Sunday, July 15, 2007

“လွတ်လပ်ခြင်းအနုပညာ”



“လွတ်လပ်ခြင်းအနုပညာ”

မြန်မာပြည်ရဲ့ တကယ့်ကို လေးစားထိုက်သော ၊ ထူးချွန်ကြသော စာရေးဆရာကြီးများကို မြင်တိုင်း ၊ သူတို့ရေးတဲ့ စာအုပ်တွေဖတ်တိုင်း ရင်ထဲမကောင်းရတဲ့အချက်က “စာပေလွတ်လပ်ခွင့်မရှိခြင်း”ပါပဲ .. ။ စာပေကို မြတ်နိုးတန်ဖိုးထားတဲ့ စာပေအနုပညာသမားတွေအားလုံးရင်ထဲမှာ မတူညီတဲ့ အတွေးအခေါ်တွေ မြောက်မြားစွာ ရှိနိုင်ပါတယ် .. ။ သူတို့တွေ ဘာတွေကို ဝေဖန်ကြမလဲ .. ။ ဘာတွေကို ပိုလိုလားမလဲ .. ။ ဘယ်လို တန်ဖိုးရှိတဲ့ အတွေးတွေနဲ့ အမြင်မတူတာတွေကို လွတ်လပ်စွာ ဖလှယ်ကြမလဲ .. ။ အဲဒါတွေကို ကျွန်မ ဖွင့်ပေးစေချင်မိတယ် .. ။ မြင်လိုက်တိုင်း ဘောင်တစ်ခုနဲ့ ကန့်သတ်ပြီး ရေးနေရတဲ့ဘ၀ကို စိတ်ပျက်မိတယ် .. ။ စာမူတည်းဖြတ်ရေးအဖွဲ့ကလဲ တစ်ချက်ကလေး မှားလိုက်တာနဲ့ ခွင့်ပြုချက်မရဘူးဆိုတော့ တော်တော်လေး အကျပ်ရိုက်ရမှာပါ .. ။ အရည်အသွေးတွေစုနေတဲ့ ရတနာတွေကို တွင်းထဲပိတ်လှောင်ထားတာ ဘယ်လိုလူစားတွေပါလိမ့် .. ။
အခု ဘလော့ခ်ဂါစာအုပ်ထုတ်ဖို့လုပ်ကြတယ် .. ။ ဖတ်ပြီးတည်းဖြတ်ရေးလုပ်ကြသူများလဲ တော်တော်ခေါင်းခြောက်ရမှာပါ .. ။ မလွတ်လပ်တဲ့ စာပေရေးသားခြင်းကိုတော့ ရေးရတာ ရင်ထဲ ကျဉ်းကျပ်မိပါတယ် .. ။ အစိုးရကိုဝေဖန်တယ်ဆိုတာထက် မိမိရင်ထဲက မကျေနပ်ခြင်း ၊ လူငယ် လူကြီးတွေ အားလုံး၇င်ထဲက လိုအပ်ချက် … အဲဒါတွေအားလုံးကိုရေးတဲ့ စာတွေကို ဖတ်ချင်သလို ကိုယ်တိုင်လည်း ရေးချင်တယ် .. ။ ကျွန်မ ဒီဘလော့ခ်စာအုပ်နဲ့ပတ်သတ်ပြီး လုပ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပူးပေါင်းပါဝင်သူ လက်တစ်ဖက်တောင် ပြည့်ပါ့မလား မသိဘူး .. ။ မိမိရင်ထဲက ခံစားချက်အစစ်တွေ ၊ မြန်မာပြည်နဲ့ပတ်သတ်ပြီး တွေ့ကြုံရတဲ့ အဖြစ်ပျက်စာတွေ ၊ ပြည်ပရောက် အခက်ခဲ အတွေ့အကြုံ ခံစားမှုတွေ ၊ လူတွေရဲ့ ရင်ထဲက လိုအပ်ချက်တွေကို ခံစားမှု အနုပညာပေါင်းပြီး လွတ်လပ်စွာရေးထားတဲ့ ပို့စ်တွေ … အားလုံးပေါင်းပြီး ဘယ်စာမူတည်းဖြတ်ရေးအဖွဲ့မှ မတင်ဘဲ ရအောင်ထုတ်ချင်တယ် .. ။ “စာပေ”ဆိုတာ လူတွေရဲ့ နှလုံးသား ၊ သွေးထဲက ဖြစ်လာတဲ့ ရတနာတစ်ခု .. ။ အဲဒီလို ရတနာမျိုးကို အာဏာရှင်ကို ဘာလို့ချုပ်ကိုင်ခွင့် ပေးရမှာလဲ .. ။ ထိုင်းလို နိုင်ငံမျိုးမှာဆို မြန်မာတွေ ပိုမတရားခံရတာ များပါတယ် .. ။ နောက် မမခင်မင်းဇော်ရေးတဲ့ “သောင်ရင်းမြစ်ကိုဖြတ်ခဲ့ပြီ” စာမျိုးတွေ ပါဝင်စေချင်တယ် .. ။ အဲဒီဘက်ကနေ တွေ့ကြုံရတဲ့ ဘ၀ခါးခါးတွေအားလုံးကို မြန်မာပြည်မှာ သိစေချင်တယ်.. ။ ကျွန်မတို့လူငယ်တွေက စာပေလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံမှာ မိမိရင်ထဲက လိုအပ်ချက် ၊ ခံစားချက် ၊ တောင်းဆိုမှုတွေအားလုံးကို ရဲဝံ့စွာ တင်ပြရတဲ့ အဖြစ်ပျက်တစ်ခုကို အားလုံးရှေ့က လမ်းပြလုပ်ဆောင်ချင်တယ် … ။ ကန့်သတ်ပြီး ရင်ထဲရှိတာကို တရားမျှမျှတတ လုပ်ခွင့်မပြုတဲ့ စည်းမျဉ်းတွေအောက်မှာ ရေးရတာ ဘာမှလဲ မထွက်လာဘူး .. ။ အဲဒီဘ၀မျိုးကို ကျွန်မ မကြိုက်ဘူး .. ။ ကလောင်တံအားလုံးကို ကြိုးနှင့်ချုပ်ထားတာကို ကျွန်မ သိပ်မုန်းတယ် .. ။ “ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်”ဆိုတဲ့စကားပုံအတိုင်း ဖြစ်စေချင်တယ် .. ။
လူတိုင်း လူတိုင်းမှာ Freedom ဆိုတာ ရှိကိုရှိသင့်တယ် .. ။ နံရံတွေကြား လေးဘက်လေးရံ ညှပ်ထားတဲ့ အချိန်မှာ လူဖြစ်ရတဲ့ဘ၀က ဘယ်လောက် အကျည်းတန်ရုပ်ဆိုးလဲ တဖြေးဖြေးပိုသိလာမိတယ် .. ။ ဟိုဟာ လုပ်ချင်လဲ မလုပ်ရ ၊ ဒီဟာဖြစ်ချင်လဲ အဆင်မပြေ ၊ ဟိုဟာတင်ပြလဲ ပယ်ချ စိတ်ကုန်တယ် .. ။ နောက်ဆုံး ဘာမှလုပ်စရာကို မကျန်တော့ဘူး .. ။ အကုန်ချောင်ပိတ်ပြီး မျက်လုံးကို အ၀တ်နဲ့စည်းထားတာ တော်တော် ဒုက္ခရောက်တယ် .. ။ တနိုင်ငံနဲ့တနိုင်ငံက စီးပွားရေးအရ ဆက်ဆံ ၊ ကိုယ့်နိုင်ငံကိုယ် အားလုံးက ကောင်းသထက် ပိုပိုကောင်းလာအောင် လုပ်ဆောင်နေကြတာတွေကို ကြည့်တိုင်း ကျွန်မနိုင်ငံအတွက် ရင်ထဲမှာ တနုံ့နုံ့ ဖြစ်ရတယ် .. ။ ကျွန်မတို့နိုင်ငံက ကမ္ဘာကြီးက ခွဲထွက်နေတဲ့ ကျွန်းတစ်စုနဲ့ တူနေတာတော့ အမှန်ပဲ .. ။
ကျွန်မရင်ထဲကဖြစ်ချင်တာတစ်ခုကို မဝေးတဲ့အချိန်တစ်ခုအတွင်းမှာပဲ ဖြစ်အောင် လုပ်ချင်တယ် .. ။ လွယ်တဲ့ ကိစ္စမဟုတ်မှန်းသိပေမယ့် ရအောင်တော့ လုပ်ချင်မိတယ် .. ။ ကျွန်မ ရင်ထဲမှာ မြန်မာပြည် ပြန်ဖို့ Target ထားထားတဲ့ အချိန်တစ်ခုရှိတယ် .. ။ အဲဒီအချိန်အတွင်းမှာ အားလုံးကို ပြီးအောင်လုပ်ချင်စိတ်က တားမရအောင် ဖြစ်နေတယ် .. ။ ဘယ်သူတွေ ကျွန်မနဲ့လျှောက်ရဲလဲတော့ ကျွန်မ မသိဘူး .. ။ အတူတူ လက်တွဲရင်တော့ အတိုင်းမသိ လေးစားမိမှာပါ .. ။
ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို ဘာလို့များ ထိန်းချုပ်ရမှာလဲ .. ။ စိတ်ထဲရှိတဲ့ အမှန်တရားဆိုတာ ဖော်ပြသင့်တယ် .. ။ ဒီအတိုင်းဆက်သွားနေရရင်တော့ ကျွန်မကိုယ်ကျွန်မ လူဖြစ်ရကျိုးနပ်တယ်လို့ မထင်မိဘူး။ အခု ကျွန်မအသက် ၁၈ ကျော်ပြီ .. ။ ဘာတစ်ခုမှ မလွတ်လပ်သေးဘူး .. ။
အလင်းရောင်မများရင်တောင် မပျောက်ဆုံးသွားတဲ့ ခပ်မှိန်မှိန် အလင်းရောင်ပျပျတစ်ခုအဖြစ် … လွတ်လပ်ခြင်းအနုပညာတစ်ခုကိုတော့ မှင်အိုးတွေကုန်ဆုံးသွားတဲ့အထိ ကျွန်မ ဖန်တီးချင်မိသည် … ။

4 comments:

Anonymous said...

sis ko a myal ar pay nay tal naw. I like u being straitforward what u want. carry on.

M.Y. said...

ညီမလင်းလက်..အဲဒိမပြည့်တဲ့လက်တစ်ဖက်အရည်အတွက်ထဲမှာ ကျွန်တော့်ကိုထည့်ထားလိုက်ပါ။ လွတ်လပ်ခြင်းအနုပညာ ကို လွတ်လပ်စွာဖော်ထုတ်ခွင့်ဆိုတာ လူသားတစ်ဦးရဲ့ အခွင့်အရေးပါ။ ပြီးတော့ ဘလော့(ဂ)ခြင်းအနုပညာရဲ့ တစ်ကယ့် အနှစ်သာရပါ…
မြန်မာဘလော့ဂ္ဂါ သမိုင်း မှာ လွတ်လပ်စွာသဘောထားတင်ပြမှုဆိုတာလေးမှတ်ကျောက်အတင်ခံဖို့ 
ဖြစ်အောင်လုပ်ရင်ဖြစ်ပါတယ်..
(ကို)မောင်ရင်

အာကာမင်းမောင် said...

အင်တာနက်ခေတ်ာညငြူးုစဟစဟစအင်တာနက်ခေတ်ကြီးမှာကိုယ့်ဘာသာဘလော့ဂ်လေးလုပ်ပြီးရေးချင်တာရေးလို့ရတာဟာတော်တော်လေးကိုမက်မောစရာကောင်းတဲ့အရသာလေးပါ။ကိုယ်ပိုင်တဲ့ဘလော့လေးမှာကိုယ်ရေးချင်တာရေးလို့ရတယ်။ပြောချင်တာပြောလို့ရတယ်။တစ်ခုတော့ရှိတာပေါ့ညီမရယ်။ကို့ဘလော့ဂ်ကိုလာလည်တဲ့သူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေမဲ့စာမျိုးတွေကိုတော့မရေးပါနဲ့လား။ရေးတဲ့အကြောင်းအရာကိုပြောချင်တာမဟုတ်ဘူးနော်။အကြောင်းအရာကတော့ကိုယ်ပိုင်ဘလော့ဂ်မှာကိုယ်ရေးချင်တာရေးတာဟာသဘာဝပါ။ကြိုက်ရင်ဖတ်မကြိုက်ရင်မဖတ်နဲ့ပေါ့။အဲဒါကရှင်းပါတယ်။ကိုပြောချင်တာကညီမပြောတဲ့စကားလေးတွေကိုပြန်စစ်ပြီးကြမ်းတမ်းတာလေးတွေရှိနေရင်ပြင်စေချင်တာပါ။စီဗောက်စ်မှာတစ်ယောက်လာကိုက်နေတယ်ဘာညာကတော့မရေးသင့်ဘူးလို့အကြံပေးချင်တယ်။ကို့အမြင်ပြောရရင်ညီမကအခုလိုရေးထားတော့ဘယ်လိုပြောရမလဲ။ကြိုတင်ကာကွယ်ပြီးလက်နက်ထပ်ဆင်ထားသလိုလို၊စစ်တိုက်နေသလိုလို၊ရန်ဖြစ်နေသလိုလိုမျိုးဆိုတော့ညီမရဲ့ဘလော့ဂ်ကိုလွတ်လပ်တယ်လို့အစ်ကိုမမြင်တော့ဘူး။ကိုတွေးမိတာပြောပြတာနော်။ဘာဖြစ်လဲကိုယ့်ဘလော့ဂ်ပဲရေးချင်တာရေးမှာပေါ့။မကျေနပ်ရင်လာမဖတ်နဲ့လေ။ကာကွယ်ထားစရာမလိုဘူးထင်တာပဲ။ကို့ကိုလာပြီးမကောင်းပြောလာရင်ပါစင်နယ်ရှင်းလိုက်မှာပေါ့။ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်တင်ထားတဲ့ဘလော့ဂ်လေးမှာတော့ကိုယ်ရေးချင်တာရေးမှာပေါ့ကွာ။ဟုတ်တယ်မလား။ကိုကတော့ဘယ်သူလာပြောပြောရေးချင်တာရေးတယ်။တင်ချင်တာတင်တယ်။အဲဒါမှလွတ်လပ်တဲ့စာပေလို့ခေါ်လို့ရမယ်လို့ယူဆတာပဲ။အရေးအသားကောင်းပါတယ်။စကားပြေရေးသားမှုကိုပိုအားသန်တယ်ထင်တယ်။ကြိုးစားပါ။တချိန်ချိန်မှာရောင်းအကောင်းဆုံးစာရေးဆရာမဖြစ်နိုင်ပါတယ်။ချစ်သူနဲ့ပျော်ရွှင်နိုင်ပါစေ။ကို့ဘလော့ကိုတော့မပေးတော့ဘူး။ကိုရေးတဲ့စာတွေကမိန်းကလေးအကြိုက်တွေမဟုတ်လို့။

Anonymous said...

sadfdsafdsaf

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။