Wednesday, June 25, 2008

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အလှူနှင့် လွတ်လပ်မှုအထိမ်းအမှတ် မိုးပျံပူဖောင်းများ

Read More...

စင်္ကာပူတွင် ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့်မွေးနေ့အလှူ



စင်္ကာပူမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ဓါတ်ပုံတွေကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

Read More...

Monday, June 16, 2008

ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့် မွေးနေ့အလှူ ဖိတ်ကြားလွှာ (စင်္ကာပူ)


ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့် မွေးနေ့အလှူအား လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် စင်္ကာပူရောက်မြန်မာများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂၂ ဇွန်လ ၂၀၀၈

နေရာ - တိုပါရိုး မြန်မာဘုန်းကြီးကျောင်း

အစီအစဉ်

- ၁၀နာရီမှ ၁၁နာရီ
မွေးနေ့ဆွမ်းအနုမောဒနာ တရားနာကြားခြင်း

- ၁၁နာရီမှ ၁၂နာရီ
၁) မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း
၂) ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း

- ၁၂နာရီမှ ၁နာရီ
မွေးနေ့ဂုဏ်ပြုအစီအစဉ် (ကဗျာရွတ်ဆိုခြင်း ၊ ဓါတ်ပုံများပြသခြင်း)

Read More...

Saturday, June 14, 2008

ဒေါ်အောင်ဆန်းစုကြည်၏ ၆၃နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရမွေးနေ့ကဗျာများ






Read More...

လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ (ရဲရင့်သက်ဇွဲ)



ပြည်သူလူထုများ၏ မေတ္တာကိုပိုင်ဆိုင်ထားသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နီးကပ်လာတာနှင့်အမျှ ကျွန်မမေးလ်ထဲမှာလည်း သူမအတွက် မေတ္တာများဖြင့် ရေးသားထားကြသော ကဗျာမေးလ်တွေလည်း အကြိမ်ကြိမ်ရောက်ရှိလာပါတယ်။ ကျွန်မဘလော့ခ်ပေါ်မှာ တင်စေချင်ရုံသက်သက် ပို့လာပေးတဲ့ ကဗျာအချို့ကို ဖော်ပြပေးရင်း မအားလပ်မှုများကြောင့် ဖုန်တက်နေတဲ့ ကျွန်မဘလော့ခ်လေးကို ပြန်အသက်သွင်းလိုက်ရပါတယ်။

လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့
(ရဲရင့်သက်ဇွဲ)

မြန်မာ့သမိုင်းတလျှောက်
အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မှ
သူ့လောက်မဆိုးခဲ့ကြဘူး
အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့ တံတွေးခွက်ထဲ
ပက်လက်မျောသူ
တိရစ္ဆာန်လိုလူတယောက်

အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ … ။

ဘ၀ရဲ့ ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ
ထွေးပြီးသား တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ်
အမေ့ကို နောက်တနှစ် အကျယ်ချုပ်တဲ့
တံတွေးခွက်ထဲကအကောင် ပေးတဲ့
အမေ့အတွက် မွေးနေ့လက်ဆောင် .. ။

တကမ္ဘာလုံး ၀က်ဝက်ကွဲပါပဲ
အမေ့အတွက်
ဝမ်းနည်းကြောင်း
စိတ်မကောင်းကြောင်း
သတင်းစကားတွေ
သ၀ဏ်လွှာတွေ
ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့
တနှစ်တခါ တောချောက်သံလား
တောလဲသံလား
ပြီးတော့လည်း ပြီးသွားတာပါပဲ
အမေ့လွတ်မြောက်ရေးဟာ
လေနဲ့အတူလွင့်မျောသွားခဲ့
အမေ့စိတ်တခုသာ
သံမှိုကျောက်ဆောင်တခုအလား
ပိုမိုမာကျောကျစ်လစ်လာခဲ့တယ် .. ။

အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး
ပြည်သူလူထုရဲ့ ဒုက္ခသာလျင် အမေ့ရဲ့ ဒုက္ခဖြစ်တယ်
ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကိုပေးထားပြီးသားမို့
အမေ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အင်အားအောက်မှာ
တံတွေးခွက်ထဲကကောင်တွေ
တနေ့ ဒူးထောက်ကြရမယ်ဆိုတာ သားတို့ယုံတယ် .. ။

ကံကြမ္မာရေ ..
ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့
အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ
ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ်
အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ်
ပြည်သူလူထုကြီးရဲ့သွေးက
အမေ့ကိုယ်ထဲ လှည့်လည်စီးဆင်းတယ် … ။

ကမ္ဘာကြီးရေ ..
ဗမာပြည်ကြီးရေ
အမေ့ကို ချစ်သူ မုန်းသူများအားလုံးအား
အမေ့ကိုယ်စား
ငါတို့က ကျေးဇူးစကားဆိုပါရစေ .. ။

အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက်
လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ .. ။

(ဒေါ်အောင်ဆန်းစုကြည်. (၆၃) နှစ်ပြည့်မွေးနေ့အမှတ်တရ)

ရဲရင့်သက်ဇွဲ

Read More...

Saturday, June 07, 2008

အတ္တရောင်ပြန်


လတိုင်းရဲ့ ၇ ရက်နေ့တိုင်း တစ်ခုခုမှတ်သားစရာ စွဲကျန်ရစ်တတ်တဲ့ ၀တ္ထုတိုလေးတွေကို ကျွန်မ စာဖတ်သူတွေအတွက် ကြိုးစားဖော်ပြပေးခဲ့ပါတယ်။ တစ်ချို့ရသ၀တ္ထုတိုလေးတွေကတော့ ကျွန်မကိုယ်တိုင် ရေးဖြစ်သလို အချို့ဝတ္ထုတိုတွေကိုတော့ ကျွန်မနှစ်သက်ဖတ်ရှုမိတာတွေထဲကနေ ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ အမှတ်တရဆိုတာလူတိုင်းမှာ ရှိစမြဲပါပဲ .. ။ (၇)ရက်နေ့တစ်ရက်ဟာ ကျွန်မအတွက် မေတ္တာရေးနှင့်ပတ်သတ် အမှတ်တရနေ့တစ်ခုဖြစ်တာမို့ ထိုနေ့တွေတိုင်းမှာ မေတ္တာရေးနှင့်ပတ်သတ် မှတ်သားဖွယ်အကြောင်းအရာကိုပဲ ကျွန်မရွေးချယ်ဖော်ပြပေးလေ့ရှိပါတယ် ။

ဒီတစ်လမှာတော့ ခါတိုင်းဖော်ပြနေကျ စာရေးဆရာတွေမဟုတ်ဘဲ လူကြိုက်များသလို မကြိုက်သူလည်းများတဲ့ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ `အတ္တရောင်ပြန်´ ၀တ္ထုတိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဇတ်လမ်းတွေရေးတိုင်း မိုးခေါင်နေအောင် မြင့်မြင့်မားမားတွေရေးတတ်တဲ့ ဆရာမလွန်းထားထားကို လူတိုင်းဝေဖန်လေ့ရှိပါတယ်။ ကျွန်မအတွက်က သိုင်းဝတ္ထုတွေကလွဲ ကျန်သောမြန်မာစာအုပ်များကို ဖတ်ရှုလေ့ရှိသူပီပီ စာရေးဆရာတစ်ယောက်ရေးသမျှထဲမှာ ကြည့်တတ်ရင် မှတ်သားစရာတွေရှိတာမို့ ဆရာမလွန်းထားထားရေးထားသည့်စာအုပ်များထဲမှ မှတ်သားဖွယ်အကြောင်းအရာလေးတွေကိုလည်း အားပေးဖတ်ရှုလေ့ရှိပါတယ်။ အစားထိုးလို့ရသည့် အရာနှင့် အစားပြန်ထိုးမရသည့် အရာများကို စဉ်းစားဆုံးဖြတ်ရင်း မေတ္တာနှလုံးသားများအားလုံး ဖူးပွင့်လန်းဆန်းပျော်ရွှင်နိုင်ကြပါစေရှင်။


အတ္တရောင်ပြန်

"သူ့လောကလေးထဲမှာ .. သူ့စာအုပ်တွေသာ ပထမ ၊ သူ့စာအုပ်တွေသာ ဒုတိယ ၊ သူ့စာအုပ်တွေသာ တတိယ ၊ အဲဒီလောက် သူမြတ်နိုးတန်ဖိုးထားတတ်တာလေ .. ။ အဲ .. သူမြတ်နိုးတန်ဖိုးထားရမယ့် အရာတစ်ခု ရှိရဦးမှာပေါ့ .. ။ ဟုတ်သားပဲ .. သိပ်မြတ်နိုးစရာကောင်းလှတဲ့ ဆံပင်ရှည်ရှည် ခန္ဓာပါးလျလျနဲ့ မာနကြီးပုံရတဲ့ မျက်နှာလှလှကလေးနဲ့ ကောင်မလေးပေါ့ .. ။ သူမကလည်း သူ့ရဲ့ကျဉ်းမြောင်းလှတဲ့ ကမ္ဘာလေးထဲမှာ အရေးပါ အရာရောက်တဲ့ သူ့ရဲ့အဓိပ္ပါယ်ကလေးတစ်ခုပေါ့ .. ။

သူမကို သူ ချစ်စကားပြောတဲ့နေ့တုန်းကဆို ဘယ်လောက်တောင် ရယ်မောဖွယ်ကောင်းသလဲဆိုတာ ၀တ္ထုတွေထဲကလို လက်ဖျားခြေဖျားတွေ အေးတာမျိုးလည်းမဟုတ်။ မျက်နှာပူနွေးတယ်ဆိုတာမျိုးလည်း မရှိဘဲ ရင်ထဲတရှိန်းရှိန်း တဖိန်းဖိန်းနဲ့ ဓါတ်လိုက်ခံရသလို ခံစားနေရတာလေ။ ရင်တွေခုန်ပြီး ချွေးတွေပြန်လိုက်တာလည်း အလွန်ပဲ။ အဲဒီတုန်းက လက်ထဲမှာ ဆရာအောင်လင်းရဲ့ `အရိုင်းစံပယ်´ ၀တ္ထုစာအုပ်ကို တင်းတင်းဆုပ်ပြီး အထဲက `မ´ကို သူမနဲ့တူစေချင်နေခဲ့မိတယ်။ ဒါပေမဲ့လေ သူမက `မ´ထက်ပိုပြီး မာနကြီးတယ်။ `မ´လို အေးဆေး ရောင့်ရဲတက်မှာ မဟုတ်တာလည်း သေချာတယ်။ စိတ်ကူးထက် လက်တွေ့ကို ပိုပြီးသဘောကျတဲ့ပုံပဲ။ ပြီးတော့ သူ့လက်ထဲကစာအုပ်ကိုကြည့်ပြီး

`ရှင့်ကြည့်ရတာ စာသိပ်ဖတ်မဲ့ပုံပဲနော်´

လို့စကားလွှဲပြောတယ်။ တကယ်တမ်း သူပြောနေတာက သူမကို ချစ်တဲ့စကားပဲ။ သူမဟာ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲက မိန်းကလေးတွေလို `အို´ခနဲ အော်ပြီး ခေါင်းလေးငုံ့ရှက်သွေးဖြာသွားတဲ့ အမူအရာမျိုး ဘာလို့ မလုပ်တာပါလိမ့်။ သူမကြည့်ရတာ ထမင်းစားရေသောက်စကားတစ်ခွန်းကို နားထောင်နေသလိုပဲ။ ရင်ခုန်ပုံလည်း မရပါဘူး။ ဘယ်လိုမိန်းမမျိုးပါလိမ့်။

ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ သူက စာကြမ်းပိုးမဟုတ်လား။ သူဟာ စာအုပ်တွေအကြောင်းကို အမျှင်မပြတ် ပြောမိသွားတာ။ သူမကိုချစ်တဲ့အကြောင်းတွေ ပြောဖို့တောင် မေ့လျော့သွားတဲ့အထိပါပဲ။ ဓာတ်လိုက်သလို ခံစားရတဲ့ ရင်ခုန်မှုဆိုတာဟာလည်း ကြက်ပျောက်ငှက်ပျောက်။ နောက်ဆုံးမှာ သူမက

`ရှင့်ကြည့်ရတာ .. ကျွန်မထက် စာအုပ်တွေကို ပိုစိတ်ဝင်စားသလိုပဲနော်။ ဟုတ်လား´တဲ့။

အမယ်လေး။ သူ ကံကောင်းသွားတာက ယောင်ယမ်းပြီး ခေါင်းညိတ်လိုက်မိတော့မလို့ဗျို့။ သူ ရှက်ရယ်ရယ်ပြီး `မဟုတ်ပါဘူးဗျာ´လို့ လိမ်လိုက်ရတယ်။ သူမက မလိုတမာနဲ့ သူ့မျက်လုံးတွေထဲ ခပ်စူးစူးစိုက်ကြည့်နေတော့ သူ မနေတတ် မထိုင်တတ်ဖြစ်ပြီး လွှတ်ခနဲထွက်သွားတဲ့စကားက

`မမိုးရော ဘာစာအုပ်တွေကြိုက်တတ်လဲဟင်´ တဲ့လေ .. ။ သူမက နှုတ်ခမ်းတင်းတင်းစေ့ပြီး `ငြိမ်းကျော်စာအုပ်တွေ´လို့ ဖြေတယ်။ သူတို့ခပ်ငြိမ်ငြိမ် လမ်းလျှောက်လာခဲ့ကြပြီး လမ်းခွဲကြခါနီးမှာမှ သူမက

`ရှင် ကျွန်မကိုချစ်တာအမှန်ပဲလား´

`ဟာ အမှန်ပဲပေါ့´

သူ တက်တက်ကြွကြွ ဖြေလိုက်တယ်။ သူ ဖြေချင်တာက အမှန်တော့ အဲဒီစကားမဟုတ်ဘူး။ ငြိမ်းကျော်ဝတ္ထုတွေ အိမ်မှာ စီးရီးအစအဆုံး ရှိတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားချင်တဲ့စကားပဲ။ ဒါပေမယ့် သူမျိုသိပ်ထားလိုက်ရတယ်။ သူမ ကြည့်ရတာ သူ့စာအုပ်တွေကို သဲသဲလှုပ် စွဲလမ်းမက်မောတာကို သိပ်ကြည့်လို့ရတဲ့ ပုံစံမပေါ်ဘူး။ မိန်းကလေးတွေဟာ သ၀န်တိုတတ်တယ်လို့တော့ ကြားဖူးသား။ ဒါပေမယ့် အဓိပ္ပါယ် မရှိဘူး။ သူမဟာ စာအုပ်တွေကိုတောင် ဖက်ပြိုင်သ၀န်တိုနေပုံပဲ။ ရယ်စရာကောင်းလိုက်တာ။ မိန်းမတွေဟာ အတော်ရယ်စရာ ကောင်းတာပဲနော် ။ ဒါပေမဲ့ သူ မဝေဖန်ရဲဘူး .... "

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

Read More...

Thursday, June 05, 2008

စင်္ကာပူရှိ ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ မြန်မာနိုင်ငံ လေဘေးကယ်ဆယ်ရေး လှုပ်ရှားမှုမှတ်တမ်း






Read More...

“စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်”


“စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်”
(ရဲရင့်သက်ဇွဲ)

အသံတခုစီရဲ့စီးဆင်းမှုမှာ
ကြေကွဲခြင်းကပျော်ဝင်နေတယ် .. ။

အဆွဲ ၊ အငင် ၊ အဖြတ် ၊ အတောက်
ခံစားမှုအပြည့်နဲ့အသံများအောက်မှာ
နာဂစ်ဟာ ကစုန်ဆိုင်း
ငါတို့ ရင်ထဲ
ဒုန်းဆိုင်းလို့ဝင်ရောက်လာတော့တယ် .. ။


နောက်ခံတေးဂီတအသံကြားက
ခလေးငယ်ရဲ့အမေကို တမ်းတခေါ်သံ
ငါ့နှလုံးသား တစစီမွချွေ
ကမ္ဘာမကြေစရာများ
ငါတို့ဘ၀ ငါတို့ခေတ်ကြမှ
များပဲများနိုင်လွန်းလှချည်ရဲ့ … ။

သံသရာရှည်သမျှပါပဲ
အပူသယ်ဘ၀တွေကို
ဘယ်လိုဖေးကူမမှာလဲ .. ။

သံစဉ်လှိုင်းတွေက
ဆူနာမီလှိုင်းတွေလိုရိုက်ခတ်
နာဂစ်မုန်တိုင်းလိုတိုက်ခတ် ..

ငါတို့ရင်အစုံဟာ
မုန်တိုင်းပြီးစ မြို့ပျက်ကြီးပမာ
အပျက်အစီးများကြားက ကုန်းရုန်းထရ
သည်သီချင်းသံက
ငါတို့ကို ဆွဲယူထူမ
ငါတို့ချစ်တဲ့ ပြည်သူလူထုကြီးကိုဆွဲယူထူမ
အကြင်နာတရားနဲ့လူပီသသူများကို ဆွဲယူထူမ
ဘ၀များကို ပြန်တည်ဆောက်ပြလိမ့်မယ် .. ။

(အကြင်နာတွေနဲ့ဖေးကူပါ သီချင်းအားခံစားရေးဖွဲ့ပါသည်၊)

ရဲရင့်သက်ဇွဲ

Read More...

Monday, June 02, 2008

တို့ချစ်တဲ့ကမ္ဘာ .. တို့ချစ်တဲ့ကလေးတွေ



တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊

စာသား − မင်းချစ်သူ

Download Here

ကမ္ဘာကြီးပေါ်မှာ နိုင်ငံတကာရင်သွေးတွေ အများအပြားဟာ ကံဆိုးနေရရှာတယ်လေ
ဆာလောင်ခြင်း နာကျင်နေ အိုး သဘာဝကြီးမဟုတ်နှိုင် မဖြစ်နှိုင် ဒါဘယ်သူ့တာဝန်များလဲ

ရင်သွေးငယ်များ အကြင်နာဒီဆေးဝါး နှလုံးသားထဲ လိုအပ်နေကြပေမယ့်လည်း
တာဝန်ပျက်သူတွေဟာ ပေါ့ဆခြင်း လက်နက်နဲ့ (ဟင်း) ကလေးတို့ရဲ့ ဇီဝိန်အသက်ကို ခြွေခဲ့ပြီ

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

အိုး.. ကလေးဆိုတာဟာ အတူတူတွေပါ ဖယောင်များနှယ် ၀ိုင်းဝန်းလို့ ပုံသွင်း ကောင်းအောင်ဖန်တီး
အပြစ်မဲ့စင်ကြယ် ကလေးများရဲ့ ဘ၀လေးတွေ လူကြီးဖြစ်ကြ အဖြစ်ဆိုးမကြုံစေဖွယ်

(ဟယ်ရီလင်း) တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့အားလုံးအတွက် လှမ်းကာယူနိုင်မယ့် အနာဂတ်နေ့ရက်တွေ
အိုး.. ပိုမိုကောင်းမွန်စေချင် ရင်သွေးငယ်တိုင်းအတွက်ပဲ တို့တတ်နှိုင်တဲ့ တာဝန်တွေတိုင်းလဲ ထမ်းရွက်မယ်လေ

တစ်နေရာ တစ်ထောင့်ကတော့ ဒီအတိုင်းအစွမ်းနဲ့နော် အကူအညီပေးကြစို့ ကလေးများရဲ့ အတွက်ပေါ့
ငို.. ငို.. ငိုကြွေးကလေးငယ်များ (အိုး) ငတ်မွတ်မှုဝေဒနာတွေကိုလေ ဒီအတိုင်းကြည့်နေရက်နှိုင်ပါ့မလား

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

တို့ချစ်တဲ့ကမ္ဘာ၊ တို့ချစ်တဲ့ကလေးတွေ၊ တို့လက်တွေ တွဲကာလှမ်းယူနိုင်ရမယ် အနာဂတ်နေ့ရက်တွေ
လုံးဝကောင်းမွန်အစဉ်အမြဲ (ဟင်း) ကလေးများစွာ အသက်များအတွက် တို့ ကရုဏာလက်တွေ ပေးဆပ်ဖို့ လိုအပ်နေပြီ

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ၊ ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ့် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်တွေ )
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
(တို့ချစ်တဲ့ငါ့ရဲ့ကလေးများအတွက်) တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ရဲ့ကလေးများ) တို့ချစ်တဲ့ကလေးတွေ၊ (ငါတို့ချစ်တဲ့ကလေးတွေ)
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြ/ရမယ် အနာဂတ်နေ့ရက်တွေ (နောက်ထပ်နေ့တွေထဲ)
ပိုမိုကောင်းမွန်စေချင် (အကူအညီတွေပေးရင်း) ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ (ရင်သွေးငယ်များရဲ့အတွက်)
(တို့တတ်နှိုင်သမျှတွေ အားလုံးပဲ ဆောင်ရွက်ပေးဖို့ကောင်းနေပြီဟေ့)

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်များ)
ပိုမိုကောင်းမွန်ပါစေ ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
တို့တတ်နှိုင်သမျှကို အားလုံးပဲ အတူ ဆောင်ရွက်မယ် ရေးဟေ့..

တို့ချစ်တဲ့ကမ္ဘာ (ဒီကမ္ဘာကြီးအတွက်) ရင်သွေးတိုင်းအတွက် (တို့ချစ်တဲ့ကလေးတွေ)
နောင်အနာဂတ်တွေ တို့လက်တွေတွဲရင်း လှမ်းယူကြရအောင် (အနာဂတ်နေ့ရက်များ)
လုံးဝကောင်းအောင် ကမ္ဘာ့ရဲ့ရင်သွေးငယ်တိုင်းအတွက် ဟေးအကြင်နာတွေကိုပေးဆပ်ဖို့ (ဟေး.. ရေး..)

တို့ချစ်တဲ့ကမ္ဘာ၊ (တို့ချစ်တဲ့ကမ္ဘာ၊ ) တို့ချစ်တဲ့ကလေးတွေ၊ (တို့ချစ်တဲ့ကလေးတွေ၊ )
တို့လက်တွေ တွဲကာလှမ်းယူနိုင်ကြမယ့် အနာဂတ်နေ့ရက်တွေ (အနာဂတ်နေ့ရက်တွေ )
ပိုမိုကောင်းမွန်စေချင် ကမ္ဘာ့ရင်သွေးတိုင်းအတွက်လေ
တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ
တို့တတ်နှိုင်တဲ့တာဝန်များကို ထမ်းရွက်မယ်လေ

Read More...

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် Ngee Ann Poly မှ ရံပုံငွေ သင်္ကြန်

Read More...