Thursday, August 31, 2006

နိုင်ငံရေးပို့စ်များဖျက်ခံရခြင်း

လေးစားရပါသော စာဖတ်သူများရှင်

လင်းထင်မြင်ချက်ဝေဖန်ရေးများဖြင့် ပြည့်နှက်နေသော နိုင်ငံရေး ပို့စ်များအားလုံးကို သက်ဆိုင်သောသူတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အကုန်ဖျက်ပစ်လိုက်ခဲ့တယ်။ သူ တော်တယ်လို့ ကျွန်မချီးကျူးပါတယ်။ လွယ်လွယ်နဲ့ ဟတ်ကာတွေလိုက်မရအောင် အကုန်လိုက်ပိတ်ထားတာတောင် ရအောင်ကြိုးစားတဲ့ အရည်အချင်းကိုတော့ မကောင်းတဲ့ဘွဲ့တစ်ခု အပ်နှင်းပြီး ဂုဏ်ပြုလိုက်ပါတယ်။ အချိန်အနည်းငယ် ပြန်ပေးဖို့ ကျွန်မကိုချစ်သောသူများအားလုံးကို တောင်းဆိုပါတယ်။ အဲဒီညနေက ကျွန်မ အတော်ဒေါသထွက်သလို တော်တော်ခံစားလိုက်ရတယ်။ တခြားသူက ၀င်ဖျက်ဆီးရင် ကျွန်မ သိပ်ဘာမှဖြစ်မှာမဟုတ်ဘူး။ ပြန်ရေးမယ် ထပ်ကြိုးစားမယ် လုပ်သူကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်မှာပဲ။ အခုက ကျွန်မ ဒီကမ္ဘာမှာ ရန်မဖြစ်ချင်ဆုံးသူ (၂)ယောက်ထဲက (၁)ယောက်က လုပ်လိုက်တော့ အတော်စိတ်ဓါတ်ကျသွားတယ်။ ဒါပေမယ့် အားလုံးကို လိုက်မရှင်းနိုင်တာနဲ့ ဒီမှာပဲ ပေါ်တင်အော်လိုက်ပါတော့တယ်။ အဲ ကျွန်မကို မချစ်နှစ်သက်သူ ၊ ကြည့်မရသူ ၊ အထင်လွဲသူများကတော့ ၀မ်းသာနေမှာပေါ့နော်။ ဒါပေမယ့် ကျွန်မရေးခဲ့တဲ့စာတွေထဲ စကားတစ်ခွန်းလိုပဲနော်။ ပါးစပ်တွေကို လိုက်ပိတ်လို့ရမှာပါ။ လက်တွေကို လိုက်ချိုးလို့ရမှာပါ။ ခြေထောက်တွေကို ချိုးနိုင်မှာပါ။ မျက်လုံးတွေ မမြင်၇အောင် ဖောက်ထုတ်နိုင်သလို နားတွေလည်း ကန်းအောင်လုပ်လို့ရပေမယ့် ရင်ထဲက ဒဏ်ရာခံယူချက်တွေကိုတော့ ပျောက်ကွယ်အောင် ဘယ်လိုနည်းနဲ့မှလုပ်မရပါဘူး။ ဒီလောက်ပဲ ကျွန်မပြောချင်သလို တောင်းပန်ချင်ပါတယ်။ အရင်ပို့စ်များအားလုံးကို တစ်ရက်တည်း အကုန်ပြန်တင်ပြီး အနည်းငယ် ပြန်ပြီး ဘလော့ခ်ကိုပြန်ပြင်ဆင်ချင်လို့ပါ။

Honey, You are the one I don’t want to argue..

Honey, You are the only one person I love most………. You are the only one person I hate most..

Honey, I will never forgive you for this case….

Honey, I don’t want to see your face even I am in last breath..

Don’t disturb me !!!!!!!!!!!!!!!!

Read More...

Tuesday, August 29, 2006

sorry

sorry linlet, i deleted your post. so sorry

Read More...

Saturday, August 26, 2006

မေ့မရသောအခင်ဆုံးမောင်နှမများ(၄)



ကျွန်မ မောင်နှမစာရင်းတွေရေးတဲ့အချိန်မှာ တစ်ချို့တစ်လေများကိုလည်း ကျန်ကျန်သွားလေ့ရှိပါတယ်.. ရင်ထဲမှာ မခင်တာမဟုတ်ပါဘူး.. ကျွန်မလည်း လူတွေပြန်စီရင်း ပြန်စီရင်း တစ်ခါတစ်လေပြုတ်ကျန်သွားတယ်.. အဲဒါကို မခင်ဘူး စာရင်းထဲမသွင်းဘူးဆိုပြီး မထင်ဖို့ နိုင်ငံပေါင်းစုံက မောင်နှမမများကို တောင်းပန်ချင်ပါတယ်….. ကျွန်မအခုတစ်လော ဘာသာရေးခေါင်းစဉ်တစ်ခုကို စိတ်ဝင်စားမှုအား တအားများသွားတာ ဒီဘက်ကို လစ်သွားတယ်..

ကိုမင်းတုန်း ( မြန်မာချတ် )

ကျွန်မ စိတ်ဓါတ်ကျချိန်တွေမှာ အနားရောက်လာပြီး လာအားပေးတဲ့အကိုတစ်ယောက်ပါ.. ကျွန်မ သူ့ကိုအတော်ခင်ပါတယ်… ခံယူချက်တွေတူညီသလို ကျွန်မ လိုချင်သော အချက်အလက်များကို ပြောပြပေးပြီး သတင်းထူးရှိရင် ပိုသေချာအောင် စုံစမ်းပေးတဲ့ အကိုတစ်ယောက်ပါ……. စိတ်ဓါတ်ရင့်ကျက်ပြီး ခင်မင်ဖို့အတော်ကောင်းပါတယ်……. ယုံကြည်ရာကိုလှမ်းလျှောက်နေသော အကိုတစ်ယောက် အမြဲပျော်ရွှင်မှုတွေရရှိနေပါစေလို့ ညီမလေးမှ ဆုတောင်းပြုလိုက်ပါတယ်အကို…

--

မမချော ( မမလူစီ ၊ မြန်မာချတ် )

ခံစားချက်နဲ့ပတ်သတ်လာရင် စကားပြောလေ့ရှိသော သိပ်ခင်ဖို့ကောင်းတဲ့အမတစ်ယောက်ပါ… တစ်ခါက လင်းလက်နေခဲ့ဖူးသော နေရာမှာ မမချောက နေတာဖြစ်တဲ့အတွက် နေရာတူသော ညီမတွေလို့ဆိုရမှာပေါ့…. မမချောက စိတ်ရင်းကောင်းမွန်ပြီး စကားပြောရင် ကြင်နာတတ်ပါတယ်… ကိုယ်ချင်းစာနားလည်တတ်ပြီး ချစ်ဖို့ကောင်းတဲ့မမတစ်ယောက်ပါ…… မမဘ၀မှာ လိုချင်တာအားလုံးဆွတ်ခူးရရှိနိုင်ပါစေမမ..

--

ယုန်ပေါက်စလေး

လင်းနဲ့အပြင်မှာ သိပ်ကိုခင်သော ချစ်သူငယ်ချင်းလေးပါ.. ဟဲဟဲ စိတ်ဓါတ်တူတယ်ဆိုရမှာပေါ့.. မဟုတ်မခံ ဇတ်ဇတ်ကျဲတွေပေါ့ ဟိဟိ… လင်းနဲ့ယုန်ပေါင်းပြီး အပြင်သွားပြီဆို တခြားသူငယ်ချင်းတွေ အမြဲမျက်ခုံးလှုပ်ကျန်ခဲ့ရတယ်လေ… ယုန်လေးက သိပ်ကိုစိတ်ထားဖြူစင်သလို သူငယ်ချင်းတွေကို ခင်မင်ပါတယ်.. သူနဲ့လင်း အချစ်ဆုံးအရာတစ်ခုလည်းတူပါတယ်.. အဲဒါ လင်းလက်ဘ၀မှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သော စာပေပါပဲ… လင်းလက်ချစ်သော သူငယ်ချင်းလေးယုန်ဘ၀မှာ အမြဲအောင်မြင်မှုတွေရပြီး ပျော်ရွှင်ချမ်းမြေ့နေပါစေ…

--

နိုင်း ( scorpion )

သူက လင်းနဲ့အတော်လေး ခင်မင်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ… တစ်ယောက်နဲ့တစ်ယောက်မြင်ရင်တော့ စဖဲ့တာ အကျင့်လိုဖြစ်နေပေမယ့် အရေးကြုံလာရင် သွေးစည်းတတ်သော အချစ်ဆုံးသူငယ်ချင်းတွေပါ.. တစ်ချိန်တုန်းက ရင်ထဲမှာရတဲ့ ဒဏ်ရာတစ်ခု သိပ်ပြင်းထန်နေခဲ့ချိန်မှာ စနောက်ပြီး ပျော်အောင် ပြောပေးလေ့ရှိတဲ့ သူ့ခင်မင်မှုတွေကို တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး…. စိတ်ဓါတ်တကယ်ကောင်းမွန်ပြီး ဖြစ်သင့်တာကို ရွေးချယ်တတ်သော သူငယ်ချင်းတစ်ယောက်ပါပဲ.. သူ့ပုံစံကလည်း တော်တော်လေးချောပါတယ် ( မုန့်ကျွေးရမယ် အဟိ )….. လင်းခင်မင်ရသော အချစ်ဆုံးသူငယ်ချင်းနိုင်းဘ၀မှာ ရင်ထဲမှာထားရှိသော ရည်ရွယ်သူလေးနဲ့ အမြန်ဆုံးပြန်လည်တွေ့ဆုံပြီး အောင်မြင်မှုသရဖူကို ထပ်ဆင့်ဆွတ်ခူးနိုင်ပါစေ……

--

ကိုဖြိုး ( စင်ကာပူ )


လင်း မကြာခဏ အကူညီတောင်းလေ့ရှိသော မိတ်ဆွေတစ်ဦးပါ.. လင်းစာတွေကိုလည်း ဖတ်လေ့ရှိပြီး အမြဲဝေဖန်ချက်တစ်ခုပေးတာမို့ လင်းရဲ့ မိတ်ဆွေကောင်းတစ်ဦးလို့လည်း ပြောလို့ရပါတယ်……… တစ်ခါတစ်လေ လင်းဆုံးဖြတ်ချက်ကိုမသေချာရင် သူ့ကို တိုင်ပင်လေ့ရှိပါတယ်….. ခင်ဖို့ကောင်းတဲ့အကိုကြီးတစ်ယောက်ပါ……. ကိုဖြိုးဘ၀မှာ အမြဲပျော်ရွှင်ချမ်းမြေ့နေပါစေ…….

--

ကိုဟိတ်မီ ( ပလန်းနက်ဖိုရမ် )

အင်း သူကတော့ ထူးထူးခြားခြား လင်းခင်ခဲ့ရတဲ့အကိုတစ်ယောက်ပါ…… ဘာသာရေးမှာတော့ ပြိုင်စံရှားအောင် ရေးလွန်းပါတယ် ဟိဟိ … ဖိုရမ်ကနေသူ့ကို မက်ဆေ့ခ်ျတွေနဲ့တစ်ဆင့် စခင်ခဲ့ပြီး အမှန်တရားကို ပြောရဲတဲ့သူ့ကို လေးစားခင်မင်ခဲ့ရပါတယ်…… တစ်ခုပဲခက်ပါတယ်… အသုံးအနှုန်းလေးတွေ ပြင်ဆင်လိုက်ရင် သူက တကယ့်စူပါစတားဖြစ်မှာ အမှန်ပဲ…. ဘာသာရေးနဲ့ပတ်သတ်ရင် ဗဟုသုတအတော်ကြွယ်ပါတယ်… ဖိုရမ်တစ်ခုမှသူလည်း လူချစ်လူခင်ရော လူချဉ်လူခင်ရော အတော်များသွားပါတယ် ဟိဟိ.. အမှန်တရားကို ပန်းကန်ပြားထဲမှာ မထားဘဲ အပြင်မှာ သက်သေနဲ့တကွအမြဲပြောဆိုတတ်သော အကိုဟိတ်ပျော်ရွှင်ချမ်းမြေ့နေပါစေ..

--

နောက် ပလန်းနက်မှ ဘာသာရေးတွင် ပြိုင်စံရှားအောင် သိနားလည် ဗဟုသုတကြွယ်သော ကိုကယ်လ်မွန် ၊ ကိုချိုသဲတို့ကလည်း လင်းလေးစားရသောသူများဖြစ်ပါတယ် ……… လင်းကို ချစ်ခင်ကြသော ပလန်းနက်မှ မောင်နှမမိတ်ဆွေများ ၊ မြန်မာချတ်မှ မောင်နှမမိတ်ဆွေများအပါအ၀င် ၊ လေးစားခင်မင်ရသော ကိုရန်ငြိမ်းချမ်း ၊ နိုင်းနိုင်းစနေ နှင့်တစ်ခြားဘလော့ခ်ဂါများကိုလည်း အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း …………..

လင်းလက်ကြယ်စင် (ဂျူးဂျူး)

Read More...

Sunday, August 13, 2006

Paul TwoHill ( Singapore Idol )

သူကတော့ Singapore Idol က လင်းအကြိုက်ဆုံး အဆိုရှင်ပါပဲ….. အမြဲတမ်း ဆံပင်ကို မျက်နှာတစ်ဝက်ဖုံးထားပြီး သူတို့တစ်ဖွဲ့လုံးက ပုံစံအတူတူပါပဲ…. သူ့အသံကတော့ အကောင်းဆုံးစာရင်းထဲမပါပေမယ့် သူက သီချင်းဆိုတဲ့အမူအယာ ၊ ပုံစံလေးက အတော်ချစ်ဖို့ကောင်းတာမို့ စင်ကာပူက မိန်းကလေးအတော်များများအားပေးမှုကို ရယူထားသူပါ… ၀ိုင်းစက်တဲ့မျက်လုံးနက်ကြီးနဲ့ မိန်းကလေးတစ်ယောက်လို ချောတာမို့ အရုပ်ကလေးနဲ့တူတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေပါတယ်.. အပြင်မှာလည်း သဘောအတော်ကောင်းပါတယ်…. သူုတို့ပြိုင်ပွဲက အခုထိအဆုံးမသတ်သေးပါဘူး.. ပြိုင်ပွဲတစ်ခါမှာ မက်ဆေ့ခ်ျနဲ့ စံချိန်ဆုံးဖြတ်တာလည်းပါဝင်တာမို့ Paul အတွက် Singapore Idol ညမှာ အိမ်မှာရှိတဲ့ဖုန်းတွေအားလုံးနဲ့ ပို့ကာအားပေးတာကြောင့် အဖေက ခဏခဏဆူပါတယ် .. ဘေလ်လာရင် တစ်နင့်ကြီးရှင်းရလို့တဲ့လေ ဟိးဟိး… မတတ်နိုင်ဘူးအဖေရယ်.. သမီးက Paul အသံမကောင်းပေမယ့် သူ့ကို အားပေးချင်တာကိုး…

Read More...

Thursday, August 03, 2006

သူရိန် စိတ်ကူးသက်သက်များမှ......


ဘလော့ခ်တွေလိုက်ဖတ်ရင်းလင်းအရမ်းခင်ရတဲ့ မောင်လေးသူရိန်ဘလော့ခ်ကို အခုရောက်သွားမိတယ်။ သူရေးထားတဲ့ စိတ်ကူးသက်သက်များကို ဖတ်ပြီး ရင်ထဲမှာ ထပ်တူထပ်မျှခံစားမိတယ်. မောင်လေးရေ လင်းကလည်း မောင်လေးဘ၀ထက် ပိုတင်းကျပ်တဲ့ အခြေအနေမှာ ၁၈နှစ်လုံးနေနေခဲ့ရတာမို့ မောင်လေးခံစားချက်ကို အပြည့်အ၀နားလည်ပေးနိုင်ပါတယ်. လင်းကိုဆိုရင်လည်း အပြင်မှာခင်ရင် သိပ်ကိုလွတ်လပ်ပေါ့ပါးတဲ့ မိန်းကလေးတစ်ယောက်လို့ပဲ သာမန်လူတွေကမြင်မှာပါ.. မောင်လေးနဲ့စခင်တုန်းကလည်း မောင်လေးရဲ့လွတ်လပ်တဲ့ခင်မင်မှုတွေကြောင့် ဘယ်သူကမှ အခုလိုထင်မှာမဟုတ်ဘူး.. လင်းကိုယ်ချင်းစာနားလည်ပေးလို့ရပါတယ်.. လင်းကိုယ်တိုင်ကလည်း လူ၂ကိုယ်လို့ထင်ရလောက်အောင် ပင်ကိုယ်စိတ်ရင်းကတစ်မျိုး ၊ အိမ်မှာဆိုတစ်မျိုးနေရတာလေ.. မောင်လေးစာတွေကိုဖတ်ပြီး လင်းကိုယ်တိုင်လည်း ခံစားရတယ်.. လင်းဘ၀အကြောင်းရေးထားတာတွေလည်း အားရင်ဖတ်ကြည့်လေ.. မောင်လေးကို အပြစ်လို့ဆိုထားတာထက် လင်းလည်းအပြစ်ပါပဲ..

မိဘနဲ့သားသမီးကြားက နားမလည်ပေးထားတဲ့ ပဋိပက္ခတွေကို လင်းစာတစ်စောင် ရေးမလားစိတ်ကူးနေပါတယ်.. ကိုယ်တွေလိုချင်တာနဲ့ သူတို့နဲ့က အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ ကြည့်လိုက်ရင် လူငယ်တွေကချည်း လျှော့ပေးနေရတာ တွေ့နေရတယ်. မိဘဆိုတာ သားသမီးကို အချစ်ဆုံးသူတွေပါ.. သားသမီးတွေကလည်း သိပါတယ်.. ဒါပေမယ့် လင်းလက်တို့နေတဲ့ခေတ်က အိမ်ထဲမှာ မခို့တရို့နေရမယ့်အချိန် မဟုတ်တော့ဘူးလေ.. အောင်ကောင်းထက်ပြောခဲ့သလို မြန်မာပြည်က မိဘတွေသားသမီးကိုချစ်တာတော့ ပြိုင်စံရှားပါတ်ယတဲ့.. အဲလိုစကားအတွက် ကိုယ်က ဂုဏ်ယူပေမယ့် ချစ်ခံရတာတော့ မသက်သာဘူးကွယ်...

ဘာပဲဖြစ်ဖြစ် သိပ်စိတ်ညစ်မခံနဲ့မောင်လေးရေ.. အပြစ်ဆိုတာ အချစ်လို့သတ်မှတ်ကြတာပေါ့.. အင်း စဉ်းစားကြည့်ရင် တို့မောင်နှမတွေအဖြစ်ကလည်း အတူတူပါပဲ.. ကြားရတာ လင်းကိုယိတိုင်လည်းစိတ်မကောင်းသလို ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်သေးပါဘူး..

Read More...