Sunday, February 15, 2009

Kuala Lumpur ခေတ္တခရီး


Kuala Lumpur ကို အလုပ်ကိစ္စကြောင့် ခေတ္တရောက်သွားဖြစ်ခဲ့တယ်။ “သူ”အတွက်တော့ အလုပ်ကိစ္စ။ ကျွန်မအတွက်တော့ လျှောက်သွားချင်လို့ “သူ”ခေါ်ရာနောက် သွားဖြစ်ခဲ့သော ခရီး။ အမြဲတမ်း လျင်မြန်သွက်လက်စွာ ၊ တိုးကျိတ်စွာ လှုပ်ရှားနေရတဲ့ ခြင်္သေ့ကျွန်းကနေ ခေတ္တထွက်ခွာရမယ်ဆို တစ်ခါမှ ကျွန်မ မနှေးကွေးခဲ့။ KL မှာ တည်းခိုရာနေရာနဲ့ မနီးမဝေးလောက်ပဲ ကျွန်မလမ်းလျှောက်ရင်း လေ့လာဖြစ်ခဲ့တယ်။ မလေးရှားမှာ အနည်းငယ်ဈေးသက်သာရန်ထင်ထားတာတွေက KL City Centre ရောက်တဲ့နေ့ကတည်းက လန့်သွားခဲ့ရတယ်။ ကားငှားခတွေ စင်္ကာပူထက် ပိုဈေးကြီးတာ ၊ Food Court လိုနေရာမျိုးမှာ အစားအသောက်တွေ ပိုဈေးကြီးတာ သိရရင်း လန့်သွားရတယ်။ စာပြန်ရေးဖို့ လက်က နှေးနေတာကြောင့် အရေးအသားပြန်လည်အစပျိုးတဲ့အနေနဲ့ လျှောက်ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေပဲ ဖော်ပြပေးလိုက်ပါတယ်ရှင်။



Petronas Twin Towers ကို ပန်းခြံလေးထဲက လှမ်းရိုက်ထားတဲ့ပုံပါ။







Twin Towers ပေါ်ကနေ မြင်ရတဲ့မြင်ကွင်းကို ရိုက်ထားတာပါ။ အပေါ်ကိုတက်ဖို့ Free Ticket ကြိုယူရပါတယ်။ တန်းစီတာ ၊ စစ်ဆေးတာနဲ့ အချိန်နည်းနည်းပေးပြီး သွားခဲ့ရသော နေရာပါ။ ကျွန်မတို့ နေခဲ့တဲ့ ဟိုတယ်က Twin Towers ဘေးနားလေးဖြစ်လို့ သွားဖြစ်ခဲ့တာပါ။ တကူးတကဆိုရင် အချိန်သိပ်မရတာကြောင့် အဝေးကြီးသွားဖြစ်မယ်မထင်ဘူး။


ဒီဥပုံကြီးက စိတ်ဝင်စားဖို့ကောင်းတာနဲ့ ရိုက်ဖြစ်ခဲ့တယ်။ နှစ်ပေါင်းဒီလောက်ကြာတဲ့ ဥကြီးကို တွေ့ဖူးလိုက်ရတာပေါ့။






မနက်ခင်းနိးလာတိုင်း အခန်းထဲကနေ ကြည့်လိုက်ရင် ဒီပန်းခြံကြီးကို မြင်ရလို့ စိတ်ကြည်လင်အေးချမ်းမှုရမိတယ်။ မနက်စာ စားပြီးတာနဲ့ ပန်းခြံထဲမှာ လမ်းလျှောက်ရင်း စင်္ကာပူလို လူတွေ အမြဲမတိုးကျိတ်နေတာကို သဘောကျမိပါတယ်။ အေးချမ်းစွာနဲ့ စာအုပ်တစ်အုပ် ၊ ရေတစ်ပုလင်း ဘေးနားချပြီး စာသေချာဖတ်ရတဲ့အရသာကို လွမ်းမိနေဆဲပဲ .. ။


ရေကူးကန်ဆိုတာ ရေကူးတတ်သူတွေအတွက်တော့ အပန်းဖြေစရာဆိုပေမယ့် ကျွန်မလို ရေမကူးတတ်သူအတွက်တော့ ရေထဲဆင်းပြီး ဟိုလျှောက်ဒီလျှောက် ၊ ရေကူးကန်ဘေးနားမှာ စာထိုင်ဖတ်ဖို့ အလုပ်လောက်ပဲ ရှိနေတယ်။ သူများတွေရေကူးတာကို အခန်းထဲကနေပဲ လှမ်းကြည့်ရင်း အခုထိ ရေကူးသင်ဖို့ ဆန္ဒသိပ်မရှိသေးပါ။

4 comments:

ngapiy said...

I cannot wait to read ur new posts

ညီလင်းသစ် said...

အင်း...ကျွန်းနိုင်ငံမှာ နေပေမယ့် ရေမကူးတတ်ဘူး ဟုတ်လား? :D

ဘယ်မှ ဝေးဝေးလံလံ မသွားဘူးပဲထား... ... အခုလိုခရီးထွက်ရတာကိုက စိတ်လက်ပြေပျောက် အပန်းပြေစေတာပါပဲ၊ အေးအေးချမ်းချမ်း စာဖတ်ခွင့်ပါ ရရင်တော့ အတိုင်းထက်အလွန်ပေါ့...၊

Anonymous said...

when u guys say 'read a book', i always wonder what kind of books u guys read..

btw.. ever read "The Black Swan: The Impact of the Highly Improbable"?

ဝိုင် said...

မလင်းလက်ကြယ်စင်ရေ....ဘယ်လို အကြောင်းအရာများကြောင့် မလင်းလက်ကြယ်စင်ရဲ့...ခံစားချက်တွေက နှလုံးသွေးထဲကတောင်...ဆင်းသက်သွားရတယ်ဆိုတာကို...မှန်ကန် တိကျ မုသားကင်းတဲ့...ဖြေရှင်းချက်လေး တစ်စုံတစ်ရာကို.... ကျွန်တော်လို အမေးအမြန်း သိပ်ထူတဲ့ လူတစ်ယောက်က သိချင်ပါတယ်။ (ပို့စ်မှာ တင်ထားတာတွေနဲ့ ပတ်သတ်ပြီး မရှင်းလင်းလို့ ထပ်မေးတယ်ဆိုတာထက် လူတစ်ယောက်ရဲ့ လွန်ကဲတဲ့ ခံစားမှုမျိုးကို စိတ်ဝင်စားလို့ ထပ်ဆင့် မေးမြန်းခြင်း ဖြစ်ပါတယ်။)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။