ခြေမချဖူးတဲ့ငါ့တိုင်းပြည်
လူတွေကပြောတယ်
ငါတို့တိုင်းပြည်တစ်ခုလုံး
သိပ်သာယာလှပတယ်…။
လူတွေကပြောတယ်
စေတနာကရုဏာအပြည့်နဲ့
ငါတို့တိုင်းပြည်ကလူတွေ
မေတ္တာတရားပြည့်ဝကြတယ်…။
လူတွေကပြောတယ်
အေးမြတဲ့စေတီတော်တွေနဲ့
ဘာသာတရားကိုင်းရှိုင်းတဲ့
ငါတို့ရွှေနိုင်ငံကြီးက
ငြိမ်းချမ်းလှပတယ်…။
လူတွေကပြောတယ်
လူမျိုးပေါင်းစုံနဲ့
ဝန်းရံနေထိုင်ကြတဲ့
ငါတို့တိုင်းပြည်ကလူတွေ
ယဉ်ကျေးသိမ်မွေ့ကြတယ်…။
…………………..
…………………
…………………..
……………………
တစ်ယောက်တစ်မျိုး
ပေါင်းစုံလွမ်းဆွတ်ပြောကြရင်း
ခပ်လှမ်းလှမ်းကတောအုပ်ကို
ငါတို့တိုင်းပြည်မြေအဖြစ်
တမ်းတစွာငါလှမ်းကြည့်ရင်း
ခြေမချဖူးတဲ့ဒီနယ်မြေကို
တစ်နေ့ငါအရောက်ပြန်လာခဲ့မယ်………..။
ဒီကဗျာက ကောင်းချင်မှကောင်းမှာပါ .. ။ ထူးထူးခြားခြားမဖြစ်ပေမယ့် လင်းလက်နဲ့သိပ်ခင်တဲ့ ထိုင်းမှာမွေးပြီး ထိုင်းမှာကြီးပြင်းသော ၊ မြန်မာပြည်ကိုအလွန်သွားချင်နေသော မြန်မာလူမျိုးသူငယ်ချင်းမိန်းကလေးတစ်ဦး ခံစားမှုကို သူ့နေရာမှနေပြီး ရေးထားခြင်းဖြစ်ပါတယ်။
3 comments:
I felt sad after reading this poem.
It would be like a person who had never been to his own warm home.
I feel sorry for all myanmars who hav never been to their own country. More than that, I feel sorry for all myanmars who loves their country and who sadly have to leave from it.
Nice poem. I wish the best for your friend and many people like him/her all over the world.
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။