Tuesday, July 10, 2007

အမှန်တရားများ

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အမှန်တရားများ


အတ္တတွေအတွက်
လူထုတစ်ရပ်လုံးကိုနှိပ်စက်ညှဉ်းပန်း
ဂုတ်သွေးကိုစုပ်ယူ
ဒီလူတန်းစားတစ်ရပ်ကို
တော်လှန်နေကြတာလဲ အမှန်တရား … ။


ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကြား
ဖြစ်ချင်တာတွေရင်မှာသိုဝှက်
ဖြစ်သင့်တာအားလုံးနဲ့
ဘ၀ကိုလက်ပစ်ကူးနေရတာလဲ အမှန်တရား .. ။


ငွေကြေးဓနတွေအားလုံးအတွက်
အချင်းချင်းလိမ်လည်လှည့်ဖြား
မုသာဝါဒတွေဦးခိုက်နေတဲ့
လူသားတွေရှိနေတာလဲ အမှန်တရား .. ။


သူတစ်ပါးမကောင်းကြောင်း
တီးတိုးတိတ်တဆိတ်ပြောဆို
ရှေ့တင်ဟန်ဆောင်ကောင်းပြ
သတ္တိမဲ့ငကြောင်တွေအကြောင်းကလဲ အမှန်တရား … ။


မကုန်ဆုံးနိုင်တဲ့ကြင်နာခြင်းတွေနဲ့
ချစ်သူဘ၀မှာအချစ်ကုန်
ပြောင်းလဲသွားတဲ့အချိန်တစ်ခုနောက်မှာ
အေးခဲသွားတဲ့မာယာတွေနဲ့
အက်ဆစ်တွေဝင်နေတဲ့နှလုံးသားလဲ
ငြင်းမရတဲ့ အမှန်တရား ……… ။


လင်းလက်ကြယ်စင်



2 comments:

hnin said...

မမရေ... အမှန်တရားဆိုတာ လူတွေက သိနေလည်း လက်ခံချင်ကြတာမှ မဟုတ်တာ။

Anonymous said...

ဟုတ်တယ် ညီမလေးရေ။ လက်မခံတဲ့လူတွေကြားမှာ ကိုယ်တွေကတော့ ဖောင်တိန်ကိုင်ပြောရမှာပဲ :)

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။