Saturday, January 20, 2007

Double Taxation Avoidance



စင်ကာပူက ကိုနိုင်မိုးအောင် ဦးဆောင်တဲ့ အခြားမြန်မာများနှင့် လူကြီးမင်းများက မြန်မာပြည်သူ ပြည်သားတွေ အခွန်အလွန်အကျွံ ၂နိုင်ငံလုံးကို ပေးဆောင်ရမှုကို တရားမျှမျှတတဖြစ်အောင်အတွက် လုပ်ကိုင်နေကြတာကို အများကြီးဝမ်းသာမိသလို ထောက်ခံအားပေးခဲ့တယ်။

ဒါက နိုင်ငံရေးလုပ်တာလည်း မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်းကနေ နည်းလမ်းကျကျ စကားပြောဆိုခြင်းပါ။ လင်းလက် ဘလော့ခ်မှာ အခွန်အကြောင်းကို ပွနေအောင်ရေးခဲ့လို့လည်း အားလုံးလည်းသိလောက်ပြီး ဖြစ်မှာပါ။ ယူကေတို့ ယူအက်စ်တို့က မြန်မာတွေက မြန်မာသံရုံးကို မဖြစ်မနေ အခွန်အများကြီး ပေးနေရတယ်လို့တော့ မထင်ပါဘူး။ စင်ကာပူက မြန်မာတွေက ကိုယ်လတဲ့လခကနေ စင်ကာပူအစိုးရကိုရော ၊ မြန်မာအစိုးရကိုရော ၂ဖက်လုံးကို အခွန်ဆောင်နေရတာက တကယ်တော့ မတရားမှုကြီးပါ။ အခွန်က ပုံမှန်ဆို ပေးရတာ ပြဿနာမရှိပါဘူး။ အခုက အလွန်အကျွံဖြစ်နေတဲ့အတွက်ပါ။

စင်ကာပူဘက်ကလည်း ဒီကိစ္စကို လျစ်လျူရှုလို့မရပါဘူး။ သက်ဆိုင်ရာ ရုံးတွေ ၊ Finance ဆိုင်ရာတွေကို သက်သေ စာရွက်တွေနဲ့တကွ သေသေချာချာ စွမ်းဆောင်နေတော့ ဒီကိစ္စကို ကမ္ဘာကတခြားနိုင်ငံသားတွေပါ သိရင် ဟားစရာဖြစ်သွားမှာပါ။ စင်ကာပူကတော့ သူတို့က အမြဲ နာမည်ရအောင် လုပ်နေတဲ့သူတွေဆိုတော့ အရှက်ရအောင်တော့ လုပ်ကြမှာမဟုတ်ဘူး။

နောက်တစ်ချက် - ဒါက အစိုးရကိုတိုက်ဖျက်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်ဘက်က ခံစားခွင့်ကို တောင်းဆိုကြခြင်းပါ။ လင်းစိတ်ထဲမှာတော့ အခြေအနေကို ကြိုးလျှော့လေးနဲ့ သွားတာကို ပိုကြိုက်ပါတယ်။ မစုစုနွေးပြောခဲ့သလို ကိုယ်ရသင့်တဲ့အခွင့်အရေးကို ထိုင်စောင့်နေလို့မရဘူး။ ရရင် ရသလောက် ကြိုးစားပြီး ဖြေးဖြေးချင်း တလှမ်းချင်းတက်သွားရမယ်ဆိုသလိုပေါ့။

အခြေအနေအရပ်ရပ်နဲ့ လုပ်ဆောင်နေတဲ့ အဆင့်ချင်းတွေကို သိပ်မဝေးတဲ့ သင့်လျော်သော အချိန်တစ်ခုမှာ မီဒီယာတွေကနေ သေသေချာချာ ပြောပေးမှာပါ။ ဒါဟာ ပိတ်လှောင်မှုတွေ ခံစားတင်းကျပ်နေတဲ့ မြန်မာတွေအတွက် ပထမဦးဆုံး စံနမူနာဖြစ်သွားမယ့် သတ္တိတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဥပဒေဘောင်အတွင်းကနေ သက်သေတွေအားလုံးနဲ့တကွ နည်းလမ်းကျကျ ပြောဆိုနေတာမို့ မြန်မာသံရုံးဆိုင်ရာတွေဘက်က တော်တော်လေး ကျဉ်းကျပ်နေမှာပါ။ ကလေးဆန်တဲ့ လှည့်ကွက်တွေ မလုပ်ဖို့ပဲ ကြည့်နေရတယ်။ မြန်မာအစိုးရနဲ့ဆိုင်တဲ့ ရုံးတွေဆို သေဆေးစားပြောတာတောင် သိပ်မယုံချင်ဘူး။

လောလောလတ်လတ် သံရုံးကို ၂နှစ်စာ အခွန် 3600 သွားပေးထားရတာ တော်တော်လေး စိတ်ဓါတ်ကျတယ်။ ပီအာနဲ့ကျောင်းတက်တော့လည်း Full Time Student ဆိုတာတောင် တစ်လကို 30 ပေးရသေးတယ်။ Passport ကို သက်တမ်းတစ်ခါသွားတိုးရင် 350 ။ နောက် စာအုပ်မှာ စာမျက်နှာကုန်သွားရင် 350 လား 450 လား မသိဘူးပေးရသေးတယ်။ ပါ့စ်ပို့မှာ စာမျက်နှာကလည်း ပါတာက ၃ရွက်လောက်။ ၂ခါ ၃ခါလောက် တုံးထုပြီးသွားရင် ကုန်ရော။ သံရုံးကိုက ချစ်လွန်းတော့ မသွားချင်လည်း ခဏခဏသွားနေရတဲ့ဘ၀ပါ။

Click Here For More Information


3 comments:

Anonymous said...

Thank you.

But you used private font.Then your writings gone to the dog.
This Australian Government web site uses the best and future Burmese font.

http://mylanguage.gov.au/my/141/

မာ့ခ် said...

Do we need to tell to my Japanese Embassy also, sis?
I always paying about US$100 for every month for tax. is it fair to pay?

Anonymous said...

Dear Atxivg4001, you are paying so much tax. I think you should discuss with the burmese in japan. I will ask my seniors first & I'll let you know.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။