Thursday, August 03, 2006

သူရိန် စိတ်ကူးသက်သက်များမှ......


ဘလော့ခ်တွေလိုက်ဖတ်ရင်းလင်းအရမ်းခင်ရတဲ့ မောင်လေးသူရိန်ဘလော့ခ်ကို အခုရောက်သွားမိတယ်။ သူရေးထားတဲ့ စိတ်ကူးသက်သက်များကို ဖတ်ပြီး ရင်ထဲမှာ ထပ်တူထပ်မျှခံစားမိတယ်. မောင်လေးရေ လင်းကလည်း မောင်လေးဘ၀ထက် ပိုတင်းကျပ်တဲ့ အခြေအနေမှာ ၁၈နှစ်လုံးနေနေခဲ့ရတာမို့ မောင်လေးခံစားချက်ကို အပြည့်အ၀နားလည်ပေးနိုင်ပါတယ်. လင်းကိုဆိုရင်လည်း အပြင်မှာခင်ရင် သိပ်ကိုလွတ်လပ်ပေါ့ပါးတဲ့ မိန်းကလေးတစ်ယောက်လို့ပဲ သာမန်လူတွေကမြင်မှာပါ.. မောင်လေးနဲ့စခင်တုန်းကလည်း မောင်လေးရဲ့လွတ်လပ်တဲ့ခင်မင်မှုတွေကြောင့် ဘယ်သူကမှ အခုလိုထင်မှာမဟုတ်ဘူး.. လင်းကိုယ်ချင်းစာနားလည်ပေးလို့ရပါတယ်.. လင်းကိုယ်တိုင်ကလည်း လူ၂ကိုယ်လို့ထင်ရလောက်အောင် ပင်ကိုယ်စိတ်ရင်းကတစ်မျိုး ၊ အိမ်မှာဆိုတစ်မျိုးနေရတာလေ.. မောင်လေးစာတွေကိုဖတ်ပြီး လင်းကိုယ်တိုင်လည်း ခံစားရတယ်.. လင်းဘ၀အကြောင်းရေးထားတာတွေလည်း အားရင်ဖတ်ကြည့်လေ.. မောင်လေးကို အပြစ်လို့ဆိုထားတာထက် လင်းလည်းအပြစ်ပါပဲ..

မိဘနဲ့သားသမီးကြားက နားမလည်ပေးထားတဲ့ ပဋိပက္ခတွေကို လင်းစာတစ်စောင် ရေးမလားစိတ်ကူးနေပါတယ်.. ကိုယ်တွေလိုချင်တာနဲ့ သူတို့နဲ့က အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ ကြည့်လိုက်ရင် လူငယ်တွေကချည်း လျှော့ပေးနေရတာ တွေ့နေရတယ်. မိဘဆိုတာ သားသမီးကို အချစ်ဆုံးသူတွေပါ.. သားသမီးတွေကလည်း သိပါတယ်.. ဒါပေမယ့် လင်းလက်တို့နေတဲ့ခေတ်က အိမ်ထဲမှာ မခို့တရို့နေရမယ့်အချိန် မဟုတ်တော့ဘူးလေ.. အောင်ကောင်းထက်ပြောခဲ့သလို မြန်မာပြည်က မိဘတွေသားသမီးကိုချစ်တာတော့ ပြိုင်စံရှားပါတ်ယတဲ့.. အဲလိုစကားအတွက် ကိုယ်က ဂုဏ်ယူပေမယ့် ချစ်ခံရတာတော့ မသက်သာဘူးကွယ်...

ဘာပဲဖြစ်ဖြစ် သိပ်စိတ်ညစ်မခံနဲ့မောင်လေးရေ.. အပြစ်ဆိုတာ အချစ်လို့သတ်မှတ်ကြတာပေါ့.. အင်း စဉ်းစားကြည့်ရင် တို့မောင်နှမတွေအဖြစ်ကလည်း အတူတူပါပဲ.. ကြားရတာ လင်းကိုယိတိုင်လည်းစိတ်မကောင်းသလို ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်သေးပါဘူး..

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။