Friday, February 23, 2007

ဗိုလ်ချုပ်လမ်းစဉ်


ရန်ကုန်တွင် နိုင်ငံရေးနှင့်မဆိုင်သော စီးပွားရေးအကျပ်အတည်းများကို လူတွေက မခံမရပ်နိုင်စွာနဲ့ ဆန္ဒပြနေတာတွေကို ရင်ထဲမှာကိုယ်ချင်းစာခံစားရသလို အပြည့်အ၀ လုံးဝ လုံးဝထောက်ခံအားပေးမိပါတယ် . ။ ကြားကြားချင်း ပြေးသွားကြည့်ပြီး ကိုယ်ပါသွားလိုက်ချင်တယ် … ။ သူတို့ကို အားပေးထောက်ခံကြပါ .. ။ ဒါက နိုင်ငံတော်ကိုပုန်ကန်တာမဟုတ်ပါဘူး .. ။ ဒါက လူသားဘ၀အတွက် လိုအပ်တာတွေကို တောင်းဆိုခြင်းပါ .. ။
ဒေါ်အောင်ဆန်းစုကြည်ကို မအားပေးဘဲ ဒီမိုကရေစီလိုချင်သူတွေလည်း ရှိပါတယ် .. ။ ဒေါ်စုရဲ့ အိမ်ထောင်ရေးကို လိုက်ထောက်နေသူတွေလည်း ရှိပါတယ် .. ။ ကျွန်မတို့က ဒေါ်စုကိုပုဂ္ဂိုလ်ရေးအရ ထောက်ခံနေတာမဟုတ်ပါဘူး ။ သူမရဲ့ပါစင်နယ်တွေကိုထည့်မတွက်ဘဲ သူမရဲ့စွန့်လွှတ်မှု ၊ အနစ်နာခံမှု ၊ မိန်းမတစ်ယောက်၇ဲ့ အင်အားနဲ့ တိုက်ခိုက်မှုတွေကို လေးစားပြီး သူမရဲ့အရည်အချင်းတွေကို ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ အားပေးခဲ့ခြင်းပါပဲ .. ။ ဒေါ်စုကို ထောက်ခံတာ ၊ မထောက်ခံတာပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး ။ သူရဲကောင်းဖခင်ကြီး ၊ လွတ်လပ်ရေးဖခင်ကြီး ၊ မြန်မာတပြည်လုံးရဲ့ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ဘယ်သူမှ မစော်ကားသင့်ပါဘူး ။ ဗိုလ်ချုပ်ရဲ့လမ်းစဉ်ကို သူ့သမီးဖြစ်တဲ့ ဒေါ်စုက လိုက်နေတာဖြစ်ပြီး ဒေါ်စု မလွတ်မြောက်ရင်လည်း ကျွန်မတို့ပြည်သူတွေက အချင်းချင်းလက်တွဲပြီး ဗိုလ်ချုပ်လမ်းစဉ်ကို ရအောင် လိုက်ကြရမှာပဲဖြစ်ပါတယ် ။ ဒေါ်စုကို လက်မခံဘူးဆိုရင် ဘာမှပြောလိုစိတ်မရှိပါဘူး ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်တွေကို မမေ့ဖို့လိုပါတယ်။

3 comments:

goldensunset said...

Dear Lin Lat,

I agree with you.I always reading your post.So, I want to be friend with you.
If possible, I want to join with them,but I cannot do like that.
What a shame for me.
And then, be patient for my poor English, please.

Your,
Kyi

Anonymous said...

Dear Kyi,

Thanks a lot for your comment.

Sure.. We can be friend. Just add my email address linlatkyalsin@gmail.com OR linletkyalsin@yahoo.com.

It's alright you can't join with them . Everyone have their own difficulites.

Best Regards,
LLKS

Anonymous said...

Dear Lin Lat,
I admire your courage sacrifying your safety for the sake of Burma ,, the welfare of people in Burma. We students from myanmar should think of standing for the freedom ,,standing for human rights. Dear,,you're not alone,, you have us,, you have us,,let's try for it together. I'd add you into my account if you allow. Thank you.

about me...
myanmar overseas student studying in Taiwan,,first year university,,
with respect
PLW

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။