Thursday, September 20, 2007

I'm Sorry

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

မင်္ဂလာပါရှင် ကျွန်မဘလော့ခ်ကို အလည်လာရောက်သူများနှင့် အမြဲအားပေးသူများ

ကျွန်မ အခုရက်ပိုင်း အွန်လိုင်းတက်ဖို့ သိပ်အဆင်မပြေဘူး ဖြစ်နေတဲ့အတွက် ဘာပို့စ်မှ မတင်ဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် အားလုံးကို တောင်းပန်ပါတယ်ရှင် .. ။ အွန်လိုင်း၇ယ် ၊ ကွန်ပြူတာရယ်နဲ့ ခဏတာ ဝေးကွာသွားမှာဖြစ်တဲ့အတွက်ပါ. ။ အရှိန်အဟုန်မြင့်တက်လာတဲ့ မြန်မာပြည်အခြေအနေတွေ အားလုံးကို ကျွန်မ စဉ်ဆက်မပြတ်တော့ ကြားသိရပါတယ် .. ။ ဒီလိုအချိန်မျိုးမှာ ကျွန်မခံစားမှုတွေ ၊ မြင်ရာတွေ ရေးချင်တာမှ စိတ်က ဖျက်ဖျက်လူးနေတာပေါ့ .. ။ ဒါပေမယ့် ရေးလို့မရတဲ့ အချိန်ဆိုတော့ ခဏ သည်းခံထားရပါတယ် .. ။ မကြာမီအဆင်ပြေတဲ့အချိန်မှ ကျွန်မ ပြန်လာဖြစ်ပါ့မယ် .. ။ မဝေးတဲ့ရက်ပိုင်းမှ အားလုံးကို ကျွန်မရဲ့အတွေ့အကြုံအချို့ဖလှယ်ပြီး ပုံမှန်အတိုင်းပြန်လာခဲ့ပါ့မယ် .. ။

လေးစားလျက်

လင်းလက်ကြယ်စင်

2 comments:

ကလိုစေးထူး said...

ပြန်ရောက်လာရင် လက်တို့လိုက်ပါ။ :)

Kaung Kin Ko said...

ညီမလေးရဲ့ ကဗျာလေးတွေအရမ်းကောင်းတယ်။ ညီမလေး blog မြန်မြန် ပြန်ရေးနိုင်ပါစေလို့  ဆုတောင်းပါတယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။