Monday, January 14, 2008

ခါးသက်သက်.....ကံကြမ္မာနေ့စွဲများ


ခါးသက်သက်.....ကံကြမ္မာနေ့စွဲများ


ဒဏ်ရာဒဏ်ချက်အဆင်မပြေမှုတွေ

များလွန်းလှတဲ့ဘ၀ထဲမှာ

အဆင်ပြေတာလေးတစ်ခုလောက်

ကျေကျေနပ်နပ်ရချင်မိတယ် .. ။




အရိုးခံစိတ်ထားနဲ့

မှန်မှန်ကန်ကန်နေမိတော့

စိတ်ထားမမှန်တဲ့လူတွေလှည့်ကွက်ကြား

ရှုံးနိမ့်ပြိုလဲမတတ်

နာကျင်ဝမ်းနည်းခဲ့ရတယ် .. ။


လျှောက်နေကျလမ်းတွေမှာ

ကြည်နူးစိတ်ကူးလှလှလေးတွေ

ပျောက်ကွယ်ပျက်သုန်း

ပျော်စရာကမ္ဘာတစ်ခုလုံး

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။


တုန်ယင်နေတဲ့လက်ချောင်း

တင်းထားတဲ့နှုတ်ခမ်းတစ်စုံ

အစိမ်းရောင်လွှမ်းခြုံသွားတဲ့မျက်ဝန်း

ဆတ်ဆတ်ခါနာတဲ့နှလုံးသား

လေနီကြမ်းမနက်ခင်းတွေအောက်

အကျည်းတန်စွာအသက်သွင်းခဲ့ရတယ်။


ဆွေးမြေ့မြေ့နာကျင်မှုအောက်

တစ်ဖတ်သတ်အလဲထိုးမှုတစ်ခု

အမြန်ဆုံးရောက်လာမယ်လို့

ငါလုံးဝမတွေးခဲ့မိဘူး

ကံကြမ္မာရယ် .. ။


မာနတစ်ခုနဲ့ကျားကန်ထားတဲ့

ခါးသက်သက်နေ့စွဲတွေမှာ

ယဲ့ယဲ့လေးကျန်ရှိတဲ့ခံနိုင်ရည်အင်အားနှင့်

လေယဉ်သံတွေဝေဟင်မှာပျံသန်းတိုင်း

ခရေပင်လမ်းဆီ ပြေးသွားချင်မိတယ် .. ။


ဟန်ဆောင်မှုတွေမုန်းတဲ့စိတ်ထား

ကိုယ်တိုင်ဟန်ဆောင်ပြုံးရင်း

ကိုယ့်စိတ်ကိုယ်ဘယ်လိုအားတင်းတင်း

သွေးစက်စက်အကျခံနှလုံးသားနှင့်

ရိုးသားမှန်ကန်ခြင်းစိတ်ဓါတ်တစ်ခုလုံး

ရိုက်ချိုးဖျက်ဆီးခံခဲ့ရတာပါကွယ် .. ။


တစ်ခါ .. တစ်ခါ

ရင်ထဲခါးသီးလာတိုင်း

ရင်ကွဲမတတ်ငိုကြွေးချင်ပေမယ့်

မာနတစ်ခုပုံရိပ်ကြောင့်

ငါ မငိုခဲ့ပါဘူး ကံကြမ္မာရယ် .. ။


မတတ်မြောက်ခဲ့တဲ့

လှည့်ဖြားမှုဘာသာဗေဒအတွက်

အချိန်နာရီရက်စွဲတွေအားလုံးကြား

တစ်ဖတ်သတ်တိုက်ခိုက်မှုနဲ့

ကျိန်စာတွေများသင့်ခဲ့လေသလား .. ။


ကံကြမ္မာခေ နေ့စွဲတွေမှာ

အတေးအမှတ်မထားတဲ့နှလုံးသားက

ကြိုးစားမှုအငွေ့အသက်နှင့်

ရုန်းကန်တိုက်ပွဲဝင်ရင်း

သက္ကရာဇ်တစ်ခုအစပျိုးနေချိန်

ငါ့ကမ္ဘာမှာ မုန်တိုင်းစထန်နေခဲ့ပြီ ကံကြမ္မာ .. ။


လင်းလက်ကြယ်စင်

5 comments:

ဆောင်းယွန်းလ said...

လျှောက်နေကျလမ်းတွေမှာ

ကြည်နူးစိတ်ကူးလှလှလေးတွေ

ပျောက်ကွယ်ပျက်သုန်း

ပျော်စရာကမ္ဘာတစ်ခုလုံး

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။


တုန်ယင်နေတဲ့လက်ချောင်း

တင်းထားတဲ့နှုတ်ခမ်းတစ်စုံ

အစိမ်းရောင်လွှမ်းခြုံသွားတဲ့မျက်ဝန်း

ဆတ်ဆတ်ခါနာတဲ့နှလုံးသား

လေနီကြမ်းမနက်ခင်းတွေအောက်

အကျည်းတန်စွာအသက်သွင်းခဲ့ရတယ်။


ဆွေးမြေ့မြေ့နာကျင်မှုအောက်

တစ်ဖတ်သတ်အလဲထိုးမှုတစ်ခု

အမြန်ဆုံးရောက်လာမယ်လို့

ငါလုံးဝမတွေးခဲ့မိဘူး

ကံကြမ္မာရယ် .. ။


မာနတစ်ခုနဲ့ကျားကန်ထားတဲ့

ခါးသက်သက်နေ့စွဲတွေမှာ

ယဲ့ယဲ့လေးကျန်ရှိတဲ့ခံနိုင်ရည်အင်အားနှင့်

လေယဉ်သံတွေဝေဟင်မှာပျံသန်းတိုင်း

ခရေပင်လမ်းဆီ ပြေးသွားချင်မိတယ် .. ။


ဟန်ဆောင်မှုတွေမုန်းတဲ့စိတ်ထား

ကိုယ်တိုင်ဟန်ဆောင်ပြုံးရင်း

ကိုယ့်စိတ်ကိုယ်ဘယ်လိုအားတင်းတင်း

သွေးစက်စက်အကျခံနှလုံးသားနှင့်

ရိုးသားမှန်ကန်ခြင်းစိတ်ဓါတ်တစ်ခုလုံး

ရိုက်ချိုးဖျက်ဆီးခံခဲ့ရတာပါကွယ် .. ။


တစ်ခါ .. တစ်ခါ

ရင်ထဲခါးသီးလာတိုင်း

ရင်ကွဲမတတ်ငိုကြွေးချင်ပေမယ့်

မာနတစ်ခုပုံရိပ်ကြောင့်

ငါ မငိုခဲ့ပါဘူး ကံကြမ္မာရယ် .. ။


မတတ်မြောက်ခဲ့တဲ့

လှည့်ဖြားမှုဘာသာဗေဒအတွက်

အချိန်နာရီရက်စွဲတွေအားလုံးကြား

တစ်ဖတ်သတ်တိုက်ခိုက်မှုနဲ့

ကျိန်စာတွေများသင့်ခဲ့လေသလား .. ။


ကံကြမ္မာခေ နေ့စွဲတွေမှာ

အတေးအမှတ်မထားတဲ့နှလုံးသားက

ကြိုးစားမှုအငွေ့အသက်နှင့်

ရုန်းကန်တိုက်ပွဲဝင်ရင်း

သက္ကရာဇ်တစ်ခုအစပျိုးနေချိန်

ငါ့ကမ္ဘာမှာ မုန်တိုင်းစထန်နေခဲ့ပြီ ကံကြမ္မာ .. ။


ကဗျာတပုဒ်လုံးကခံစားချက်အပြည့်နဲ့ရေးထားလို့ရုပ်လုံးပေါ်ပြီးအသက်ဝင်နေတယ်.နိမိတ်ပုံလေးတွေလည်းလှတယ်.ဥပမာ.လေယဉ်သံတွေဝေဟင်မှာပျံသန်းတိုင်း

ခရေပင်လမ်းဆီ ပြေးသွားချင်မိတယ် ဆိုတာမျိုးပေါ့
ကဗျာတပုဒ်လုံးကောင်းတယ်ညီမလေး
အမြဲအားပေးနေတယ်.

Anonymous said...

poem phobia said...
ကျနော်ကတော့--ကဗျဖတ်နေမယ့်အချန်တွေကို--အကုန်ခ့မယ့်အစားဒုန်ဒိုင်းဂွမ်းဆိုပီးဆော်ပစ်လိုက်ချင်ပီဗျ--နောက်ကျနေပြီလေ

လက်တွေ့တွေနည်းနေသေးတယ်---မလုံလောက်သေးဘူးလို့ထင်ပါတယ်--ပန်းတိုင်ရောက်ဖို့စောင့်၇တာကြာနေပီမို့ပါ

ကျနော့လို-စောင့်မျှော်နေတဲ့သူတွေဒုနဲ့ဒေးပေါ့

Chaos said...

ဘာပဲဖြစ်ဖြစ်
အဆင်ပြေပျော်ရွှင်နေနိုင်ပါစေနော်

Anonymous said...

ကဗျာလေးတွေကောင်းတယ်

အိပ်တန်းပြန်ငှက်တို့ရဲ
ရင်လှိုင်းခတ်သံနဲ့အတူ
ရွေ့လျားနေတဲ့ စိတ်တို့ရဲ့အလွမ်းတွေက
မာနမီးလျှံကြားမှာ
ပက်ပက်စက်စက် ဆွေးမြေ့လှပနေရဲ့။

Unknown said...

ညီမလေးရေ...

မတတ်မြောက်ခဲ့တဲ့

လှည့်ဖြားမှုဘာသာဗေဒအတွက်

အချိန်နာရီရက်စွဲတွေအားလုံးကြား

တစ်ဖတ်သတ်တိုက်ခိုက်မှုနဲ့

ကျိန်စာတွေများသင့်ခဲ့လေသလား .. ။

စာသားတွေတိုင်းမှာ အဓိပါယ်ရှိပါတယ်...

တနေ့ထက်တနေ့
ခံစားမှုတွေမှုသာ တိုးတိုးလာကြတယ်
ဖြေသာခဲ့ကြရင်လည်းကောင်းသား...။

ပေးဆပ်ခဲ့ကြတဲ့...
ပေးဆပ်နေဆဲ သူတွေကို အမြဲဦးညွှတ်လျှက်ပါ...။

အားလုံးအစဉ်ပြေပါစေ ညီမလေးရေ...။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။