Monday, May 21, 2007

DTA Signature Collection Campaign


အခွန်နှစ်ထပ်ကွမ်းမပေးဆောင်ရရေးအတွက် စင်္ကာပူဝန်ကြီးချူပ်ထံကို စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြမှာ ဖြစ်တဲ့အတွက် မိမိနှင့်သက်ဆိုင်ရာ အသိမိတ်ဆွေများအားလုံးကို အကြောင်းစတင်ကြားနိုင်ပါပြီ .. ။ ပန်နီဆူးလားပလာဇာ ၄ ထပ်မှာရှိတဲ့ ဒဏ္ဍာရီဆိုင်မှာ လက်မှတ်သွားရောက်ထိုးနိုင်ပါတယ်ရှင် .. ။ မိမိရဲ့ အမည်အရင်း ၊ IC Number နဲ့ လက်မှတ် ပါဝင်ဖို့ လိုအပ်ပါတယ် .. ။ June လကုန်ထိ ဒီလက်မှတ်ရေးထိုးပွဲ ပြုလုပ်မှာဖြစ်ပါတယ် .. ။

မိတ်ဆွေတို့အားလုံးရဲ့ အချက်အလက်တွေကို ၀န်ကြီးချုပ်ထံသို့သာ တင်ပြမှာဖြစ်ပါတယ် .. ။ မိမိရသင့်ရထိုက်တဲ့ တရားမျှတသော အခွင့်အရေးတစ်ခုကို တောင်းဆိုလှုပ်ရှားနေတဲ့ ဒီလှုပ်ရှားမှုကို အားလုံး ပါဝင်နိုင်ဖို့လည်း နှိုးဆော်ချင်ပါတယ် .. ။

အသေးစိပ်သိလိုသောအကြောင်းအရာများရှိခဲ့ရင် ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါတယ်ရှင်။


ကိုတင်မောင်ဝင်း
Ø 9027 6087

ကိုခိုင် Ø 9780 2700

ကိုတေဇ Ø 9191 3702

ကိုကျော်ဇော Ø 9119 5800

ကိုနိုင်မိုးအောင် Ø 9871 0563

Download Signature File


Related Links


Khit Pyaing

DTASG Blog

1 comments:

Anonymous said...

ညီမ လင်းလက်ကြယ်စင်..
DTA ( အခွန်၂ထပ်မပေးဆောင်ရေး ) လှုပ်ရှားမှု အခြေအနေလေးဆက်လက်သိပါရစေ...အစ်မက အခုမှ ညီမလေးရဲ့  စာတွေ၊ TODAY က သတင်းတွေဖတ်ရတာ။ ဒီအခြေအနေထိ ရောက်ခဲ့တာ အရမ်းအားရကျေနပ်ဖို့ကောင်းပါတယ်... မြန်မာတွေ မညံ့ကြောင်းပြနိုင်ခဲ့ တဲ့ အတွက် ညီမလေးတို့ အတွက်လဲ ဂုဏ်ယူပါတယ်..
ခုဆို ကိုနိုင်မိုးအောင်နဲ့ ညီမလေးလည်း အကြင်လင်မယားတွေဖြစ်သွားကြပြီမို့ စိတ်တူကိုယ်တူ ဆောင်ရွက်လို့ရပြီလို့ ယူဆရပါတယ်... သို့မဟုတ် ညီမလေးတို့က Passport ပြန်အပ်လိုက်ကြပြီလား။ မြန်မာပြည်အတွက် အခွန်ဆောင်စရာမလိုတော့တာလား...သိချင်ပါတယ်... အစ်မက ၂၀၀၇ ခုနှစ် နှစ်ကုန်ခါနီးလောက်ကမှ ဒီကိုရောက်တာမို့ပါ...အစ်မရဲ့အမျိုးသားကတော့ ညီမလေးတို့ လှုပ်ရှားမှုလုပ်တုန်းက သူမသိလိုက်ဘူးဆိုတယ်... အခုဆို အစ်မတို့လဲ လင်မယား ၂ ယောက်လုံး ၁ ယောက် ၈၀ နှုန်းနဲ့ မြန်မာသံရုံးကို ပေးဆောင်နေရတယ်။ အစ်မအမျိုးသားကတော့ IRAS ကို တစ်နှစ်ကို စင်္ကာပူဒေါ်လာ ၅၀၀ ကျော် ဆောင်ရပါတယ်။...
ညီမလေးတို့ရဲ့ (DTAလှုပ်ရှားမှု) နောက်ဆက်တွဲ အဖြေလေးသိချင်ပါတယ်.. ဘယ်သူတွေ ဆက်လက်လှုပ်ရှားနေသေးလဲနဲ့ အစ်မတို့က ဘယ်သူတွေနဲ့ ပူးပေါင်းဆက်သွယ် လှုပ်ရှားသင့်လဲ ဆိုတာလေးတွေ သိချင်တယ်...ဥပဒေအရ ဆောင်ကိုဆောင်ရမယ်ဆိုလဲ ဘာကြောင့်ဆောင်ရလဲဆိုတာ စိတ်ရှင်းရှင်းနဲ့ ဆောင်ရရင်တော့ ပိုပြီးပေါ့ပေါ့ပါးပါး ရှိမှာပါ.. ဒါမှမဟုတ် မဆောင်ရပဲနဲ့ ဆောင်နေရတယ်ဆိုလဲ အစ်မတို့ တတ်နိုင်သလောက် အမှန်တရားအတိုင်းဖြစ်အောင်ဝိုင်းဝန်း ဆောင်ရွက်ချင်ပါတယ်...မြန်မာတွေ အားလုံးအတွက်ပါ...

ညီမလေးတို့ အိမ်ထောင်ရေးလဲ ဒီထက်မက အဆင်ပြေအောင်မြင် သာယာချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်...

အစ်မ ညီမလေးရဲ့ Reply ကို ညီမလေးရဲ့  blog မှာ လာလာ ဖတ်နေမယ်နော်...
ခင်မင်ရင်းနှီးစွာဖြင့်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။