တပ်မတော်က ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းလေးက လှပါတယ် ။ အဖြေလေးကလည်း လှပါတယ် ။ လုပ်ပုံတွေကတော့ သောက်တလွဲချည်းပဲ .. ။ ကျမက နိုင်ငံရေးလည်း နားမလည်ပါဘူး .. ။ ပညာလည်း မိုးပျံမြေလျိုးမတတ်သေးပါဘူး .. ။ ယနေ့တပ်မတော်ကို ၁၈နှစ်မိန်းကလေးတစ်ယောက်အနေနဲ့ အဘက်ဘက်မှ သေချာလေ့လာသုံးသပ်ပြီး နားလည်ထားတာက
၂) တိုင်းရင်းသားများအပေါ် မတရားသဖြင့်ပြုကျင့်ခြင်း
၃) သယံဇာတများကို ခိုးယူပြီး အိတ်ထဲအကုန်ထည့်ခြင်း
၎) မှန်ကန်စွာနေထိုင် ၊ ဆောင်ရွက်သူများကို ထောင်သွင်းအကျဉ်းချခြင်း
၅) ပြည်သူလူထုခွက်ဆွဲအောင် နှိပ်စက်ခြင်း
၆) ဦးအောင်ဇေယျခေတ်ရောက်အောင် နောက်ပြန်ဆုတ်နေခြင်း
၇) ဖခင်ကိုပစ်ပယ်ပြီး ပထွေးကိုဦးခိုက်နေခြင်း
၈) လူသားအခွင့်ရေးနှင့်လွတ်လပ်သောအခွင့်အရေးအတုများကို ဟန်ဆောင်ပေးထားခြင်း
၉) အနိမ့်ကျဆုံးပညာရေးဖြစ်အောင်လုပ်ထားခြင်း
၁၀) စီးပွားရေးပိတ်ဆို့မှု ၊ ဆင်းရဲကျပ်တည်းမှုများဖြစ်စေခြင်း
၁၁) လဘ်ပေးလဘ်ယူများဖြင့်ပြည့်နေသော ဥပဒေဖြစ်နေခြင်း
ဒါ ယေဘုယျပဲရှိပါသေးတယ် ။ အသေးစိပ်သူတို့လုပ်ထားတာတွေ အချက်အလက်နဲ့ပြောမယ်ဆိုရင် သုံးထောင့်သုံးညပုံပြင်ဖြစ်သွားပါလိမ့်မယ် ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်လမ်းမှားမှာ အရမ်းစိုးရိမ်ခဲ့ပါတယ် ။ လမ်းမှားမရောက်အောင်လည်း ထပ်တလဲလဲ သတိပေးခဲ့ပါတယ် ။ အမေစုပြောခဲ့သလို “ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်ပါ ။ အမျိုးသားခေါင်းဆောင်ကြီးပါ ။ ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ရဲ့ဖခင်လို့သတ်မှတ်ရင် တပ်မတော်ဟာ ဖေဖေလိုချင်တဲ့အတိုင်းလုပ်နေရဲ့လား ” …. ။ အမေစုက အဲဒီအတိုင်း အမှန်ကို တည့်တည့်ပြောသွားပါတယ်။ သူပြောခဲ့သလို မြန်မာစကားမှာ ဒုတိယဖခင်ဆိုတာ မရှိပါဘူး ။ ပထွေးက ပထွေးပါပဲ ။ ပထွေးလမ်းစဉ်လိုက်နေသမျှတော့ အကုန်လုံးဇောက်ထိုးဖြစ်နေမှာပဲ ။
တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက်ကမ်းကုန်အောင် ယုတ်မာတဲ့ လူတစ်စုကိုပဲ အလိုမရှိတာပါ ။ လင်းတို့က တပ်မတော်ကို ဖျက်သိမ်းဖို့တောင်းဆိုနေတာလည်း မဟုတ်ပါဘူး ။ တပ်မတော်ထဲမှာ ကောင်းတဲ့လူတွေလည်း ရှိချင်ရှိမှာပါ ။ အဲဒီထဲမှာနေပြီး သူတို့ကိုယ်တိုင် နအဖကို မလိုလားသူတွေလည်း ရှိမှာပါ ။ ဒါပေမယ့် လက်ချိုးရေလို့ရပါတယ် ။ အများစုကိုတော့ ဒီပုတ်ထဲကဒီပဲလို့ပဲ သတ်မှတ်လို့ရပါတယ် ။
လင်းကိုယ်ပိုင်စိတ်ကူးထဲမှာတော့ တပ်မတော်ကိုဆို၇င် ပြည်သူက အရမ်းလေးစားတဲ့ ၊ နိုင်ငံအတွက် အသက်စွန့်ထားတဲ့ လူစွမ်းကောင်းတွေဆိုပြီး ယုံကြည်လေးစားတဲ့ဘ၀မျိုးကို သိပ်ရောက်ချင်ပါတယ်။ ဗိုလ်ချုပ်လမ်းစဉ်ကိုလိုက်ပြီး ပြည်သူတွေရဲ့ ခိုလှုံရာ ၊ အားထားရာ ၊ ဆည်းကပ်ရာ တပ်မတော်အဖြစ် တည်ရှိနေစေချင်ပါတယ် .. ။ လက်တွေ့အချိန် အခုမှာတော့ ……………………….. ။
ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ် “နိုင်ငံတော်တိုးတက်အေးချမ်းသာယာဖို့ဆိုတာ တံတားတွေ ဆောက်နေရုံနဲ့မပြီးဘူး ။ နိုင်ငံတော်အတွက် ဘာတွေလုပ်နေလည်းလို့မေးလိုက်ရင် တံတားတွေ ဆောက်နေတယ်လို့ ပြန်မဖြေပါနဲ့ ။ ပန်းခြံတွေ တံတားတွေ ကျောင်းအသစ်တွေဆောက်လုပ်ပေးနေရုံနဲ့ နိုင်ငံက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး ”
ဒီစကားက သွေးထွက်အောင်မှန်ပါတယ် ။ ဘဘတို့ကိုကြည့်လိုက်ရင် တံတားချည်းဆောက်နေပါတယ် ။ အဲ ခိုင်လားဆိုတော့လည်း အစောကြီးပြိုကျမယ့်ကိန်းပါ ။ မြ၀တီ ၊ မြန်မာ့အသံတွေမှာဆိုရင်လည်း ဘယ်နေ့က ဘယ်တံတားဆောက်တယ်ချည်းပဲ ပြနေတာ ခက်ပါတယ် ။ ပြည်သူတွေ စားစရာမရှိရင် တံတားပဲ ကိုက်စားကြတော့လို့များ ဆိုလိုနေသလား ဘဘတို့ရယ် …….. ။
4 comments:
"ပြည်သူသာ အမိ ပြည်သူသာ အဖ" တဲ့ တကယ်တော့ တပ်မတော်သားတွေဟာ ပြည်သူတွေကမွေးဖွားလိုက်တဲ့ သားကောင်းရတနာတွေပါ တိုင်းပြည်အတွက် လူမျိုးအတွက် အသက်စွန့်ကြမယ့် သူရဲကောင်းတွေပါ။ အမေ သိပ်ဂုဏ်ယူနေမဲ့ စစ်သားကြီး ဖြစ်သင့်ပါတယ်။ အခုတော့ အဖေ့ကိုသတ် နန်းလု အမေ့ကိုထောင်ချ ကိုယ့်ညီအကိုမောင်နှမတွေကို နှိပ်စက် မိုက်ပြီးရင်းမိုက် =(
သိပ်ဟုတ်တာပေါ့ရှင် .... ပြည်သူတွေ ဆည်းကပ်ကိုးကွယ်မယ့် တပ်မတော်ဖြစ်မယ့်အစား အော့နှလုံးနာစရာဖြစ်နေတာ ရင်နာဖို့သိပ်ကောင်းပါတယ်..
Hahahhaa,, LOL,,, That's True,, Linlat,, You just pointed out what exactly the shit that they are doing..... You just got it right,,girl
PLW
i am so sad for u . firned linlet
when i read ur story about ur past years . now u r studying at singapore better then in past. future time, our country need who will serve for burmese citinzin." i mean--freely elected governmet by ppl"
ur dear
bro \
jimmy
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။