Friday, September 26, 2008

ချစ်သူ့မွေးနေ့ .. ခံစားမှုပုံရိပ်များ


ညဦးလေပြေက တသွင်သွင်တိုက်ခတ်လျက် ပူစပ်ခြင်းနှင့်အေးမြခြင်းများ အချိုးကျပေါင်းစပ် အသက်ဝင်နေသော လှပသော ညတစ်ည .. ။ ကျွန်းတစ်ကျွန်းတစ်နေရာ အဖြူရောင်အိမ်ကလေးတစ်ခုမှာ နှစ်ခြိုက်စွာ အိပ်မောကျနေနိုင်လောက်ပြီဖြစ်သော ချစ်သူအကြောင်းကို ကျွန်မ သတိရခြင်းများဖြင့် ပိုမိုတွေးနေမိသည်။ ဖြတ်သန်းကျော်ဖြတ်ခဲ့ရသော အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ထင်ရပေမယ့် နက်ရှိုင်းသော ရင်တွင်းတစ်နေရာ အသဲနှလုံးထောင့်မှာ ဖြစ်ပျက်မှုများအားလုံးက ပူနွေးသစ်လွင်စွာ ထင်ဟပ်နေဆဲ .. ။ ပျော်ရွှင်ရင်ခုန်ခြင်းများဖြင့် စတင်ဖွဲ့တည်ခဲ့သော လေးနက်သောခံစားမှုတစ်စုံနောက်ကွယ်မှာ ကျော်ဖြတ်ခဲ့ရသော အဖြစ်အပျက်များက (၂)နှစ်တာ ကာလအတွင်း သိပ်မနည်းခဲ့။

ခပ်လှမ်းလှမ်းမှ ခရေပင်လမ်းကလေးကိုကြည့်စဉ် မျက်ဝန်းထဲမှာ အကြင်နာလွှမ်းခြုံသော နွေးထွေးပျော်ရွှင်မှုများက တဖြေးဖြေးနေရာယူလာသည် .. ။ လေးနက်ခိုင်မာစွာ တွဲထားသော လက်တစ်စုံက ရံဖန်ရံခါ ပြင်းထန်စွာ ဖြစ်ပေါ်တတ်သော အစိုင်အခဲများကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်စွမ်း ရှိခဲ့သည် .. ။


ပြင်းထန်သော စိတ်ဗီဇပိုင်ဆိုင်သူနှစ်ဦးအတွက် အေးချမ်းခြင်းဆိုသော မေတ္တာတရားကို ခိုင်မြဲသောချစ်ခြင်းကြောင့်သာ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြသည် .. ။ ဘ၀မှာ အကျေနပ်ဆုံးအရာတစ်ခုကို ပြပါဆိုလျင် ကျွန်မ၏နှလုံးသားတစ်စုံကို ဖော်ထုတ်ပြရလိမ့်မည် .. ။

`ချစ်ခြင်းမေတ္တာ´တစ်ခု နှလုံးသားအိမ်တစ်ခုမှာ ပေါက်ဖွားလာနိုင်သလို `ပြုစုပျိုးထောင်ခြင်း´ မရှိခဲ့လျင် အလွယ်တကူ ပျောက်ကွယ်နစ်မြုပ်သွားနိုင်ကြောင်းကို ကျွန်မ အထင်အရှားသဘောပေါက်ခဲ့ဖူးသည်။

ဘ၀မှာ အခက်ခဲဆုံးသော နားလည်မှုတစ်ခုကိုလည်း အတော်အသင့် သိရှိသဘောပေါက် အဆင်ပြေခဲ့ပြီဖြစ်သလို ခိုင်မြဲလွန်းလှသော ဒီသံယောဇဉ်တွယ်တာမှုကိုလည်း ကိုယ်တိုင်ပင် အံ့သြပြုံးပျော်ခဲ့ရသည်။

`ပြုစုပျိုးထောင်ခြင်းဆိုသော လောင်းရိပ်အောက်မှာ မခွဲတမ်း ခိုင်ခိုင်မြဲမြဲ တည်ရှိနေခဲ့တဲ့ အကြင်နာမေတ္တာ ကျေနပ်ဖွယ်ဘ၀လေးတစ်ခုအတွက် ရင်မှခံစား ကျေးဇူးတင်လျက်ပါ ချစ်သူ ……… ။´


`လူ့ဘ၀ကို အစပြုခဲ့တဲ့ မွေးနေ့ရက်မှ ရာသက်ပန် တစ်သက်လုံး အကြင်နာမေတ္တာ ၊ ငြိမ်းချမ်းမှု ၊ အောင်မြင်မှု ၊ စစ်မှန်သော ကျေနပ်ပျော်ရွှင်မှုများကို ကျန်းမာပျော်ရွှင် သာယာချမ်းမြေ့စွာ ပိုင်ဆိုင်ရရှိနိုင်ပါစေ ချစ်သူ .. ´

Happy Birthday Ko Ko.

Wishing You Peace, Love, Health & Happiness On Your Special Day & Always !!

Wishing You Every Good Thing That Life Can Bring On Your Birthday & Always!!

With Lots Of Love From Me To Say .. Have A Wonderful Birthday :)

3 comments:

flowerworld said...

ညီးမလင်းလက်ရေ မလာတာကြာလို့မဖတ်ရသေးတာတွေအကြွေးတင်နေတာ အခုတောံအကုန်ပြီးအောင်ဖတ်သွားပြီးနော် လွန်းထားထားလဲီးလေးကြိုက်တယ် အခုမှသာမဖတ်တော့တာ အရင်ကဆိုပေါ်တိုင်းဖတ်တယ် ....း))
ချစ်သူရဲ့မွေးနေ့ကိုဒီနှစ်မှသည်နောင်နှစ်ပေါင်းမျာစွာ ညီမနဲ့အတူတူ ပျော်ရွှင်စွာပြုလုပ်သွားနိုင်ပါစေ ခင်မင်လျက် မီးလေး
ps..မီးလေးဆီလဲလာလည်ဦးနော်အခုဘလော့ခ်ရေးနေပြီး...း))
http://khaingthinzar.blogspot.com

Kaung Kin Ko said...

နှစ်ယောက်စလုံး အတွက် ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ

Anonymous said...

ပျာ်ရွှင်ရင်ခုန်ခြင်းများဖြင့် စတင်ဖွဲ့တည်ခဲ့သော လေးနက်သောခံစားမှုတစ်စုံနောက်ကွယ်မှာ ကျော်ဖြတ်ခဲ့ရသော အဖြစ်အပျက်များက (၂)နှစ်တာ ကာလအတွင်း သိပ်မနည်းခဲ့။

ခပ်လှမ်းလှမ်းမှ ခရေပင်လမ်းကလေးကိုကြည့်စဉ် မျက်ဝန်းထဲမှာ အကြင်နာလွှမ်းခြုံသော နွေးထွေးပျော်ရွှင်မှုများက တဖြေးဖြေးနေရာယူလာသည် .. ။ လေးနက်ခိုင်မာစွာ တွဲထားသော လက်တစ်စုံက ရံဖန်ရံခါ ပြင်းထန်စွာ ဖြစ်ပေါ်တတ်သော အစိုင်အခဲများကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်စွမ်း ရှိခဲ့သည် .. ။

ပြင်းထန်သော စိတ်ဗီဇပိုင်ဆိုင်သူနှစ်ဦးအတွက် အေးချမ်းခြင်းဆိုသော မေတ္တာတရားကို ခိုင်မြဲသောချစ်ခြင်းကြောင့်သာ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြသည် .. ။ ဘ၀မှာ အကျေနပ်ဆုံးအရာတစ်ခုကို ပြပါဆိုလျင် ကျွန်မ၏နှလုံးသားတစ်စုံကို ဖော်ထုတ်ပြရလိမ့်မည် .. ။

`ချစ်ခြင်းမေတ္တာ´တစ်ခု နှလုံးသားအိမ်တစ်ခုမှာ ပေါက်ဖွားလာနိုင်သလို `ပြုစုပျိုးထောင်ခြင်း´ မရှိခဲ့လျင် အလွယ်တကူ ပျောက်ကွယ်နစ်မြုပ်သွားနိုင်ကြောင်းကို ကျွန်မ အထင်အရှားသဘောပေါက်ခဲ့ဖူးသည်။

ဘ၀မှာ အခက်ခဲဆုံးသော နားလည်မှုတစ်ခုကိုလည်း အတော်အသင့် သိရှိသဘောပေါက် အဆင်ပြေခဲ့ပြီဖြစ်သလို ခိုင်မြဲလွန်းလှသော ဒီသံယောဇဉ်တွယ်တာမှုကိုလည်း ကိုယ်တိုင်ပင် အံ့သြပြုံးပျော်ခဲ့ရသည်။


"ကြိုက်လွန်းလို့ဒီ စကားစုလေးကို အနှစ်သာရ ရှိလွန်းလို့"

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။