Saturday, August 26, 2006

မေ့မရသောအခင်ဆုံးမောင်နှမများ(၄)



ကျွန်မ မောင်နှမစာရင်းတွေရေးတဲ့အချိန်မှာ တစ်ချို့တစ်လေများကိုလည်း ကျန်ကျန်သွားလေ့ရှိပါတယ်.. ရင်ထဲမှာ မခင်တာမဟုတ်ပါဘူး.. ကျွန်မလည်း လူတွေပြန်စီရင်း ပြန်စီရင်း တစ်ခါတစ်လေပြုတ်ကျန်သွားတယ်.. အဲဒါကို မခင်ဘူး စာရင်းထဲမသွင်းဘူးဆိုပြီး မထင်ဖို့ နိုင်ငံပေါင်းစုံက မောင်နှမမများကို တောင်းပန်ချင်ပါတယ်….. ကျွန်မအခုတစ်လော ဘာသာရေးခေါင်းစဉ်တစ်ခုကို စိတ်ဝင်စားမှုအား တအားများသွားတာ ဒီဘက်ကို လစ်သွားတယ်..

ကိုမင်းတုန်း ( မြန်မာချတ် )

ကျွန်မ စိတ်ဓါတ်ကျချိန်တွေမှာ အနားရောက်လာပြီး လာအားပေးတဲ့အကိုတစ်ယောက်ပါ.. ကျွန်မ သူ့ကိုအတော်ခင်ပါတယ်… ခံယူချက်တွေတူညီသလို ကျွန်မ လိုချင်သော အချက်အလက်များကို ပြောပြပေးပြီး သတင်းထူးရှိရင် ပိုသေချာအောင် စုံစမ်းပေးတဲ့ အကိုတစ်ယောက်ပါ……. စိတ်ဓါတ်ရင့်ကျက်ပြီး ခင်မင်ဖို့အတော်ကောင်းပါတယ်……. ယုံကြည်ရာကိုလှမ်းလျှောက်နေသော အကိုတစ်ယောက် အမြဲပျော်ရွှင်မှုတွေရရှိနေပါစေလို့ ညီမလေးမှ ဆုတောင်းပြုလိုက်ပါတယ်အကို…

--

မမချော ( မမလူစီ ၊ မြန်မာချတ် )

ခံစားချက်နဲ့ပတ်သတ်လာရင် စကားပြောလေ့ရှိသော သိပ်ခင်ဖို့ကောင်းတဲ့အမတစ်ယောက်ပါ… တစ်ခါက လင်းလက်နေခဲ့ဖူးသော နေရာမှာ မမချောက နေတာဖြစ်တဲ့အတွက် နေရာတူသော ညီမတွေလို့ဆိုရမှာပေါ့…. မမချောက စိတ်ရင်းကောင်းမွန်ပြီး စကားပြောရင် ကြင်နာတတ်ပါတယ်… ကိုယ်ချင်းစာနားလည်တတ်ပြီး ချစ်ဖို့ကောင်းတဲ့မမတစ်ယောက်ပါ…… မမဘ၀မှာ လိုချင်တာအားလုံးဆွတ်ခူးရရှိနိုင်ပါစေမမ..

--

ယုန်ပေါက်စလေး

လင်းနဲ့အပြင်မှာ သိပ်ကိုခင်သော ချစ်သူငယ်ချင်းလေးပါ.. ဟဲဟဲ စိတ်ဓါတ်တူတယ်ဆိုရမှာပေါ့.. မဟုတ်မခံ ဇတ်ဇတ်ကျဲတွေပေါ့ ဟိဟိ… လင်းနဲ့ယုန်ပေါင်းပြီး အပြင်သွားပြီဆို တခြားသူငယ်ချင်းတွေ အမြဲမျက်ခုံးလှုပ်ကျန်ခဲ့ရတယ်လေ… ယုန်လေးက သိပ်ကိုစိတ်ထားဖြူစင်သလို သူငယ်ချင်းတွေကို ခင်မင်ပါတယ်.. သူနဲ့လင်း အချစ်ဆုံးအရာတစ်ခုလည်းတူပါတယ်.. အဲဒါ လင်းလက်ဘ၀မှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သော စာပေပါပဲ… လင်းလက်ချစ်သော သူငယ်ချင်းလေးယုန်ဘ၀မှာ အမြဲအောင်မြင်မှုတွေရပြီး ပျော်ရွှင်ချမ်းမြေ့နေပါစေ…

--

နိုင်း ( scorpion )

သူက လင်းနဲ့အတော်လေး ခင်မင်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ… တစ်ယောက်နဲ့တစ်ယောက်မြင်ရင်တော့ စဖဲ့တာ အကျင့်လိုဖြစ်နေပေမယ့် အရေးကြုံလာရင် သွေးစည်းတတ်သော အချစ်ဆုံးသူငယ်ချင်းတွေပါ.. တစ်ချိန်တုန်းက ရင်ထဲမှာရတဲ့ ဒဏ်ရာတစ်ခု သိပ်ပြင်းထန်နေခဲ့ချိန်မှာ စနောက်ပြီး ပျော်အောင် ပြောပေးလေ့ရှိတဲ့ သူ့ခင်မင်မှုတွေကို တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး…. စိတ်ဓါတ်တကယ်ကောင်းမွန်ပြီး ဖြစ်သင့်တာကို ရွေးချယ်တတ်သော သူငယ်ချင်းတစ်ယောက်ပါပဲ.. သူ့ပုံစံကလည်း တော်တော်လေးချောပါတယ် ( မုန့်ကျွေးရမယ် အဟိ )….. လင်းခင်မင်ရသော အချစ်ဆုံးသူငယ်ချင်းနိုင်းဘ၀မှာ ရင်ထဲမှာထားရှိသော ရည်ရွယ်သူလေးနဲ့ အမြန်ဆုံးပြန်လည်တွေ့ဆုံပြီး အောင်မြင်မှုသရဖူကို ထပ်ဆင့်ဆွတ်ခူးနိုင်ပါစေ……

--

ကိုဖြိုး ( စင်ကာပူ )


လင်း မကြာခဏ အကူညီတောင်းလေ့ရှိသော မိတ်ဆွေတစ်ဦးပါ.. လင်းစာတွေကိုလည်း ဖတ်လေ့ရှိပြီး အမြဲဝေဖန်ချက်တစ်ခုပေးတာမို့ လင်းရဲ့ မိတ်ဆွေကောင်းတစ်ဦးလို့လည်း ပြောလို့ရပါတယ်……… တစ်ခါတစ်လေ လင်းဆုံးဖြတ်ချက်ကိုမသေချာရင် သူ့ကို တိုင်ပင်လေ့ရှိပါတယ်….. ခင်ဖို့ကောင်းတဲ့အကိုကြီးတစ်ယောက်ပါ……. ကိုဖြိုးဘ၀မှာ အမြဲပျော်ရွှင်ချမ်းမြေ့နေပါစေ…….

--

ကိုဟိတ်မီ ( ပလန်းနက်ဖိုရမ် )

အင်း သူကတော့ ထူးထူးခြားခြား လင်းခင်ခဲ့ရတဲ့အကိုတစ်ယောက်ပါ…… ဘာသာရေးမှာတော့ ပြိုင်စံရှားအောင် ရေးလွန်းပါတယ် ဟိဟိ … ဖိုရမ်ကနေသူ့ကို မက်ဆေ့ခ်ျတွေနဲ့တစ်ဆင့် စခင်ခဲ့ပြီး အမှန်တရားကို ပြောရဲတဲ့သူ့ကို လေးစားခင်မင်ခဲ့ရပါတယ်…… တစ်ခုပဲခက်ပါတယ်… အသုံးအနှုန်းလေးတွေ ပြင်ဆင်လိုက်ရင် သူက တကယ့်စူပါစတားဖြစ်မှာ အမှန်ပဲ…. ဘာသာရေးနဲ့ပတ်သတ်ရင် ဗဟုသုတအတော်ကြွယ်ပါတယ်… ဖိုရမ်တစ်ခုမှသူလည်း လူချစ်လူခင်ရော လူချဉ်လူခင်ရော အတော်များသွားပါတယ် ဟိဟိ.. အမှန်တရားကို ပန်းကန်ပြားထဲမှာ မထားဘဲ အပြင်မှာ သက်သေနဲ့တကွအမြဲပြောဆိုတတ်သော အကိုဟိတ်ပျော်ရွှင်ချမ်းမြေ့နေပါစေ..

--

နောက် ပလန်းနက်မှ ဘာသာရေးတွင် ပြိုင်စံရှားအောင် သိနားလည် ဗဟုသုတကြွယ်သော ကိုကယ်လ်မွန် ၊ ကိုချိုသဲတို့ကလည်း လင်းလေးစားရသောသူများဖြစ်ပါတယ် ……… လင်းကို ချစ်ခင်ကြသော ပလန်းနက်မှ မောင်နှမမိတ်ဆွေများ ၊ မြန်မာချတ်မှ မောင်နှမမိတ်ဆွေများအပါအ၀င် ၊ လေးစားခင်မင်ရသော ကိုရန်ငြိမ်းချမ်း ၊ နိုင်းနိုင်းစနေ နှင့်တစ်ခြားဘလော့ခ်ဂါများကိုလည်း အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း …………..

လင်းလက်ကြယ်စင် (ဂျူးဂျူး)

1 comments:

Anonymous said...

hi sis,

sis yet sate dat ko chee juee lay zar mi par dal ... but one suggestion pay chin dar ka tot , blog yet back groud color ka black pyit nay tot kyar kyar phat yin, myat lone tway war lar kae dar moe ...

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။