![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic8mz2erZkNXxMmp0iuypBCvvvWOQ4wmi92I-ygPlt4wKt_sbtm1MISkYV6BZ6PFqPNiL00Vr4vHX4-G4qFcIZbuAOU3UdiVX0jXgbqEbSycTqkzYiI7DTrDJCPHL6z-brKnJLsg/s320/SP_A0363.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHn0Vd2gUcAWrrfg-W4sVxZXixa-OvgQ2YUQHTfNIn-866zCTyGufrBMvjTZhMmUypouykUOkuYarmkGe94fSuCKcHWTkBcCJzugESqYcoBe6frVTcA9wtVsRTq7V7vJqDgZ8f_A/s320/SP_A0369.jpg)
အထဲမှာ ကျယ်ကျယ်ဝန်းဝန်းရှိသော နေရာအပြင်အဆင်ကို သဘောကျမိပါတယ်။ အစားအသောက်တွေကို အင်းလေးဆိုင်လို အပွဲလိုက်မမှာရတဲ့အတွက် ဈေးနှုန်းက တော်တော်လေးပိုသက်သာပါတယ်။ အစားများများစားလေ့မရှိတဲ့ ကျွန်မအတွက် သီးစုံချဉ်ရေဟင်း ၊ ပုဇွန်ချဉ်သုပ်နဲ့ ငါးနီတူးခြောက်အနည်းငယ်ကိုပဲ မှာယူလိုက်ပါတယ်။ ထမင်းဟင်းမှာယူပြီးချိန်မှာ မြနန္ဒာဆိုင်က ချဉ်ပေါင်ရွက်ဟင်းချိုတစ်ခွက်ပေးတော့ ထမင်းပွဲအတွက် ပိုကောင်းသွားတာပေါ့ .. ။ မြန်မာဆိုင်တွေမှာ ငါးပိရည်နှင့်တို့စရာ စားချင်သူများအတွက် ပြင်ဆင်ပေးထားတာကို သဘောကျမိပါတယ်။ သခွားသီးတစ်ခုကိုပဲ ကျွန်မကြိုက်တဲ့အတွက် သခွားသီးစိတ်လေး အနည်းငယ်ကိုပဲ ထည့်ယူလိုက်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9Af478qav3wBrsC4xpVj_qUcF5k054eguM8fdYi_MdG4ANCjOPQYIhwxVKtHKOtlBsbyywO-mjouo7ywSX38BupaXbP7t3XoXbiyNxadZbkMn2Szgkz6dtgOj_YxOs4Z3DDUrA/s320/SP_A0365.jpg)
အအေးဘူးတစ်ဘူးနှင့် ထမင်းပွဲလင်ဘန်းကိုကိုင်ပြီး အထဲက ထောင့်တစ်နေရာမှာ နေရာဝင်ယူလိုက်ပါတယ်။ ဒါမှ လူသွားလူလာကို ကျွန်မ အကဲခတ်လို့ရမှာလေ။ ထမင်းတစ်ဇွန်းခပ်စားလိုက်ချိန်မှာ သာမန်ထက် ပိုပျော့နေသော ထမင်းကို ကျွန်မ နည်းနည်းစိတ်ညစ်သွားပါတယ်။ ဘယ်ဆိုင်မှာ ထမင်းစားစား မာသော ထမင်း ၊ အလွန်ပျော့သော ထမင်းဆိုရင် ကျွန်မက စိတ်ပျက်လေ့ရှိပါတယ်။ ဟင်းအရသာတွေက မဆိုးပါဘူး။ စားလို့ရသော မဆိုးဘူးအခြေအနေလောက်မှာရှိပါတယ်။
တခြားနေ့တွေ ကျွန်မ မရောက်ဖူးတော့ မသိပါဘူး။ ကျွန်မသွားသောနေ့ရက်မှာတော့ ချက်ထားသော ဟင်းတွေကို လေ့လာကြည့်မိသလောက် ဟင်းအမျိုးအစား များပေမယ့် မြန်မာဟင်းကောင်းကောင်းတွေ စုံစုံလင်လင် စီစဉ်ထားတာ မတွေ့ရသေးပါဘူး .. ။ ငါးသလောက် ၊ ငါးဖယ် ၊ ကန်စွန်းရွက်ကြော် နှင့် အခြားအရွက်ကြော်များ အစရှိသော ဟင်းအမျိုးအစားများလည်း စီစဉ်သင့်တယ်လို့ မြင်မိပါတယ်။
ချဉ်ပေါင်ရွက်ဟင်းချိုကို ချက်ထားတာ ပိုကောင်းပါတယ်။ ဆိုင်နေရာက ပိုမိုကျယ်ဝန်းတဲ့အတွက် ထိုင်ရတာ ပိုအဆင်ပြေပါတယ်။ စားသောက်နေသော ရွှေမြန်မာများကိုကြည့်ရင်း ကျွန်မစိတ်ထဲ မြန်မာပြည်မှ စားသောက်ဆိုင်လေးများကို သတိရနေမိပါတယ်။
ကျွန်မစိတ်ထဲ မြန်မာဆိုင်အစားအသောက်တွေစားတိုင်း အီစိမ့်သွားတာကို သတိထားမိပါတယ်။ ကျွန်မတို့ အိမ်ရဲ့ ဟင်းချက်ပုံစံက အဆီအဆိမ့်နှင့်အငံကို အကျင့်လုပ်ပြီး တော်တော်လေးလျှော့သုံးတဲ့အတွက် ဆိုင်အစားအသောက်တွေစားတိုင်း ဆီများမှုဒဏ်ကို ကျွန်မ သိပ်မခံနိုင်ပါဘူး။ အထူးသဖြင့် ချစ်သူကို မြန်မာထမင်းဟင်းစားစေချင်စိတ်နဲ့ ဆိုင်တွေမှာ သွားစားလေ့ရှိပေမယ့် ကျွန်မအတွက်တော့ ဆီနှင့်အငံ လျှော့ထည့်ဖို့ ၊ ဆီပြန်ဟင်းတွေမစားမိဖို့ အမြဲသတိထားရပါတယ်။
အမိမြေနှင့်ဝေးနေချိန်မှာ အလွမ်းဆုံးသောအရာတွေထဲ တစ်ချိန်က မတွေးခဲ့ဖူးတဲ့ စားနေကျ အစားအသောက်တွေကို တော်တော်သတိရနေမိပါတယ် .. ။
12 comments:
ထမင်းပျော့တော့လည်း ဝါးရသက်သာတာပေါ့။
ဟင်းနည်းတော့လည်း ရွေးရမခက်တော့ဘူးပေါ့။
ချင်းမိုင်မှာလည်း မြန်မာထမင်းဆိုင်ရှိတယ်။ ဒါပေမယ့် မြန်မာမဆန်တဲ့ဟင်းက များတယ်။
အသစ်ဖွင့်တယ် ပြောတယ်။ လင်းလက်လို သွားစားကြည့်ရင် ပို့စ်တစ်ခုရမလားပဲဗျို့။
သင်ကာ
having a Burmese foods in far away is priceless....
မြန်မာစားသောက်ဆိုင်တွေရဲ. ထုံးစံကတော့ ဆီများတာပဲ။ ထမင်းကုန်ခါနီးရင် ပိုပြီးသိသာပါတယ်။ အောက်မှာ ဆီတွေတပုံကြီးနဲ့  စားရတာ အီလာရော။ အဟဲ ရောက်တုန်ုးစားရတာဆိုတော့လည်း ချေးမများနိုင်ဘူးဗျ။ လာသမျှ ခေါင်းမဖော်တန်းပဲ ဆိုပါတော့။
ယူကေမှာတော့ ထမင်းက ကျောက်ခဲလိုဘဲ ကျက်လဲ မကျက်ဘူး။ စားသောက်ဆိုင်သွားရင်တော့ ၅၀-၆၀ ပေါင် အနည်းဆုံးပေးရတယ်။ နောက်ဆုံးတော့ အိမ်ချက်ဘဲ စားရတယ်။ လွမ်းလိုက်တာ ရဲရင့်က လဘက်ရည်
ကျနော်လဲ ရောက်တယ်.. နေရာလေးကတော့ ကောင်းပါ့.. အစားအစာကတော့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်..
ဘလော့စ်မေတ္တာ ခံယူထားပါတယ်.. လာဆူရန် ဖိတ်ခေါ်ပါတယ်..
လင်းလက်ဆီ အရင်ထဲက ရောက်ပါတယ်----
စီပုံးမှာလည်းခြေရာချန်ဘူးပါတယ်---
စားသောက်ဆိုင်လေးအကြောင်းဖတ်ရတော့လည်း
အမိမြေကို လွမ်းတယ်---
အစားအသောက်လေးတွေ ပြထားတာလည်း
စားချင်စရာပါ---
စင်္ကာပူကိုသွားလည်ဖို့ စဉ်းစားနေတာကြာပြီ---
စင်္ကာပူမှာ ချစ်မိတ်ဆွေတွေ များတော့ လည်
ဖြစ်အောင်သွားလည်မယ်----
ခင်မင်လျက်
မသက်ဇင်
ဟုတ်တယ် တချို့ ဆိုင်တွေကစေတနာမပါဘူး
ဒါနဲ့ တချို့ ဘလောက်တွေလိုမျိုး ပထမဆုံးလေးများ တင်စေချင်တယ် ...
ကျွန်တော် topic တချို့ ပေးမယ်လေ။
-ပထမဆုံးတက်ရသည့်ကျောင်း
-ပထမဆုံးတက်ရသည့်အတန်း
-ပထမဆုံးအတန်းပိုင်ဆရာမ
-ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)
-ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)
-ပထမဆုံး ဖတ်ရသော စာအုပ်
-ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ
-ပထမဆုံး ရဖူးသောဆု
-ပထမဆုံး ဝယ်သော သီချင်းခွေ
-ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ
-ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
-ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်
-ပထမဆုံး ရေးခဲ့သော ရည်းစားစာ
-ပထမဆုံး ကဗျာ
-ပထမဆုံးရောက်ခဲ့သော အခြားမြို့
-ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
-ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်
-ပထမဆုံး ချက်ဖူးသော ဟင်း
-ပထမဆုံး ပစ်ဖူးသော သေနတ်
-ပထမဆုံး ဘလော့ပို့စ်
-ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
-ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
-ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
စသဖြင့်ပေါ့နော်။
ညီမရေ
ဗမာဆိုင်တွေ ပေါများလာတာ ၀မ်းသာစရာပဲနော်။ Pennisula Plaza တခုလုံးကို ဗမာတွေ သိမ်းလိုက်ပြီ ထင်ပါရဲ့။ အမတို့ရှိတုန်းကတော့ ဗမာဆိုင် ၃-၄ ဆိုင်ပဲ ရှိသေးတယ်။ အားကျလိုက်တာ။
လင်းလက်တို့က စားမကောင်းဘူးလို့ ဆိုသည့်တိုင် သွားစရာ ဆိုင်လေးတော့ ရှိသေးတာပဲနော်၊ ကျနော့်ဆီ မှာတော့ တရုတ်နဲ့ ထိုင်းစားသောက်ဆိုင်တောင် ခပ်ရှား ရှားရယ်...၊ မြန်မာဆိုင်ဆိုတာတော့ ဝေလာဝေး....၊
ဒီတော့လည်း ဘဲဥလောက်ပဲ ပြုတ်တတ်တဲ့ အရည်အချင်းလောက်ကနေ ဝက်သားနီချက်နဲ့ မြင်းခွာ ရွက်သုပ်လိုမျိုး လုပ်တတ်လာတဲ့ အထိ trial and error သွား ရတော့တာပဲဗျာ... :D
ဒါတွေမြင်ရတော့ မြန်မာအစားအသောက်ကိုလွမ်းမိပါရဲ့
မမရေ...အလည်ရောက်လာရင်းမြနန္ဒာမှာထမင်းဝင်စား
သွားတယ်...မဆိုးပါဘူးကောင်းသားပဲ
ဒါပေမဲ့ကျနော်ကတော့ဧရာဝတီကိုပိုကြိုက်တယ်...အိမ်ကဟင်းချက်တာနဲ့တူသလားလို့ပါ...ဟဲဟဲ
အဆင်ပြေပါစေဗျ
Sis linlet...အဲဒီဆိုင်မှာ လာစားသွားသေးတယ်...စားလို့ ကောင်းပါတယ်...
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။