Saturday, August 04, 2007

စောင့်မျှော်နေကြသူများ



ဒီကဗျာကို ဖတ်ရင်း ၊ စာပြန်စီနေရင်းနဲ့ ကျွန်မမျက်လုံးထဲ မျက်ရည်စတွေ ကပ်ငြိနေခဲ့မိတယ်။ အမှန်တရားကို ခံစားရသလို ၊ အာဏာရှင်ကို ပိုရွံမုန်းမိသလို ၊ ဒီကဗျာကို မျက်ရည်တွေနဲ့ ရေးဖွဲ့ခဲ့တဲ့ မခင်မမမျိုးကို လေးစားမိပါတယ်ရှင်။

စောင့်မျှော်နေကြသူများ


(၁)

၂၀၀၃ခုနှစ်ရဲ့

ပူပြင်းသော

နွေတစ်ခုမှာပေါ့။

(၂)

“မေမေရေ

ကျွန်တော် ဒေါ်စုရဲ့

ခရီးစဉ်ကို

လိုက်ပို့လိုက်ဦးမယ်

စိတ်မပူပါနဲ့နော်

သားပြန်လာမှာပါ”တဲ့


ပြောပြောဆိုဆို

ဆိုင်ကယ်လေးထုတ်ပြီး

ထွက်ခွာသွားတဲ့သား။


ဒီသားလေးပြန်အလာကို

သားပျောက်လို့

အိပ်ယာထဲ

ဘုန်းဘုန်းလဲနေတဲ့

အမေတစ်ယောက်က

စောင့်မျှော်နေရှာတယ်။

(၃)

“ညီမလေးရေ

အစ်ကို ၊

အန်တီစုရဲ့

ခရီးစဉ်မှာ

လိုက်သွားဦးမယ်

စာတွေဘယ်လောက်ခက်ခက်

တိုင်းပြည်အတွက်ဆိုပြီး

ကြိုးစားဖတ်နော်

ပြန်ရောက်ရောက်ချင်း

ညီမလေး ဟဲင်းဖုန်းကို

လှမ်းဆက်လိုက်မယ်”တဲ့။


မကြာခင်လပိုင်းအတွင်းမှာ

လက်ထပ်ဖို့စီစဉ်ထားပြီးသား

ဖိတ်စာရိုက်ထားတဲ့

သတို့သားလောင်းက

ရေခြားမြေခြားမှာ

ခေတ္တပညာသင်နေတဲ့

သူ့ချစ်သူ

သတို့သမီးလောင်းလေးကို

ဖုန်းဆက်လှမ်းပြောတယ်။


အဲဒီချစ်သူရဲ့

ဖုန်းသံလေးကို

ညအိပ်ရင်တောင်

ဟဲင်းဖုန်းလေး

၇င်ဘတ်ပေါ်တင်အိပ်ပြီး

သုံးနှစ်သုံးမိုးမက

ငါးနှစ်ငါးမိုး

ချစ်ခဲ့ကြတဲ့

ကောင်မလေးတစ်ယောက်က

စောင့်နေရှာတယ် .. ။

(၄)

“မိန်းမရေ

ညနေယာခင်းက

အပြန်ကျရင်

ဗိုလ်ချုပ်သမီးကို

ရွာရှေ့က

သွားကြိုလိုက်ဦးမယ် ၊

ငါမိုးချုပ်ရင်

စိတ်မပူနဲ့”တဲ့။


ခင်ပွန်းသည်

ယာသမားကြီးက

ပြောသွားတယ်။


အဲဒီယာသမားကြီး

ပြန်အလာကို

ညနေချိန်တိုင်း

လည်တဆံ့ဆံ့နှင့်

ငယ်ကပေါင်း

အနှစ်တသောင်း

မမေ့ကောင်းတဲ့

ဇနီးသည်ကြီးက

စောင့်မျှော်နေရှာတယ်။

(၅)

“သမီးလေးရေ

မေမေ သည်ခရီးက

ပြန်လာရင်

သမီးလေးအတွက်

အညာဇီးပေါင်းတွေ

ဝယ်လာခဲ့မယ်”တဲ့။


အိမ်ကအထွက်မှာ

သုံးနှစ်အရွယ်

သမီးငယ်လေးကို

ဖက်ရမ်းနမ်းရှုတ်ပြီး

မိခင်တစ်ယောက်က

ပြောသွားတယ်။


အဲဒီအမေ

ဇီးပေါင်းထုတ်လေးနဲ့

ပြန်လာမယ့်ရက်ကို

လက်ချိုးရေတွက်ပြီး

ကလေးငယ်လေးတစ်ယောက်က

စောင့်မျှော်နေရှာတယ်။



(၆)

“ယုံကြည်မှု

တည်ဆောက်ရမယ်”တဲ့

ဇတ်ဆရာတို့ရယ်

ကျွန်မတို့အားလုံး

တကယ်ကို

ယုံကြည်ခဲ့ကြပါတယ် ၊

“သင်ပုန်းချေရမယ်”တဲ့

ဇတ်ဆရာတို့ရယ်

ဘယ်လောက်ပဲ

ခါးသီးတဲ့

နာကြဉ်းချက်တွေရှိရှိ

တိုင်းပြည်အတွက်ဆိုပြီး

သင်ပုန်းချေခဲ့ကြပါတယ်။


ဒါပေမယ့်

နအဖအစိုးရဟာ

ဒီစကားလုံးတွေနဲ့

မတန်လောက်အောင်

ယုတ်မာရိုင်းစိုင်း

အောက်တန်းကျခဲ့တဲ့

အစိုးရ ၊

ယုံကြည်ခဲ့သူတွေ

သင်ပုန်းချေခဲ့သူတွေကို

ဒီပဲယင်းလူသတ်ကွင်းနှင့်

ရက်ရက်စက်စက်

လူမဆန်စွာ

တုံ့ပြန်ခဲ့တဲ့ အစိုးရ။

(၇)

ရလာဒ်ကတော့

အိမ်ပြန်လာမယ့်သား ၊

အိမ်ပြန်လာမယ့်ယောက်ျား ၊

အိမ်ပြန်လာမယ့် အမေ ၊

ဖုန်းဆက်လာမယ့် ချစ်သူတွေကို

စောင့်မျှော်နေကြသူများ ……… ။

( မျက်ရည်များနဲ့ ရေးခဲ့တဲ့ ဤကဗျာ ၊ စောင့်မျှော်နေကြသူများရဲ့ ကျိန်စာကြောင့် နအဖအစိုးရနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ပါစေသား ။ )

ခင်မမမျိုး


2 comments:

ရွက်ဝါ said...

သူတို့ ဘယ်လောက်ပဲ ဆိုးဆိုး ဗုဓ္ဒရဲ့ ၀ါဒအတိုင်းဆိုရင်၊ ဂန္ဒီကြီးရဲ့ သဘောထား အတိုင်းဆိုရင် သားတို့မေတ္တာထား နိုင်အောင်ကြိုးစား သင့်တာပေါ့။ မေတ္တာ ပျက်ခဲ့ရင် သားတို့ပါ လူဆိုးတွေ ဖြစ်ကုန်မှာ စိုးရတယ်။

ထွန်းခန့်  said...

ကဗျာလေးရေးတဲ့ သူကိုလေးစားမီတယ်
ဘ၀၀တ်ကျွေးလို့ မှတ်လိုက်ပါ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။