Tuesday, January 15, 2008

နှလုံးသွေး .. ဝေဒနာ


နှလုံးသွေး .. ဝေဒနာ


တိတ်တိတ်လေးမျှော်လင့်ပြီး

ခံစားချက်တွေတပွေ့တပိုက်နဲ့ရူးခဲ့ဖူးတယ်

ပြောင်းလဲလို့မရတဲ့ ချစ်ခြင်းတစ်ခုဟာ

သူ့အတွက် ဖြစ်တည်ခဲ့ရင်း

နှလုံးသားမှာနန်းတင်ခဲ့ဖူးတယ် .. ။



ဝမ်းနည်းကြေကွဲစရာတွေရှိလာလည်း

အချစ်စစ်တစ်ခုကိုယုံကြည်သူမို့

ဖြစ်လာသမျှ ဝေဒနာတွေကို

ကျေနပ်စွာလက်ခံခဲ့ရတယ်လေ .. ။


ဒါပေမယ့်လည်း

ရင်နှင့်မဆံ့အောင်တော့

ကြိမ်ဖန်များစွာခံစားငိုကြွေးခဲ့ဖူးတယ်

ပြောခဲ့မိတဲ့စကား

ရေးခဲ့မိတဲ့ ခံစားချက်စာ

စပ်မိတဲ့ ကဗျာတွေဟာ

ခံစားမှုတွေပြည့်နှက်နေတဲ့

ဝေဒနာတွေ ဖြစ်လာခဲ့တယ် .. ။


နှစ်ဦးနှစ်ဖက်လွန်ဆွဲပွဲမှာ

အလယ်မှာရုန်းမရတဲ့ကိုယ်ဟာ

မျှော်လင့်ခြင်းမဲ့အနာတွေကိုတော့

အနိုင်နိုင်အင်အားနဲ့လက်ခံနေတုန်းပဲ။


ပြစ်တင်ခြင်းစကားတွေကြားတိုင်း

ရင်ထဲတစ်ခါစူးရှခဲ့တာတွေ

မထင်မှတ်ထားတာတွေဖြစ်လာတိုင်း

ရင်ထဲတုန်ခါသွားတာတွေ

ခံနိုင်ရည်မဲ့စကားတွေကြားရတိုင်း

စိတ်ထဲပူရှသွားတာတွေ

ဒါတွေအားလုံး

မာန အတ္တတွေဒူးထောက်ခ၀ါချပြီး

ရှင်းလင်းကြစတမ်းဆို

ကိုယ့်နှလုံးသွေးတွေ ခန်းခြောက်နေပြီဆိုတာ

အားလုံးမြင်တတ်လာကြမှာပါ…။

လင်းလက်ကြယ်စင်

5 comments:

Anonymous said...

လင်းရေ မင်းဟာ ခံစားမှုတွေနဲ့ အသက်ဝင်လှပစွာ ထုလုပ်ထားတဲ့ မိန်းကလေးတစ်ယောက် ။ ခံစားချက်ရဲရဲတွေနဲ့ ဖြစ်လာသမျှကို မင်းရင်ဆိုင်နိုင်မှာပါ။ ကံကောင်းပါစေ သူငယ်ချင်း။

မာန်လှိုင်းငယ် said...

နှလုံးသွေး ခန်းခြောက်ရုံနဲ့
အားလုံးမြင်တတ်ပြီလား...

အကောင်းဆုံးကို ချီပွေ့နိုင်ဖို့
ခံနိုင်တဲ့နှလုံးသားတော့ ရှိနေရမယ်။

ဒီလိုဖြစ်လာတိုင်း
အဝေးကို ထွက်မပြေးမိဖို့လည်း မြင်တတ်ရလိမ့်မယ်။

Anonymous said...

လင်းလက်

တကယ်ချီးကျူးတယ် သိလား
ကဗျာအရေးအသားအရမ်းတော်လို့
လင်းလက်ရဲ့ မွေးစားအဖေထက်တောင်တော်တယ်
တကယ်ပြောတာ

YeKyawAungMDY said...

လာဖတ်ခံစား နားလည်ပေးသွားတယ် ညီမရေ။ ခံနိုင်ရည်ရှိပါစေ။ အားတင်းပါညီမ။ ကျန်းမာပျော်ရွှင်ပါစေ။

Anonymous said...

ညီမလင်းလက်ရေ .. ခုမှပဲ ၀င်ရေးဖြစ်တယ် ။ ညီမရဲ့ ကဗျာတွေကို ဖတ်သွားပါတယ် ။ ညီမ အားလုံးအဆင်ပြေပါစေနော် ... ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။