Friday, January 30, 2009

ဘလော့ခ်အလွမ်း

ကျောင်း ၊ အိမ် ၊ မိသားစုအသိုင်းဝိုင်းများနဲ့ နေ့စဉ်လည်ပတ်နေရင်း ဖုန်တက်နေတဲ့ ဘလော့ခ်လေးကို “မဖြစ်သေးပါဘူး”ဆိုတဲ့ အတွေးလေးဝင်ပြီး ကျွန်မပြန်ဦးလှည့်လာခဲ့တယ်။ ဖြစ်ချင်တာတွေလည်း ပျော်ရွှင်စွာ ဖြစ်မြောက်ခဲ့ရင်း ဘ၀ဆိုတဲ့လမ်းမပေါ် သူလိုကိုယ်လိုပဲ လျှောက်ရင်း မတူညီတဲ့ လမ်းမတစ်ခုပေါ်မှာ မျှော်လင့်ချက်အဟောင်းတွေ ဖြစ်မြောက်ရှင်သန်ရင်း ပြောင်းသင့်တာတွေလည်းပြောင်း ၊ သင်ယူသင့်တာတွေလည်း ကြိုးစားသင်ယူ ၊ အကောင်းဆုံးကြိုးစားရင်း ကိုယ်လျှောက်ချင်တဲ့ လမ်းမသစ်တစ်ခုပေါ်တော့ အရာအားလုံး အခြေကျသွားခဲ့ပြီ။

စိတ်ထဲမှာ တွေးမိတာတွေ ၊ ဖတ်ရှုလေ့လာမိတာတွေတော့ ဒီလအတွင်း အတော်များပြားရှုပ်ထွေးခဲ့ပါရဲ့။ ဆိုးရွားနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ကြားနေရတဲ့ မကောင်းသတင်းတွေကလည်း နေ့စဉ်ထုတ်သတင်းစာတွေမှာ ပျံ့နှံ့လို့။ မအေးချမ်းတဲ့ ကာလကြားမှာ ခက်ထန်တဲ့ဒီလမ်းခရီးအလယ် အဓိကဖြတ်ကျော်ကူးနေရသူ ကိုယ်မဖြစ်သေးလို့ အနည်းငယ်စိတ်သက်သာရာ ရမိပေမယ့် မခံစားနိုင်ဘဲ အရှုံးပေးသွားတဲ့ လူတွေအတွက်တော့ အတော်လေးစိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ဖြစ်ပျက်သမျှဟာ ကောင်းဖို့ဖြစ်လာတယ်လို့ သတ်မှတ်ရင်း နှစ်ပေါင်း(၆၀)အတွင်း အကျပ်တည်းဆုံး ၊ အပြင်းထန်ဆုံး ဒီအခက်အခဲဟာ လူတွေအားလုံးကို အဖိုးတန်သော သင်ခန်းစာပေါင်းများစွာ ပေးနိုင်မယ်လို့ပဲ သုံးသပ်မိတယ်။

အေးချမ်းသာယာသော “အိမ်”များနှင့်အတူ မိသားစုများအားလုံး ပျော်ရွှင်ချမ်းမြေ့မှုအလင်းရောင်များ ထွန်းညှိနိုင်ဖို့ မျှော်လင့်ယုံကြည်လျက် …။

6 comments:

ကိုပေါ said...

ပြန်ရေးနေပြီဆိုတာတွေ့ရလို့ ၀မ်းသာပါတယ် မလင်းလက်။

ဒီစီးပွားပျက်ကပ်ကို ကျနော်တို့တွေ လွန်မြောက်နိုင်တဲ့အခါကျရင်တော့ ကမ္ဘာ့လူသားတွေမှာ တစုံတခုသော သင်ခန်းစာကို ရလိုက်ကြပြီး အနာဂတ်မှာ အကောင်းဖက်ကို ဦးတည်စေမယ့် ဆန္ဒတွေ ပေါ်ပေါက်လာနိုင်ကောင်းရဲ့လို့ အောက်မေ့မျှော်လင့်ရတာပဲ။

pandora said...

ဝတ္ထုလေးတွေ ရေးဦးလေ ညီမလေး
ပြန်လာတာဝမ်းသာတယ်။

Kaung Kin Ko said...

လမ်းမသစ်ပေါ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝတစ်လျှောက်လုံးပျော်ရွှင်ပါစေ ညီမရေ။ ပို့ စ်အသစ်တွေလည်းမျှော်နေမယ်။

Unknown said...

Nyi Ma yay,
Long time no see naw!
New post plz
:D

Kyaw Nyo Thway said...

ပြန်ရေးပြီပေါ့ ညီမလေး။ သာယာချမ်းမြေ့ပါစေ..

ဘ၀ .... ဆိုသည်မှာ said...

blog ကိုလွမ်းတာ သဘာဝကျပါတယ်ကွယ်၊
ခေတ်ကိုတော့ မျက်ခြည်မပြတ်စေနဲ့ပေါ့ငါ့ညီမလေးရာ
http://i725.photobucket.com/albums/ww253/antisukyi1/9935ce2d.jpg
လောကကြီးမှာ အမှန်တရားတွေရှိတယ်နော်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။