Sunday, September 21, 2008

သ၀န်တိုတယ်

အခုတစ်လော ကျွန်မ အလုပ်များနေတာကြောင့် ရေးလက်စ စာတွေကို လက်စမသပ်နိုင် ဖြစ်နေတဲ့အတွက် ဒီလ အမှတ်တရ(၇)ရက်နေ့မှာ မဖော်ပြဖြစ်ခဲ့သော ၀တ္ထုတိုတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ ကိစ္စသေးသေးလေးတွေမှာ စိတ်နုတဲ့အမျိုးသမီးသဘာဝအရ ပိုသ၀န်တိုတတ်လေ့ရှိပါတယ်။ သ၀န်တိုခြင်းဟာ ဘယ်လောက်ထိဖြစ်တတ်သလဲဆိုတာကို ခံစားဖတ်ရှုကြည့်နိုင်ပါတယ်။

သ၀န်တိုတယ်
လွန်းထားထား (ဆေးတက္ကသိုလ်)

သူ့ရဲ့ချစ်သူဖြစ်ခွင့်ရတဲ့အတွက်လည်း ကျွန်မအမြဲဂုဏ်ယူကျေနပ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

၁)
တကယ်ပါ .. ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာ သူ့ကို အခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သ၀န်တိုငြူစူခြင်း မရှိခဲ့ဖူးပါဘူး။ ချစ်သူဘ၀တုန်းကတောင် သူ့ကို သ၀န်မတိုခဲ့ရပါဘူး။ သူကလည်း ကျွန်မကလွဲလို့ ဘယ်မိန်းမကိုမှ မျက်လုံးနဲ့တောင် မပြစ်မှားခဲ့သူလေ။ အဲဒီလောက် တည်ငြိမ်အေးဆေးခဲ့သူပါ။

ချစ်သူဘ၀တစ်လျှောက်လုံး ကျွန်မကလွဲလို့ ဘယ်သူ့ကို ဦးစားမပေးခဲ့။ ကျွန်မကို ဦးစားပေးလွန်းလို့ သူ့ သူငယ်ချင်းတွေနဲ့လည်း မကြာခဏ ပဋိပက္ခဖြစ်ခဲ့ရသူ .. ။ သူ့မိဘတွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မမှ ကျွန်မ။ ကျွန်မကတော့ အလိုလိုက်ခံရလွန်းတဲ့ ကလေးတစ်ယောက်လို သူ့အပေါ် အမြဲဗိုလ်ကျနွဲ့ဆိုး ဆိုးခဲ့သူပါ။

သူ့ရဲ့ချစ်သူ ဖြစ်ခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူ ကျေနပ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

ကျွန်မနဲ့ သူ့ကို စံပြချစ်သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မတို့ အိမ်ထောင်ရေးကိုလည်း စံပြအိမ်ထောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့ပါရဲ့။

တကယ်လည်း ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ဦးဘ၀ဟာ ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံ ခမ်းနားခဲ့ပါတယ်။ စားအတူ ၊ သွားအတူ အမြဲမခွဲဘဲ တတွဲတွဲရှိခဲ့ပါတယ် .. ။ မြင်သူတကာတိုင်းလည်း သိပ်ချစ်တတ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ကို အမြဲချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ကျွန်မတို့နှစ်ယောက်ကြားကို `သူ´ ရောက်လာခဲ့တဲ့ အချိန် မတိုင်ခင်အထိပေါ့လေ … ။

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

7 comments:

Anonymous said...

လာလည်တယ်ညီမလေးရေ


မမခိုင်

Anonymous said...

ညီမ လင်းလက်ကြယ်စင် ...

အဲဒီ အဖြစ်အပျက်မျိုးက အပြင်မှာ တကယ်ရှိနိုင်ပါ့မလား။

စာရေးဆရာမ လွန်းထားထားက နည်းနည်းများ လွန်လွန်ကျူးကျူးများ ဖွဲ့ဆိုထားသလားလို့။

အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်၊ ယောကျာင်္းတွေဟာ သူတို့ လုပ်ငန်းအတွက် ယုံစရာ ရှိရင် အရမ်းယုံတတ်ကြတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ချစ်ဇနီး သို့ သားသမီးကို ဦးစားမပေးနိုင်လောက်အောင် အခုလိုပုံစံမျိုးနဲ့ အမြဲတစေ ဂရုစိုက် ယုံကြည်တာမျိုးကတော့ ယောကျာင်္းတစ်ယောက်အနေနဲ့ လက်မခံပါဘူး။

ယုတ္တိယုတ္တာ သိပ်မရှိတဲ့ ၀တ္ထုတိုတစ်ပုဒ်လို့ပဲ သတ်မှတ်လိုက်တယ်။

ပို့စ် အသစ်တင်ပေးတဲ့အတွက် ကျေးဇူးပါ။

ခင်မင်လျှက် ...

လင်းလက်ကြယ်စင် said...

လူဆိုတဲ့သဘာဝအရ တစ်ယောက်ကို စိတ်တစ်မျိုးစီရှိကြတဲ့အတွက် ရှိတယ် ၊ မရှိဘူးဆိုတာ သိပ်ပြောလို့မရပါဘူး။ ဒီဝတ္ထုထဲမှာ ဇာတ်ကောင်အမျိုးသမီးဟာ သူ့အမျိုးသား သူ့ကို အမြဲတစေ ဂရုစိုက်ဆုံးဖြစ်နေရာကနေ အခြားအရာလေးတစ်ခုကို မက်မောမှုဖြစ်သွားတဲ့အတွက် သူကိုယ်တိုင်မသိလိုက်တဲ့ လုပ်နေကျ အပြုအမူလေးတွေ မေ့လျော့သွားတဲ့အတွက် အမျိုးသမီးက ကလေးဆန်ဆန် သ၀န်တိုမိတာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေ ရှိပါတယ်။ ဥပမာ ညီမကိုယ်တိုင် တခါတလေ ညီမချစ်သူက ညီမကို ပုံမှန်ကြင်နာမှုတွေ မတော်တဆမေ့သွားပြီး အခြားအရာတစ်ခုခုကိုပဲ ဦးစားပေးဂရုစိုက်လွန်းလာရင် စိတ်ထဲမှာ မကြည်သလိုလို ဖြစ်လာတတ်ပါတယ်။ အဲဒီအခါကျရင် ကိုယ့်စိတ်ထဲရှိတာကို ရိုးရိုးသားသား ဖွင့်ပြောရပါတယ်။ အဓိကက လောကကြီးမှာ မရှိဘူးလို့ ဘယ်အရာကိုမှ တပ်အပ်ပြောလို့မရဘူးလို့ မြင်မိပါတယ်။ လူဆိုတဲ့ သတ္တ၀ါကိုက ပုံစံအမျိုးမျိုး ၊ စိတ်အမျိုးမျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားခြင်းပင် မဟုတ်ပါလော။ ၀တ္ထုတစ်ပုဒ်အနေနှင့် သဘောကျခံစားမိခြင်းပါ။ Thanks for your comment :)

ခင်မင်စွာဖြင့်

လင်းလက်ကြယ်စင်

Chaos said...

ဘာပဲဖြစ်ဖြစ် ရှိခြင်း၊ မရှိခြင်းဆိုတာထက် ရှိခဲ့ရင်လို့တွေးမိပြီး ကြိုတင် သ၀န်တိုနေတတ်တဲ့ အစ်မ ကိုယ့်ကိုယ်ကို ရီချင်သွားတယ်။ ဒီလောက်လေး ဖတ်တာတောင် ဒီလိုဖြစ်နေရင်.....တကယ်များ ဖြစ်ခဲ့ရင် ဘယ်လိုနေမယ်မသိ။ ညီမလေး ကွန်မန့်အတွက် ကျေးဇူးတင်တယ်နော်။ အိပ်ပျော်အောင် ကြိုးစားကြည့်မယ်လေ။

Unknown said...

ဆွဲသွားတယ်ညီမရေ Download :P

thonn thonn said...

လွန်းထားထားကိုတော့ ၁၆ နှစ်လောက်အရွယ်တုန်းက သိပ်ကြိုက်တာ။ အလွန်အကျူးဖွဲ့ဆိုသည် မဖွဲ့ဆိုသည် အပထား ၊ မိမိကို တဒင်္ဂတောင်မဟုတ်ပါဘူး ဖတ်တယ်ဆို ဖတ်တဲ့တစ်ရက်လုံးလောက်တော့ သူ့ဇာတ်ကောင်တွေက စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ပေးစေတယ်။ လွန်းထားထားဖတ်တယ်..ဟုတ်လား ဆိုတဲ့ အမေးမျိုးကို သရော်သလိုလိုအမေးခံဖူးပါတယ်။ အမှန်တော့ ယောကျာ်းငယ်တွေ မောင်လှမျိုး ကြိုက်သလို မိန်းမငယ်တွေ လွန်းထားထားကြိုက်တယ် ၊ ဒါသဘာဝပါပဲ။ သူ့စာတွေ စိတ်ကူးယဉ်ဆန်လွန်းတယ်ပဲဖြစ်ဖြစ် ဖတ်မိသူ ငြိစေအောင်ရေးနိုင်တာကိုက သူ့ရဲ့ကလောင်စွမ်းရည်တစ်မျိုးပဲ။ လောလောဆယ် ဒေါင်းလုပ်တော့ ဆွဲသွားလိုက်ပြီ။

Anonymous said...

င်္လန်းထားထားရဲ့အေ၇းအသားတွေကြိုက်တယ်ဟုတ်လား
အရူးတွေပဲ
တော်တော်ဂေါက်တာပဲ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။