Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုပေါင်းဝတ်ပြုဆုတောင်းပွဲ (စင်္ကာပူ)


၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ရာခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။



တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များအား ဝေငှကြသည်။

လာမည့် မေလ ၃၁ ရက်နေ့တွင် Speakers’ Cornerတွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။

မှတ်တမ်းဓာတ်ပုံများအားလုံးကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

6 comments:

hteinlinoo said...

ညီမလေး ပို့ကနေ ဓါတ်ပုံတင်မယ်လားဆိုပြီး တညလုံးစောင့်နေတာ စောင့်ရကျိုးနပ်သွားပြီ၊ တိုပိုင်းယိုး ဆုတောင်းပွဲပုံတွေ လာကြည့်သွားတယ်၊ တင်ပေးတဲ့အတွက်ကျေုးဇူးပါ၊

Anonymous said...

ညီမလေးရဲ့ ခံစားမှုကို မျှဝေပေးတာ အားရစရာ ၀မ်းသာစရာပါ။
ဆက်လက်ကြိုးစားပါ။ ဆက်လက်အားပေးချင်ပါတယ်။

Myo Win Zaw said...

ဂုဏ် ယူ ပါ တယ်

Myo Win Zaw said...

ဂုဏ် ယူ ပါ တယ်

Yan said...

ကျေနပ်အားရမိပါတယ် မလင်းလက်ရေ...

Anonymous said...

ညီမလေးလင်းလက်ကြယ်စင်
ရင်ထဲမှာဝန်ခံစရာလေးရယ် ချီးကျူးချင်တာလေးရယ်
ရှိတာကြောင်. ဝင်ရေးလိုက်တယ်
ညီမလေးစာတွေကို မနေ.တနေ.ကမှ
လာဖတ်မိတဲ့ စာဖတ်သူအသစ်ပါ
ညီမလေးတင်ထားတဲ့ပုံလေးတွေကိုကြည်.ပြီး
ပိုတ်ဆံချမ်းသာ ချောမောလှပပြီး
ဘဝကံကောင်းတဲ့စာရေးကောင်းသူတစ်ယောက်
လို.သာမှတ်ချက်ချမိခဲ့တယ်
အဲဒီမှတ်ချက်ဟာပေါ.ပြက်ပြက်နဲ.
အင်မတန်မှားမှန်းဒီနေ.မှသိတယ်ကွယ်
ဒေါ်အောင်ဆန်းစုကြည်အတွက်စုတောင်းပွဲပုံတွေ.တော့မှ
တအံ့တဩနဲ.ညီမလေးရေးပြီးသားတခြားအကြောင်းအရာတွေလိုက်ဖတ်ကြည်.တော.မှ
ညီမလေးရဲ.မှန်ကန်တဲ့အတွေးအခေါ်နဲ. ရဲရင့်တဲ့စိတ် ပြောင်မြောက်တဲ့
အရေးအသားတွေနဲ. ဗိုလ်ချုပ်နဲ. ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ချစ်ခင်လေးစားမှုတွေကို
တွေ.လိုက်ရတဲ့အခါမှာ ညီမလေးကိုလေးစားမိပါတယ်
အမ ညီမလေးအသက်အရွယ်မှာတုန်းက
ညီမလေးလို လေးစားလောက်တဲ့အတွေးအခေါ်နဲ.
ရင်.ကျက်မှုတွေမရှိခဲ့တာ ကိုယ့်ဘာသာလဲရှက်မိပါတယ်
ညီမလေးကို ချီးကျူးလေးစားပြီး အမြဲအားပေးနေမဲ့
အမ ထိုက်ထိုက်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။