Saturday, June 07, 2008

အတ္တရောင်ပြန်


လတိုင်းရဲ့ ၇ ရက်နေ့တိုင်း တစ်ခုခုမှတ်သားစရာ စွဲကျန်ရစ်တတ်တဲ့ ၀တ္ထုတိုလေးတွေကို ကျွန်မ စာဖတ်သူတွေအတွက် ကြိုးစားဖော်ပြပေးခဲ့ပါတယ်။ တစ်ချို့ရသ၀တ္ထုတိုလေးတွေကတော့ ကျွန်မကိုယ်တိုင် ရေးဖြစ်သလို အချို့ဝတ္ထုတိုတွေကိုတော့ ကျွန်မနှစ်သက်ဖတ်ရှုမိတာတွေထဲကနေ ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ အမှတ်တရဆိုတာလူတိုင်းမှာ ရှိစမြဲပါပဲ .. ။ (၇)ရက်နေ့တစ်ရက်ဟာ ကျွန်မအတွက် မေတ္တာရေးနှင့်ပတ်သတ် အမှတ်တရနေ့တစ်ခုဖြစ်တာမို့ ထိုနေ့တွေတိုင်းမှာ မေတ္တာရေးနှင့်ပတ်သတ် မှတ်သားဖွယ်အကြောင်းအရာကိုပဲ ကျွန်မရွေးချယ်ဖော်ပြပေးလေ့ရှိပါတယ် ။

ဒီတစ်လမှာတော့ ခါတိုင်းဖော်ပြနေကျ စာရေးဆရာတွေမဟုတ်ဘဲ လူကြိုက်များသလို မကြိုက်သူလည်းများတဲ့ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ `အတ္တရောင်ပြန်´ ၀တ္ထုတိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဇတ်လမ်းတွေရေးတိုင်း မိုးခေါင်နေအောင် မြင့်မြင့်မားမားတွေရေးတတ်တဲ့ ဆရာမလွန်းထားထားကို လူတိုင်းဝေဖန်လေ့ရှိပါတယ်။ ကျွန်မအတွက်က သိုင်းဝတ္ထုတွေကလွဲ ကျန်သောမြန်မာစာအုပ်များကို ဖတ်ရှုလေ့ရှိသူပီပီ စာရေးဆရာတစ်ယောက်ရေးသမျှထဲမှာ ကြည့်တတ်ရင် မှတ်သားစရာတွေရှိတာမို့ ဆရာမလွန်းထားထားရေးထားသည့်စာအုပ်များထဲမှ မှတ်သားဖွယ်အကြောင်းအရာလေးတွေကိုလည်း အားပေးဖတ်ရှုလေ့ရှိပါတယ်။ အစားထိုးလို့ရသည့် အရာနှင့် အစားပြန်ထိုးမရသည့် အရာများကို စဉ်းစားဆုံးဖြတ်ရင်း မေတ္တာနှလုံးသားများအားလုံး ဖူးပွင့်လန်းဆန်းပျော်ရွှင်နိုင်ကြပါစေရှင်။


အတ္တရောင်ပြန်

"သူ့လောကလေးထဲမှာ .. သူ့စာအုပ်တွေသာ ပထမ ၊ သူ့စာအုပ်တွေသာ ဒုတိယ ၊ သူ့စာအုပ်တွေသာ တတိယ ၊ အဲဒီလောက် သူမြတ်နိုးတန်ဖိုးထားတတ်တာလေ .. ။ အဲ .. သူမြတ်နိုးတန်ဖိုးထားရမယ့် အရာတစ်ခု ရှိရဦးမှာပေါ့ .. ။ ဟုတ်သားပဲ .. သိပ်မြတ်နိုးစရာကောင်းလှတဲ့ ဆံပင်ရှည်ရှည် ခန္ဓာပါးလျလျနဲ့ မာနကြီးပုံရတဲ့ မျက်နှာလှလှကလေးနဲ့ ကောင်မလေးပေါ့ .. ။ သူမကလည်း သူ့ရဲ့ကျဉ်းမြောင်းလှတဲ့ ကမ္ဘာလေးထဲမှာ အရေးပါ အရာရောက်တဲ့ သူ့ရဲ့အဓိပ္ပါယ်ကလေးတစ်ခုပေါ့ .. ။

သူမကို သူ ချစ်စကားပြောတဲ့နေ့တုန်းကဆို ဘယ်လောက်တောင် ရယ်မောဖွယ်ကောင်းသလဲဆိုတာ ၀တ္ထုတွေထဲကလို လက်ဖျားခြေဖျားတွေ အေးတာမျိုးလည်းမဟုတ်။ မျက်နှာပူနွေးတယ်ဆိုတာမျိုးလည်း မရှိဘဲ ရင်ထဲတရှိန်းရှိန်း တဖိန်းဖိန်းနဲ့ ဓါတ်လိုက်ခံရသလို ခံစားနေရတာလေ။ ရင်တွေခုန်ပြီး ချွေးတွေပြန်လိုက်တာလည်း အလွန်ပဲ။ အဲဒီတုန်းက လက်ထဲမှာ ဆရာအောင်လင်းရဲ့ `အရိုင်းစံပယ်´ ၀တ္ထုစာအုပ်ကို တင်းတင်းဆုပ်ပြီး အထဲက `မ´ကို သူမနဲ့တူစေချင်နေခဲ့မိတယ်။ ဒါပေမဲ့လေ သူမက `မ´ထက်ပိုပြီး မာနကြီးတယ်။ `မ´လို အေးဆေး ရောင့်ရဲတက်မှာ မဟုတ်တာလည်း သေချာတယ်။ စိတ်ကူးထက် လက်တွေ့ကို ပိုပြီးသဘောကျတဲ့ပုံပဲ။ ပြီးတော့ သူ့လက်ထဲကစာအုပ်ကိုကြည့်ပြီး

`ရှင့်ကြည့်ရတာ စာသိပ်ဖတ်မဲ့ပုံပဲနော်´

လို့စကားလွှဲပြောတယ်။ တကယ်တမ်း သူပြောနေတာက သူမကို ချစ်တဲ့စကားပဲ။ သူမဟာ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲက မိန်းကလေးတွေလို `အို´ခနဲ အော်ပြီး ခေါင်းလေးငုံ့ရှက်သွေးဖြာသွားတဲ့ အမူအရာမျိုး ဘာလို့ မလုပ်တာပါလိမ့်။ သူမကြည့်ရတာ ထမင်းစားရေသောက်စကားတစ်ခွန်းကို နားထောင်နေသလိုပဲ။ ရင်ခုန်ပုံလည်း မရပါဘူး။ ဘယ်လိုမိန်းမမျိုးပါလိမ့်။

ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ သူက စာကြမ်းပိုးမဟုတ်လား။ သူဟာ စာအုပ်တွေအကြောင်းကို အမျှင်မပြတ် ပြောမိသွားတာ။ သူမကိုချစ်တဲ့အကြောင်းတွေ ပြောဖို့တောင် မေ့လျော့သွားတဲ့အထိပါပဲ။ ဓာတ်လိုက်သလို ခံစားရတဲ့ ရင်ခုန်မှုဆိုတာဟာလည်း ကြက်ပျောက်ငှက်ပျောက်။ နောက်ဆုံးမှာ သူမက

`ရှင့်ကြည့်ရတာ .. ကျွန်မထက် စာအုပ်တွေကို ပိုစိတ်ဝင်စားသလိုပဲနော်။ ဟုတ်လား´တဲ့။

အမယ်လေး။ သူ ကံကောင်းသွားတာက ယောင်ယမ်းပြီး ခေါင်းညိတ်လိုက်မိတော့မလို့ဗျို့။ သူ ရှက်ရယ်ရယ်ပြီး `မဟုတ်ပါဘူးဗျာ´လို့ လိမ်လိုက်ရတယ်။ သူမက မလိုတမာနဲ့ သူ့မျက်လုံးတွေထဲ ခပ်စူးစူးစိုက်ကြည့်နေတော့ သူ မနေတတ် မထိုင်တတ်ဖြစ်ပြီး လွှတ်ခနဲထွက်သွားတဲ့စကားက

`မမိုးရော ဘာစာအုပ်တွေကြိုက်တတ်လဲဟင်´ တဲ့လေ .. ။ သူမက နှုတ်ခမ်းတင်းတင်းစေ့ပြီး `ငြိမ်းကျော်စာအုပ်တွေ´လို့ ဖြေတယ်။ သူတို့ခပ်ငြိမ်ငြိမ် လမ်းလျှောက်လာခဲ့ကြပြီး လမ်းခွဲကြခါနီးမှာမှ သူမက

`ရှင် ကျွန်မကိုချစ်တာအမှန်ပဲလား´

`ဟာ အမှန်ပဲပေါ့´

သူ တက်တက်ကြွကြွ ဖြေလိုက်တယ်။ သူ ဖြေချင်တာက အမှန်တော့ အဲဒီစကားမဟုတ်ဘူး။ ငြိမ်းကျော်ဝတ္ထုတွေ အိမ်မှာ စီးရီးအစအဆုံး ရှိတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားချင်တဲ့စကားပဲ။ ဒါပေမယ့် သူမျိုသိပ်ထားလိုက်ရတယ်။ သူမ ကြည့်ရတာ သူ့စာအုပ်တွေကို သဲသဲလှုပ် စွဲလမ်းမက်မောတာကို သိပ်ကြည့်လို့ရတဲ့ ပုံစံမပေါ်ဘူး။ မိန်းကလေးတွေဟာ သ၀န်တိုတတ်တယ်လို့တော့ ကြားဖူးသား။ ဒါပေမယ့် အဓိပ္ပါယ် မရှိဘူး။ သူမဟာ စာအုပ်တွေကိုတောင် ဖက်ပြိုင်သ၀န်တိုနေပုံပဲ။ ရယ်စရာကောင်းလိုက်တာ။ မိန်းမတွေဟာ အတော်ရယ်စရာ ကောင်းတာပဲနော် ။ ဒါပေမဲ့ သူ မဝေဖန်ရဲဘူး .... "

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

7 comments:

Mintasay said...

ြီ ညီမကြောင့် လွန်းထားထား စာကို ပထမဆုံးဖတ်ဘူး သွားပါပြီ။ ညီမပြောသလိုပါပဲ သူ့ဟာနဲ့သူ ယူတတ်မယ်ဆိုရင် ယူစရာတွေမကုန်ပါဘူး........

myanmarpyi said...

၇ ရက်နေ့ တိုင်းမှာညီမလေးလင်းလက်ပျော်ရွှင်နိုင်ပါစေ

ယုန်ကလေး said...

အမရေ ညီမလာဖတ်သွားပါတယ်နော် စာရေးဆရာမလွန် ထားထားကို ညီမလည်းကြိုက်တယ် သူစာတွေကို ဖတ်လိုလည်းမ၀ပါဘူး အခုအမတင်ပေးတဲ့ စာကို လာဖတ်သွားပါတယ် အဆင်ပြေတယ်ဟုတ်

Hteink Min said...

ညီမ ရေ.. ကျွန်တော် ဒေါ်စုအတွက် ဗီဒီယိုကန်ပိန်းလေးလုပ်နေပါတယ်။ အားလုံးလုပ်နိုင်မယ်လို့လည်းထင်ပါတယ်။ http://hteinkmin.com/index.php?option=com_content&task=view&id=56&Itemid=9

ကျွန်တော့လင့်ကိုပေးထားပါတယ်။ ပြန်လည်ဖော်ပြပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ အတူတကွ လုပ်ရင် ဒီကောင်တွေကြာကြာမခံဘူးလို့ ယုံပါတယ်။ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ မလျှော့်တမ်းဇွဲနဲ့ လုပ်သွားကြပါစို့ဗျာ..

ကလိုစေးထူး said...

လွန်းထားထား ၀တ္ထုလဲ ဖတ်သွားသလို စီဘောက်စ်မှာလဲ နှုတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေဘူးကွာ။ ညီမပဲ အကို့နာမည်နဲ့ အကောင့်လုပ်ပြီးတော့ ဂျီတော့မှာ အော့ဖ်မက်ဆေ့နဲ့ ပေးထားပါဦး။ အချိန်အားရင်ပေါ့။

Unknown said...

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

Anonymous said...

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့

မြန်မာပြည်က နအဖ ကြီးကြီး MASTER သားသမီးသမက်တချို့ဒီလိုပဲ အနောက်နိုင်ငံကြီးတချို့မှာ (သတင်းစာတွေမှာတော့ မွှန်နေအောင် ဝေဖန်ပြီး) ရောက်နေကြတာ မသိတဲ့ပြည်သူတွေကို ခိုင်လုံတဲ့အထောက်အထား၊ ခိုင်မာသော သက်သေများပြ၍ဖော်ထုတ်ပေးရမယ်

မကြာသေးခင်ကမှ အင်္ဂလန်သံရုံးကနေ နှစ်ပြည့််သွားလို့ ပြည်တော်ပြန်ရမှာ မပြန်ပဲ အင်္ဂလန်မှာ လုပ်သွားတဲ့ ရုံးအုပ်ရာထူးအဆင့်ရှိတဲ့ ဒေါ်နွယ်နီမိသားစုရဲ့ထွက်ဆိုချက် နဲ့တကွ (မင်းတို့ Brother အောင်လင်းထွဋ် လိုပေါ့ကွာ) မြန်မာပြည်မှရရှိထားတဲ့ မြင့်ဆွေမိသားစု (စိုးမြနန္ဒာသက်လွင်ပုံအပါအဝင်) အင်္ဂလန်သံအမတ် ဗိုလ်မှုးချုပ်နေဝင်းနဲ့သူ့မိန်းမ ဆို စိုးမြနန္ဒာသက်လွင်ကို ဖင်မနေရတဲ့ ဓါတ်ပုံများရော၊ မြန်မာသံရုံးကဟာတွေ သူဆီမှာ ထမင်းချက် ကျွန်ခံပေးရတဲ့ ဓါတ်ပုံများရော မကြာခင်သံရုံးမှ လုပ်မည့်ပွဲများတွင် သူတို့တွေ့ဆုံကြပြီး စီးဇိမ်ရစ်မူးပျော်ပါးကြမည့် အခါရိုက်မယ့် ဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများရော မင်းတို့လိုလူတွေထဲက အသားထဲကလောက်ထွက်ပြီးပေးထားတာ၊ ထပ်ပေးအုးံမှာ၊ ပေးတော့ဖော်တော့လဲယူရတာပေါ့ကွ..

မကြာခင် ဘလော့တခု တည်ဆောက်၍ စိတ်ဝင်စားသည့် ပြည်သူများအား ပြသမည်ဖြစ်ပါကုန်.. မျှော် ဒူဝေဝေဝေ

နအဖသားသမီး သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။