်ပန်း ၊ အသုံးအဆောင်ပစ္စည်းများ ၊ သတို့သားဝတ်စုံနှင့် အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစွာ ထားပြီး စစ်ဆေးပါ။

- လိုအပ်လျင် ၀တ်စုံအစမ်းဝတ်ပြီး နှစ်ယောက်အတူ ယှဉ်တွဲလမ်းလျှောက်ကျင့်ထားပါ။ ရေးဆွဲထားသော အစီစဉ်ကို ပိုမိုချောမွေ့စေရန် အစမ်းလေ့ကျင့်ပါ။

- မင်္ဂလာပွဲဖိတ်စာများကို စာတိုက်မှတစ်ဆင့် သို့မဟုတ် မိမိကိုယ်တိုင် သို့မဟုတ် ဆွေမျိုးညီအကိုမောင်နှမများ အကူညီယူကာ စတင်ဖြန့်ဝေပါ။

- Facial Spa ကို တစ်ကြိမ် ပြုလုပ်ပေးပါ။

မင်္ဂလာပွဲမတိုင်မီ ၁၀ရက်အလို

- Steam Bath & Aromatharapy Massage & Body Spa တစ်ကြိမ်ပြုလုပ်ပေးပါ။

- မိတ်ကပ်နှင့်ဆံပင်အလှ ဖန်တီးရှင် ၊ မင်္ဂလာကား ၊ သတို့သမီးလက်ကိုင်ပန်း ၊ ဓါတ်ပုံဆရာ ၊ ဗီဒီယိုဆရာ များအား မိမိကိုယ်တိုင် သို့မဟုတ် လွှဲအပ်ထားသော ကူညီမည့်သူများအား ဆက်သွယ်ကာ ပြန်လည်စစ်ဆေးပါ။

- အစားအသောက်များကို ဂရုပြု ရှောင်ကြည်ပါ။

- မိမိချစ်သူနှင့် ကြည်နူးဖွယ် အစီစဉ်များကိုသာ ပြောဆိုကာ ပြဿနာတစ်စုံတစ်ရာကို ရှောင်ကြဉ်ပါ။


မင်္ဂလာပွဲမတိုင်မီ သုံးရက်အလို

- အကူညီပေးမည့် မိတ်ဆွေသူငယ်ချင်း သို့မဟုတ် အကူငှားထားသည့် Wedding Planner များဖြင့် အစီစဉ်အားလုံးနှင့် အချိန်များကို တိကျသေချာစွာ ပြန်လည်စစ်ဆေးပါ။ မိတ်ကပ်ဆံပင်အလှဖန်တီးရှင် ၊ မင်္ဂလာကား အစရှိသည်တို့ကို ကူညီမည့်သူများအား လွှဲအပ်ထားလိုက်ပါ။ အချိန်တိကျမှု အားလုံးရှိစေရန် ပြန်လည်ပြောထားပါ။


မင်္ဂလာပွဲနေ့

- မင်္ဂလာပွဲမတိုင်မီ အကြိုတစ်ရက်နေ့တွင် ဘုရားရှိခိုးကာ စောစီးစွာ အိပ်ရာဝင်ပါ။

- မိမိ မင်္ဂလာပွဲက lunch ဖြစ်လျင် မနက်စာကို သေချာစားထားပါ။ မင်္ဂလာပွဲက ဒင်နာဖြစ်လျင် နေ့လည်စာကို အဆီအစိမ့် အငံမဟုတ်သော အသီးအရွက်များများဖြင့် သေချာစားထားပါ။

- မိတ်ကပ်ဆံပင် အလှဖန်တီးရှင်ကို မနက်စောစောကတည်းက နောက်ကျမှုမရှိစေရန် ချိုသာစွာ ဖုန်းဆက်ပြောထားပါ။

- ကျန်သော အစီစဉ်အားလုံး တိကျမှုရှိစေရန် ကူညီမည့်သူများအား စိတ်ချစွာ လွှဲထားလိုက်ပါ။

- မင်္ဂလာအခမ်းအနားမစခင် ရိုးရာထုံးစံလုပ်စရာရှိသူများ အချိန်စောစီးစွာ အပြီးပြင်ဆင်ထားပါ။

- မင်္ဂလာကားနှင့် သတို့သမီးဝတ်စုံစ မညှပ်မိအောင် ဂရုပြုပါ။

- တူနှစ်ကိုယ်ယှဉ်တွဲကာ ဘ၀ခရီးလမ်းကို သက်ဆုံးတိုင် အတူလျှောက်လှမ်းရမည့် အမှတ်ရဆုံး နေ့တစ်ရက်ကို လာရောက်မျှဝေခံစားအားပေးကြသည့် ဧည့်သည်များကို ကျေးဇူးတင်စကား သေချာပြောကြားပါ .. ။

ဒါတွေအားလုံးက ကျွန်မစိတ်ကူးထဲက ရသမျှ ပြည့်စုံသော မင်္ဂလာပွဲတစ်ပွဲအတွက်ပါ .. ။ အကြောင်းအရာအားလုံးက ချစ်သူစုံတွဲများအတွက် အားလုံး လိုချင်မှ လိုမှာပါ .. ။ ထည့်သွင်းလိုသူများအားလုံးအတွက် ပြည့်ပြည့်စုံစုံ ကျွန်မစဉ်းစားဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်။ အချို့စုံတွဲများက Wedding Package ကို တစ်ခါတည်း ၀ယ်လိုက်ပါတယ်။ ထိုသူများအတွက်က တစ်ဆင့်ခြင်း လိုက်ပြင်ဆင်ဖို့ မလိုတော့ပါဘူး။ မိမိစိတ်ကူးလေးနဲ့ မိမိစိတ်ကြိုက်လုပ်ချင်သူ အားလုံးအတွက်က တစ်ဆင့်ခြင်း ပြင်ဆင်ရပါတယ်။ ခေါင်းစဉ်တစ်ခုစီနှင့် သက်ဆိုင်သော အကြောင်းအရာများ ၊ ကျွန်မ အတွေ့အကြုံများကို ဖြေးဖြေးခြင်း ဆက်လက်ဖော်ပြပေးသွားပါ့မယ် .. ။ ကျွန်မ စဉ်းစားစီစဉ်ထားပုံကို ပိုမိုကောင်းမွန်အောင် ထည့်သွင်းဖော်ပြလိုသူများကို ကြိုဆိုလျက်ပါရှင်။

အကြင်နာဟာ အလှပဆုံးတွေနဲ့ ဖွဲ့စည်း … ဒီအမှတ်တရနေ့လေးမှာ ဘ၀နှစ်ခု တစ်ခုတည်းအဖြစ် ပေါင်းစပ်တည်ဆောက်ရင်း ချစ်ခင်ပျော်ရွှင်ဖွယ် မင်္ဂလာပွဲလေးတွေအားလုံးကို ချစ်သူစုံတွဲများအားလုံး ချစ်ခြင်းမေတ္တာများနှင့်အတူ ပိုင်ဆိုင်ကြည်နူးကြပါစေ .. ။

21 comments:

mg said...

ကိုယ့်ကိုယ်ကို သန်းရွှေ သမီးထင်ပီး စိတ်ကူးယဉ်
ေ၇းထား တာလားဟယ်..... ..

လင်းလက်ကြယ်စင် said...

MG >> ဟုတ်ကဲ့ သန်းရွှေသမီးမှ တင့်တင့်တယ်တယ် မင်္ဂလာဆောင်နိုင်တာ မဟုတ်ပါဘူး ။ ကိုယ့်လုပ်အားခနဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်နိုင်သူအားလုံး တစ်သက်မှာ တစ်ခါတော့ မင်္ဂလာဆောင်နိုင်ကြပါတယ်။ Professional Magazines & Articles တွေ ကျွန်မသေချာဖတ်ပြီးမှ အသုံးဝင်နိုင်သူ မိန်းကလေးများအတွက် ရည်စူးပြီး စဉ်းစားရေးထားပေးခြင်းဖြစ်ပါတယ် .. Thanks for reading :)

Anonymous said...

u tat ma lo lar Linlet yayy.... phatsar lay myar sent par ohmm. :)

khayayphyu

Anonymous said...

ညီမလေးရေ ကိုာ့်ဘ၀ရဲ့ ရက်မြတ်မင်္ဂလာ နေ့ရက်ကို မင်္ဂလာရှိရှိ ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာ ခက်ခဲတဲ့ အခွင့်ရေးတစ်ခုပါ
ဒီအတွက် ပျော်ရွှင် ဂုဏ်ယူသင့်တာပေါ့
ညီမလေးရဲ့ ဘ၀တစ်လျှောက်လုံး ချစ်တဲ့ကိုကို နဲ့ အတူ ပျော်ရွှင်စွာ ကျော်ဖြတ်သွားနိုင်ပါစေ လို့ အမတို့မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

Anonymous said...

မိန်းကလေး များ ၁ သက် ၁ ခါ ကြုံတွေ့ရတဲ့ မင်္ဂလာပွဲမှာ ပျော်ရွှင်ကြည်နူး စွာ ပြည့်ပြည့်စုံစုံ ကျင်းပ ချင်တာ မိန်းကလေး တိုင်းရဲ့ အိမ်မက်ပါပဲ။ ညီမလေး အိမ်မက် ကလေး တကယ် ဖြစ်လာမယ့် အတွက် ၀မ်းသာ ပါတယ်။ အားလုံး အဆင်ပြေပါစေ :)

Anonymous said...

Lada Ma....Nhar Bue hta nay thay tae'

Anonymous said...

သူ့ချစ်သူနဲ့ သူ လက်ထပ်ဖို့ပြင်ဆင်တာများ နှာဘူးထတယ်တဲ့လား အပေါ်က စောက်မနာလိုတဲ့ Anonymous ရေ .. မနာလိုတိုရှည်တွေနဲ့ လာမမိုက်ရိုင်းစမ်းပါနဲ့ကွာ။ မကျေနပ်ရင် လာမဖတ်နဲ့ပေါ့ကွ။

Anonymous said...
This comment has been removed by a blog administrator.
strike said...

haehh...nhar ma...u mix with "Sex" and "Politicts"...

လင်းလက်ကြယ်စင် said...

ကျွန်မ ဘလော့ခ်က `ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်း အနုပညာ´လို့ နာမည်ပေးထားပါတယ်။ နိုင်ငံရေး သမား မဟုတ်သလို နိုင်ငံရေးတစ်ခုကို ဇောက်ချလုပ်နေသူလည်း မဟုတ်ပါဘူး။ ကျွန်မစိတ်ထဲ ဖြစ်သမျှ လတ်တလော ခံစားသမျှ ၊ စိတ်ကူးထဲ ရသမျှတွေကို ရေးသားနေခြင်းသာ ဖြစ်ပါတယ်။ အရှက်မဲ့စွာ ကျွန်မ ဘလော့ခ်မှာ အခုလို နှမချင်း မစာနာ လာလာရေးနေကြတဲ့ ယောက်ျားတွေအားလုံးအတွက် အိမ်ကနေ ထဘီအထုပ်လိုက် ပို့ပေးလိုက်ချင်ပါတယ်။ ရှက်တတ်ရင် လဲသေလိုက်ပါ။ မနာလိုမဖြစ်ပါနဲ့။

လင်းလက်ကြယ်စင် said...

Sex ဆိုတဲ့စကားလုံးကို ရွံရှာဖွယ် လာသုံးနေတဲ့ နန္ဒဆိုတဲ့ ထဘီပတ်ထားသော အမျိုးယုတ်ရှင်။ အရွယ်ရောက်သူတိုင်း တစ်နေ့မှာ အိမ်ထောင်ပြုရပါတယ်။ အဲဒီအတွက် ပြင်ဆင်မှုကလေးတွေကို ရေးသားတဲ့ ကျွန်မပို့စ်ကို မိုင်ရိုင်းယုတ်မာလွန်းတဲ့ အောက်တန်းကျလွန်းတဲ့ ရှင့်ရဲ့ စိတ်ထားနဲ့ အခုလို လာပြောနေတာ သနရွံရှာမိပါတယ်။ ရှင့်အမေနဲ့အဖေလည်း အိမ်ထောင်ပြုလို့ ရှင် ဒီလူ့လောကထဲ ရောက်လာတာပါ။ ကျွန်မရေးတဲ့ ပို့စ်ထဲမှာ မသင့်တော်တာ ဘာများပါသလဲ ရှင် မျက်လုံး မကန်းဘူးဆိုရင် သိမှာပါ။ နအဖကို မထောက်ခံတဲ့ မိန်းကလေးတစ်ဦးမို့ အကွက်လိုက်ရှာပြီး လာမိုက်ရိုင်းနေတဲ့ ရှင်တို့လို အမျိုးယုတ်တွေ မနေနိုင်လို့ ကျွန်မတို့ရေးတဲ့စာတွေ ဖတ်ပြီး မိုက်ရိုင်းပြနေတာ ရှင့်အမေကို ကျွန်မ အားနာမိပါရဲ့။ ရှင်လုပ်သမျှအားလုံးဟာ ရှင့်အမေကို ကိုယ်စားပြုနေတာဆိုတာ သိပါရဲ့လား။ အမျိုးကောင်းသားသမီးတစ်ယောက်ကို အခြားအကြောင်းကိစ္စကြောင့် ကြည့်မရတာနဲ့ လိုက်စော်ကားနေခြင်းဟာ ကိုယ့်အမေကိုယ် ပြန်စော်ကားခြင်းနဲ့ အတူတူပဲဆိုတာ ရှင်နားလည်သဘောပေါက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

ပို့စ်နဲ့ ပတ်သက်လို့ ဘာမှ အထူးအထွေ ကွန်မန့်ပေးစရာ မရှိပေမယ့် ကျွန်တော်သုံးနေကြ နာမည်နဲ့ အောက်တန်းကျပြီး ရီစရာ silly comment ကိုတွေ့တော့ သိပ်ကိုသေးသိမ်ကျဉ်းမြောင်း အသိဉာဏ် နုံနဲ့လှတဲ့ အဲဒီလူကိုဝင်ပြောချင်စိတ်ဖြစ်လာတယ်။ လက်ထပ်ထိမ်းမြားချင်းဆိုတဲ့ မင်္ဂလာကို သူနားနည်တဲ့ Sex သက်သက်နဲ့ယှဉ်ပီး လာရောက်ပုတ်ခတ်တာ သူ့ခေါင်းထဲ ဘာပဲ၇ှိသလဲ ဆိုတာ အထင်အရှားပဲ။ Politics and sex ကိုရောနှောနေတယ် ပြောရအောင်..နိုင်ငံရေးလုပ်သူတိုင်း အာသဝေါကုန်ခန်းနေရမယ် လို့ကိုယ့်လူက ပြောချင်တာလားမသိဘူး။

Anonymous said...

Dear Nyi Ma Lin let,

Could you please advice or recommend me any PG or PG services for pre wedding outdoor photography services in singapore?

Thanks and rgds,

Anonymous said...

hat nanda name tone pee comment yay twar ta` LADA!
nin ashat ma shi woo lar?
ko ko tine ka lal aphit ma shi woo
tu aswan asa nat tu yat t nay ta` main ka lay ko nin ka saw kar maw kar comment yay ya ag nin lu yaw hote tay yel lar?
ma kyite yin ma phat nat pot...
nin tot lo har tway kyaunt Myanmar Pyi kyee ma toe tat tar...
EI CHAW SAN

Anonymous said...

လင်ရဖို့များလုပ်နေလိုက်တာ တော်တော်လင်လိုချင်နေလား ကောင်မလေး

Anonymous said...

ကိုနန္ဒရေ
ခင်ဗျာ ကိုယ်တိုင် သူများလို ရေးနိုင်တယ့် အဆင်ရင်စမ်းရေးကြည့်စမ်းပါဗျာ။ ဝေဖန်ပေးမယ်။ ဒါပေမယ့် ခင်ဗျားလို အဆင့်တန်းမရှိတယ့်ဝေဖန်မှုတော့ လုပ်မှာမဟုတ်ပါဘူး။ မြန်မာလူမျိုးလို့ ပြောရမှာ ရှက်ဖို့ကောင်းပါတယ်။ ရှက်တက်ရင်လဲတောင်သေဖို့ကောင်းတယ်။ ကျွန်တော့် အထင်ခင်ဗျားက န၀တ နဲ့ အမျိုးတော်မယ်ထင်တယ်။ ညီမလေးလင်းလက်။
ခွေးဟောင်တိုင်း လိုက်မကြည့်ပါနဲ့။ ဒီလို လူမျိုးနဲ့စကားပြောရတာ သနပါတယ်။
ကျေးဇူးတင်စွာဖြင့်

ဝင်းမြန်မာ

ညီညီ said...

အနေအထားက အရမ်းကို အဆင့်မြင့်သွားတယ် ၊၊ ဗမာဆန်ဆန်လေး
မင်္ဂလာဆွမ်းကပ်ပုံစံမျိုး တစ်ပုဒ်လောက် ထပ်ရေးပေးပါ

ကျေးဇူး..

Anonymous said...

ညီမလေးလင်းလက်...
sharing လုပ်ထားပေးတာကျေးဇူးပဲနော်။ ကိုယ်ချစ်တဲ့သူနဲ့တသက်တခါပဲ လက်ထပ်ရတာ ကြိုတင်ပြင်ဆင်မှုလုပ်ထားနိုင်တော့ အမှားအယွင်းနည်းပြီး လူတိုင်းပျော်ရွှင်နိုင်တဲ့ အမှတ်တရမဂ်လာပွဲလေးဖြစ်တာပေါ့။
ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့အပိုင်းလေးကိုယူပြီး အသုံးချတတ်ရင် အရမ်းကို အကျိုးရှိတာပေါ့နော်....
တောင်ပေါ်သူ

Anonymous said...

ညီမလေးလင်းလက်...
sharing လုပ်ထားပေးတာကျေးဇူးပဲနော်။ ကိုယ်ချစ်တဲ့သူနဲ့တသက်တခါပဲ လက်ထပ်ရတာ ကြိုတင်ပြင်ဆင်မှုလုပ်ထားနိုင်တော့ အမှားအယွင်းနည်းပြီး လူတိုင်းပျော်ရွှင်နိုင်တဲ့ အမှတ်တရမဂ်လာပွဲလေးဖြစ်တာပေါ့။
ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့အပိုင်းလေးကိုယူပြီး အသုံးချတတ်ရင် အရမ်းကို အကျိုးရှိတာပေါ့နော်....
တောင်ပေါ်သူ

Anonymous said...

ကိုယ်ချစ်တဲ့သူနဲ.အတူနေရခြင်းဆိုတာ
လူတိုင်းမရတဲ့ကံပါ
ညီမလေးတို.ချစ်သူနှစ်ဦး
အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို.
စုတောင်းပေးပါတယ်
အဆင့်အတန်းမရှိ အောက်တန်းကျတဲ့အကောင်တွေရဲ.
မနာလိုမှုတွေကို လမင်းကိုခွေးဟောင်တယ်ပဲ သဘောထားလိုက်

Anonymous said...

ဟုတ်ပါတယ်... ယဉ်ယဉ်ကျေးကျေး ပြောကြပါ၊၊ အကောင်းမြင် အပြုတွေး စိတ်ဓါတ်နဲ့ အတွေးအမြင် ဖလှယ်တာမျိုးပဲ ဖြစ်သင့်ပါတယ်၊၊

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။