Wednesday, December 16, 2009

(၂၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် လက်ထပ်ထိမ်းမြားခြင်း (၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် .. နေ့ဆွမ်းကပ်လှူခြင်း




၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ကျွန်မရဲ့ (၂၁)နှစ်ပြည့် မွေးနေ့နှင့်အတူ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနှစ်ပတ်လည် (၁)နှစ် ပြည့်သွားခဲ့ပါပြီ .. ။ နောက်တပတ်ထဲမှာ စာမေးပွဲနှင့် နောက်ငါးလလောက်ဆိုရင် ပြီးဆုံးတော့မည့် ပညာရေးတစ်ခုအတွက် အားသွန်ခွန်စိုက် လုပ်နေခဲ့ရင်း ဒီနှစ် မွေးနေ့မင်္ဂလာအတွက် စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်းမှာ ရင်းနှီးသော မိတ်ဆွေအနည်းငယ်နှင့်အတူ ကျွန်မတို့ ဇနီးမောင်နှံ နေ့ဆွမ်းကပ်လှူခဲ့ပါတယ် .. ။ နောင်ဘ၀များစွာတိုင် .. သံသရာတစ်လျှောက်လုံး ချစ်ခင်စွာ ပြန်လည်ဆုံဆည်းချင်သည့် ဆန္ဒများဖြင့် ... ကျွန်မတို့ဇနီးမောင်နှံ ဆရာတော်ထံ ၀တ္ထုကပ်လှူဒါန်း အမျှပေးဝေ ရေစက်အတူချခဲ့ပါတယ်။ မအားလပ်တာကြောင့် အချိန်မရသော ကျွန်မအတွက် စိတ်ထဲ ဖြစ်ချင်ခဲ့သော .. နေ့ဆွမ်းကပ်လှူရန်အတွက် အစစအရာရာ စီစဉ်ဆောင်ရွက်ပေးခဲ့သော ချစ်သူခင်ပွန်းကို ချစ်ခင်မြတ်နိုး ကျေးဇူးတင်မိသလို နေ့ဆွမ်းကပ်ချိန် ၀ိုင်းဝန်းပြင်ဆင်ပေးခဲ့ကြသော မိတ်ဆွေရင်းများကိုလည်း ကျေးဇူးတင်မိပါတယ် .. ။





ဓမ္မဥယျာဉ်ကျောင်းဆရာတော်က ကျွန်မအတွက် မွေးနေ့မင်္ဂလာဆုတောင်းစာပေးခဲ့ပြီး ကျွန်မတို့ဇနီးမောင်နှံ မင်္ဂလာနှစ်ပတ်လည်အတွက် နောင်ဘ၀များစွာတိုင်အောင် ဆုံဆည်းနိုင်မည့်နည်းလမ်းကို မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့်တရားထဲမှ ကောက်နှုတ်ဟောကြားပေးခဲ့ပါတယ်။ ချစ်ခင်ရပါသော ဇနီးမောင်နှံများဟာ ဒီဘ၀တစ်ခုတည်းအပြင် နောင်ဘ၀များစွာဆုံဆည်းနိုင်သည့် နည်းလမ်းတရားကို ကျွန်မတို့ နှစ်သက်စွာ နာကြားရင်း မွေးနေ့နှင့် မင်္ဂလာနှစ်ပတ်လည်အစီစဉ်လေးဟာ အောင်မြင်လှပစွာ ပြီးဆုံးသွားခဲ့ပါတယ် .. ။

မနှစ်က ဒီအချိန်လေးဟာ ရင်ခုန်ကြည်နူးခြင်းများစွာဖြင့် အသက်ဝင်လှပခဲ့သလို ဒီနှစ် မင်္ဂလာနှစ်ပတ်လည်လေး အေးချမ်းလှပစွာ တည်ရှိနေခဲ့ပုံက စိတ်နှလုံးသားကို ပြုံးပျော်စေခဲ့ပါတယ် .. ။

ဘ၀မှာ မိတ်ဆွေလည်းဖြစ် ၊ ချစ်ရသူလည်းဖြစ် ၊ မိသားစုဝင်လည်းဖြစ်သော ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်နှင့် ရင်ဆိုင်ဖြတ်သန်း ကြိုးစားတည်ဆောက်သမျှဟာ စာဖွဲ့သီကုံးပြဖို့ .. စကားလုံးတွေ ရှာမတွေ့တာကြောင့် ရင်ထဲခံစားရသမျှနှင့် တူညီသော သီချင်းလေးတစ်ပုဒ်ကိုပဲ ဖော်ကျူးလိုက်ပါတယ်ရှင် … ။

တွဲလက်များ

9 comments:

ATN said...

တွဲလက်များ ထာဝရ ခိုင်မြဲပါစေ ညီမရေ့...

Anonymous said...

ညီမတို့ ဇနီးမောင်နှံ နှစ်ဦး ပျော်ရွှင်ချမ်းမြေ့ သော ဘ၀ လေး ကို ကျန်းကျန်းမာမာ နဲ့ ဖြတ်သန်းနိုင် ပါစေ...

mie nge

နေသစ် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်း ရာနှင့်ချီပြီး ချစ်သော မနာကျင်သော ကိုယ်စိတ်နှစ်ပါးဖြင့် လွတ်လပ်စွာ လောကကြီးထဲ ဖြတ်သန်းနိုင်ကြပါစေဗျာ...

ညီလင်းသစ် said...

ညီမလင်းလက်ရေ...

Happy belated birthday နဲ့ Happy anniversary ပါဗျာ...။ ချစ်တဲ့သူနဲ့ ရတုနှစ်ပတ်လည် များစွာကို ကျော်ဖြတ်နိုင်ပါစေ...လို့ ဆုတောင်းပါတယ်။

Unknown said...

သာဓု သာဓု သာဓု

Unknown said...

well done . well done . well done

linmgmg said...

မရှိလိုက်တာ နာတယ်ကွာ။ :D နောင် နှစ်တိုင်းနဲ့၊ နှစ်ပေါင်းများစွာ ဒီလိုပွဲမျိုး လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် သူငယ်ချင်းရေ။

မီးလေး said...

လင်းလက် ညီမလေး မရောက်တာကြာလို့ လာလည်သွားပါတယ်... ညီမလေးရဲ့ မွေးနေ့မှာ ပျော်ရွှင်ခဲ့ရသလို ညီမလေးတို့ရဲ့ တွဲလက်တွေလည်း ထာဝရ ပျော်ရွှင်ချမ်းမြေ့စွာ မြဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလျက်...

နောက်ကျမှ ဆုတောင်းပေးတာတော့ ခွင့်လွတ်ပါနော်...

Unknown said...

လင်းလက်ရေ..
ဘဝလက်တွဲဖော်နဲ့ထာဝရပျော်ရွှင်ပါစေ
လင်းလက်ရဲ့ချစ်သူနဲ့စတွေ့ခဲ့တာကအစ..အခုချိန်ထိကို ဝတ္တုအနေနဲ့ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။