Wednesday, April 08, 2009

စင်္ကာပူနိုင်ငံ၏ အကြီးမားဆုံး မြန်မာသင်္ကြန် ၂၀၀၉


၂၀၀၉ခုနှစ် မြန်မာသင်္ကြန်ပွဲတော်ကို စင်္ကာပူနိုင်ငံတွင် ဧပရယ်လ် (၁၂)ရက်နေ့ ၊ နေ့လည် ၁၂နာရီမှ ညနေ ၆နာရီထိ အကြီးမားဆုံး ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ နာမည်ကြီးအဆိုတော်များဖြစ်သော ဇော်ဝမ်း ၊ ဆောင်းဦးလှိုင် ၊ မျိုးကျော့မြိုင် ၊ စည်သူလွင် ၊ ရဲလေး ၊ ရှင်ဖုန်း ၊ ဖြူဖြူကျော်သိန်း ၊ ဥက္ကာဦးသာ၏ Plus Three Music Brand ၊ DJ ဖြိုးနှင့်အတူ ပျော်ရွှင်စွာ ရေပက်ကစားရင်း မြန်မာလှပျိုဖြူများ၏ အကအလှများကို လက်မှတ်တစ်စောင် $ 15 ဖြင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ MAI လေယာဉ်လက်မှတ်များနှင့် အခြားသော ကံစမ်းမဲများကိုလည်း ထည့်သွင်းထားပါတယ်။



မြန်မာသင်္ကြန်ပွဲတော်ကို အခြားနိုင်ငံသားများအားလုံးအလယ်မှာ ပိုမိုသိသာ တင့်တယ်ထင်ရှားစေရန်အတွက် မြို့လယ်ဖြစ်သော Pandang Field ( Peninsula Plaza, Esplanade Theatre ရှေ့) မှာ ကျင်းပရန် သေသေချာချာ စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဒီပွဲကြီးဖြစ်မြောက်ရေးအတွက် စီစဉ်ကျင်းပသူတွေအားလုံး စင်္ကာပူနိုင်ငံ၏ တင်းကျပ်သော ဥပဒေစည်းများများအလယ်မှာ အချိန်တွေအများကြီးပေး ၊ အထပ်ထပ်သော တွေ့ဆုံမှုတွေဖြင့် သက်ဆိုင်ရာရုံးတွေမှာ အာမခံဆွေးနွေးထားရပါတယ်။

ဒီပွဲကို စီစဉ်ကျင်းပသူတွေက မြန်မာသင်္ကြန်ပွဲကျင်းပရန် Pandang Field မှာ နေရာရဖို့အတွက် စင်္ကာပူရုံးတွေမှာ အထပ်ထပ်သော တွေ့ဆုံဆွေးနွေးအာမခံမှုတွေဖြင့် ငွေကုန်ကျမှုတွေ အများကြီးရှိထားတာကြောင့် အောင်မြင်ဖြစ်မြောက်စေဖို့ ကျွန်မဆန္ဒရှိမိပါတယ်။ ကျွန်မတို့ ရွှေမြန်မာတွေအားလုံးကို သတင်းလက်ဆင့်ကမ်းဖြန့်ဝေပေးကြဖို့ တောင်းဆိုပါတယ်ရှင်။

လက်မှတ်များကို ပန်နီဆူးလားပလာဇာ ၊ တတိယထပ် “အောင်ချမ်းသာ”ဆိုင်မှာ ၀ယ်ယူရရှိနိုင်ပါတယ်ရှင်။



10 comments:

ko-thura said...

မြင်ယောင်ကာနေတယ်။ မြန်မာမိန်းကလေးတွေရဲ့ transparency အလှတရားတွေနဲ့အတူ ယမကာသမားတွေရဲ့ open mind တွေကို။

Ko Boyz said...

မနေ့ညနေကတည်းက လက်မှတ်တွေ ကုန်သွားပြီလို့ သိရပါတယ်။ ကွန်ဖမ်းပေးပါ။

Anonymous said...

I agree with ko-thura what he said. They wore transparecy and even visited to Myanmar monestary in 2007.

seinn kaung myat zaw said...

sister,i would like to type to write comment. I already download zawgyi font but when i type as burmese font but only mentioned as english why please answer

thank you very much,
i am your blog regular customer from barcelona.

Maung said...

Have a WQonderful Happy Myanmar Water Festival and Happy Myanmar New Year!

Phong Maung

Maung said...

Have a Peaceful Myanamr Water Festival and Happy Myanmar New Year to All Myanmars in Singapore!

Phong Maung

Anonymous said...

အမေရိကန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ သင်္ကြန်ပွဲများမှာ ကပြသူ သီဆိုသူအများစုဟာ မြန်မာဆန်ဆန် စတ်စားဆင်ယင်ပြီး ယဉ်ယဉ်ကျေးကျေး ကပြကြတာ။ အားပေးသူတွေကလည်း လူကြီးလူကောင်းဆန်စွာ သိမ်မွေ့ စွာ အားပေးကြတာကို တွေ့ ရတတ်လို့  မြန်မာတို့ အတွက် ဂုဏ်ယူမိရပါတယ်။
စင်္ကာပူရဲ့ ခန်းနားတဲ့သင်္ကြန်ပွဲမှာလည်း မြန်မာတို့ ရဲ့ဂုဏ်ရောင် ထွန်းပြောင်နိုင်မည့် ကပြမှုများ။ အားပေးမှုများသာ ဖြစ်နိုင်ပါစေလို့  အဝေးကနေ ဆုတောင်းပါတယ်။ မြန်မာအဆိုတော်တွေနဲ့ အတူ မြန်မာပြည်ရဲ့ ခေတ်ပေါ် သင်္ကြန်ယဉ်ကျေးမှုတွေကို သယ်ဆောင်မလာပါစေနဲ့ လို့  ရိုးသားစွာ ဆုတောင်းနေပါ့မယ်။ အ၀တ် ဗလာနဲ့ စည်သွတ်ဘီယာဟာ သင်္ကြန်နဲ့  လုံးဝ မဆီလျော်လှပါဘူး။

Maung said...

We, the Myanmars, whereever we are, should always show decency and dignity of own culture and traditions. Myanmar water festival is one the the major cultural events that all Myanmars should be proud of being Myanmars by displaying our own cultural image. Therefore, it is extremely crucial for all us, Myanmars not to promote un-Myanmar style of attire that is revealing and getting drunk is the worst thing to commit at a cultural event like Myanmar water festival in Singapore.

May all of you be well and happy!

Anonymous said...

အေးဗျာ..စည်းကမ်းရှိရှိ... ဂုဏ်သိက္ခာရှိရှိပဲ.. ကျင်းပသွားနိုင်ပါစေလို့ .. ဆုတောင်းပါတယ်... ပွဲစီစဉ်တဲ့သူတွေက.. ဒီဒုက္ခပိုသိမှာပေါ့လေ..
ပွဲစီစဉ်ထားပေမယ့်.. လက်မှတ်ဝယ် လာရောက်အားပေးမယ့်သူတွေအတွက်..
တစ်ခုခု သတ်မှတ်ပေးထားတာလေးတွေတော့ မရှိဘူး..အသိပေးချက်လေးတွေ.. ဘာလေးတွေပေါ့ဗျာ.. လုပ်ပေးထားရင်.ကောင်းမယ်..ဒါပေမယ့်.. စင်ကာပူမှာက အစီအစဉ်တွေကလည်း အများသာ.. တစ်နေ့ ထဲမှာပဲ.. Topayoh သွားမလား.. Sembawang သွားမလား.. Eunos သွားမလား.. အစီအစဉ်တွေက အများသား..ဒီတော့..လက်မှတ်မ၀ယ်ရင်.. ထင်သလောက်မဖြစ်ရင်.. ငွေကြေးပိုင်ဆိုင်ရာက ဒုက္ခ ပဲ ကို..ဒါကြောင့်.. မကန့် သတ်ဖြစ်တာလည်း ပါမယ်ထင်ပါတယ်..
ကျန်တဲ့နှစ်တွေက.Topayoh မှာတော့ ရုပ်ပျက်ဆင်းပျက်ပဲ..
ကိုသူရ ပြောသလိုပဲ.. ဖြစ်မှာလည်း စိုးပါတယ်လေ.. စိုးပါတယ်လေ..
ဒါပေမယ့်.. တို့ ကတော့ တို့ ကတော.. ရောက်ဖြစ်အောင် သွားလိုက်ဦးမယ်.


MM said...

မြန်မာအစိုးရအားပေး စင်ကာပူအားတပါထဲထိုနေ့တွင်ဆန္ဒပြကြပါစို့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။