Friday, August 08, 2008

၈၈၈၈ နှစ်(၂၀) ပြည့် အောက်မေ့သတိရပွဲ ဖိတ်ကြားခြင်း



၈၈၈၈ နှစ် (၂၀) ပြည့် အောက်မေ့သတိရပွဲ

ဖိတ်ကြားခြင်း

၈.၈.၈၈ တွင် မြန်မာပြည်သူတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း စစ်အာဏာရူး မိစ္ဆာဒိဋ္ဌိတို့၏ ရက်စက်ယုတ်မာမှုကြောင့် ကျဆုံးခဲ့ရသော ရဟန်းအာဇာနည်၊ လူအာဇာနည်တို့အား ဂုဏ်ပြုခြင်း၊ အောက်မေ့သတိရခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် စင်္ကာပူနိုင်ငံရောက် ပြည်ပရောက် မျိုးချစ်မြန်မာများနှင့် မြန်မာ့အရေး လှုပ်ရှားသူများမှ အချိုရည် အအေးမျိုးစုံဖြင့် အလှူဒါန ပြုလုပ်မည် ဖြစ်ပါကြောင်း စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာများအား လေးစားစွာ အသိပေး အပ်ပါသည်။

နေ့ရက် ၈.၈.၀၈ (သောကြာနေ့)
အချိန် ညနေ (၅)နာရီ မှ ညနေ (၈)နာရီ
နေရာ လမ်းပြကြယ် စာကြည့်တိုက်အနီး၊ (၅) ထပ်၊
ပင်နင်ဆူးလား ပလာဇာ

ပြည်ပရောက် မျိုးချစ်မြန်မာများ
စင်္ကာပူနိုင်ငံ

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။