Wednesday, October 28, 2009

စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်း တန်ဆောင်တိုင် ကထိန်အလှူပွဲ (Sembawang )


(ပုံများကို အကျယ်ချဲ့ကြည့်ရန် ပုံများပေါ်တွင် click ခေါက်ပေးပါ)

အောက်တိုဘာလ (၂၅)ရက်နေ့ .. တနင်္ဂနွေနေ့ မနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ စင်္ကာပူနိုင်ငံဓမ္မဥယျာဉ်ကျောင်းမှ ပြုလုပ်ကျင်းပသော ကထိန်အလှူပွဲကို ကျွန်မ သွားရောက်အားပေးခဲ့ပါတယ် .. ။ စင်္ကာပူနိုင်ငံ .. ကထိန်အလှူပွဲတွေကျင်းပတိုင်း အစားအသောက်ဈေးရောင်းပွဲအများစုကိုသာ တွေ့ကြုံဖူးလေ့ရှိသော ကျွန်မ .. ဒီနှစ် Sembawang မြန်မာဘုန်းကြီးကျောင်း ကထိန်အလှူပွဲမှာ မြန်မာ့ရိုးရာ အဆို ၊ အကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ထူးခြားစွာ တွေ့ကြုံခဲ့ရပါတယ် .. ။




(မြန်မာအစားအသောက်များ)

ဓမ္မဥယျာဉ်ကျောင်းဟာ Sembawang Park အနီးနားမှာ ရှိတာကြောင့် ကထိန်အလှူပွဲကို လွတ်လပ်ကျယ်ပြန့်သော Sembawang Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ အဆို ၊ အကများကို ဖျော်ဖြေတင်ဆက်ပေးသော အစီအစဉ်လေးက တက်ရောက်အားပေးကြသူများအားလုံးကို ပိုမိုစည်ကားစေပါတယ်။ အစီစဉ်တင်ဆက်ကြေငြာပေးသူများကလည်း ရယ်မောဖွယ် ပျက်လုံးလေးတွေကို ပိုင်နိုင်စွာ ဖျော်ဖြေကြတာကြောင့် ကထိန်အလှူပွဲက အသက်ဝင်နေသလို … တဖက်မှာလည်း အုန်းနို့ခေါက်ဆွဲ ၊ ကြာဇံဟင်းခါး ၊ အသုပ်စုံ ၊ ဆီချက်ခေါက်ဆွဲ အစရှိသော အစားအသောက်များကို ပေးလှူကျွေးမွေးနေသည့် အစီစဉ်ကလည်း စည်ကားအသက်ဝင်လှပါတယ် .. ။



(အလှူဒါနပြုနိုင်သည့် ပစ္စည်းများ)

အလှူဒါနပြုလုပ်ရန်အတွက် မိမိဆန္ဒရှိသလို ပေးလှူနိုင်ကြပြီး ဘုန်းကြီးကျောင်းမှာ ကိုယ်တိုင်သွားကပ်ကြရပါတယ်။ သင်္ကန်းပရိက္ခရာတစ်စုံ .. ကျွန်မတို့စုံတွဲ အလှူဒါနပြုခဲ့ရင်း ဓမ္မဥယျာဉ်ကျောင်းကို ပထမဆုံးအကြိမ် ကျွန်မရောက်ဖူးခဲ့ပါတယ်.. ။ ဒီကထိန်ပွဲကို ဘုန်းဘုန်းကိုယ်တိုင် ဦးစီးပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ပရိတ်သတ်များအတွက် ကံစမ်းမဲတွေကိုလည်း ပြန်လည်ဖောက်ပေးပြီး မြိုင်ဆိုင်သော တေးဂီတ ၊ အကများဖြင့် တန်ဆောင်တိုင်ကထိန်ပွဲဟာ Sembawang Park မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

( Dhamma Garden Buddhist Temple in Sembawang, Singapore )



( Our couple donation to Dhamma Garden Buddhist Temple, 25-Oct-2009 )

အလှူဒါန စေတနာထက်သန်သူများအတွက် ဓမ္မဥယျာဉ်ကျောင်းကိုလည်း တတ်နိုင်သမျှ လှူဒါန်းကြရန် စင်္ကာပူရှိ ရွှေမြန်မာများကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင် .. ။

Dhamma Garden Buddhist Temple
No.2, Jalan Kerayong, Singapore 759300
Tel: (65) 6405 5322

5 comments:

Anonymous said...

first

Nge Naing said...

(သာဓု)၃ သုံးကြိမ်ခေါ်သွားပါတယ်။ ဆစ်ဒနီမှာလည်း အဲဒီနေ့က လုပ်ပါတယ်။ မသွားဖြစ်ခဲ့ဘူး။

sonata-cantata said...

အမတို့ မိသားစုလည်း ရောက်တယ်။ ပထမဆုံး ဓာတ်ပုံကို ကြည့်ပြီး သားငယ်လေးက ပြောတယ်.. မန္တလေး သီချင်း ဆိုနေတာတဲ့... (စစ်ကိုင်းတံတား သီချင်းကို သူက အဲ့လို မှတ်ထားတာလေ)

linmgmg said...

သာဓုခေါ်ပါတယ် သူငယ်ချင်းရေ။ နောက်လဲ အလှုအတန်း များများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

လင်းလင်း
www.asiantraveler.co.cc

Anonymous said...

So few people are attending and listing. Is it because of lousy music ?

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။