Monday, March 05, 2007

I Hate CORRUPTION




“ဂျပန်လူတော်စာမေးပွဲအတွက် အောင်ဇော်ကိုပဲရွေးလိုက်ပါဆရာမကြီးရှင်”


နားထဲတိုးဝင်လာတဲ့ အတန်းပိုင်ဆရာမအသံကို ကျောင်းရုံးခန်းပြတင်းနားမှာ ကစားနေတဲ့ ကျမ ကြားဖြစ်အောင် ကြားလိုက်မိသလို စိတ်ဝင်စားသွားခဲ့တယ် .. ။ အချိန်က ၁၉၉၇ခုနှစ် … . ။


ကျမရင်ထဲခါးသက်ပူရှသွားခဲ့တယ် .. ။ တကယ်ဆို၇င် အဲဒီတတိုင်းလုံးစာမေးပွဲအတွက် သွားသင့်သူက လင်းလက်ဆိုတာ တခန်းလုံးသိနေခဲ့ကြတာပါပဲ .. ။ လဘ်စားမှုတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ အမှန်တရားကို အဲဒီအချိန်ကတည်းက လင်းလက်လိုချင်ခဲ့တယ်.. ။ ၅နှစ်ဆက်တိုက် ပထမဆုရှင် ကျမကို မရွေးဘဲ အနောက်က လိုက်တဲ့အောင်ဇော်ကို တမြို့နယ်လုံးကိုယ်စားရွေးမယ်ဆိုတဲ့သတင်းက ကျမနားထဲ အူနေခဲ့တယ်.. ။


“လင်းလက်က အသက်ငယ်သလို မိန်းကလေးဖြစ်နေတယ်”


အဲဒီစကားကို အမုန်းဆုံးပဲ ..။ ဂျူးရေးတဲ့ စာအုပ်ထဲကလို အသက်မွေးဝမ်းကြောင်း ပညာရပ်လောကမှာ မိန်းမဖြစ်နေတော့ ဘာဖြစ်လည်း . ။ မိန်းမဆိုတာ အကြောင်းပြချက်သက်သက်တွေပါ .. ။ လုပ်နိုင်ရင် ဘာမဆို အကုန်ဖြစ်တယ်.. ။ အဲဒီအချိန်က အောင်ဇော်ကိုရွေးဖို့အတွက် ကျောင်းအုပ်ဆရာမကြီးကို သေချာ ရှင်းလင်းရေးတွေထုတ်နေတဲ့ အတန်းပိုင်ဆရာမကို အပြင်ဘက်ကနေကြည့်ရင်း ငါ့ရင်ထဲမှာ ခံစားမှုတွေ အလိပ်လိပ်တက်နေခဲ့ပေါ့ … ။


သိပ်ဆင်းရဲခဲ့တဲ့ ငါ ၊ ရိုသေမှုကလွဲရင် အပိုအလိုမပြောတတ်တဲ့ငါ ၊ ဘယ်လောက်ထူးချွန်ခဲ့ခဲ့ အဲဒီလဘ်စားမှုတွေ ပြည့်နှက်နေခဲ့တဲ့ ဇာတိမွေးရပ် ကျောင်းတော်ကြီးမှာ တိုင်းနဲ့ပြည်နယ်ယှဉ်ရတဲ့ စာမေးပွဲကိုဖြေချင်လွန်းလို့ နှစ်တိုင်း တိုက်ခိုက်ယူခဲ့၇တယ်.. ။ သူတို့မရွေးချယ်ရဲတဲ့ အဓိက အကြောင်းကလည်း လင်းက စာရေးရင် ဖားမရေးလို့ … ။ အမေကလည်း ငယ်ငယ်တည်းက အဲဒီလိုမသင်ပေးခဲ့တော့ ကိုယ်ကလည်း မရေးဘူး ..။ အမေကလည်း ပေးမရေးဘူး .. ။ အဲဒီတော့ရှင်းေ၇ာ .. ။


၆တန်း တိုင်းစာမေးပွဲတစ်ခုကို အထက်က ပေးပို့ခဲ့တယ် .. ။ တတိုင်းလုံးမှာ အတော်ဆုံးသူတွေကို ဗဟိုထိတက်ဖြေခိုင်းပြီး ဂျပန်ကို အလည်အပတ်လွှတ်မယ့်ခရီးစဉ်ပဲ .. ။ ကိုယ်က ဆုမရခဲ့ရင်တောင် သိပ်ဝင်ပြိုင်ခဲ့ချင်တယ် .. ။ ပဲခူးသူအစစ်ဖြစ်တဲ့ ကျမက ပဲခူးတတိုင်းလုံးမှာ ပထမ မရနိုင်ရင်တောင် ဆုတစ်ခုတော့ ရခဲ့ချင်တယ် .. ။ ဘက်စုံပြိုင်ရမယ့်ဒီပြိုင်ပွဲမှာ မိန်းကလေးဖြစ်နေတဲ့ အချက်ကို ထည့်သွင်းစဉ်းစားကြတဲ့ အဲဒီဆရာမတွေကို အမုန်းဆုံး .. ။


အားကစားကို မိန်းကလေးတွေ လွတ်လွတ်လပ်လပ် မပြိုင်ရဘူးလို့ ဘယ်ဥပဒေများ ချမှတ်ထားခဲ့လို့လည်း .. ။ တခြားသူ ကစားနိုင်သလောက် လင်းလည်း လုပ်နိုင်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားအားလုံး သက်သေပါ .. ။ သူတို့ချမှတ်တဲ့စည်းကမ်းက ပြိုင်ပွဲဝင်မယ့်ကျောင်းသား။ကျောင်းသူက


၁) နှစ်စဉ်ထူးချွန်ဆုဖြစ်ရမယ်။

၂) အားကစားလည်းပြိုင်ရမယ်။

၃) ကွန်ပြူတာသုံးတတ်သူဖြစ်ရမယ်။

၎) အကကောင်းကောင်းကတတ်ရမယ်။

၅) အင်္ဂလိပ်စကားပြောနိုင်ရမယ်။

၆) မြန်မာသီချင်းကြီးတွေဆိုနိုင်ရမယ်။


အဲဒီလိုသတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အကျုံးဝင်တဲ့ ငါ့ကိုမရွေးဘဲ အောင်ဇော်ကိုရွေးလိုက်ပါတယ်ဆိုသော သတင်းကို ကြားသိသိချင်းမှာ အဲဒီကျောင်းရှေ့က ပိတောက်ပင်အောက်မှာ ငါချုံးပွဲချထိုင်ငိုခဲ့ဖူးတယ်.. ။ တကယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေမှာ ပထမဆုရှင်က မဖြေချင်မှ ဒုတိယဆုရှင်က လက်ခံခွင့်ရှိတာ.. ။


ခပ်မြောက်မြောက်နဲ့ ထွက်သွားတဲ့ အဲဒီအကောင်ရဲ့ နောက်ကျောကိုကြည့်ရင်း “နင့်မိဘ အရှိန်ကြောင့် လုပ်ချင်တိုင်းလုပ်ထားဦးပေါ့”လို့ စိတ်ထဲမှာ ပြောခဲ့တယ်.. ။ ဒီလိုကေ့စ်မျိုးကို ဘယ်ရုံးတော်မှာ ငါလျှောက်ခွင့်ရှိခဲ့လို့လည်း .. ။


အဲဒီသတင်းကိုကြားသိသိချင်း ခံစားရတဲ့အမေ့မျက်နှာကိုကြည့်ရင်း ငါဟာ ရင်ထဲမှာ ၀မ်းနည်းခဲ့ရတယ်.. ။ ကျောင်းအုပ်ဆရာမကြီးရဲ့ မတရား လဘ်စားမှုတွေကို မုန်းတဲ့အမေက ငါ့ကိစ္စအတွက်နဲ့ မေးမြန်းခြင်းပဲ လုပ်ခဲ့ပေမယ့် မသွားဆွေးနွေးခဲ့ဘူး .. ။ မျက်ရည်လည်ရွှဲဖြစ်နေတဲ့င့ါကို အမေကတစ်ခွန်းပဲပြောခဲ့တယ်။


“မဟုတ်တာလုပ်နေသူတွေက ဆင်ခြေမျိုးစုံရှိနေမှာပဲ .. ။ အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပါဘူးသမီး”တဲ့။


ဒေါသထွက်ထွက်နဲ့ တိုင်းစာမေးပွဲကို မတက်ရတဲ့ငါက မြို့နယ်ဆုကိုတော့ ရအောင်ဖြေနိုင်ခဲ့ပါတယ် .. ။ ပထမအဆင့်ပြိုင်ပွဲမှာတင် ခွက်ထိုးခွက်လန်ကျရှုံးလာတဲ့ အောင်ဇော်ကိုကြည့်ပြီး ကိုယ်က သူ့ကိုမုန်းပေမယ့် မြို့နယ်ကိုယ်စား ဒေါသထွက်ခဲ့ရသေးတယ် .. ။ “ပထမအဆင့်တင်ပြုတ်ရလားဟာ”ဆိုပြီး ကိုယ်က သူ့ကို မချင့်မရဲ စေတနာနဲ့ပြောခဲ့တဲ့စကားတွေက တကယ်တော့ သဲထဲရေသွန်သလိုပါပဲ .. ။


စေတနာတွေ အကျိုးပေးသလားတော့ မသိ .. ။ လင်းလက် ၈တန်းရောက်တဲ့နှစ်မှာ ပိုက်ဆံ မတော်မတရား ကောက်မှုတွေနဲ့ အဲဒီလဘ်စားတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာမတစ်ချို့ တန်းကနဲပြုတ်ရော .. ။


ဒါပေမယ့် ငါဖြေခဲ့ချင်တဲ့ စာမေးပွဲက ပြီးဆုံးသွားပြီပဲ .. ။ တစ်သက်မှာ တစ်ကြိမ်ပဲရတဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရလို့ ငါတော်တော်နဲ့ ဖြေမရနိုင်ခဲ့ဘူး .. ။


လဘ်စားမှုတွေကြောင့် ပညာရေးလမ်းကြောင်းမှာ လိုချင်တာမရခဲ့တဲ့ ကလေးတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက်ရှိနေခဲ့လည်း .. ။


လဘ်စားမှုဥပဒေတွေကြောင့် အမှန်တရားတွေပျောက်ကွယ်ပြီး မတရားတဲ့ အမိန့်အောက် ထောင်သွင်းအကျဉ်းချခံနေရတဲ့ လူတွေ ဘယ်လောက်များနေပြီလည်း … ။


လဘ်စားမှုတွေကြောင့် ဘ၀ပျက်အောင် ခံခဲ့၇တဲ့ မိသားစုတွေ ဘယ်လောက်ရှိနေပြီလည်း .။


လဘ်စားမှုတွေ များလား နည်းလားတော့မသိ … ။ နေရာတိုင်းမှာ လက်နှစ်ခုဝိုင်းပြမှ အကုန်အဆင်ပြေကြတယ်.. ။ ယုတ်စွအဆုံး မဂ္ဂဇင်းတိုက်အချို့ကအစ တန်ဖိုးဖြတ်မရတဲ့ အနုပညာကို ပိုက်ဆံနဲ့ အလဲအလှယ်လုပ်တာကို ရွံတယ် အော့နှလုံးနာတယ် .. ။


ကျမ အမုန်းဆံုးက အဲဒီလဘ်စားမှု … ။ လဘ်စားမှုက လူတစ်ယောက်တင်မဟုတ်ဘူး .. ။ လူပေါင်းများစွာရဲ့ ဘ၀ကို အရှင်လတ်လတ်ဖျက်ဆီးပစ်တာပဲ .. ။ ကျမကေ့စ်က ဒါ အသေးအမွှားလေးပါ.. ။ ဒါပေမယ့် ကျမ အများကြီးစိတ်ဓါတ်ကျခဲ့ရတယ် .. ။ ကျမ တစ်နှစ်လုံး အဲဒီကိစ္စတွေးတိုင်း မျက်ရည်တောက်တောက် ကျခဲ့ရတယ် .. ။ ပထမဆုရှင်ကိုမရွေးဘဲ ဒုတိယဆုရှင်ကိုရွေးတယ်ဆိုတဲ့ အရှက်သည်းမှုကို အဲဒီအချိန်က မခံစားနိုင်ခဲ့ဘူး .. ။


နိုင်ငံတစ်နိုင်ငံမှာ ရဲတွေလဘ်စားရင် ပြည်သူတွေ ဒုက္ခရောက်မယ် .. ။ တရားသူကြီး လဘ်စားရင် အမှန်တရားဆိုတာ ပျောက်ကွယ်သွားလိမ့်မယ် .. ။ နိုင်ငံတော်နဲ့ဆိုင်တဲ့ ရာထူးကြီးတဲ့ မြို့ဝန်တွေ ၊ တိုင်းမှုးတွေ လဘ်စားရင် စိတ်ဓါတ်တွေပြိုယွင်းပျက်စီးပြီး လူတွေအကျပ်အတည်းဖြစ်ကုန်လိမ့်မယ် .. ။


အမှန်တရားဆိုတာ အဲဒီလဘ်စားမှုအောက်မှာ ပျောက်ဆုံးသွားလိမ့်မယ် .. ။ အဲဒီအတွက် လဘ်စားမှုကို မုန်းတယ် .. ။


ကျမသာ ဥပဒေအကြံပေးအရာရှိဖြစ်ခဲ့ရင် လဘ်စားသူကိုဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်မှာပဲ .. ။ နည်းနည်းလဘ်စားရင် ထောင်ဒဏ်များများချပေးတဲ့ မှန်ကန်သော တင်းကျပ်တဲ့ဥပဒေကို ကျမ အလိုရှိနေခဲ့ပါတယ် .. ။

6 comments:

Yan said...

အင်း. ဘယ်လိုပြောရမလဲ. ဒီလို Feeling မျိုးကိုကျွန်တော်လည်း ခံစားခဲ့ရဖူးတယ်ဗျ. မလင်းလက်ကတော်တော်ထက်ထက်မြက်မြက်ရှိတာပဲဗျ. ဘ၀ဆိုတာစစ်ပွဲပါ.စစ်တိုက်တဲ့အခါမှာစစ်နိုင်ဖို့ပိုအရေးကြီးတယ်. တိုက်ပွဲတိုင်းမှာနိုင်နေဖို့ မလိုပါဘူး။ ဒီတိုက်ပွဲကနေ နောက်တိုက်ပွဲတွေမှာအောင်နိုင်ရေးအတွက် အင်အားတွေပိုမိုပြင်းထန်လာစေခဲ့တယ်ဆိုတာ မလင်းလက်တစ်ယောက်ပဲ အသိဆုံးနေမှာပါ. နောက်ဆုံးတစ်ချက်ပြောရရင်တော့ မရောက်တာကြာလို့လာလည်သွားတယ်. Link လည်းချိတ်ထားတယ်. Good Luck!

Anonymous said...

ဟုတ်ကဲ့ရှင့် ကိုရန်အောင်နားလည်ပေးတာ ကျေးဇူးပါ .. တကယ့်အရေးကြီးဆုံးတိုက်ပွဲတစ်ခုမှာ အနိုင်ရဖို့အတွက် ခံစားခဲ့ရတဲ့ အနာတွေက တွန်းအားပေးနေတယ်လို့ပဲ အခုအချိန်မှာ မှတ်ယူထားပါတယ် .... လင့်ခ် ပြန်ချိတ်ပေးထားပါတယ်နော်.....

Thet Htoo@Myat Lone said...

လေးစားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးများအားလုံး ဒီလို ရဲရင့်၊ ထက်မြက်၊ ပြတ်သား၊ တည်ကြည်စေချင်ပါတယ်။

Anonymous said...

Thanks for the story. One failure doesn't represent the total failure. I am sure most of us here have that experience. But i am happy with my progress while living abroad. I never was determined good at any area back in my highschool. I dont think it is because i am stupid, but i think it is because i was never given a chance. All the opportunities were taken by the rich, the power and the corrupted. But now i see some of them are in real trouble because they got success for cheap and never know it value before. We do! I am proud of you!

aungthetnaing said...

Yes, I have seen the effect of such corruption.

Look at what happen to Singapore Scholars in NUS and NTU. The Gov. sent unqualified people (their relatives). They were sent back after one semester or two. What a loss!!!

Someone who was qualified, lost a chance to earn a degree in NUS and NTU.

Anonymous said...

"Our greatest glory is not in never falling,but in getting up every time we do."

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။