Friday, April 06, 2007

၈လေးလုံးမှတ်တမ်းပုံများ

မြန်မာပြည်သူပြည်သားတို့ တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ ၈၈ခုနှစ် အရေးအခင်းကြီးမှာ ကျမက လူတောင်မဖြစ်သေးတော့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေ ၊ သတင်းမှတ်တမ်းတွေကိုပဲ ဖတ်ပြီး လေ့လာရပါတယ်။ ကိုယ်တိုင်မကြုံခဲ့ရသူတောင် သတင်းမှတ်တမ်းတွေကြည့်ပြီး စူးရှတဲ့ ဝေဒနာတစ်ချို့ ရင်ထဲမှာဖြစ်ပေါ်မိတယ်။ အဲဒီအချိန်က ပစ်ခတ်ခြင်းတွေပြုခဲ့တဲ့ စစ်သားတွေကို ဘယ်လိုအသဲနှလုံးတွေများ ပိုင်ဆိုင်ထားကြပါလိမ့်လို့ တစ်ခါတစ်လေ ကျမစဉ်းစားကြည့်မိတယ်။ မိမိနဲ့ တစ်မြေတည်းနေ ၊ တစ်ရေတည်းသောက်တဲ့ သွေးချင်းမောင်နှမတွေအဖြစ် မမြင်ဘဲ ဘယ်လိုခွန်အား ၊ ဘယ်လိုနှလုံးသားတွေနဲ့ ရက်ရက်စက်စက်သတ်ခဲ့ကြလည်း တွေးမရခဲ့ပါဘူး။







နိုင်ငံတော်ရဲ့ အပြစ်မဲ့ကလေးငယ်များကို နှလုံးသားမဲ့စွာနဲ့ ဒီလိုပဲသတ်ဖြတ်ခဲ့ကြတာ အံ့ဖွယ်ပါပဲ စစ်အာဏာရှင် .. .


မိမိရဲ့ဆန္ဒကိုဖော်ထုတ်ပြသမိရင် အမိမြေကိုကာကွယ်ပါတယ်ဆိုသော နအဖလက်အောက်ခံ စစ်တပ်က ပြည်သူကို ဖမ်းဆီးချုပ်နှောင်နေပုံ … ။




ကိုယ့်လူမျိုးအချင်းချင်းကို သတ်ဖြတ်ဖို့ အဆင်သင့်ရှိနေတဲ့ နအဖစစ်သားများ


တပ်မတော်နဲ့ပြည်သူထိပ်တိုက်တွေ့တော့ အသဲနှလုံးမဲ့စွာ ဒီလိုပြုမူသတဲ့လား

8 comments:

Anonymous said...

my dear frined , it is really good job this post . specially , i WANT PRO.REGIME TO SEE ABOUT THESE PICTURE.

UR BRO
JIMMY

Anonymous said...

Bro, you are right. Thanks for sharing information. Without you, I won't have chance to find interesting pic & news :)

Best Regards,
LLKS

Anonymous said...

ညီမရေ.. ဒီပုံတွေကြည့်ပြီး ပိုရင်နာမိတယ် ။ ဒါပေမယ့် အစ်မတို့တတွေ ကိုယ့်ဘ၀နဲ့ကိုယ် ရုံးကန်နေကြရတာနဲ့ သူတို့အာဏာကို ပိုတည်တံ့အောင် လုပ်နေသလို ဖြစ်မလားလို့ တွေးမိတယ် ။

Anonymous said...

ဟုတ်တယ်မမ.. ညီမတို့တွေ ကိုယ့်ဘ၀ကိုယ် ရုန်းကန်လှုပ်ရှားကြိုးစားရင်း မိသားစုတာဝန်တွေကိုချည်း ထမ်းရွက်နေချိန်မှာ အာဏာရှင်တွေရဲ့ သက်ဆိုးကိုရှည်အောင် လျစ်လျူရူမိသလိုဖြစ်နေလားလို့ ညီမလည်း မကြာခဏတွေးမိတယ်... လွယ်လွယ်နဲ့မရတဲ့ တန်ဖိုးကြီးသော အရာတစ်ခုလို့ပဲ တွေးယူရင်း ကိုယ်နိုင်တဲ့ဘက်လေးက သဲတစ်ပွင့်ဆို တစ်ပွင့် ၊ မြူမှုန်တစ်ပွင့်ဆို တစ်ပွင့် လုပ်ပေးရင်း နေရောင်ခြည်လာမယ့်ရက်ကို ဆောင်ရွက်ပေးနိုင်မယ့် သူရဲကောင်းတွေကို အားပေးထောက်ခံကြရအောင် ... ဒါပဲလုပ်ပေးနိုင်တော့တယ်လေ.။ ၀င်ပြောပေးတဲ့အတွက်ကျေးဇူးပါပဲမမ :)

Anonymous said...

I've never seen a couple of pictures here before. Thanks!

Anonymous said...

ဂျူးရေ ..
ဒီပုံတွေမြင်ရတာ ရင်နင့်လိုက်တာ။ အဟောင်းတွေ အသစ်ပြန်ဖြစ်တယ်။
တနည်းအားဖြင့် ပြောရရင်လည်း ဂျူးရဲ့ ဒီပို့စ်လေးဟာ အချိန်တွေ ကြာလာလို့ အေးခဲချင်သလို ဖြစ်သွားတဲ့ မမေတို့ရဲ့ ခံစားချက်တွေကို ပူနွေးလာအောင် လှုံ့ဆော်ပေးသလိုပါပဲ။
ကျေးဇူးတင်တယ် ညီမလေး ဂျူးရေ ..။ ဂျူးပြောသလို လူတိုင်းလူတိုင်း တတ်နိုင်သလောက် သဲတပွင့်စာလောက် ပဲဖြစ်ဖြစ် လုပ်ပေးကြနိုင်ရင် သိပ်ကောင်းမယ်နော်။ ဗမာပြည်သူပြည်သားတွေ မနည်းဘူး မဟုတ်လား။

Thet Htoo@Myat Lone said...

ညီမရေ။ အသက်ငယ်ပေမယ့်၊ ကိုယ်မမှီလိုက်တာတောင် ခုလိုကိုယ်ချင်းစာတရားနဲ့ ပို့စ်တွေတင်ပေးတာ ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာ၊ ဂုဏ်လည်းယူပါတယ်ဗျာ။

Anonymous said...

88အရေးအခင်းကပုံတွေပြန်တွေ့ရတာ
ရင်ထဲမကောင်းလိုက်တာ...
လင်းနဲ့ပုံပြင်မွေးတဲ့နှစ်ချင်းတူပေမဲ့..
ပုံပြင်ကဒါတွေမသိဘူး။
လင်းအတွက်ဂုဏ်ယူမိတယ်။
ကြိုးစားနော်..... အမြဲတမ်းအားပေးနေတယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။