Saturday, May 17, 2008

စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲတစ်ခုအတွက် ကိုနေလင်းမောင် ( Opposite-eye) သို့ ကျေးဇူးတင်လွှာ


ကိုနေလင်းမောင်ရေးထားတာတွေကို စိတ်ဝင်တစားတစ်ခါမှလည်း ကျွန်မ လေ့လာခဲ့ခြင်းမရှိတဲ့အတွက် ပြန်စာနှောင့်နှေးခဲ့ရပါတယ်။ ကိုနေလင်းမောင်ရေးထားတဲ့ ကျွန်မနှင့်သက်ဆိုင်သောဒီပို့စ်ကိုဖတ်ပြီး ကျွန်မပြုံးမိပါတယ်။ စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲတွေကို ၀င်ရဖို့ဆိုတာ အခွင့်အရေးကအမြဲတမ်း လိုချင်တိုင်းမရပါဘူး။ အခုလို ကိုနေလင်းမောင်တို့ဘက်မှ ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ပြီး မဆိုင်တဲ့ ကျွန်မရဲ့ ကိုယ်ကျင့်တရားသိက္ခာတွေကိုပါ စော်ကားပြီးရေးသားပေးတဲ့အတွက်လည်း ကျွန်မဘက်မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမိပါတယ်။ ဒီလိုစာမျိုးတွေဖတ်ပြီးချိန်မှာ စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲကို ကျွန်မ ၀င်ရတယ်လို့ ကျေနပ်သွားမိလို့ပါ။ ပြောတိုင်းကိုယ်ကရတာမဟုတ်ဘူးဆိုသော စကားကို လက်တွေ့ကျင့်သုံးခွင့်ပေးတဲ့အတွက်လည်း အမှန်တကယ်ကျေးဇူးတင်ရှိမိပါတယ်။

တပ်မတော်သားများဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသလား ၊ မကျင့်သုံးနေသလား .. အမြင်မတူတာပဲဖြစ်ဖြစ် .. မကျေနပ်တာကြောင့်ပဲဖြစ်ဖြစ် .. ကျွန်မ ကြားသိခဲ့ရတဲ့ သတင်းတစ်ခုကို မျောက်မီးခဲကိုင်မိသလို ချက်ချင်းပြန်စာထရေးတဲ့ ကိုနေလင်းမောင်ပို့စ်က တစ်ဖက်လူကို `ဒါတောင်မသိဘူးလား´ဆိုတဲ့ အတွေးအခေါ်နဲ့ အင်မတန် အာဏာရှင်ဆန်သောပုံစံဖြစ်နေတာကို ဖတ်မိသူတိုင်း နားလည်သဘောပေါက်ကြမှာပါ .. ။ ကျွန်မရေးခဲ့တဲ့တဘောင်ပို့စ်မှာ ကျွန်မကိုယ်တိုင် အပြည့်အ၀ ယုံကြည်ခြင်းမရှိသလို အထိုက်အလျောက်ယုံကြည်မှုတစ်ခုတော့ ရှိပါတယ်လို့ ရေးခဲ့ပါတယ်။ အစက သတ်မှတ်ထားတဲ့ ယုံကြည်မှု ၅၀%နေရာမှာ အရှိုက်ထိသွားတဲ့ ကိုနေလင်းမောင်တို့စကားတွေကို ကြားပြီးချိန်မှာ ၈၀%လောက်ထိ ပိုမိုတောင်ယုံကြည်သွားမိပါသေးတယ်။

နအဖတပ်မတော်ဟာ `အမေကျော်ဒွေးတော်လွမ်းတယ်´ဆိုသော စကားကို ထပ်တလဲလဲသုံးဖန်များလွန်းလို့ ဒီစကားဟာ နေ့စဉ်စားသုံးနေရတဲ့ အစားအသောက်တစ်ခုလို အင်မတန်မှ ငြီးငွေ့ဖို့ကောင်းနေပြီဆိုတာ ကိုနေလင်းမောင် လေ့လာသင့်ပါတယ်။ အမေကိုကျော်ရအောင် နအဖစစ်တပ်ဟာ ပြည်သူရဲ့ မိခင်လည်းမဟုတ်သလို ဖခင်လည်းမဟုတ်ပါဘူး။

ဒုတိယစာပိုဒ်က `ကျွန်ခံ´တယ်ဆိုသော စကားအတွက် မရှင်းတာလေးတွေ လေးလေးစားစားမေးပါရစေ .. ။ အခုခေတ်ကြီးဟာ ဘိုးတော်ဘုရားဦးအောင်ဇေယျခေတ်မဟုတ်ဘူးဆိုတာတော့ ပြည်ပရောက်နေတဲ့ ကိုနေလင်းမောင် အနည်းငယ်မျက်လုံးဖွင့်ကြည့်ရင် သိမှာပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ အားလုံးဟာ ရေကြည်ရာ မြက်နုရာ ၊ မိမိစိတ်အားသန်ရာ ၊ အဆင်ပြေရာ နေရာတွေမှာ ပညာသင်ကြား အလုပ်လုပ်ကြပါတယ်။ မိမိတတ်သိထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတယ်ဆိုတာကို `ကျွန်ခံ´တယ်လို့ ကိုနေလင်းမောင်သုံးသင့်ပါသလား။ ကျွန်မနားလည်တဲ့ ကျွန်ခံတယ်ဆိုသော အဓိပ္ပါယ်မှာ ဘာအတတ်ပညာ ၊ အသက်မွေးဝမ်းကြောင်းကိုမှ အရင်းနှီးမပြုဘဲ အထက်လူကြီးပြောသမျှ အကုန်ခေါင်းညိတ်ပြီး ပစ်ပေးတဲ့အမဲရိုးလောက်ကို စိတ်တိုင်းကျ စားသောက်နေခြင်းသာလျင် ကျွန်ခံနေသော သူများဖြစ်ပါတယ်။ မိမိအတတ်ပညာနဲ့ ရိုးသားဖြူစင်သန့်ရှင်းစွာ ယနေ့ခေတ်ကြီးထဲမှာ ရှင်သန်နေသူအားလုံးကို ကျွန်ခံတယ်လို့ ပြောချင်ခဲ့ရင် ကိုနေလင်းမောင်တို့လို အထက်လူကြီးစိတ်ကျေနပ်ဖို့ ခေါင်းမဖော်ရဲဘဲ လုပ်ပေးနေသူအားလုံးသာလျင် `အမှန်တကယ် ကျွန်ဘ၀စစ်စစ်ရောက်နေသူများ´ ဖြစ်ပါတယ်။

ကိုနေလင်းမောင်တို့ရေးတဲ့ ဒီမိုသမားတွေ .. ဒီမိုသမားတွေဆိုတာကို ကျွန်မ သိပ်အံ့သြမိပါတယ်။ ဒီမိုသမားတွေဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပြည်သားတွေပဲဖြစ်ပါတယ်။ ဒီမိုတွေ ဒီမိုတွေဆိုပြီး ပြောနေတဲ့စကားကို နားထောင်ရင်း ဒီမိုသမားတွေဟာ လူတွေနဲ့ကွဲပြားခြားနားနေတဲ့ နတ်တွေလားဆိုပြီး ကျွန်မစဉ်းစားလိုက်မိပါသေးတယ်။ ဒီမိုသမားတွေ ဦးနှောက်မရှိဘူးဆိုသော စကားဟာ လူအားလုံးကို သိမ်းကြုံးရမ်းပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုနေလင်းမောင်တို့ နအဖစစ်တပ်ကြီးကရော ဘယ်လောက်ဦးနှောက်ရှိသလည်း .. ကမ္ဘာမှာ အောက်တန်းအကျဆုံး စာရင်းဝင်နေတာတော့ လိမ်မရပါဘူး။ နအဖစစ်တပ်ကို ကျွန်မဟာ တကယ်ချီးကျူးမိပါတယ်။ တော်ရုံလူ မဆွတ်ခူးနိုင်တဲ့ ဘွဲ့တွေ ၊ ဂုဏ်ဒြပ်တွေ ၊ အမုန်းတရားတွေကို ရအောင်ဆွတ်ခူးယူထားနိုင်တယ်ဆိုသော အရည်အချင်းဟာ တော်ရုံဦးနှောက်နဲ့တော့ မရနိုင်ပါဘူး။

နအဖ ယခုလက်ရှိလုပ်နေတဲ့ မုန်တိုင်းအလှူပစ္စည်းတွေ ၊ နိုင်ငံတော်အတွက် အလုပ်လုပ်နေပါတယ်ဆိုသော စကားတွေ ၊ လူထုဆန္ဒခံယူပွဲတွေ အစရှိသော အကြောင်းအရာတွေကိုတော့ စကားထဲတောင် ထည့်ပြောဖို့ အဆင့်မရှိတဲ့အတွက် ကျွန်မ ပြန်မပြောတော့ပါဘူး .. ။

ကိုနေလင်းမောင်ရဲ့ပို့စ်မှာ ဒေါသသံတွေ ၊ အသုံးမကျတာတွေ ၊ ဦးနှောက်မရှိတာတွေ အစရှိတဲ့ စကားလုံးတွေကို ထပ်တလဲလဲပြောနေပုံမှာ မိမိဘာသာမလုံမလဲ ကာကွယ်နေပုံနဲ့ တူနေပါတယ်။ ကိုနေလင်းမောင်လုပ်နေသမျှ အားလုံးဟာ ကိုနေလင်းမောင်ရဲ့ အသိစိတ် ၊ မသိစိတ်အားလုံးမှာ မှန်ကန်တယ် ၊ အဆင့်ရှိတယ် ၊ လိပ်ပြာလုံတယ်လို့ မိမိကိုယ်တိုင်ကရော ယုံကြည်ရဲ့လားဆိုတာကို ဘလော့ခ်ပေါ်မှာ ရေးနေတဲ့ ပို့စ်တွေ ၊ ဒိမိုကရေစီအစစ်ကိုလိုချင်တဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေကို လိုက်တိုက်ခိုက်နေခြင်းတွေအားလုံး ခ၀ါချပြီး ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘဲ မှန်ရှေ့မှာကြည့်ပြီး ကိုနေလင်းမောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဦးလို့ပဲ ကျွန်မအကြံပြုချင်ပါတယ်။

`မျိုးမစစ်´ဆိုသော စကားအတွက်လည်း ကျွန်မ နားမလည်မိပါဘူး ။ ပတ်ဝန်းကျင်လူအများအလယ်မှာ ကျွန်မဘယ်သူဘယ်ဝါလဲ ရှင်းရှင်းပဲနေတဲ့ကျွန်မအတွက် ကျွန်မကိုယ်ကျင့်တရားသိက္ခာကို လူတိုင်းသိသလို ကိုနေလင်းမောင်တို့လို ခိုးကြောင်ခိုးဝှက် လုပ်စရာ မရှိပါဘူး။ ပစ္စည်းဥစ္စာ ၊ ရာထူးတွေ မချမ်းသာပေမယ့် ကိုယ်ကျင့်တရား နဲ့ ပညာချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကျွန်မကတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိရှိတဲ့အတွက် အမြဲတမ်း ဂုဏ်ယူကျေနပ်ခဲ့ပါတယ်။ မိဘနှစ်ပါးက ပေးထားတဲ့ မာနအမွေနဲ့ ဘယ်အထက်လူကြီး ၊ ဘယ်ကောင်မျက်နှာမှ ကြည့်ပြီး ယနေ့ထိ တစ်ခါမှ အသက်မဆက်ခဲ့ဖူးပါဘူး။ မျိုးမစစ်ဆိုသော စကားအတွက်တော့ ကျွန်မက မယူတဲ့အတွက် ကိုနေလင်းမောင်ပဲ ပြန်ယူသိမ်းသွားပါ။ ခိုင်းတာလုပ် ၊ ကျွေးတာစား ၊ အရှက်မဲ့စွာ ရှင်သန်အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ကိုနေလင်းမောင်မိသားစုအတွက်ပဲ `မျိုးမစစ်များ´ဆိုသော စကားကို ပြန်လည်ပေးလိုက်ပါတယ်။

ပြည်သူ့အသံဆိုတာ လိမ်မရပါဘူး။ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးဟာ လုံလောက်သော ကယ်ဆယ်ကူညီမှုတွေကို နအဖမှ သေချာဆောင်ရွက်ခြင်းမရှိပါဘူးလို့ ပြောလာခဲ့တိုင်း အားလုံးသောပြည်သူလူထု မှားနေတယ်လို့ ကိုနေလင်းမောင် ဆိုရဲပါသလား .. ။ ဒါပေမယ့် .. အခုလို စကားတွေပြောနေမှ ၊ ရေးနေမှ ကိုနေလင်းမောင် အသက်မွေးဝမ်းကြောင်းပြု လခရတယ်ဆိုရင်တော့ ဆက်လက်ပြောဆိုရေးသားနိုင်ပါတယ်။ ဒေါ်လာငတ်နေသူများကို အလှူပြုတယ်လို့ ကျွန်မတို့ဘက်မှ သဘောထားပေးနိုင်ပါတယ်။

ကိုနေလင်းမောင်ရေးတဲ့ပို့စ်မှ ကွန်မန့်တွေကိုဖတ်ပြီး ကျွန်မဟာ ထိုသူများကိုယ်စား ကြောက်ရွံ့သွားမိပါတယ်။ အမျိုးကောင်းသားသမီးများကို ပစ်မှားစော်ကားခြင်းဟာ မိမိကိုမွေးဖွားခဲ့တဲ့ မိခင်ကိုပြန်စော်ကားခြင်းနှင့် အတူတူပဲဆိုတာ နားမလည်တဲ့ ထိုသူတွေအတွက် အပါယ်ငရဲဆိုတာကို တွေးမိရင်း ကြောက်၇ွံ့သွားမိပါတယ်။ ဒီလိုကွန်မန့်တွေကိုဖတ်ပြီးမှ မြန်မာစကားမှာ ဒီလိုမိုက်ရိုင်းလွန်းတဲ့အသုံးအနှုန်းစကားတွေ ရှိနေပါလားဆိုပြီး အံ့သြမိပါတယ်။ ယဉ်ကျေးတဲ့လူ့အသိုင်းဝိုင်းမှာ မွေးဖွားကြီးပြင်းလာသူတွေဟာ ထိုစကားမျိုးကို မမြင်ဖူးပါဘူး။ ဒီလိုရိုင်းစိုင်းယုတ်မာလွန်းသော စကားကိုပြောဆိုရဲသူများဟာလည်း အရှက်မဲ့စွာ ရိုင်းစိုင်းပြောဆိုကျင့်ကြံနေထိုင်သူများရဲ့ ပတ်ဝန်းကျင်အလယ်မှာ ရှင်သန်ကြီးပြင်းနေထိုင်ခဲ့ရလို့ဖြစ်မှာပဲဆိုပြီး ကျွန်မဖြည့်တွေးပေးလိုက်ပါတယ်။

နောက်ဆုံးစကားကတော့ --- အခုအချိန်မှာ ဘက်နှစ်ဘက်ရှိပါတယ်။ ကျွန်မသိသလောက် ရှင်တို့ဘက်ကို ရှင်တို့လူတွေကလွဲပြီး ဘယ်သူမှ စိတ်မ၀င်စားပါဘူး။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေရေးသမျှ စာတွေလိုက်ဖတ်ပြီး အမှန်တရားအကြောင်းတွေတွေ့တိုင်း မျောက်မီးခဲကိုင်မိသလို ဆွေ့ဆွေ့ခုန်နေမယ့်အစား မိမိကိုယ်ပိုင်အတွေးဥာဏ်နဲ့ ယုတ္တိရှိရှိစာတွေေ၇းပါလို့ အကြံပြုပါတယ်။ ဒီပွဲဟာ ကွင်းကိုတစ်ပတ်ပြေးတဲ့ တာတိုပြေးပွဲမဟုတ်ပါဘူး။ နှလုံးရည် နဲ့ အမှန်တရားသစ္စာချင်း ယှဉ်တဲ့ပွဲမို့ မပြီးဆုံးသေးတဲ့ တာရှည်ပွဲအတွက် အွန်လိုင်းပေါ်မှာ လူအမြင်ကတ်အောင် လုပ်ပြမနေပါနဲ့လို့လည်း အကြံပြုချင်ပါတယ်။

`နှလုံးရည်ချင်း ၊ အမှန်တရားသစ္စာချင်းယှဉ်တဲ့ တာရှည်ပွဲမှာ အမျိုးကောင်းသားသမီးတွေရဲ့ ထဘီစကို လိုက်မဆွဲမိပါစေနဲ့´

လင်းလက်ကြယ်စင်

20 comments:

Min Nyi Naung said...

ဒီလို အဆင့်မရှိတဲ့ ကျော်ဆန်း လက်ဆွဲတွေကို
ယဉ်ယဉ်ကျေးကျေးသည်းခံပြီးရေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

sawthanlwin said...

one day he will realize what is honesty .if he is a government servent he will get afew amount of salary and he will make undertable money....that will be begining of dishonest..than .....more ...more..

ခင်မင်းဇော် said...

သမီးရေ.. ဒီပို့စ်နဲ့ ယဉ်ကျေးစွာ တုန့်ပြန်မှုအတွက် ဂုဏ်ယူမိပါတယ်။ အမျိုးကောင်း သားသမီး ဆိုတာ ဘယ်လို လို့ သိစေနိုင်ပါတယ်။ လောကမှာ အမှန်နဲ့ အမှား တရားမှုနဲ့ မတရားမှု ဘက် ၂ ဘက်မှာ ဘယ်ဘက် က ရပ်တည်နေရမလဲ ဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့သာ ဆုံးဖြတ်တတ်ရမှာပါ။ ဒါကိုတောင် မစဉ်းစားမိတဲ့သူကို လူလို့ ခေါ်ဖို့တောင် ခပ်ခက်ခက်။

Unknown said...

ပထမပြောချင်တာကတော့ ငါက ကိုနေလင်းမောင် မဟုတ်ဘူးဆိုတာကိုပါ..သူ့အနေနဲ့ကတော့ ဘလော့ဂ်မရေးတာ ကြာခဲ့ပါပြီ.. မင်းရေးတဲ့စာရယ်၊မျိုးချစ်ဆိုသူထံကဟာကို ကော်ပီဖော်ပြတာရယ် ပေါင်းစပ်ပြီး တပ်မတော်သားတစ်ယောက်အနေနဲ့ မင်းနဲ့ပက်သက်တဲ့ပို့စ်ကို ရေးလိုက်တာပါ..ကျွန်ခံတယ်ဆိုတဲ့ အသုံးအနှုံးကိုသုံးတာ ကျွန်စိတ်မွေးတဲ့သူတွေအတွက်ပါ..အနောက်တပ်တွေလာပါခေါ်၊ ပြည်တွင်းကို ရတဲ့နည်းနဲ့အပုပ်ချတဲ့ ကျွန်စိတ်မွေးသူအားလုံးကို ဆိုလိုပါတယ်..မင်းရေးလိုက်တဲ့ တဘောင်ဟာ မင်းအဖေအရွယ်မကတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်...သူများပြောတကို သံယောင်လိုက်ချင်တယ်ဆိုရင်လဲ သံယောင်လိုက်သလို ရေးတာကို အပြစ်မဆိုလိုပါဘူး..ငါ့အမြင်မှာတော့ မင်းတို့အခုလိုအော်နေတာဟာ ဘာမှအရာမရောက်ဘူးဆိုတာ ခံစားနေရတာပဲ..၂၀၁၀ ပြီး၇င် မင်းတို့ဘာတွေဆက်အော်မလဲဆိုတာကို ငါကြိုတွေးလို့ရပါတယ်...နိုင်ငံခေါင်းဆောင်တစ်ယောက်ကို ဝေဖန်ဖို့အတွက်ကတော့ မင်းဒီထက်ပိုသိဖို့လိုမယ်လေ..ဒါဟာ တပ်မတော်တစ်ရပ်လုံးကို စော်ကားသလိုဖြစ်နေတဲ့အတွက် ငါရေးလိုက်တာပါ.. နောက်ကွန်မန့်မှာ မင်းအကြောင်းကို လာရေးထားတာကိုတွေ့လို့ အားလုံးဖတ်ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..မင်းလုံတယ်ဆိုရင်လဲ အဆင်ပြေပါတယ်...နှမချင်းကိုယ်ချင်းစာလို့ မင်းဓာတ်ပုံရှိပေမယ့် ဓာတ်ပုံနဲ့တကွမတင်ပေးလိုက်တာပါ... ငါကိုယ်တိုင်လဲ မင်းအကြောင်းကို မသိတဲ့အတွက် ဖြစ်နိုင်လောက်တဲ့ မင်းနဲ့ပက်သက်တဲ့သတင်းဆိုရင် ယုံပါတယ်...ဖြစ်နိုင်တယ် မဖြစ်နိုင်တယ်ဆိုတာ စဉ်းစားကြည့်လို့ရပါတယ်..ဒီလိုစာမျိုးတွေ၊ ကိုယ့်မိဘအရွယ်လူတစ်ယောက်ကို အသရေပျက်အောင် ပြောဆိုတယ်ဆိုကထဲက မင်းကိုယ်တိုင်ဟာ ဘယ်လိုမိန်းကလေးလဲဆိုတာ မင်းမိဘတွေကို ပြန်မေးကြည့်ပါ..မင်းမိဘတွေကို မင်းကို ပြန်ဆုံးမပါလိမ့်မယ်.. ငါရေးလိုက်တဲ့စာထဲမှာတော့ မင်းကိုဘာမှမသိတဲ့ ငါ့ညီမတစ်ယောက်လိုပဲ နောင်မှာဆင်ခြင်ဖို့ရည်ရွယ်ခဲ့ပါတယ်....
နောက်တစ်ခုကပြောလိုက်ပါ့မယ်..မင်းတို့ပြည်ပကနေ ကြိုက်၇ာအော်ပါ..ပြည်တွင်းကိုတော့ လာမထိခိုက်စေနဲ့..တပ်မတော်တစ်ရပ်လုံး၊စစ်သားတွေအကုန်လုံးကို စော်ကားသလိုတော့ မဖြစ်ပါစေနဲ့...ငါတို့ဟာ မြန်မာပြည်တစ်ခုထဲက မွေးဖွားလာသူတွေပါ..ကိုယ့်ပြည်တွင်းထဲမှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကို ပါးစပ်နဲ့ရှင်းသလို၊သေနတ်နဲ့လဲ ရှင်းရပါတယ်... မင်းတို့ပြည်ပရောက် တိုင်းပြည်အဖျက်တွေအတွက်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံပြီး ဆက်နေနိုင်အောင်ကြိုးစားပေါ့..

Ko Myo (SG) said...

Lin Let,

What a good reply!
This post really rubbed salt to their wound.
Let's see how these slaves of good-for-nothing Burmese junta will reply.
Keep up the good work.

Unknown said...

နေ လင်း မောင် တော့ မ သိ ပါ၊
မင်း လေး က တော့ တော် တော် လေး သတ္တိ ကောင်း ကောင်း နဲ့ singapore က နေ ဟောင် နေ တာ တော့ တွေ့  တယ် ၊ မင်းတို့လို က လေး တွေ ကြောင့် တကယ် တိုင်းပြည် ကို ပြန် ပြီး ကူ ညီ ချင် နေ သူ တွေ visa အ ခက် အ ခဲ တွေ ဖြစ် နေ တာ ၊
keyboard လေး က နေ စစ် ခင်း နေ ရုံ နဲ့ တော့
တိုင်းပြည် ကြီး ပြောင်း လဲ လာ မှာ မ ဟုတ် ဘူး ဟေ့

လင်းလက်ကြယ်စင် said...

Opposite-eye ရေ .. အခုလို မခံမရပ်နိုင်စွာ လာပြောတဲ့အတွက် ကျေးဇူးတင်မိပါတယ် .. ။ သိပ်ရီရတာပဲနော် .. ။ ကျွန်မဓါတ်ပုံကို နှမချင်းစာနာလို့ မတင်ပေးတာတဲ့ ။ ခပ်ရဲရဲကြိးတင်နိုင်ပါတယ်။ ကျွန်မဓါတ်ပုံဟာ ကျွန်မဘလော့ခ်အောက်ခြေမှာ အမြဲတမ်း သေသေချာချာ တင်ပေးခဲ့တဲ့ ပုံတွေဖြစ်တဲ့အတွက် ကျွန်မပုံကိုရတာများ ... လူအမြင်မှားအောင် .. စကားကို ယောက်ျားတန်မဲ့ ဟိုလှည့်ဒီလှည့်ပြောဆိုလိုက်နဲ့ .. ။ ရှက်တတ်ရင် လဲသေဖို့ကောင်းပါပြီ။ ရှင်တို့နဲ့စကားပြောရတာတောင် အင်မတန် ရွံရှာဖွယ်ကောင်းနေပါပြီ။ တပ်မတော်ကို မစော်ကားဘူး ။ ထပ်ပြောလိုက်မယ် .. ။ အာဏာ၇ှင်စနစ်ကိုဖန်တီးနေတဲ့ နအဖတစ်အုပ်စုလုံးကိုတော့ အသဲထဲကရွံတယ်။ ပြည်သူတွေရဲ့အမုန်းကို ခြေဖျက်ချင်ရင် အပြောနဲ့ မရဘူး ... အလုပ်နဲ့ပဲ သက်သေပြပါလို့ နောက်ဆုံးအကြိမ် ထပ်မံပြောဆိုလိုက်ပါတယ် .. ။ ရှင့်အကြောင်း ကျွန်မ မသိ .. စိတ်မ၀င်စားသလို ကျွန်မအကြောင်းကို လာပြောတယ်ဆိုရင် ဒါတွေဟာ မှန်သလား .. မှားသလား အရင်စစ်ဆေးရတယ် .. ။ မိန်းမတစ်ယောက်ကို နှလုံးရည်ချင်း မယှဉ်နိုင်ရင် အောက်တန်းကျတဲ့ မိုက်ရိုင်းတဲ့စကားတွေနဲ့ နှိုင်းယှဉ်စော်ကားပြောဆိုတတ်တာ ရှင်တို့ နအဖစစ်သားတွေအကျင့်ထင်ပါရဲ့။ ကဲ ထားပါလေ ... လူမဟုတ်သူကို လူလိုပြောနေဖို့ မလိုတော့ပါဘူး .. ။

Anonymous said...

Just to say EXCELLENT to what you reply back to those animals in Russia that opposite eye creature.
We, all Burmese people are on one side and those brainlessNa Ah Pha and supporters are on the opposite side. Let them know.

with kind love and support.
Ma Muyar

ဝင်းပေါ်မောင် said...

ကိုးန၀င်းလက်စွပ်ကြီးဝတ်ပြီး ဆင်ရေချိုးတဲ့ ဗိုလ်ခင်ညွန့် တယောက် မြောင်းထဲရောက်သွားတာ မြင်တယ်ဟုတ်။ နအဖ စစ်ဗိုလ်တွေ ဗေဒင် ယတြာ ဘိုးတော်မှန်သမျှ အလွန်အကျူး ယုံကြည်တာ တကမ္ဘာလုံး သိကြပါတယ်။ သူတို့ လုပ်သမျှတွေဟာ ကျိုးကြောင်း ဆက်စပ် ဆီလျော်မှု မရှိတော့ လူတွေက ဗေဒင်အရလုပ်တာလို့ ယူဆကြတာ မလွန်ပါဘူး။ သို့သော်လဲပေါ့လေ... ကောက်ရိုးပုံစောင့်တဲ့ ခွေတွေကတော့ မဲမဲမြင်သမျှ ထိုးဟောင်တတ်တာပါပဲ။ သူ့အတွက် အရိုးရဖို့က အရေးကြီးတယ် မဟုတ်လား။

ရွှေရတုမှတ်တမ်း said...

Hi my brave young daughter
u r right. Ignore the notorious tugs.
Bagyi Pauk

Moung Yin Aw said...

ကိုယ့်ကိုကိုယ် စစ်သားလို့ ဆိုတဲ့ သတ္တ၀ါ .. မင်းမှာ ဘာနာမည်ရှိရှိ .. လူမဆန်တဲ့ စရိုက်ရှိရင် မင်းတို့အားလုံးဟာ အတူတူဘဲ။

မင်းတို့ဟာ ခွေးထက်နိမ့်ကျတဲ့ကောင်တွေဖြစ်နေကြလို့ အဆဲခံရဖို့တောင် မြန်မာစကားကို မင်းတို့ မပိုင်ဆိုင်နိုင်တော့ဘူး။
မင်းကို ငါ တခုမေးမယ်။ နိုင်ငံခေါင်းဆောင်ဆိုတာ ဘာကိုခေါ်တာလဲ။ ဖြေစမ်း။
အေး .. မိဘအရွယ်ဆိုတာ လူနဲ့ တူတဲ့ စရိုက်လက္ခဏာ ရှိမှ မိဘ အရွယ်နဲ့ ထိုက်တန်တဲ့ ဂါရ၀တရားကို ရထိုက်တယ်ကွ။ မင်းမိဘ အရွယ်ရှိတဲ့ ဘယ် သက်ရှိသတ္တ၀ါကို ဘဲဖြစ်ဖြစ် မင်းမိဘ လို ရိုသေသလား? အဲဒီလို လူစိတ်မင်းမှာ ရှိရင် အခု ငါတို့ နိုင်ငံမှာ တရားမျှတတဲ့ လွတ်တပ်မှု၊ အခြေခံလူ့အခွင့်အရေး ရထိုက်မှု တို့ အတွက် အသက်ပေး၊ ဘ၀တွေစတေးနေရတဲ့ မင်း အဖေအရွယ် အမေအရွယ် ရဟန်း၊ လူပုဂ္ဂိုလ်တွေကို မင်းမိဘလို ရိုသေတဲ့ လူ့စိတ်နဲ့ ထောင်ထဲကို မတရားအပို့ခံရတာ၊ ကာကွယ်တားဆီးပေးဖို့ မင်း ဘယ်နှခွန်း ပြောခဲ့ ဖူး၊ လုပ်ခဲ့ဖူး သလဲ?

ဟေ့ကောင် ဖြေစမ်း၊ နိုင်ငံရေးအရ ပါးစပ်နဲ့ ဖြေရှင်းဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာတွေကို စောက်ရူးလို ကွေ့ပတ်ရှောင်နေတာ ပါးစပ်နဲ့ ရှင်းသလို လို့ ပြောရဲသေးသလား..? လက်ထဲမှာ သေနတ်ကိုင်ပြီး လက်နက်မဲ့ ပြည်သူကို ဒုတ်နဲ့ ရိုက်ရဲတာ မစော်ကားထိုက်တဲ့ စစ်သားလား? ဟေ့ကောင် ဖြေစမ်း .. အာဏာရူးရဲ့ ကျွန်ကောင်..

နောက် တယောက်ကလဲ တိုင်းပြည်ပြန်ပြီး ကူညီချင်တာ ဗီဇာ ခက်နေရင် စစ်အာဏာရူးကို ဖား လိုက်လေ.. စေတနာရှိရင် အရူးထပြီး အော် မနေနဲ့.. ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်လိုက်လို့ရတာဘဲ။ ကီးဘုတ်က စစ်ခင်းနေလို့ တိုင်းပြည် မပြောင်းရင် ဘယ်နည်းနဲ့ ပြည်သူ့ဆန္ဒ ပြည့်ဝအောင် လုပ်ပေးနိုင်သလဲ? လုပ်ပေးခဲ့သလား .. ဘယ်နေရာကဘဲဖြစ်ဖြစ် ဘယ် အတိုင်းအတာနဲ့ ဖြစ်ဖြစ် တိုင်းပြည် အတွက် ပြည်သူ့ဆန္ဒပြည့်ဝအောင် လုပ်နိုင်ဖို့ လိုတယ် ဆိုတာတောင့ မသိတဲ့ သူက တိုင်းပြည်ပြန်ပြီး ကူညီချင်တယ် ပြောနေရသေးသလား .. တကယ် ကူချင်ရင် ပြောနေစရာမလိုဘူး.. လုပ်ပြ..

htunmin said...

oppositeye ကိုပြောချင်တာကတော့ ကိုယ့်အဖေအရွယ် မကလို့ အဖိုးအရွယ်ပဲဖြစ်ဖြစ် သန်းရွှေအပါအ၀င် ဘယ် နအဖ လူသတ်ကောင်ကိုမှ လေးလေးစားစားမရေးနိုင် သဘောမထားနိုင်ပါဘူး။ ကန်းကုန်လောက်အောင် ယုတ်မာနေတဲ့လူတွေကို ကောင်းကောင်းမွန်မွန်ရေးနေတဲ့ လူတွေကတော့ သူတို့လို လူမျိုးတွေပဲဖြစ်မှာပါ။ လူသားချင်း စာနာစိတ်ရှိတဲ့သူတိုင်း သန်းရွှေနဲ့ နအဖ နောက်ဆွဲတွေကို သေလောက်အောင်မုန်းနေတယ်ဆိုတာ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်။

Jun Wei said...

HI, LL.

I WAS REALLY IMPRESSED WITH YOUR REPLY. THAT'S OUR MYANMAR NATION PROUD OF YOU.

JUNWEI

minmaw said...

လင်းလက်ရေ.....ညီမလေး.....
မင်းရေးလိုက်တဲ့ န.အ.ဖ နောက်လိုက်များကို ဆုံးမထားတဲ့ ပို့စ်အတွက် ဂုဏ်ယူမိပါတယ်။ ညီမလေးရေ...ဒီကောင်တွေကို လူလို ပြောလို့ မရဘူးဆိုတာကို မမေ့ပစ်လိုက်နဲ့အုံး။

ကိုဖိုးတရုတ် said...

"မင်းတို့ပြည်ပကနေ ကြိုက်၇ာအော်ပါ..ပြည်တွင်းကိုတော့ လာမထိခိုက်စေနဲ့..တပ်မတော်တစ်ရပ်လုံး၊စစ်သားတွေအကုန်လုံးကို စော်ကားသလိုတော့ မဖြစ်ပါစေနဲ့...ငါတို့ဟာ မြန်မာပြည်တစ်ခုထဲက မွေးဖွားလာသူတွေပါ..ကိုယ့်ပြည်တွင်းထဲမှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကို ပါးစပ်နဲ့ရှင်းသလို၊သေနတ်နဲ့လဲ ရှင်းရပါတယ်... မင်းတို့ပြည်ပရောက် တိုင်းပြည်အဖျက်တွေအတွက်ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံပြီး ဆက်နေနိုင်အောင်ကြိုးစားပေါ့.."

အင်း... ဒါဆိုရင် သူကရော ပြည်ပကနေ အကူအညီယူတာ မဟုတ်ဘူးလားလို့ မေးချင်တယ်။ ဒီမို ဘက်က လူတွေကို တော့ ပြည်ပက တပ်တွေ လာပါကူပါလို့  ခေါ်ပြီး လုံခြုံရေး ကောင်စီမှာ ကျတော့ တရုတ်နဲ့  ရုရှားကို ခေါ်ပြီး ဗီဒို အာဏာသုံးခိုင်းတာကျတော့ ဘယ်မှာ သွားထားလိုက်တာလဲ။ ပြည်ပက အဖျက်တွေပြောရအောင်လို့  သူတို့ က ပြည်တွင်းမှာ တော်တော်လေး ကောင်းရာကောင်းကြောင်း လုပ်ခဲ့ကြ တာကိုး။ စစ်သားမာနတဲ့.......ဟားဟားဟား......မပြောဘဲနဲ့  ၀ါးလုံးကွဲ ရယ်လိုက်ချင်ပါတယ်။ရှရှားက ပြည်ပအားကိုးကောင်တွေကို ပြောရအုံးမယ် စကားပုံတစ်ခုတော့ ရှိတယ်။ "ဗုံလုံးတစ်လှည့် ငါးပျံတစ်လှည့် " ဆိုတာ ကြားဖူးမှာပေါ့ကွာ။ မင်းတို့  လုပ်လို့ ရတုန်း လုပ်ထားကြပေးအုံးပေါ့ကွာ။ အလှည့်ကျ ရင် မနွဲ့ စတန်းဘဲ ဗိုလ်ပေါက်စရေ။

Anonymous said...

opposite eyeရေemailလဲပို့ပြီးပါပြီအများဖတ်နိုင်အောင်ထပ်ရေးလိုကရတာပါ
တရားရှိရင်သေမှာဘာမှကြောက်စရာမလိုဘူး။ မကောင်းပြောနေတာလဲမဟုတ်ဘူး။ မှန်တာတွေပြောနေတာ။ ကျုပ်တို့ကဘာအစွဲမှမရှိဘူးတိုင်းပြည်ကိုဘယ်သူဘဲအုပ်ချုပ်တိုင်းပြည်ကြီးတိုးတက်ရင်ကျေနပ်တယ်။ အခုဟာကနှစ်ပေါင်း၂၀လုံးလုံးကိုယ်နောက်ကတိုင်းပြည်တွေကအစပေါင်းများစွာကျော်တက်သွားပီ။ မြန်မာပြည်မှာရှိတဲ့ပညာရှင်တွေဆိုရင်လဲနိုင်ငံရပ်ခြားမှာကျွန်ခံနေကြရတယ်။ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။ ကျုပ်ကနိုင်ငံခြားရောက်နေတော့ကိုယ့်နိုင်ရဲ့တန်ဖိုးကိုတဖြည်းဖြည်းသိပြီးရင်နာလို့မဆုံးဘူး။ သူများတိုင်းပြည်တွေမှာသယံဇာတဘာမှရှိတာမဟုတ်ဘူး။ အစားအသောက်ဆိုရင်လည်းအင်မတန်ရှား။ ကိုယ်နိုင်ငံမှာရှိတဲ့သယံဇာတကိုပြည်သူတွေကဘာမှမသုံးရ။ မြန်မာပြည်မှာရှိတုန်းကလည်းကားလမ်းပေါ်မှာသစ်လုံးကားကြီးတွေဖြတ်မောင်းသွားရင်ရင်ထဲမှာတော်တော်ခံစားရတယ်။ ကျုပ်တို့တိုင်းပြည်ယဉ်ကျေးမှုအဆင့်အတန်းအင်မတန်မြင့်တဲ့တိုင်ပြည်ပါ။ ဟိုးအရင်ကဆိုရင်မြန်မာ့ဇာတ်သဘင်ဆိုတာအနောက်နိုင်ငံမြီု့ကြီးတွေမှာအင်မတန်မှအောင်မြင်မှုရခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်ဆိုရင်လည်းနိုင်ငံတကာကပညာသင်တွေလာရောက်ရတဲ့တက္ကသိုလ်ကြီးဖြစ်ခဲ့တာခင်ဗျားအသိပေါ့။ အခုဒီအစိုးရအုပ်ချုပ်တဲ့အချိန်ကစပြီးတိုင်းပြည်ရဲ့စီးပွားရေး။ပညာရေးတွေဘာတွေဖြစ်နေလဲဆိုတာခင်ဗျားသိပါတယ်မငြင်းပါနဲ့။ို တိုင်းပြည်ကလူတွေရဲ့ကိုယ်ကျင့်သီလရောကြည့်ဦးမလား။ စီးပွားရေးတွေကအဆင်မပြေတော့ကိုယ်ကျင့်သီလကိုမထိန်းသိမ်းနိုင်။ ကိုယ်ကျင့်သီလကိုမထိန်းတော့စီးပွားရေးကမကောင်းနဲ့သံသရာလည်နေတာခင်ဗျားအသိ။ နိုင်ငံတနိုင်ငံတိုးတက်ဖို့အရေးကြီးဆုံးကကိုယ်ကျင့်သီလပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့မင်းကစပြီးကိုယ်ကျင့်သီလမရှိတာဘယ်လိုလုပ်ကြီးပွားမှာလဲ။ တိုးတက်နေတဲ့နိုင်ငံတွေကိုကြည့်ရင်အခြေခံကိုယ်ကျင့်သီလတော့များသောအားဖြင့်လုံကြတာချည်းပဲ။လုံအောင်လဲသူတို့ရဲ့နိုင်ငံရေးစနစ်ကိုကလိမ်ပြောစရာမလိုဘူး။ ခိုးစရာမလိုဘူး။အမှန်ကိုအမှန်အတိုင်းပြောခွင့်ရှိတယ်။ မြန်မာပြည်မှာအများဆုံးကျူးလွန်ကြတာကတော့လိမ်တာနဲ့ခိုးတာပဲ။ ကြီးပွားရေးကိုယ်ပိတ်ပင်တဲ့သီလကလည်းအဲဒီ၂ခုပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့လူတန်းစားတွေကစပြီးဒီသီလ၂ပါးမလုံတာဘယ်လိုလုပ်တိုးတက်မှာလဲ။ နောက်ပြီးမြန်မာအစိုးရဟာအင်မတန်အဖိုးထိုက်တန်လှတဲ့ဗုဒ္ဓသာသနာတော်ကြီးကိုယတြာချေဖို့လောက်ပဲအသုံးချနေကြတယ်။ ဗုဒ္ဓရဲ့တရားတော်တွေကိုလည်းသူတို့ရဲ့လုပ်ရပ်တွေနဲ့ဆန့်ကျင်နေတဲ့အတွက်သဘောမကျကြဘူးမဟုတ်လား။ ဆရာတော်တွေကဗုဒ္ဓပိဋကတ်တော်လားအတိုင်းအမှန်တွေပြောတာကိုလည်းဟိုပိတ်ဒီပိတ်။ ဗုဒ္ဓရဲ့အဆုံးအမတွေဆိုတာဒီမိုကရေစီရဲ့ဟိုဘက်ကိုလွန်နေတော့ဗုဒ္ဓသက်တော်ထင်ရှားရှိရင်တောင်ဒေ၀ဒတ်ထက်အရင်လုပ်ကြံမလားမသိဘူး။ ပြည်သူပိုင်ပစ္စည်းတွေအလွဲသုံးစားလုပ်တာတွေကိုလဲပြောရဦးမယ်။ အများအတွက်ရည်ရွယ်ထားတဲ့ဟာကိုဘုရားကိုတောင်းလှူခွင့်မရှိပါဘူး။ သာမန်လူတွေသုံးရင်ဘယ်လောက်အပြစ်ကြီးတယ်ဆိုတာပြောစရာလိုမယ်မထင်ဘူး။ ဘယ်သူတွေဘာလုပ်တယ်ဆိုတာခင်ဗျားမျက်စိမှိတ်ထားရင်တော့မသိဘူးပေါ့။မသိချင်ယောင်ဆောင်နေတာလဲဖြစ်မှာပေါ့။ ကျုပ်ကအခြေခံငါးပါးသီလကိုငယ်ငယ်လေးကတည်းကတက်နိုင်သမျှလုံအောင်ထိန်းလာခဲ့တာ။ တခုပြောလိုက်လိုက်ဦးမယ်။ သူတပါးကကိုယ့်ကိုမကြည်ညိုရင်ဘာမှမဖြစ်ဘူး။ ကိုယ့်ကိုကိုယ်မကြည်ညိုရင်အပါယ်ကျလိမ့်မယ်။ ကျုပ်ဆန္ဒကတော့ကျုပ်တို့နိုင်ငံကြီးကြီးပွားတိုးတက်စေချင်တာပါဘဲ။ဘယ်သူဘဲအုပ်ချုပ်ကိစ္စမရှိဘူး။ တိုးတက်တယ်ဆိုရာမှာလည်းရုပ်ဝတ္ထုတွေချည်းဘဲမဟုတ်ဘူးလူတွေရဲ့ကိုယ်ကျင့်တရားတွေပါတိုးတက်ရမှာ။ အဓိကကလိမ်တာ ခိုးတာ လာဘ်စားတာတွေဘဲ။ခင်ဗျားလည်းလုံအောင်ထိန်းပါ။တတိုင်းပြည်လုံးကိုလည်းထိန်းနိုင်အောင်းကြိုးစားပါဒါပါဘဲ။

Unknown said...

မလင်းလက်ရေ၊ Opposite eye ဆိုတဲ.အရာက ဆရာကြီးမင်းသိင်္ခ ၈၈အရေးအခင်း အတွင်းက တ၇ားဟော ခဲ့သလို နအဖ ၇ဲ. ဘောအောက် က ဂျွတ် အဆင့် ပါ၊ ပြန်ရှင်းနေစရာတောင် မလိုပါဘူး၊

Unknown said...

ဟုတ်ပါပြီဗျာတစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်နဲ့ ဟိုလူမှန်တယ်ဒီလူမှန်တယ်ပြိုင်နေလိုက်ကြတာ တကယ့်ကိုရှက်စရာပါပဲ...ဟုတ်ပါပြီနော်...ဒီမိုကရေစီခေတ်ဟုတ်ဟုတ်မဟုတ်ဟုတ်.ဘယ်ခေတ်ပဲေ၇ာက်နေရောက်နေပေါ့...တကယ့်တကယ် စစ်ပွဲကြီးတခုဖြစ်လာပြီထားပါတော့တပ်မတော်ဆိုတာကတော့သေနတ်ဆွဲပြီးရှေ့ဆုံးကအသေခံတိုက်ရမှာပဲ..အဲလိုချိန်မှာ ကီးဘုတ်လေးပေါ်လက်တင်ပြီးမြန်မာပြည်ကြီးကောင်းစားရေး..ကောင်းစားရေးဆိုပြီးကြွေးကြော်နေတဲ့သူရဲကောင်းကြီးတွေက ဘာလုပ်မှာလဲဟင်..ဗုံးခိုကျင်းထဲမှာတစ်လစာရိက္ခာစုပြီးဝင်ပုန်းနေမှာလားမသိဘူး..စကားပြောတဲ့အခါမှာ အကုန်လုံးကိုသိမ်းကျုံးပြီးမပြောကြပါနဲ့ ...လူတစ်ယောက်ကို ချီးကျူးဖို့ အကြောင်းရှာတာသာခက်တာပါ..အပြစ်ပြောဖို့ ဆိုရင်တော့ထွက်လာပါလိမ့်မယ်ပြစ်ချက်တွေ...ကဲကဲဒီတော့ မပြီးခင်ဗမာမမြင်စေနဲ့ ဆိုတဲ့စကားပုံအတိုင်း ၂၀၁၀ရွေးကောက်ပွဲကြီးပြီးမှပဲဆက်ဝေဖန်ကြတော့နော်..မပြီးသေးခင်ကတော့ ဝေဖန်မနေပါနဲ့ ...ပါးစပ်ပိတ်ပြီးစောင့်နေလိုက်ကြနော်..ဘယ်သူတွေပဲအာဏာရနေရနေ..တပ်မတော်ဆိုတာကတော့ကမ္ဘာတည်သရွေ့ ၇ှိနေမှာပါ...ပြီးတော့ဗိုလ်ပေါက်စဆိုတဲ့အသုံးအနှုန်းကိုမသုံးပါနဲ့ ...တပ်မတော်မှာဗိုလ်ဖြစ်ခါစအရာရှိတစ်ယောက်ရဲ့ စိတ်ဓါတ်ဟာ အသက် ၃၀ လောက်ရှိတဲ့အရပ်သားတစ်ယောက်ရဲ့ စိတ်ဓါတ်ထက်ပိုမိုရင့်ကျက်နေပါပြီ..ကဲကဲ ရန်ဖြစ်မနေကြနဲ့ တော့နော်...အားလုံးအေးအေးချမ်းချမ်းနဲ့  ၂၀၁၀ ရွေးကောက်ပွဲကြီးဆီသွားကြတာပေါ့...ရင်ြလန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Unknown said...

ဟုတ်ပါပြီဗျာတစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်နဲ့ ဟိုလူမှန်တယ်ဒီလူမှန်တယ်ပြိုင်နေလိုက်ကြတာ တကယ့်ကိုရှက်စရာပါပဲ...ဟုတ်ပါပြီနော်...ဒီမိုကရေစီခေတ်ဟုတ်ဟုတ်မဟုတ်ဟုတ်.ဘယ်ခေတ်ပဲေ၇ာက်နေရောက်နေပေါ့...တကယ့်တကယ် စစ်ပွဲကြီးတခုဖြစ်လာပြီထားပါတော့တပ်မတော်ဆိုတာကတော့သေနတ်ဆွဲပြီးရှေ့ဆုံးကအသေခံတိုက်ရမှာပဲ..အဲလိုချိန်မှာ ကီးဘုတ်လေးပေါ်လက်တင်ပြီးမြန်မာပြည်ကြီးကောင်းစားရေး..ကောင်းစားရေးဆိုပြီးကြွေးကြော်နေတဲ့သူရဲကောင်းကြီးတွေက ဘာလုပ်မှာလဲဟင်..ဗုံးခိုကျင်းထဲမှာတစ်လစာရိက္ခာစုပြီးဝင်ပုန်းနေမှာလားမသိဘူး..စကားပြောတဲ့အခါမှာ အကုန်လုံးကိုသိမ်းကျုံးပြီးမပြောကြပါနဲ့ ...လူတစ်ယောက်ကို ချီးကျူးဖို့ အကြောင်းရှာတာသာခက်တာပါ..အပြစ်ပြောဖို့ ဆိုရင်တော့ထွက်လာပါလိမ့်မယ်ပြစ်ချက်တွေ...ကဲကဲဒီတော့ မပြီးခင်ဗမာမမြင်စေနဲ့ ဆိုတဲ့စကားပုံအတိုင်း ၂၀၁၀ရွေးကောက်ပွဲကြီးပြီးမှပဲဆက်ဝေဖန်ကြတော့နော်..မပြီးသေးခင်ကတော့ ဝေဖန်မနေပါနဲ့ ...ပါးစပ်ပိတ်ပြီးစောင့်နေလိုက်ကြနော်..ဘယ်သူတွေပဲအာဏာရနေရနေ..တပ်မတော်ဆိုတာကတော့ကမ္ဘာတည်သရွေ့ ၇ှိနေမှာပါ...ပြီးတော့ဗိုလ်ပေါက်စဆိုတဲ့အသုံးအနှုန်းကိုမသုံးပါနဲ့ ...တပ်မတော်မှာဗိုလ်ဖြစ်ခါစအရာရှိတစ်ယောက်ရဲ့ စိတ်ဓါတ်ဟာ အသက် ၃၀ လောက်ရှိတဲ့အရပ်သားတစ်ယောက်ရဲ့ စိတ်ဓါတ်ထက်ပိုမိုရင့်ကျက်နေပါပြီ..ကဲကဲ ရန်ဖြစ်မနေကြနဲ့ တော့နော်...အားလုံးအေးအေးချမ်းချမ်းနဲ့  ၂၀၁၀ ရွေးကောက်ပွဲကြီးဆီသွားကြတာပေါ့...ရင်ြလန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Unknown said...

ဟုတ်ပါပြီဗျာတစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်နဲ့ ဟိုလူမှန်တယ်ဒီလူမှန်တယ်ပြိုင်နေလိုက်ကြတာ တကယ့်ကိုရှက်စရာပါပဲ...ဟုတ်ပါပြီနော်...ဒီမိုကရေစီခေတ်ဟုတ်ဟုတ်မဟုတ်ဟုတ်.ဘယ်ခေတ်ပဲေ၇ာက်နေရောက်နေပေါ့...တကယ့်တကယ် စစ်ပွဲကြီးတခုဖြစ်လာပြီထားပါတော့တပ်မတော်ဆိုတာကတော့သေနတ်ဆွဲပြီးရှေ့ဆုံးကအသေခံတိုက်ရမှာပဲ..အဲလိုချိန်မှာ ကီးဘုတ်လေးပေါ်လက်တင်ပြီးမြန်မာပြည်ကြီးကောင်းစားရေး..ကောင်းစားရေးဆိုပြီးကြွေးကြော်နေတဲ့သူရဲကောင်းကြီးတွေက ဘာလုပ်မှာလဲဟင်..ဗုံးခိုကျင်းထဲမှာတစ်လစာရိက္ခာစုပြီးဝင်ပုန်းနေမှာလားမသိဘူး..စကားပြောတဲ့အခါမှာ အကုန်လုံးကိုသိမ်းကျုံးပြီးမပြောကြပါနဲ့ ...လူတစ်ယောက်ကို ချီးကျူးဖို့ အကြောင်းရှာတာသာခက်တာပါ..အပြစ်ပြောဖို့ ဆိုရင်တော့ထွက်လာပါလိမ့်မယ်ပြစ်ချက်တွေ...ကဲကဲဒီတော့ မပြီးခင်ဗမာမမြင်စေနဲ့ ဆိုတဲ့စကားပုံအတိုင်း ၂၀၁၀ရွေးကောက်ပွဲကြီးပြီးမှပဲဆက်ဝေဖန်ကြတော့နော်..မပြီးသေးခင်ကတော့ ဝေဖန်မနေပါနဲ့ ...ပါးစပ်ပိတ်ပြီးစောင့်နေလိုက်ကြနော်..ဘယ်သူတွေပဲအာဏာရနေရနေ..တပ်မတော်ဆိုတာကတော့ကမ္ဘာတည်သရွေ့ ၇ှိနေမှာပါ...ပြီးတော့ဗိုလ်ပေါက်စဆိုတဲ့အသုံးအနှုန်းကိုမသုံးပါနဲ့ ...တပ်မတော်မှာဗိုလ်ဖြစ်ခါစအရာရှိတစ်ယောက်ရဲ့ စိတ်ဓါတ်ဟာ အသက် ၃၀ လောက်ရှိတဲ့အရပ်သားတစ်ယောက်ရဲ့ စိတ်ဓါတ်ထက်ပိုမိုရင့်ကျက်နေပါပြီ..ကဲကဲ ရန်ဖြစ်မနေကြနဲ့ တော့နော်...အားလုံးအေးအေးချမ်းချမ်းနဲ့  ၂၀၁၀ ရွေးကောက်ပွဲကြီးဆီသွားကြတာပေါ့...ရင်ြလန်းချမ်းမြေ့ကြပါစေခင်ဗျာ....

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။