Friday, April 06, 2007

မြန်မာစာ မြန်မာစကား



အခုနောက်ပိုင်းဆိုရင် ဘလော့ခ်ဂါတွေလည်း များလာကြသလို အရေးအသား မတူညီတာလေးတွေ ၊ ဆန်းသစ်တဲ့ အသွင်အပြင်လေးတွေနဲ့ ဘလော့ခ်ရပ်ဝန်းကတော့ စည်ကားလာတာကို ၀မ်းသာဖွယ်တွေ့ရပါတယ်။

လင်းလက်ကိုယ်တိုင်လည်း မကြာခဏ တစ်ခါတစ်လေ စာလုံးပေါင်းလေးတွေ မှားတတ်ပါတယ်။ လင်း တော်တော်များများကို ၁၀တန်းအထိ လေ့လာထားတာတောင်မှ အမှားက မကင်းသေးဘူး။ အမှားကို အမှန်ထင်ပြီး ရေးခဲ့တာတွေလည်း ရှိပါတယ်။ လူကြီးတွေက ပြောပြရင်း သတိပေးမှပဲ သိရတာတွေလည်း ရှိပါတယ်။

လင်းရဲ့ ၀ါသနာနဲ့ ဖြစ်ချင်တာတွေကို အပြည့်အ၀အားပေးကူညီတဲ့ “သူ”က မကြာသေးခင်ကပဲ လင်းကို စာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။ သတ်ပုံတွေ ၊ အသုံးအနှုန်းတွေ မှားတတ်တာကို ဟာသလေးတွေနဲ့ ပြန်ပြင်ပေးထားတဲ့ “မြန်မာစာ မြန်မာစကား”ဆိုသော စာအုပ်ပါ။ သူအမြတ်တနိုးသိမ်းထားတဲ့ စာအုပ်ကို လက်ဝယ်ထိ သေချာပေးတာနဲ့ လင်းလည်း အများကြီးဝမ်းသာမိသလို ရိုရိုသေသေသိမ်းထားဖြစ်တယ်။ တန်ဖိုးဖြတ်မရတဲ့ လက်ဝယ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်ရပြီး နောက်တစ်ရက်မှာပဲ PDF File နဲ့ ဆိုဒ်တစ်ခုမှာ ဒီစာအုပ်ကို ထပ်တွေ့တော့ ပိုဝမ်းသာမိပြီး မိတ်ဆွေမောင်နှမတွေကို ဝေမျှလိုက်ပါတယ်။

မိခင်ဘာသာစကားကို မှန်မှန်ကန်ကန်နဲ့ သေချာရေးသားကြရအောင် သူငယ်ချင်းတို့ရေ။

Download From Mediafire

6 comments:

Anonymous said...

Thanks a lot for sharing very useful book, nyi ma lay.

Chan Mya Soe said...

ညီမရေ .. အမှားတွေကို အမှန်ဖြစ်ဖို့ နှင့် အမှန်တွေကို ဆက်လက် ထိန်းသိမ်းစေနိုင်တဲ့ ဒီစာအုပ်လေး မျှဝေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် :)

Anonymous said...

ညီမရေ.. ဒီစာအုပ်လေး မျှဝေတာ ကျေးဇူးပဲ ။ အစ်မလည်း သတ်ပုံတွေ သိပ်မှားလွန်းလို့ ။

Anonymous said...

ညီမရေ.. ဒီစာအုပ်လေးကို share လုပ်ပေးတာ ကျေးဇူးတင်ပါ တယ်... ဒီစာအုပ်ဖတ်မိမှ အသံထွက်တွေ တော်တော်မှားနေတာ သိတော့တယ်...

Anonymous said...

ညီမလေး ဂျူး ..
ဒီ စာအုပ်လေး မေးလ်နဲ့ပို့လိုက်တာ ရတယ်။
ကျေးဇူးနော် ညီမလေး။

Burma Python said...

မြန်မာစာဝါသနာရှင်တဦးအနေနဲ့ကျေးဇူးတင်ပါတယ်။ဒီနေ့ဂျာနယ်
မဂ္ဂဇင်းအချို့ မှာမြန်မာစာအမှားတွေရေးနေတာကိုစိတ်မကောင်း
ဖြစ်ရပါတယ်။ဥပမာ ဆွဲဆောင် အစား စွဲဆောင်
စွဲလန်း အစား ဆွဲလန်း လို့ရေးနေတာမျိုးတွေ မကြာမကြာတွေ့
နေရလို့ပါ။ကျေးဇူးပဲ
အောင်လျှမ်းဝေ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။