Thursday, May 15, 2008

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်


အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်

ကျွန်မဟာ ဗေဒင်တွေ ယတြာတွေကို အပြည့်အ၀ယုံကြည်သူမဟုတ်သလို ၊ လုံးဝ မယုံကြည်သူလည်း မဟုတ်ပါ။ အပြည့်အ၀မဟုတ်သည့်တိုင် အထိုက်အလျောက်တော့ ယုံကြည်မှုရှိပါသည်။ နအဖစစ်အာဏာရှင်များ၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များနောက်ကွယ်မှာ ယနေ့ထိတိုင် ထိုလူများ ထိုင်ခုံပေါ်တွင် မလှုပ်တလှုပ်ထိုင်နေနိုင်ခြင်းမှာ မတရားသော အောက်လမ်း ၊ ဗေဒင်ယတြာအတတ်ပညာများအချို့ ပါဝင်နေသည်ဆိုတာကိုတော့ လက်ခံထားပါသည်။

လွန်ခဲ့သောရက်ပိုင်းခန့်က အတွင်းလူများထံမှ တိကျသော သတင်းတစ်ခုကို ကျွန်မ လက်ခံရရှိခဲ့ပါတယ်။ စစ်အာဏာရှင် ဦးသန်းရွှေကြီးဟာ သူ့ရဲ့နေ၀င်ချိန်တစ်ခုဖြစ်နိုင်တဲ့ တဘောင်ကို သိရှိပြီးချိန်မှာ ယခုလို ကယ်ဆယ်ရေးအဖွဲ့များကို ပိုမိုဝင်ခွင့်မပေးခြင်းဖြစ်ပါတယ်။ ဦးသန်းရွှေကြီးကို ဟောကြားထားသော အကြောင်းအရာမှာ `အနောက်နိုင်ငံသား အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချပြီး ရောက်ရှိလာခဲ့ရင် .. လက်ရှိစစ်အာဏာရှင်တို့၏ နေ၀င်ချိန်ရောက်ရှိပြီ´ဟု ဖြစ်ပါတယ်။ ကာကွယ်မှုအနေနဲ့ ပြန်လည်ယတြာချေမရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို မြန်မာပြည်မြို့နယ်များသို့ လုံးဝ ၀င်ခွင့်မပေးတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ အနောက်နိုင်ငံတွေဘက်မှ မြန်မာပြည်ကို ကိုယ်တိုင်လာရောက် အလွန်အကျွံကူညီချင်နေတာဟာ စစ်အာဏာရှင်အတွက် ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်နေပါတယ် .. ။ ယခုအချိန်မှာ ပြည်သူလူထုကို သေချာကူညီနိုင်ဖို့က ပထမအချက်ဖြစ်ပါတယ်။ နိုင်ငံရေးတွေ မပါပေမယ့် ပါသင့်သလောက်လည်း တွဲပါသွားရမှာပါ။ မုန်တိုင်းဆိုတာ စစ်အာဏာရှင်လုပ်လို့ တိုက်ခတ်လာတာမဟုတ်ပေမယ့် ယခုကဲ့သို့ သေဆုံးသူများ တစတစ ပိုမိုများပြားနေတာ ၊ လိုအပ်သော ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့တာ ၊ နိုင်ငံတကာအကူညီတွေ လက်မခံတာ ၊ ငတ်ပြတ်နေသော ပြည်သူလူထုကို ထိရောက်စွာ အမှန်တကယ်ကူညီမှုမပေးတာ ... အစရှိသောအချက်များဟာ လူမှုရေးအနေနဲ့ အင်မတန်စိတ်ထိခိုက်နာကျင်မှုဖြစ်မိသလို နိုင်ငံရေးအရလည်း အာဏာရှင်ဘက်မှ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊ နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင် နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီခေတ်ဒီအချိန်ခါကြီးထဲမှာ မယုံကြည်သူနဲ့ ယုံကြည်သူ ရောနေမှာလည်း ကျွန်မ နားလည်ထားပါတယ်။ စစ်အာဏာရှင်ဟာ နေပြည်တော်မှာ ညီလာခံတက်ရင် ရှေးခတ်ဘုရင့်ဝတ်စုံဝတ်တာ ၊ ဘုရားပေါ်မှာ ၀က်ဆွဲပြီး လမ်းလျှောက်တာ ... ထိုကဲ့သို့လုပ်ရပ်မျိုးတွေကို လုပ်နေခြင်းမှာ သွက်သွက်ခါအောင်ရူးသွား၍ လုပ်နေခြင်းမဟုတ်။ စိတ်ဖောက်ပြန်နေခြင်းလည်းမဟုတ်။ တွက်ချက်လေ့လာပြီး အာဏာရှင်များကိုးကွယ်သော ဆရာကြီးများစကားအတိုင်း အာဏာတည်မြဲအောင် မကောင်းသောနည်းလမ်းများဖြင့် လုပ်နေကြခြင်းသာဖြစ်ပါတယ်။

ပြင်ပလောကမှာ ကျွန်မထက်အများကြီး ပိုစွမ်းဆောင်နိုင်တဲ့လူများစွာ ရှိကြတာမို့ စစ်အာဏာရှင် ကြောက်ရွံ့နေတဲ့ လက်ရှိဟောကြားခြင်းခံထားရသော တဘောင်ကို မဖြစ်ဖြစ်အောင် ကျေးဇူးပြုပြီး အစွမ်းကုန်ကြိုးစားပေးကြပါလို့ ကျွန်မတောင်းဆိုတိုက်တွန်းလိုပါတယ်။ ဒီအချိန်မှာပဲ အနောက်နိုင်ငံသားတွေဟာ မြန်မာပြည်ကိုသွားရောက်ကူညီဖို့ စိတ်အားအထက်သန်ဆုံးအချိန်လည်း ဖြစ်နေတာမို့ အခြေအနေလိုက်လျောညီထွေချိန်လို့ သတ်မှတ်လို့ရပါတယ်။ ဒီသတင်းကို ကျေးဇူးပြုပြီး လက်ဆင့်ကမ်းဖြန့်ပေးကြဖို့လည်း တောင်းဆိုလိုပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို မျိုးစုံသောဒုက္ခတွေနဲ့ နှိပ်စက်ညှင်းပန်းနေတဲ့ ဒီစစ်အာဏာရှင်အုပ်စု အမျိုးပါပြုတ်သွားအောင် ဖြုတ်ရမှာပါ။ ပြည်သူလူထုဟာ ဘာမဟုတ်တဲ့ ကြံ့ဖွတ်တွေရဲ့ အနိုင်ကျင့်မှု ၊ ဒုက္ခပေးမှုတွေကို လူပါးဝစွာ ခံနေရပါတယ်။ ဒါတွေကိုမြင်ရတဲ့ ကျွန်မနှလုံးသားဟာ အင်မတန် နာကျင်မှုဖြစ်ရပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံး ၊ သနားစရာအကောင်းဆုံး ဘ၀ကို လုံးလုံးရောက်ရှိနေခဲ့ပါပြီ .. ။ မြန်မာဆိုတာ ဗမာဆိုပြီး ပြန်လည်ခေါင်းမော့လာဖို့ ၊ လူတန်းစားအားလုံး စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် စစ်အာဏာရှင်စနစ်ဆိုတာ လုံးဝပျောက်ကွယ်မှပဲ ဖြစ်မှာပါ .. ။

အာဏာရှင်၏ဆရာကြီးများ ဟောကြားလိုက်သော တဘောင်

`အနောက်နိုင်ငံသားစစ်စစ် အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်ကာလအတွင်း ၂၀၀၈မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချရောက်ရှိလာခဲ့ရင် .... စစ်အာဏာရှင်များ ဘုန်းကံရော ၊ ရှိသမျှ အဆောင်အယောင် အာဏာများအားလုံး ကျဆင်းပြီး နေ၀င်ချိန် ရောက်ကိုရောက်ရလိမ့်မယ် ........ ´


Download English Version

Download Myanmar Version


10 comments:

Wunna Ko Ko said...

It has already done.

Adm. Timothy J. Keating, the commander of the U.S. military in the Pacific, had already visited to Yangon. The highest military commander of U.S military in Pacific

He had been met with Adm. Soe Thein. He went to YGN with full dressed Uniform. Moreover, a number of U.S military personals had been visited to YGN during their ferry mission of aid.

Let's wait and see the "ta-baung" is true or not.

Anonymous said...

I think it's not done yet. He just visited to Yangon only .As per 'ta baung ' , soldier have to enter the capital of myanmar. They just change capital to Pyinmanar ( Nay Pyi Taw).

Anonymous said...

Just my opinion only

Anonymous said...

Lets, unite, stand as one (by all of us) and demand US UK and UN to take "ACTION"

Unknown said...

To blog readers,
I agree with the post of Ms. Lin lat cos one of journalist Kyae Mon (Mirror) U Thaung wrote a novel like this mentioning the detail of what was happening among those top dictators in Myanmar.
I think U all might have heard about that. It is U Nay Win Ei Pyar Ta Soat.
U can download it from this link
http://www.esnips.com/doc/0603e69c-3847-4cd9-be16-a93150763721/UNayWin-eiPyarTaSote

There U can read and enjoy how these BoDaw or burmese astrologers are influencing over these dictators.

The contents are consistent with I have heard in my life. I was at first wondering these as a matter of heard and say.
But now it is real matter of Myanmar Dictators peoples.

Anyone who have further novel of KyaeMon U Thaung, pls post the downloable link in Ms. Lin Let block.

I also recommend all of U to read
the book bonaywin.pdf.

Find that book in the links round the above link.

Unknown said...

To blogreaders,
I agree with the post of Ms. Lin lat cos one of journalist Kyae Mon (Mirror) U Thaung wrote a novel like this mentioning the detail of what was happening among those top dictators in Myanmar.
I think U all might have heard about that. It is U Nay Win Ei Pyar Ta Soat.
U can download it from this link
http://www.esnips.com/doc/0603e69c-3847-4cd9-be16-a93150763721/UNayWin-eiPyarTaSote

There U can read and enjoy how these BoDaw or burmese astrologers are influencing over these dictators.

The contents are consistent with I have heard in my life. I was at first wondering these as a matter of heard and say.
But now it is real matter of Myanmar Dictators peoples.

Anyone who have further novel of KyaeMon U Thaung, pls post the downloable link in Ms. Lin Let block.

I also recommend all of U to read
the book bonaywin.pdf.

Find that book in the links round the above link.

khunyeachan said...

believe everything will be done as ta boung goes very very soon, with lessest being killed and suffered. this is the only way....for the time being.
country, people has been ruled by such thing since years .... and people have been killed and suffered since then....
if there is a begining, there must be an end... this is a right time of course!
it is a right time to accept, to get what they paid for.... fair enough!

Naung Latt said...

it's all rumors. 110% wrong. use ur brain before believing the rumors. quite disappointed with such useless rumors.

Unknown said...

ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊ နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင် နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။

Unknown said...

အရင်ကတော့ ဘလော့တွေ သိပ်မဖတ်ဖြစ်ဘူး။ အားရင်တော့ တခါတလေ၀င်ဖြစ်တယ်။
ဝင်ရင်လဲ ဘလော့တော်တော်များများကိုလိုက်ဖတ်ဖြစ်ပါတယ်။ post တစ်ခုကိုဖတ်ပီးသွားတော့
စိတ်ထဲမှာတော်တော်အံ့သြသွားမိတယ်။ စိတ်ထဲမှာ ဘ၀င်မကျတာလဲ တွေ့ လိုက်ရလို့ 
ရေးလိုက်ပါတယ်။
(ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့
စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊
နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင်
နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး
တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။ )
ဒီစာနဲ့ ပက်သက်ပြီးတော့ပါ။ဘယ်လိုပဲ ပြောကြပြောကြ
နိုင်ငံရေးလုပ်နေသူ(တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ )
တော်တော်များများကတော့ ကိုယ်ကောင်းဖို့ ထက် နိုင်ငံကောင်းစားဖို့ ရာ ဦးတည်ကြတယ်ဆိုတာ
တွေ့ ရပါတယ်။ အမြင်တွေ၊ အယူအဆတွေသာ ကွဲနေကြတာပါ
အားလုံးရဲ့ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ဒါကြောင့်လည်း
ဘလော့တော်တော်များများကို လိုက်ပြီးအားလုံးရဲ့ အမြင်တွေကို လိုက်ဖတ်ဖြစ်တယ်
(ကိုယ်နဲ့ အမြင်တူသည်ဖြစ်စေ အမြင်မတူသည်ဖြစ်စေ)။ တစ်ခါဖတ်ပီးရင် နောက်တစ်ခေါက်ထက်
ဖတ်ဖို့ ရာကတော့ ရေးသားသူရဲ့ အရည်အချင်း၊ အရေးအသား၊့ အတွေးအခေါ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း
အပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ကိုယ့်ထက်မရှိရင်တောင် ကိုယ်လောက်မှ မရှိရင်တော့
သေချာပါတယ် နောက်တခါထက်မရောက်ဖို့ ရာ။ အရင်က လင်းလက်ကြယ်စင်(နာမည်ကိုပဲ သုံးနှုန်းလိုက်တယ် )ရဲ့
ဘလော့မှာ ၀င်ဖူးပါတယ်။ အခုထက်ရောက်တယ်ပေါ့။ အပေါ်ကစာနဲ့ ပက်သက်လို့  ကျွန်တော့်အမြင်ကိုတော့
မပြောတော့ပါဘူး။ လင်းလက်ကြယ်စင်အနေနဲ့  ဘာမှမပါပဲ အဖြူထည်လေးသက်သက် ပြန်လည်( အတင်း
အကျပ်မဟုတ်ပါဘူး၊ မိမိသဘောအလျောက် ) စဉ်းစားကြည့်စေချင်တယ်။ မြန်မာနိုင်ငံကိုပဲ တိုးတက်ကောင်းမွန်
စေချင်တာလား၊ စစ်တပ်မုန်းတီးရေးကို ပဲ အကောင်အထည်ဖော်ချင်တာလား။ ကိုယ့်ကိုကို
ပြန်ကြည့်စေချင်တယ်။ လိုက်ရင်းလိုက်ရင်းနဲ့  အလိုက်မှားမှာဆိုးလို့ ပါ။ စစ်တပ်ကို အကောင်းမြင်ဖို့ ပြောတာ
ပြောတာမဟုတ်ပါဘူး။ လူတိုင်းမှာ သူ့ အခွင့် အရေးနဲ့ သူ ရှိပီးသားပါ ကြိုက်ရာကို မြင်နိုင်ပါတယ်။
မိမိအမြင်ကို ဖော်ထုတ်ရဲတဲ့၊ လုပ်တတ်ကိုင်တတ်ကိုင်တတ်ရှိတဲ့၊ အတွေးအခေါ်၊ စဉ်းစားနိုင်စွမ်း၊
ဆင်ခြင်နိုင်စွမ်းရှိတဲ့၊ နိုင်ငံကိုတကယ်ချစ်တဲ့သူတွေနဲ့  အခွင့်အရေးပေးခဲ့ရင် အခွင့်အလမ်းရှိခဲ့ရင် လက်တွဲပြီး
လုပ်ချင်ပါတယ်။
အရောင်တွေ ဆေးဆိုးမခံမိပါစေနဲ့ လို့  ဆုတောင်းမိပါတယ်။
---------------------------------------------------------------------------
ဒီစာနဲ့ ပက်သက်ပြီး စိတ်ထဲမှာ ပက်သက်ပြီး ဘ၀င်ကျသည် ဖြစ်စေ၊ မကျသည်ဖြစ်စေ ပြန်လည်
ရေးသားနိုင်ပါတယ်။ konaygyi7@gmail.com( comment ပြန်တင်ရင်တော့ မေးကိုဖြုတ်ထားစေလိုပါတယ်။)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။