Wednesday, November 29, 2006
ဘာလုပ်သင့်လဲ
Posted by Anonymous at 1:52 PM 2 comments
Labels: My Opinion
Monday, November 27, 2006
Who is Aung San of Myanmar ?
ကျမတို့ဘယ်တော့မှ မမေ့ရမယ့် အာဇာနည်ခေါင်းဆောင်တစ်ဦးပါ။ ကျမကတော့ နောင်လူငယ်တွေ များစွာထိကို ဒီသမိုင်းကြောင်းအမှန်ကို အမြဲတမ်းလက်ဆင့်ကမ်းပေးသွားမှာပါ။ လူသာသေသွားပေမယ့် ကျမတို့အားလုံးရင်ထဲမှာ ဗိုလ်ချုပ်ကတော့ အမြဲတမ်းရှင်သန်နေမှာအမှန်ပါပဲ။
Posted by Anonymous at 7:28 PM 1 comments
Labels: General AungSan
Than Shwe's secret home found. Pyinmana map via satellite.
Posted by Anonymous at 7:24 PM 0 comments
Labels: News And Activities
Saturday, November 25, 2006
အချိန်တန် အိမ်ပြန်ကြမည်
စွယ်စုံဂွင်တွေရိုက်နေသတဲ့။
Posted by Anonymous at 4:52 PM 2 comments
Labels: My Opinion
Friday, November 24, 2006
To Burma Soldiers
Posted by Anonymous at 7:39 PM 1 comments
Labels: Poems
Friday, November 17, 2006
Myanmar Flag
ဘုရား ဘုရား တသက်လုံးသင်လာတဲ့ မြန်မာပြည်အလံကြီးကို ပြောင်းလိုက်ကြပြန်ပြီ။ အခုတင်ထားတဲ့ပုံက အီသီယိုးပီးယားအလံနဲ့ မြန်မာပြည်ရဲ့အလံအသစ်ပါ။ စပါးနှံတွေကို ဖြုတ်လိုက်တဲ့ မြန်မာ့အလံကို ကြည့်ပြီး ကျမတို့နားလည်လိုက်တာတော့ မြန်မာပြည်မှာ ဆန်ရေစပါးရှားပါးပြီး မရှိတော့ဘူးလို့ ဆိုလိုလိုက်သလားရှင်။
အလံလည်း မပြောင်းပါနဲ့။ ပြောင်းချင်ရင်တော့ ခုံပေါ်ကသာ ထပေးလိုက်ကြပါ ဘဘကြီးတို့ရယ်။ မြန်မာပြည်ကို အရင်အီသီယိုးပီးယားလို ငတ်စေချင်လို့ အလံကိုများ ဆင်တူထားလိုက်လေသလား။
မြန်မာပြည်အလံအသစ်ကလည်း ကုလားတွေ အစ်မှာ ၀တ်တဲ့ အရောင်တွေကို စပ်ချုပ်ထားသလား (သို့မဟုတ်) အိမ်မှာရှိတဲ့ အ၀တ်အပိုင်းစတွေကိုစုပြီးချုပ်ထားသလား အောက်မေ့ရတယ်။ သွားပြီ ဘဘတို့အားလုံး သွပ်သွားပြီထင်ပါတယ်။
Posted by Anonymous at 5:50 PM 4 comments
Labels: My Opinion
Monday, November 13, 2006
Suu Kyi 'denied medical visits'
Mrs Suu Kyi told him she was in good health but needed more regular medical visits.
Gambari, who arrived in Rangoon Thursday, met with her at the government's Lake View State Guest House.
Suu Kyi, under house arrest for more than 10 of the past 17 years and under house arrest in complete isolation since May, 2003, was released last May for a similar meeting with Gambari.
Gambari's visit has been timed to fall prior to the UN Security Council meeting which will this year for the first time have Myanmar's on the table for debate over its deteriorating political and human rights situation.
Gambari's assessment will prove important to the session.
Besides meeting with Suu Kyi, Gambari also met with the NLD seven- person executive committee Saturday afternoon.
An NLD spokesman said they had explained to Gambari that national reconciliation has to develop through dialogue, which Suu Kyi is willing to start with the ruling military junta.
The NLD has boycotted the military-led National Convention Process, that restarted on October 10, which has the aim of drafting a new constitution for Burma and eventually paving the way fro a general election.
The NLD, which has labelled the process a sham designed to keep the military in power indefinitely, won the 1990 general election but was denied power.
But the government insists it will follow its own Seven Step Road Map, with or without the NLD and Suu Kyi.
Prior to his meeting with the NLD executives, Gambari travelled to Naypyitaw, Burma's new capital situated 300 kilometres north of Rangoon, where he met with the junta's leader Senior General Than Shwe at Naypyitaw.
Gambari reportedly urged the general "to make efforts from every possible point for a more meaningful move to walk the road of dialogue," UN sources said.
The UN envoy is scheduled to travel to Bangkok on Sunday for a two-day stopover.
Posted by Anonymous at 5:16 PM 1 comments
Labels: Lin Let Kyal Sin, News And Activities
ရင်ထဲကအတွေးများ
ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူတွေမှာ နှိုင်းယှဉ်ဖို့ရာ တစ်ခုတည်းပဲရှိပါတယ်.. သူတော်ကောင်းက သူယုတ်မာကို နိုင်ဖို့အတွက် သူ့ကိုယ်သူ ပိုမွန်မြတ်အောင် ကျင့်ကြံနေရင် မကောင်းသော သူယုတ်မာတွေက အလိုလို သူတို့အဆင့်ကို ဖော်ပြပြီးသလိုဖြစ်နေမှာပါ… အောင်မြင်ခြင်းကို မရောက်ခင် ပေးဆပ်ရမယ့်အရာတွေကတော့ အများကြီးတည်ရှိပါတယ်.. ဒါပေမယ့် လွဲမှားခဲ့တဲ့ လုပ်ရပ်တွေက သိပ်များခဲ့တော့ အခုအချိန်မှာ နောင်တဆိုတာကို ပိုက်လို့မရတော့ဘူး.. အခြေအနေနဲ့ အချိန်အခါ ၊ နေရာဝန်းကျင်ဆိုတာမှာ မူတည်စဉ်းစားပြီးတော့ ကိုယ်လိုချင်တာကို ပရိယာရ်ပါအောင် လုပ်နိုင်မှသာ လိုချင်တဲ့ အောင်မြင်မှုတစ်ခုဆိုတာ ရရှိနိုင်မှာပဲလေ.. တခြားသူက ဒီလမ်းစဉ်နဲ့ အောင်မြင်ပြီး ရအောင် အလဲထိုးနိုင်ခဲ့ပေမယ့် ကိုယ် ယှဉ်ပြိုင်အလဲထိုးရမယ့်သူနဲ့အလှည့်မှာ တခြားလူတွေလို အမြဲလိုက်ခဲ့ရင် လိုချင်တာနဲ့ ဝေးနေခဲ့မှာပေါ့…
ပန်းတိုင်ရောက်ဖို့အတွက် ရန်သူအားနည်းချက်ကို နင်းနိုင်မှ လိုရာပြီးစီးမှာပါ… အယူအဆတွေ ၊ သဘောထားတွေ ကွဲလွဲနေကြပြီး အရှေ့ကမလျှောက်ရဲသူ ပိုများနေတဲ့အချိန်မှာ ပန်းတိုင်က နီးသင့်သလောက် မနီးခဲ့ကြဘူး.. သူရဲကောင်းက သူ့စိတ်ဓါတ်နဲ့ အရည်အချင်းတွေကို မပြသနိုင်တဲ့အချိန်မှာ ကြိုးစားရမယ့် တာဝန်က သူ့ကို အားပေးချစ်ခင်သူတွေနဲ့ ပန်းတိုင်ကို လိုချင်သူတွေ တာဝန်ပါပဲ… ဒီအတွက် ကိုယ်မလုပ်နိုင်ရင်တောင် ဘယ်လို လမ်းပြပေးကြမလည်း.. မှန်ကန်တဲ့ ယုံကြည်မှုတွေကို ဘယ်လိုအကောင်ထည်ဖော်ကြမှာလည်း.. တ၀ဲဝဲလည်နေတဲ့ အရှုပ်တွေကို ဘယ်သူကများ စတင် ဖြေရှင်းမှာလည်း…. Educated ပိုဖြစ်လာလေလေ ၊ စိတ်ဓါတ်ပိုရင့်ကျက်ခိုင်မာလာလေလေ ၊ ထိုသူရဲ့ အရည်အချင်းနဲ့ သူ့အရှိန်အ၀ါဆိုတာ ထွန်းလင်းနေကြမှာပါ… `လိုချင်တယ်´ဆိုသော စကားတွေကိုဆို အခြေအနေကို စောင့်နေမယ်ဆိုရင် သန်းခေါင်ထက်ညဥ့်နက်မှာမဟုတ်တော့ဘူး… မိမိက မိမိကိုယ်မိမိချစ်တာလား.. အများအတွက် တာဝန်ကို ချစ်တာလား.. မိမိ အောင်မြင်မှုကို ချစ်တာလား … မိမိမလုပ်နိုင်တာကို ထိုင်စောင့်ရင်း သူရဲကောင်းကို ထိုင်ချစ်တာလား… မိမိ အဖွဲ့အစည်း တစ်ခုတည်းကိုပဲ ရွေးချစ်တာလား…
တကယ်လုပ်နိုင်သူနဲ့ တကယ်လုပ်ချင်သူ ဘယ်သူက ဘာတွေလည်း.. သုံးသပ်ရင်း ဝေဖန်ရင်း နှစ်တွေကြာခဲ့ပြီလား.. သူယုတ်မာကို တော်လှန်ချိန်မှာ သူယုတ်မာကို ခဲနဲ့သွားထုဖို့လည်း မလိုပါဘူး.. သူယုတ်မာကို ချောင်းရိုက်ဖို့လည်း မလိုပါဘူး.. သူယုတ်မာကို သွားပြိုင်ဖို့လည်း မလိုအပ်ပါဘူး… သူယုတ်မာနဲ့ပတ်သတ်နဲ့ အရာတွေကို ကိုယ်က အားမပေးခြင်း ၊ မလိုက်နာခြင်း ၊ မထောက်ခံခြင်းတွေအားလုံးကို တက်ညီလက်ညီ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ထိုသူအတွက် အသက်ရှုပေါက်နည်းသွားမှာပါ… မိမိကိုယ်ကို အမြဲ တိုးတက်ပညာတတ်အောင် ၊ ရင့်ကျက်နိုင်အောင် ၊ အတွေးအခေါ် မြင့်မြတ်လာအောင် ကြိုးစားခြင်းက သူယုတ်မာများကို တော်လှန်ခြင်းတစ်မျိုးပါပဲ…. လွဲမှားနေခဲ့ဖူးတဲ့ လမ်းစဉ်အနည်းငယ်ကို ပြန်လည်ပြင်ဆင်ဖို့က မာနတွေ ၊ အရှိန်အ၀ါတွေကို ခေတ္တဘေးဖယ်ထားသင့်ရမယ်လေ… မိမိအဖွဲ့ တော်ခဲ့ရင် အချိန်ဆိုတာ ကိုယ့်ကြိုးစားလုံ့လကို သက်သေပြသွားမှာပါ.. အဲဒီအတွက် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ မကြည်ဖြူဖို့ မဖြစ်သင့်ကြဘူး… ပြောချင်သော စကားတွေကို ရင်မှာပိတ် ၊ ဘက်စုံထောင့်စုံကနေ စဉ်းစားပြီး သွယ်ဝိုက်ပြောဆိုနေကြခြင်းတွေကလည်း ချစ်ခင်လေးစားမှုတွေကို မပျက်ပြားစေချင်လို့ပါပဲ…
Posted by Anonymous at 5:14 PM 0 comments
Labels: My Opinion
Poem
Posted by Anonymous at 5:10 PM 1 comments
Labels: Poems
ရင်ထဲကရွှေနိုင်ငံ(၃)
ရင်ထဲကရွှေနိုင်ငံ (၁) နဲ့ (၂)အပြီး အမှတ်(၃)ကို မရေးတာ ကြာခဲ့ပြီ။ အခုတော့ ရင်ထဲက ရွှေနိုင်ငံအကြောင်းကို လက်သုပ်စုံတစ်ပွဲလို ရေးလိုကိပါတယ်ရှင်။
ကျမ စင်ကာပူရောက်ကာစက IELTS ဖြေဖို့အတွက် ကျောင်းတက်ခဲ့တုန်းက တခြားအတန်းက သူငယ်ချင်းတစ်ယောက်နဲ့ မနေ့က ပြန်တွေ့တယ်။ သူနဲ့ကလည်း ၂၀၀၄ကတည်းက မတွေ့တာဆိုတော့ အတော်ကြာနေတာနဲ့ သူငယ်ချင်း ၂ယောက် ကော်ဖီဆိုင်ထိုင်ရင်း စကားပြောဖြစ်ကြတာပေါ့။ ကျမလည်း စာမေးပွဲအကြောင်း ပြောပြရင်း သူ့အကြောင်းတွေ မေးမြန်းကြည့်တော့ သူလည်း စိတ်ညစ်စရာတွေ ရင်ဖွင့်တယ်။ နောက် စကားကြုံရင်း သူက မြန်မာပြည်ကို သူအလည်သွားခဲ့ကြောင်းပြောတော့ ကျမလည်း မျက်ခုံး၂ဖက်မြင့်သွားတယ်။ ဘုရား ဘုရား ငါတော့ ဘာတွေကြားရအုန်းမလည်းဆိုပြီး ရင်တော့လေးမိသား။ သူက မြန်မာပြည်က သိပ်လှကြောင်းပြောတော့ သဘောကျလို့ မဆုံးခင် သူဆက်ပြောတဲ့စကားက `မင်းတို့နိုင်ငံက တော်တော်လေး ဆင်းရဲတယ်ဆိုတာ ငါအရင်ကတည်းက သိပါတယ်။ ငါထင်တာက အစိုးရလညး သိပ်မကောင်းဘူး။ နောက် ရေမြေတောတောင်လည်း ပါနေတယ်လို့ထင်နေတာ။ ဧရာဝတီမြစ်ကြီးလည်း ငါမြင်ခဲ့တယ်။ စိုက်ခင်းတွေ ရေနံတွင်းတွေ ရှိတယ်ဆိုတာလည်းသိခဲ့တယ်။ သစ်တော အကုန်ရှိနေတာ ဘာများကျန်သေးလည်း။ နိုင်ငံကရွှေပါ´တဲ့။ သူသိချင်တာတွေမေးတော့ ကျမလည်း ဒီပေါင်ကိုပြန်လှန်ထောင်းရမယ်ဆိုတာ နားလည်လိုက်ပါတယ်။ သူက အစိုးရ သိပ်မကောင်းတာ လီကွမ်ယုတို့ မကောင်းသလိုမျိုးထင်နေတာကိုး။ လီကွမ်ယုထက် အဆ ၁သိန်းဆိုးတဲ့ မြန်မာပြည်အစိုးရကို အခုမှသိသူအဖို့ အတော်လေးလန့်သွားမှာပေါ့။ ငပလီကမ်းခြေက သိပ်လှတယ်လို့ သူပြောတာက နဂါးပလီက သိပ်လှတယ်တဲ့။ စာလုံးပေါင်းပြင်ပေးရင်း သူဆက်ပြောတာက `မင်းတို့ရန်ကုန်မြို့လယ်မှာ လူကူးမျဉ်းကြားက ဘာလုပ်ဖို့အတွက်လည်း´လို့ ဆက်မေးပါတယ်။ ကျမလည်း အော်တိုသဘောပေါက်လိုက်ပါပြီ။ ဆူးလေလမ်းမှာ လူကူးမျဉ်းကြားကနေ သူက ကူးဖို့လုပ်တော့ စင်ကာပူလို့ ထင်နေခဲ့မှာပေါ့။ ဟိုမှာ ကားတွေက မရပ်ပေးတော့ သူလည်း ကြောက်ကြောက်နဲ့ သူများကူးမှ အသကုန်ပြေးကူးခဲ့ရတယ်လို့ ရယ်ရယ်မောမောပြန်ပြောပေမယ့် ကျမတော့ မျက်နှာနီရဲနေပြီ။ `ရန်ကုန်မှာ အိမ်သာဝင်ချင်တာ အိမ်သာရှာမရတာတော့ တော်တော်မကောင်းဘူး´လို့ သူပြောတော့ အမြဲ စကားကို ဒတ်ခနဲပြန်ပြောတတ်တဲ့ကျမ အဲဒီတစ်ခေါက် အသွားပါတယ်။ ဘာပြန်ပြောရမှန်းမသိတော့ သွားလေးပဲပေါ်အောင်မချိပြုံးလေးနဲ့ ခေါင်းညိတ်လိုက်ရတယ်။ စင်ကာပူမှာတော့ အပေါဆုံးက အိမ်သာနဲ့ဖုန်းပါ။ နေရာတိုင်းမှာ Toilet တွေက ရှိနေပြီး ဆက်သွယ်ရေးအတွက် ဖုန်းက ကမ္ဘာပေါ်မှာအပေါဆုံးဖြစ်အောင် ထားထားပါတယ်။ နိုင်ငံသေးတော့ သူတို့လုပ်နိုင်တာကိုတော့ ဘာမှမပြောလိုပါဘူး။ မြန်မာပြည်မြို့လယ်ခေါင်မှာ သန့်သန့်ပြန့်ပြန့်လမ်းဘေး အိမ်သာမရှိတာတော့ ဒွတ်ခ။ သမီးမင်္ဂလာဆောင်တာတော့ ၁ သန်းကုန်အောင်ဆောင်တယ်။ ကိုယ့်နိုင်ငံအရှက်ကိုတော့ ကမ္ဘာကသိအောင် ခွဲရက်လေစ နအဖရယ်။ မြန်မာပြည်က ရွှေတိဂုံစေတီတော်ကိုကြည့်ပြီး သူငယ်ချင်းက မင်းတို့နိုင်ငံက ရွှေအတော်ပေါတယ်လို့ ပြောတဲ့တချက်လေးကိုပဲ ကြည်နူးခဲ့ရပါတယ်။
သူငယ်ချင်းနဲ့လမ်းခွဲပြီး အိမ်ပြန်လာတော့ အတွေးတွေ အများကြီးရမိတယ်။ သူများနိုင်ငံသားတွေနဲ့ စကားချင်းယှဉ်ပြောတိုင်း အောက်ကျလိုက်ရတဲ့ ဒီမျက်နှာ ဘယ်နားသွားထိုးထည့်ရမှန်းတောင်မသိတော့ဘူး။ သောကြာနေ့ညနေတိုင်း စာကြည့်တိုက်မှာ ကျမ စာသွားဖတ်ပါတယ်။ နယူးရောက်သတင်းစာတွေအပါအ၀င် နိုင်ငံစုံသတင်းစာတွေ စာကြည့်တိုက်မှာရတဲ့အပြင် တိတ်ဆိတ်နေတဲ့ အဆောက်အအုံထဲမှာ အဲကွန်းနဲ့အေးဆေး စာဖတ်ရတာကို ကျမနှစ်ခြိုက်တယ်။ စာကြည့်တိုက်မှာ သောကြာနေ့ညနေတိုင်း စာလာဖတ်တဲ့ ဘော်ဒါတွေနဲ့ တခါတုန်းက စကားတိုးတိုးပြောရင်း အန်တီတယောက်က မင်းတို့နိုင်ငံသတင်းစာ မရှိဘူးလားတဲ့။ ကျမလည်း `ငါတို့နိုင်ငံသတင်းစာက နာမည်ကြီးလွန်းပြီး ရောင်းအားသိပ်ကောင်းတော့ ပြည်ပကို ဖြန့်ဖို့မလောက်ဘူး´လို့ ခပ်တည်တည်နဲ့ ပြောလိုက်တော့ ဘေးက မြန်မာသူငယ်ချင်းက ရီနေပါတယ်။ အန်တီကြီးကလည်း ကျမ လျှောက်ပြောနေတာကိုမသိဘဲ အင်တာနက်ကနေ ဆွဲလို့မရဘူးလားတဲ့။ ကျမလည်း `အင်တာနက်ပေါ်က သတင်းစာတွေက ငါတို့ဘာသာစကားဆိုတော့ မင်းနားမလည်ဘူး´လို့ ပြန်ပြောလိုက်ပါတယ်။ ကိုယ့်နိုင်ငံ သတင်းစာကို သူတို့မသိသေးလို့ပါ။ သိရင် တသက်လုံးလှည့်ကြည့်တော့မှာတောင် မဟုတ်ဘူး။ အစိမ်းနဲ့ အ၀ါပဲ ရှိတဲ့ သတင်းလွတ်လပ်ခွင့်လုံးဝမရှိတဲ့ သတင်းစာက စာအုပ်မျက်နှာဖုံးလုပ်ဖို့လောက်ပဲ အသုံးဝင်ပါတယ်။ ရန်ကုန်မှာနေတုန်းကဆို ၈နာရီထိုးတာနဲ့ အားလုံးက TV ကိုပိတ်လိုက်ပါတယ်။ သူတို့တွေမြင်ရတာ ကျက်သရေ တုံးလွန်းလို့ပါ။
စကားမစပ် --- မောင်လေး ထူးမြတ်ဘလော့ခ် စီဗောက်စ်က ဗုံးကျဲခံထားရတဲ့ ကိစ္စတွေ တခါတည်း ထည့်ပြောသွားအုန်းမယ်။ သူ့ဘလော့ခ်တောင် မရောက်တာ အတော်ကိုကြာခဲ့ပေါ့။ ဘာတဲ့ လင်းးလက်မျက်လုံးထဲ အခုထိမြင်ယောင်နေတာ လူတစ်ယောက်ပြောသွားတဲ့ ` ငါလည်းစစ်သားပဲ။ မင်းတို့ပြောနေတဲ့ စစ်သားမျိုးတော့ မဟုတ်ပါဘူး။ ငါတို့နိုင်ငံမှာ စစ်သားတွေက သူများတွေနဲ့မတူတဲ့ လမ်းဖောက်တာတွေလုပ်တယ်။ ငါသိတာတော့ ပြည်သူတွေက ငါတို့ကိုမြင်ရင် ဟိုဟာလေးကူညီပါ ဒါလေးရွက်ပေးပါ´တဲ့။ အမည်မဖော်လိုသူ ဘယ်တိုင်းပြည်ကမှန်းမသိတဲ့ စစ်သားတစ်ဦးပြောသွားချက်ပါ။ ကျမ အခုမှအချိန်ရတာနဲ့ အဲဒီစကားကို အခုရှင်းမယ်နော် ကိုအ၀ှာ။ ကျမတို့အားလုံးရေးသားချက်တွေမှာ စစ်သားအားလုံးလို့ မဆိုလိုခဲ့ပါဘူး။ စစ်သားတွေဆိုသော အသုံးအနှုန်းနဲ့ စစ်သားအားလုံးဆိုသော အသုံးမှာ သိပ်ကိုကွာပါတယ်။ စာတတ်သူဆိုရင် နားလည်မှာပါနော်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလိုပဲ။ အာဏာရှင်ခေါင်းဆောင်တွေအားလုံးက လူတွေစိတ်ဓါတ်ကိုဖျက်ဆီးပြီး တိုင်းပြည်ကိုချစ်သော တကယ့်စစ်သားတွေအားလုံးကိုပါ ဖျက်ဆီးခဲ့တော့ အများစုက ကျမတို့ပြောသလိုစိတ်မျိုးဝင်နေတယ်ဆိုတာ သိပါတယ်။ အခုလို ထူးမြတ်ဘလော့ခ်မှာ လာပြောသွားတဲ့ ကိုအ၀ှာစစ်သားက အိမ်တွင်းပုန်းထင်ပါတယ်။ ဒါကြောင့် ကျမတို့ပြောနေတာတွေ နားမလည်တာပါ။ တစ်တပ်လုံးနီးပါး ဒီအဖွဲ့အစည်းတွေအားလုံး မကောင်းတော့ ကောင်းသူတွေလည်း ဒီလိုပဲထင်ခံရမယ်ဆိုတာ သဘာဝပါ။ ကျမ ဥပမာပေးမယ်။ ဥပမာ -- ရှင်က သူခိုးအဖွဲ့အစည်းနဲ့ တအိမ်တည်းနေတယ်ဆိုပါစို့။ ရှင့်ကို ပတ်ဝန်းကျင်ကမြင်ရင် သူခိုးလေးလို့ပဲ သတ်မှတ်ကြမှာပဲလေ။ ရှင်တို့ ကိုယ်ကျင့်တရားနဲ့ ရှင်တို့ဘာလုပ်တယ်ဆိုတာ ဘေးက အကုန် ဘယ်သိမှာလည်းရှင်။ ဒီပုတ်ထဲနေရင် ဒီပဲလို့ပဲ အများစုက သတ်မှတ်ကြပါပဲ။ ဒါကို ရှင်က မကျေနပ်ရင် ဘာလုပ်မှာလည်း။ ထွက်လိုက်ပေါ့။ ထွက်ရင်လည်း စစ်ပြေးပဲလေဆိုတာ မမေ့နဲ့အုန်း။ အဲဒီတော့ ၀ဋ်ရှိသမျှ ကောင်းသောစစ်သားတွေလည်း ခံလိုက်ကြပါအုန်း။ စစ်သားတွေ လမ်းဖောက်တယ် တံတားဆောက်တယ်ဆိုတာ အောက်ခြေက စစ်သားတွေပဲလေ။ သူတို့ကုသိုလ်တော့ရပါတယ်။ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် ပြည်ပမှာ ဒါမျိုးတွေမရှိဘူး မသတ်မှတ်ပါနဲ့။ ပြည်ပမှာ လမ်းဖောက်ဖို့က စစ်သားတွေ မလုပ်ပါဘူး။ စည်ပင်သာယာက သူ့အလုပ်သူ ကျေပွန်အောင်လုပ်တဲ့အတွက် မလိုအပ်တာကို အပိုမရှုပ်ကြပါဘူး။ ဒီက လူကို လူလိုသဘောထားပြီး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ကြပါတယ်။ မြန်မာပြည်က မြန်မာလူမျိုးကို လူလို့မသတ်မှတ်တာ အားလုံးသိပါတယ်ရှင်။ ရှင်တို့စစ်သားကောင်းတွေ ပြောစကားအရ မြန်မာပြည်မှာ စစ်သားတွေမြင်ရင် အမေအိုတွေက ဟိုဟာလေးကူညီပါပြောသောစကားဆိုရင် ရှင်တို့နဲ့အတူ သူတို့လည်း မြေကြီးလိုက်သယ်နေရပုံပဲ။ ဒီမှာ ဘယ်မြေကြီးမှသယ်စရာမလိုတဲ့အတွက် အဲဒီစကားကိုမသုံးဘူးဆိုတာ နားလည်ထား ကိုအ၀ှာရေ။ တအိမ်ကိုတယောက် ထွက်ပြီးမြေကြီးကျင်းတူးရမယ်ဆိုသော ပြဿနာကြောင့် မစုစုနွေးတစ်ယောက် ကမ္ဘာကျော်သွားတယ်ဆိုတာ မမေ့နဲ့နော်။ အဲဒီလိုများများဖိနှိပ်လေ မစုစုနွေးလို လူတွေ အများကြီးထွက်ပေါ်လာမယ်ဆိုတာ မတွေးတတ်တဲ့ ရှင်တို့ဦးနှောက်တွေကို မစင်တွင်းထဲ စိမ်ထားချင်ပါ့။
ကျမ General ကိုပြောမယ်။ မြန်မာပြည်စစ်တပ်ရဲ့ ထိပ်ပိုင်း အကြီးအကဲတွေကို နမူနာအဖြစ်ကြည့်ပါ။ နိုင်ငံခြားရေး ၀န်ကြီး နိုင်ငံခြားဘာသာစကား တတ်ပါသလား။ ပညာရေးဌာနအကြီးအကဲ ဘယ်နိုင်ငံက အသိမှတ်ပြုထားသော ဘွဲ့ကိုပိုင်ဆိုင်ထားပြီး မြန်မာပြည်ပညာရေးကို ချုပ်ကိုင်ထားပါသလည်း။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ထိပ်ဆုံးအကြီးအကဲက Harvest University ကများ ဆင်းလာပါသလား။ သူများနိုင်ငံအစိုးရတွေ ကမ္ဘာနဲ့ယှဉ်စကားပြောနေတဲ့အချိန်မှာ မြန်မာပြည်က သန်းရွှေက ပြုံးပြုံးကြီးနဲ့ Guide စကားကိုနားထောင်ပြီး လိမ်ဖို့အသင့်ပါပဲ။ ကိုမောင်အေးကတော့ အရက်ကြားမှာ မျောနေတာပါပဲ။ ဒါက ထိပ်ပိုင်းပါ။ အောက်ပိုင်းကလူတွေအဆင့်ကနေ ကျမ ပြန်ထောက်ပြမယ်။ စစ်သားတွေထဲမှာ ဆရာဝန်တွေ ပါသလား။ အင်ဂျင်နီယာတွေပါသလား။ မြန်မာပြည်ဇတ်ကားတွေမှာတောင် ရိုက်ကြတယ်နော်။ ဖဲရှုံးလို့ ထွက်ပြေးရင်း စစ်ထဲရောက်သွားသောလူ ၊ ဆိုးလွန်းလို့ မိဘတွေက စစ်တပ်ထဲ ထည့်ခံရသောသူ ၊ ကြက်ခိုးရင်း စစ်ထဲရောက်သွားသူတွေပဲ များပါတယ်။ အများစုက ဒါတွေချည်းပါပဲ။ မြန်မာစစ်တပ်ကို သိပ်ချစ်လွန်းလို့ သိပ်ကိုထူးချွန်သော ဦးနှောက်ရှိသူများ ဘယ်သူများ စစ်တပ်ထဲဝင်သွားသလည်း။ ရှိရင် လာပြပါ။ ဒိုင်းဆုပေးလိမ့်မယ်။ အပေါ်မရောက် အောက်မရောက်ဘဲ အလယ်အဆင့်မှာ ပညာတတ်သူများလည်း ရှိပါတယ်။ ကျမနဲ့ အပြင်မှာ တော်တော်ခင်ခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ကတော့ ဟိုးတုန်းကတည်းက စစ်တပ်ထဲ ရောက်သွားခဲ့သူတွေပါ။ သူတို့ကိုယ်တိုင်က နအဖကို မုန်းပေမယ့် စစ်ပြေးမဖြစ်ချင်တဲ့ဘ၀မှာ သည်းခံပြီး နေနေရတာပါပဲ။ တကယ်ကို မှန်ကန်သူဆိုရင် ဒီလိုပြောပါတယ် `ပြည်သူတွေက စစ်သားတွေကို ကြည့်တဲ့အကြည့်ကို ကျွန်တော်တို့တအားခံစားရတယ်ဗျာ´တဲ့။ မယုံရင် ယူနီဖောင်းဝတ်ပြီး ဘတ်စ်ကား တယောက်တည်းသွားစီးကြည့်။ အားလုံးက ရှင်နဲ့ခပ်ခွာခွာနေလိမ့်မယ်။ ထိရမှာ သိပ်ကိုရွံကြလိမ့်မယ်။
အရင်တစ်ချိန် ခင်ညွန့်ဆိုသော အခြောက်ကောင်းစားချိန်က စသုံးလုံးထဲမှာ ကျမဦးလေးဖြစ်သူရဲ့ အထက်အရာရှိအကြောင်းကို သိပြီးချိန်မှာ ရာထူးမြင့်သူများအဆင့်ကို တန်းကနဲ သဘောပေါက်ခဲ့ပါတယ်။ စစ်တပ်မှာ ခိုင်းတာလုပ် ၊ ကျွေးတာစား ၊ အမိန့်ကိုနာခံသူဆိုရင် အပေါ်ကလူတွေက သိပ်ကြိုက်တယ်။ မြန်မာပြည်စစ်တပ်စနစ်က `မင်းအမှန်ကိုသိပြီးတကယ်ကိုထူးချွန်နေလား ဂျောင်း ၊ ဟိုကောင် ခိုင်းတာအကုန်လုပ် ဘာမှမသိ ဘာမှပြန်မပြောသော ငတုံးလား လာခဲ့ ရာထူးမြင့်မြင့်ယူ´ ဆိုသော စနစ်ပါပဲ။ ထောက်လှမ်းရေးက အရာရှိဆိုလို့ အဖေနဲ့စကားပြောနေတာ နားထောင်မိပါတယ်။ ဘာကိုမှ အသိဥာဏ်မရှိသူဆိုတာ အဖေနဲ့ပြောနေတာ နားထောင်ကတည်းက တန်းကနဲ သဘောပေါက်လိုက်ပါတယ်။ ကျမအဖေက ကျမကို အဲဒီတုန်းက `တွေ့လားသမီး ။ အဲဒါ အရာရှိတဲ့´ ဆိုပြီး အထာနဲ့ပြောတော့ ကျမက ရီလိုက်ပါတယ်။ ကျမတို့အိမ်မှာတော့ စည်းကမ်းတစ်ခုရှိပါတယ်။ ခြံရိပ်ကိုတောင် စစ်သားမနင်းရ။ အမျိုးတွေထဲက သူလည်းမလာရ။ အပြင်မှာဆို စကားပြောတယ်။ အိမ်ကို အလာမခံပါဘူး။ စစ်သားတစ်ယောက်လာရင် ပတ်ဝန်းကျင်က အဲဒီအိမ်ကိုစိမ်းသက်သက်ဆက်ဆံတဲ့အပြင် ခပ်ခွာခွာနေတာကို ကျမတို့မလိုချင်ပါဘူး။
ရင်ထဲကရွှေနိုင်ငံက လောလောဆယ်တော့ အညစ်ကြေးတွေဖုံးလွှမ်းနေပါတယ်။ စစ်တပ်ရဲ့ ယုတ်မာမှုတွေက ပြောမကုန်နိုင်အောင် ဖြစ်နေတာကို ကျူပ်တို့အားလုံး လျစ်လျူရှုနေလို့မရပါဘူး။ မိမိနဲ့သက်ဆိုင်ရာ ၊ မိမိတတ်နိုင်ရာဘက်ကနေ အကောင်းဆုံးထိ ကြိုးစားသွားရမယ်ဆိုတာ ရင်ထဲမှာအားလုံးရှိနေပါစေဟု တောင်းဆုပြုရင်း အမှန်ပြောသူ ရေးသူများကို မကျေနပ်သူများ တိုင်နဲ့ခေါင်းသာ ဆောင့်လိုက်ပါဟု အကြံပြုရင်း
လေးစားလျက်
Posted by Anonymous at 5:01 PM 0 comments
Labels: My Opinion
မတူညီသောကွာခြားမှုများ
သိပ်မကြာသေးခင်ကပါ။ ကျမ မြန်မာသံရုံးကို ကိစ္စရှိတာနဲ့ ခဏသွားရောက်ခဲ့ပါတယ်။ သံရုံးရှေ့မှာ ကပ်ထားသော
Posted by Anonymous at 4:58 PM 2 comments
Labels: My Opinion
Sunday, November 12, 2006
ခွင့်လွှတ်ခြင်းဆိုသည်မှာ…
ကနေဒါကမမပြောသွားတဲ့စကားတစ်ခွန်းကို ပြန်ပြောဖို့အချိန်မရခဲ့တာနဲ့ အခုမှ ဆွေးနွေးပါတော့မယ်။
Posted by Anonymous at 8:13 PM 0 comments
Labels: My Opinion