သူကတော့ Singapore Idol က လင်းအကြိုက်ဆုံး အဆိုရှင်ပါပဲ….. အမြဲတမ်း ဆံပင်ကို မျက်နှာတစ်ဝက်ဖုံးထားပြီး သူတို့တစ်ဖွဲ့လုံးက ပုံစံအတူတူပါပဲ…. သူ့အသံကတော့ အကောင်းဆုံးစာရင်းထဲမပါပေမယ့် သူက သီချင်းဆိုတဲ့အမူအယာ ၊ ပုံစံလေးက အတော်ချစ်ဖို့ကောင်းတာမို့ စင်ကာပူက မိန်းကလေးအတော်များများအားပေးမှုကို ရယူထားသူပါ… ၀ိုင်းစက်တဲ့မျက်လုံးနက်ကြီးနဲ့ မိန်းကလေးတစ်ယောက်လို ချောတာမို့ အရုပ်ကလေးနဲ့တူတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေပါတယ်.. အပြင်မှာလည်း သဘောအတော်ကောင်းပါတယ်…. သူုတို့ပြိုင်ပွဲက အခုထိအဆုံးမသတ်သေးပါဘူး.. ပြိုင်ပွဲတစ်ခါမှာ မက်ဆေ့ခ်ျနဲ့ စံချိန်ဆုံးဖြတ်တာလည်းပါဝင်တာမို့ Paul အတွက် Singapore Idol ညမှာ အိမ်မှာရှိတဲ့ဖုန်းတွေအားလုံးနဲ့ ပို့ကာအားပေးတာကြောင့် အဖေက ခဏခဏဆူပါတယ် .. ဘေလ်လာရင် တစ်နင့်ကြီးရှင်းရလို့တဲ့လေ ဟိးဟိး… မတတ်နိုင်ဘူးအဖေရယ်.. သမီးက Paul အသံမကောင်းပေမယ့် သူ့ကို အားပေးချင်တာကိုး…
3 comments:
Joakim is way cuter than Paul :P hehe.. right?? neway Paul rox but Joakim dun.. but .. Joakim is damn cute nor :P hehe
ဟမ်.. သူ့ကိုကြိုက်တယ်....
Oh My God!!! u like that ugly Paul? smthing wrong !!!
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။