Thursday, May 15, 2008

မြန်မာပြည်သူပြည်သားများသို့ အရေးပေါ်သတိပေးတားမြစ်ချက် (ကိုမျိုးချစ်မြန်မာ)


လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား

ပြည်သူအများသိပြီးကြတဲ့အတိုင်း စစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာ ကိုင်တွယ်နေပါတယ်။ ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက် ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီ။ မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ်။ ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင် နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှ လေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်။


အခုဆိုရင် ဝမ်းရောဂါနဲ့ အခြားကူးစက်ရောဂါများဟာ မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီ။ ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလောပေးပို့ခဲ့တဲ့ လေဘေးကူညီမှုလှုဒါန်းထားတဲ့ ပစ္စည်းတွေကို ပါစစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်။ ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ်။ သူတို့မိသားစုများတွေဆီဘဲပေးပို့ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများ ပြုလုပ်နေပါတယ်။ ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ။ ဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲက အချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်။ ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်။

ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်။ သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်။ ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကို အမေရိကန်တွေသတ်နေပါပြီလို့ ထင်ရအောင် ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှတင်းကြပ်စွာ သတိပေးထားပါတယ်။ ဒါပေမယ့် သူတို့အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တယ်ဆိုရင်တော့ စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

ဒါကြောင့် ကျွန်တော်အခု မြန်မာတွေကို UNနဲ့ USA ကသတိပေးချင်တဲ့ အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်။ ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ။

အမေရိကန်နဲ့ UNစစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့ရင် .... ရဟတ်ယာဉ်ဖြင့် ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း


သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း



စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း



၁) မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
၂) နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
၃) လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
၎) ၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
၅) သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊ အစရှိသော အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်မှ မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာသတိပေးထားပါတယ်။

အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ။ အနားလုံးဝမကပ်ပါနဲ့။ အရမ်းအန္တရာယ်ကြီးပါတယ်။ လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ။် ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ။

ဒီစာနဲ့ပုံတွေကိုလဲပြည်တွင်းမှာ လက်လှန်းမှီသလောက် အမြန်ဆုံးပို့ပေးပြောပေးကြပါလို့မေတ္တာရပ်ခံပါတယ်။ မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ။

မျိုးချစ်

6 comments:

ယုန်ကလေး said...

အမ ညီမလာလည်သွားတယ်နော် အမြဲတမ်းတော့ရောက် ဖြစ်တယ် ဆီဘောက်မှာ ဘယ်လိုမှ ၀င်ရေးလို မရဘူးဖြစ်နေတယ် အခုလည်းမရလို ဒီမှာဝင်ရေးတာပါ အဆင်ပြေလား နေကောင်းပါတယ်နော် အိုကေ

Anonymous said...

သိပ်ပြီး စိတ်ကူးယဉ်ဆန်မနေဘူးလား။ ကလေးတွေပဲ ဒီလို ပို့စ်မျိုးကို အထူးအဆန်းကြည့်လိမ့်မယ်။ ဒီပို့စ်ကို ကြည့်ပြီးတော်တော် ရင်နာမုန်းတီးမိတယ်။ မြန်မာလူမျိုး လို့ မင်းတို့ ဘယ်တော့မှ မပြောလေနဲ့။

Naung Latt said...

အတိုက်အခံဒီမိုကရေစီသမားတွေကိုအားပေးလိုပေမယ့် ၀ါဒဖြန့်တာကို သိပ်ခါရှိရှိ တိကျတဲ့သတင်းမျိုးမဟုတ်ပဲ လန်ကြုတ်တွေကို မျက်စိမှတ်ယုံပြီး ၀ါဒဖြန့်နေမယ်ဆိုရင် အားပေးချင်စိတ်ကုန်မိပါတယ်။ ဦးနှောက်သုံးစဉ်းစားပြီး သေချာသော သတင်းများကိုသာ တင်ကြဖို့တောင်းဆိုပါတယ်။ နိုင်ငံရေး ကမ်မ၀ါစာဖတ်ချင်ရင် ဝေဖန်ရေးလုပ်ချင်ရင် မိမိစိတ်ကြိုက် ကိုယ်ပိုင်အယူအဆနဲ့ဝေဖန်နိုင်ပြီး သတင်းဖော်ပြချင်ရင်တော့ သတင်းမှန်ကန်မှုအတွက်တာဝန်ယူကြပါ။ မမှန်ကန်တဲ့သတင်းတွေကိုဖြန့်ချီနေရင် ကြာကြာမခံပဲ သတင်းအတုမှန်းပေါ်နိုင်ပြီး ယုံကြည်မှုလည်းလျော့ပါးခံရပါတယ်။ အခုဆိုရင် အစိုးရကိုရော အတိုက်အခံမီဒီယျာွှေဘလော့ဂါတွေသတင်းတွေရော ယုံကြည်ဖို့က ပိုပိုခက်ခဲ့လာပါတယ်။ ကြိုးစားပြီး သတင်းနဲ့ပတ်သက်ရင် သတိထားပေးကြပါလို့ တောင်းဆိုလိုပါတယ်။

Unknown said...

naung latt ပြော တာ ကို လက် ခံ ပါ တယ်၊ အ ခု လဲ ကျမ ရဲ့ သူ ငယ် ချင်း ဆရာဝန် မ/ ထီး တွေ ဘယ် နိုင် ငံ ရေး ပါတီ ၊ သမား တွေ နဲ့ လုံး ဝ မ ပတ် သက် ဘဲ ကိုယ် စ ရိတ် ကိုယ် / ခွင့် တင် ပြီး မြန် မာ ပြည် ပြန် လုပ် အား ပေး ဖို့ u.s / canada တွေ က နေ VISA စောင့် နေ တာ လေ ပြည် ပ က ဂုရု ကြီး / ဂု ရု လေး တွေ အ မေ ရိ ကန် စစ် တပ် ကြီး ဝင် တော့ မ ယောင် နဲ့ ဝိုင်း ပီး ရေး လိုက် ကြ တာ အ ခု visa တွေ ကြပ် ကုန် ဘီ၊ ကဲ မရှိ ဆင်းရဲ သား တွေ ဘဲ ပို ဒုက္ခ ရောက် ကုန် ဘူး လား ၊ စစ် အစိုးရ အ ကြောင်း လဲ သိ သားနဲ့၊

မိ မိ တ ဆွေ လုံး တ မျိုး လုံး ပြည် ပ ရောက် နေပြိး ၊မြန် မာ့ နိုင် ငံ ရေး ထဲ မှာ ကော လ ဟာ လ ဝင် ဖြန့် နေ တာ မျိုး ဆို ရင် တော့ ရပ် ကြ ပါ တော့ လို့ ပြော ချင် ပါ တယ်။

လင်းလက်ကြယ်စင် said...

အပျိုကြီးရှင် .. ဒါဟာ ဘာမှမဆိုင်သော ကိစ္စတစ်ခုပါ။ လူတွေမှာ သူ့ Role ဆိုတာရှိပါတယ်။ လင်းလက်ကြယ်စင်ဟာ လင်းလက်ကြယ်စင် လုပ်နိုင်တဲ့ အပိုင်းရှိသလို အခြားပြည်သူများထဲမှာ သူအားသန်ရာကို လုပ်နိုင်တာတွေရှိပါတယ်။ အမေရိကန်ပါ့စ်ပို့ကို ကိုင်ဆောင်ထားသူတွေဟာ မြန်မာပြည်ဝင်ခွင့်ကို လွယ်လွယ်နဲ့မရတာ ဟိုးအရင်ကတည်းကပါ။ ဥပဒေသတ်မှတ်ချက်တွေမရှိပေမယ့် ယူအက်စ်ဆိုရင် မြန်မာပြည်ရုံးတွေက တော်တော်ကြီးကို စဉ်းစားကြပါတယ်။ ကျွန်မတို့ စင်္ကာပူကနေ မြန်မာပြည်ကို ပြန်ဝင်ပြီး မုန်တိုင်းဒုက္ခသည်တွေကို ကူညီနေသူတွေ အများကြီးရှိပါတယ်။ ထိုသူတွေထဲမှာ မြန်မာပါ့စ်ပို့ကိုင်ထားသူတွေလည်းရှိသလို မြန်မာပါ့စ်ပို့နဲ့မဟုတ်ဘဲ ၀င်သွားသူတွေလည်းရှိပါတယ်။ အဲဒီလူတွေ ဘာပြဿနာမှ ကြုံတယ် .. သွားခွင့်မရတာ ဘာမှမရှိပါဘူး .. ။ နေရာတိုင်းမှာ အခြေအနေတွေ ၊ အကြောင်းအရင်းအမြစ်တွေ မတူတာမို့ မိမိနဲ့လက်လှမ်းမှီသမျှ လုပ်နိုင်တာကို ၀ိုင်းဝန်းဖြည့်ဆည်းနေသူတွေရဲ့ စေတနာလုပ်ရပ်ကို အသိမှတ်မပြုချင်နေ ... လိုက်မစော်ကားပါနဲ့လို့ပဲ လေးလေးနက်နက် အကြံပြုချင်ပါတယ် .. ။

လင်းလက်ကြယ်စင် said...

ကိုနောင်လတ်ရှင်

ဘလော့ခ်ဂါတွေဟာ ပရော်ဖက်၇ှင်နယ်ဂျာနယ်လစ်စ်တွေ မဟုတ်ပါဘူး။ ကျွန်မ ဘလော့ခ်ဟာလည်း အမှန်တကယ်တော့ ခံစားမှုများကိုသာ ရေးသားတဲ့ဘလော့ခ်ဖြစ်ပါတယ်။ ကိုမျိုးချစ်မြန်မာရေးတဲ့ သတင်းတစ်ခုဟာ ကျွန်မတို့ မြန်မာလူမျိုးများရဲ့ မျှော်လင့်ချက်သတင်းလည်းဖြစ်ပါတယ် .. ။ လာကိုလာလိမ့်မယ်လို့ အတိအကျ မပြောထားပေမယ့် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုသော မျှော်လင့်ချက် အချက်အပေါ်မှာ အခြေခံထားတာမို့ အားလုံးဟာ စိတ်ဝင်တစားပြောဆိုရေးသားဖော်ပြနေကြခြင်းဖြစ်ပါတယ် .. ။ သတင်းတုဆိုတာ မရှီပါဘူး .. ။ မတော်တဆပဲဖြစ်ဖြစ် ၊ အချိန်အခြေအနေကြောင့်ပဲဖြစ်ဖြစ် ရံဖန်ရံခါမှားတယ်ဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုမျိုးချစ်ရေးတဲ့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး လုံးဝမဖြစ်လာနိုင်ဘူးလို့ ကိုနောင်လတ်ေ၇ာ အာမခံနိုင်ပါသလား .. ။ ဖြစ်လာမယ်လို့ရော အာမခံနိုင်ပါသလား ။ အားလုံးဟာ ၅၀% ... ၅၀% ပါပဲ .. ။ ခေါင်းစဉ်ကိုက `ကြိုတင်သတိပေးချက်´ဆိုတာ နားလည်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ အချိန်ပေးပြီး မှတ်ချက်ရေးကွန်မန့်ပေးသွားတဲ့အတွက် ကျေးဇူးတင်၇ှိပါတယ်။

Related article
http://www.irrawaddy.org/bur/Articles2008/May/20.html

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။