
ဒီစာမူကို သံလွင်အိပ်မက်မှာ စာရေးလေ့ရှိတဲ့ မမခရေဖြူက ပို့ပေးလာတာပါ ။ သဘောကျတဲ့ စာမူလေးဖြစ်တာမို့ စာပြန်စီပြီး စာဖတ်သူများကို လက်ဆင့်ကမ်း ဝေမျှလိုက်ပါတယ်ရှင် .. ။
Aug လအတွင်း ဆန္ဒပြသတင်းများကို စတင်ကြားရသည် ။ မစုစုနွေး ၊ ကိုထင်ကျော်တို့ကို အတင်းဆွဲတွန်းထုတ် ရိုက်နှက်၍ လူစုခွဲသော် သတင်းရုပ်ပုံများကို မြင်ရ ကြားရသောအခါ စိတ်မကောင်းဖြစ်မိသော်လည်း “သတ္တိကတော့ မသေးဘူးဟေ့ ၊ ဘာလုပ်လို့မှ ဘာမှမဖြစ်တဲ့ တိုင်းပြည်မှာ သွားလုပ်နေတယ်”ဟု ဝေဖန်ခဲ့ပါသည်။
စင်္ကာပူတွင် လမ်းလျှောက်ရန် ဆော်သြကြသောအခါ “ကြောက်တယ် မလိုက်ဘူး”ဟု ငြင်းဆိုသူများတွင် ကျွန်မတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါသည်။ လမ်းသွားလျှောက်သော သူငယ်ချင်းများ အစစ်အဆေးခံရသည်ဟု ကြားသိသောအခါတွင်လည်း ဖုန်းဆက်ပြီး “ငါပြောသားပဲ မလုပ်ပါနဲ့လို့ ။ ရှိတဲ့ ပီအာလေး ပြုတ်သွားလို့ မြန်မာပြည်ပြန်ရမှ နင့်ပထွေး နအဖက လေဆိပ်မှာ လာကြိုနေလိမ့်မယ်”ဟု ပြောခဲ့သည်။ နိုင်ငံရေးသည် ကျွန်မနှင့် မပတ်သတ် ။ ပင်ပင်ပန်းပန်းရရှိခဲ့သော ယခုလက်ရှိအနေအထားတစ်ခုကို အထိခိုက်မခံနိုင် ဟူသော ကျွန်မခံယူချက်များသည် ၂၅ ရက်နေ့ထိသာ တာရှည်ခဲ့သည် ။
စင်္ကာပူစံတော်ချိန် ၅နာရီခွဲခန့်တွင် ကျွန်မအလုပ်များ လက်စသပ်နေစဉ် သူငယ်ချင်းတစ်ယောက်ဆီမှ ဖုန်းဝင်လာသည်။ ပစ်ကြပြီ ။ မြန်မာပြည်တွင် စစ်တပ်က ရဟန်းများ ၊ လူများအားလုံးကို သေနတ်နှင့် လိုက်ပစ်ကာ တုတ်များနှင့် ရိုက်၍ အများအပြားသေကြေကြသည်ဟူဧ။် ။ နားထင်မှ သွေးများ တဒိတ်ဒိတ် ခုန်လာသည်။ တကိုယ်လုံး လှည့်ပတ်နေသော သွေးများအတွင်းတွင် ဒေါသ ၊ ၀မ်းနည်းခြင်း ၊ ယူကြုံးမရ ဖြစ်ခြင်းတို့သည် အလုအယက် စီးမျောနေကြဧ။် ။ ကျန်ရှိနေသော အလုပ်ချိန် နာရီဝက်သည မစ္ဇျိမ ၊ ဘားမား တူဒေး ၊ ဘီဘီစီ ၊ ဆုံဆည်းရာ အစရှိသည့် ၀ဘ်ဆိုဒ်ပေါင်းစုံတွင် အချိန်ကုန်သွားဧ။် ။
စက်တင်ဘာ ၂၆
နံနက်ရုံးလာချိန်တွင် ကျွန်မ လုပ်ဖော်ကိုင်ဖက် တစ်ဦးက စင်္ကာပူသတင်းစာလာပေး၍ နင့်တိုင်းပြည်အကြောင်း ပါတယ်ဟု အကြောင်းကြားထားဧ။် ။ ခေါင်းကြီးပိုင်း မျက်နှာဖုံးတွင် နေရာယူထားသော ကျွန်မတို့အစိုးရဧ။် အစွမ်းကုန်ပက်စက်ရမ်းကားပုံများသည် ကျွန်မအား နံနက်စောစောစီးစီး ဒေါသထွက်စေဧ။် ။ သတင်းစာ ဖတ်ပြီးချိန်တွင် စိုစွတ်နေသော ပါးနှစ်ဖက်က ကျွန်မဧ။် စိတ်ခံစားမှုအတိုင်းအတာကို သက်သေခံနေပါသည်။
ထိုနေ့မှစ၍ company တစ်ခုလုံးတွင် တစ်ဦးတည်းသော မြန်မာ ကျွန်မကိုမြင်တိုင်း “What Happen To Your Country” “Why monks are involved in politic” ဟူသော မေးခွန်းနှစ်ခုကို နေ့စဉ် ရင်ဆိုင်ရပါသည်။ ကျွန်မကလည်း ဖြစ်ပျက်ပုံနှင့် ရဟန်းများ ပါဝင်ရပုံကို ရှင်းပြရလွန်း၍ အာခေါင်တွေတောင် ခြောက်လာဧ။် ကျွန်မ ကွန်ပြူတာတွင် United ဟူသော ရဟန်းသံဃာနှင့် ပြည်သူလက်တွဲနေပုံကို Screen Saver အဖြစ် တင်ထားဧ။်။ MSM တွင် May we win stupid government ဟူ ခေါင်းစဉ်တပ်ထားသည်။ ၂၈ရက်နေ့တွင် အနီရောင်ဝတ်၍ ဘုန်းကြီးကျောင်းတွင် ဘုရားဝတ်ပြု ပရိတ်နာခဲ့ဧ။် ။ “ဘာလုပ်လို့ ဘာဖြစ်မှာမို့လဲ”ဟူသော အချိန် ကျွန်မအတွေးအခေါ်များသည် “ဘာဖြစ်ဖြစ် မဖြစ်ဖြစ် လုပ်သင့်တယ်ထင်ရင် လုပရမယ်”ဟု ပြောင်းလဲကုန်ဧ။်။
ဘာဖြစ်မှာမို့လို့လဲ
လူတော်တော်များများ ဤမေးခွန်းကို မေးကြသည်။ ပေါက်မည်သေချာမှ ထီထိုးမည်ဆိုလျှင် ထိုးဖြစ်တော့မည် မဟုတ်ပါ ။ ထီသည် ကံတစ်မျိုးတည်းနှင့်သာ သက်ဆိုင်သော်လည်း နိုင်ငံအရေးသည် ကံ ၊ ဥာဏ် ၊ ၀ီရိယ ၊ စည်းလုံးညီညွတ်မှု ၊ ပါးနပ်လိမ္မာမှုတို့နှင့် များစွာသက်ဆိုင်သည် ။ ယခု လှုပ်ရှားနေသော လူများသည် “နိုင်ချင်သည် ၊ နိုင်ရမည်”ဟု ခံယူထားသော်လည်း “နိုင်မည်”ဟု မည်သူမျှ မပြောနိုင်ပါ ။ သို့သော် ထိုသူတို့ ဦးဆောင်ကြဧ။် ရဲရင့်စွာ ၊ စည်းကမ်းရှိစွာ “အမှန်တရားအတွက် စတေးခဲ့ဧ။် တယောက်တွန်းက မရွေ့ ၊ ပြိုင်တူတွန်းမှ ရွေ့သည်”ကို သတိပြုအပ်သည်။
နိုင်ငံရေးစိတ်မ၀င်စားဘူး
ဟုတ်ကဲ့ ။ မည်သူမျှ အမိဝမ်းမှ ထွက်လာကတည်းက “နိုင်ငံရေး နိုင်ငံရေး”ဟု အော်ထွက်လာသည်ဟု မကြားဖူးပါ။ နိုင်ငံရေးလုပ်သူသည် သိပ္ပံပညာရှင်များကဲ့သို့ Born in talent လည်း မဟုတ်ကြပါ ။ မခံမရပ်နိုင်မှု ၊ အနစ်နာခံမှုများမှ ရပ်တည်မှု ခံယူချက်အဖြစ် ကူးပြောင်းသွားခြင်းသာ ဖြစ်ဧ။် ။ နအဖထောင်သည နေပျော်စရာကောင်းသည်ဟု တခါမျှ မကြားဖူးသောကြောင့် နိုင်ငံရေးကို popular ဖြစ်အောင်လုပ်၍ ထောင်ကျခံချင်သူများလည်း ရှိကြမည်မဟုတ်ပါ။ စိတ်မ၀င်စားသော သူများသည် နအဖလက်ထက်တွင် အထုတ်လိုက် အထည်လိုက် မျိုဆို့နေရသော မျက်စိနားများကို ပိတ်၍ ပါးစပ်နှင့်လက်သာ လှုပ်နေသည့် လူတန်းစားများ ဖြစ်ဧ်။ ကိုယ်တိုင်မပါဝင်ရဲသည့်တိုင် စိတ်ဝင်စားရမည် ။ အမှန်အမှား သိရမည် ။
မြန်မာပြည်သည် တို့တိုင်းပြည်ဖြစ်သည် ။ မလွှဲသာ၍ စွန့်ခွာခဲ့ရသော်လည်း ကျွန်မတို့သွေးများသည် မြန်မာ့သွေးများဖြစ်ပါဧ။် ထို့ကြောင့် “နိုင်ငံရေး စိတ်မ၀င်စား”ဟု ပြောမည်ဆိုလျှင် ငါဘယ်လိုလူစားမျိုး ဖြစ်သွားမည်လဲဟု အရင်စဉ်းစားသင့်သည် ။ ယခုရက်စက်ပစ်သတ်ရိုက်နှက်ခံနေရသော လူထုထဲတွင် သင့်မိဘ ညီအကိုမောင်နှမ ၊ သင့်ချစ်သူသာပါမည်ဆိုလျှင် “နိုင်ငံရေး စိတ်မ၀င်စားဘူး”ဟု သင်ဆက်၍ ပြောနိုင်မည်လော။
“အပြင်က ဟောင်မနေကြနဲ့ ။ သတ္တိရှိရင် ပြန်လာခဲ့”
ဤစာတမ်းကို ကျွန်မ မကြာခဏ ဘလော့ခ်များတွင် ကွန်မန့်များတွင် တွေ့ဖူးပါသည်။ ရေးသူသည် မြန်မာပြညထဲမှ ဆင်းရဲကျပ်တည်းမှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူတစ်ဦး ဖြစ်နိုင်သလို နအဖတပ်မှ ရုရှားဗိုလ်ကြီး ၊ ဗိုလ်ကလေးများလည်း ဖြစ်နိုင်ပါသည် ။ ဟုတ်ကဲ့ ။ အနီးစပ်ဆုံး ဥပမာပြရပါလျင် ဘောလုံးပွဲများကို ကြည့်ပါ။ ဘောလုံးကန်သူများရှိသလို အားပေးသူများလည်း ရှိရပါသည်။ နင့်ဘာသာ လေ့ကျင့်ထားရရင် နိုင်မှာပဲ ။ အားပေးစရာ မလိုဟူသော ပရိတ်သတ်များ အပ်ကျသံ မကြားတိတ်ဆိတ်၍ ဘောလုံးသမားများသည် ကိုယ့်ဘာသာကစားသော ဘောလုံးပွဲများ ရှိပါသလော ။ အော်ကြ ဟစ်ကြ အားပေးကြဧ။် ။ သူ့ဘက် ကိုယ့်ဘက် အသံကုန်အော်ကြဧ။် ။ ရှုံးနေရာမှ ပရိတ်သတ်အားပေးမှုကြောင့် စိတ်အားထက်၍ အနိုင်ရလိုက်သော သာဓကများစွာရှိဧ။် ။ အားပေးသော ပရိတ်သတ်သည် ဘောလုံးကန်တတ်သူများ မဟုတ်ပါ ။ သို့သော် သူတို့သည် ကိုယ့်အသင်းနိုင်ရေးအတွက် အချိန်ကုန် ၊ ငွေကုန် အလုပ်ပျက်ခံ၍ လာရောက်ကြည့်ရှုကြခြင်းဖြစ်ဧ။် ။ ( ဘောလုံးပွဲလောင်းသည်များကို မဆိုလိုပါ ) ။
ထို့အတူ ကျွန်မတို့သည် ပြည်ပမှအားပေးဧ။် ။ ငွေကုန် အလုပ်ရှုပ်ခံ၍ ၀ါဒဖြန့်ဧ။် ။ အလုပ်ပျက် ကျောင်းပျက်ခံ၍ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ဧ။် ။ ကျွန်မတို့ရနေသော ၀င်ငွေများသည် မြန်မာပြည်နိုင်ငံတော်အစိုးရ ရုံးများကဲ့သို့ ကိုရီးယားရုပ်ရှင်အကြောင်းလေးပြောလိုက် ၊ လက်သည်းနီလေးဆိုးလိုက် ၊ အတင်းလေး ပြောလိုက်နှင့် ရသောလခများ မဟတ်ပါ။ အလုပ်အချိန်အတွင်းတွင် အမှန်တကယ်လူအား ဥာဏ်အားစိုက်ထုတ်၍ တင်းပြည့်ကျပ်ပြည့် အလုပ်လုပ်ရဧ။် ။ တချို့ Work Permit သမားများဆိုလျှင် တနေ့လုံး အလုပ်လုပ်မှ $ 13 လောက်သာရဧ။်။ သို့သော် ကျွန်မတို့သည် ကျွန်မတို့ တိုင်းပြညအတွက် ၊ ဘာသာ သာသနာတော်အတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူများအတွက် လှူဒါန်းရန် နောက်မတွန့်ကြပါ ။ ဤသည်မှာ ကျွန်မတို့ ထမ်းနိုင်သလောက် ကူထမ်းခြင်းသာဖြစ်၍ ပြည်ပမှ ဟောင်နေသည်ဟု မစွပ်စွဲသင့်ပါ။
သတ္တိရှိရင်ပြန်လာခဲ့ ဟူသည်ထက် မိုက်လျင် ပြန်လာခဲ့ဟူသည်က ပိုမှန်ပေမည် ။ သတ္တိရှိခြင်းနှင့် မိုက်ရူး၇ဲဆန်ခြင်းကို ကောင်းစွာခွဲခြားတတ်သင့်သည် ။ ကျွန်မတို့ မြန်မာပြညသို့ ယခုအချိန်ပြန်လျင် အခြေအနေဘာများ ပြောင်းလဲသွားမည်နည်း ။ ဆန္ဒပြလူအုပ်ထဲတွင် လူတစ်ယောက်တိုးလာသည်မှအပ (သို့) အဖမ်းခံရာ လူအုပ်ထဲတွင် လူတစ်ယောက်တိုးလာသည်မှအပ ပိုထူးမည်မဟုတ်ပါ ။ ပြည်ပမှ အလှူရှင်တစ်ဦး လျှော့သွားသည် ။ ၀င်ငွေကို မှီခိုစားသောက်နေရသောကြောင့် အလုပ်မရှိပါက ပြည်တွင်းတွင် ကျပ်တည်းသော မိသားစုတစ်ခုတိုးလာပါမည် ။ ပြန်ချိန်ရောက်လျှင် ပြန်လာခဲ့ကြပါမည် ။ ထိုအချိန်သည် ကြက်ခြေနီ ဦးထုပ်လေးဆောင်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် volunteer အနေလည်း ဖြစ်နိုင်ဧ။် လူမှုရေး ၊ ကျန်းမားရေး ၊ ပညာရေးများ ပြန်လည်ထူထောင်ရန် ကျွန်မတို့လို ပြည်ပအင်အားများ အမှန်တကယ် လိုအပ်မည်ပင်။ ထိုအချိန်သည် မဝေးသော ကာလတစ်ခုတွင် ရောက်ရှိလာမည်ဟု မျှော်လင့်မိပါသည်။
အားပေးစကား
ကျွန်မငယ်ငယ်က ဘုရားမှန်မှန်ရှိခိုးပါလျက် ကံမကောင်း ။ မဟုတ်တာ လုပ်နေကြသူများတော့ ကံကောင်းကြသည် ဟု မကျေမနပ်ပြောသောကြောင့် ကျွန်မ အဘွားက ကျွန်မကို ပုံပြင်လေးတစ်ပုဒ် ပြောပြပါသည်။ ထိုပုံပြင်လေးမှာ
တခါက ရွာတစ်ရွာတွင် သစ်ခုတ်သမားတစ်ယောက်သည် တောထဲတွင် သစ်ခုတ်သွားစဉ် အလေးသွားချင်၍ ချုံတခုထဲဝင်ကာ သွားခဲ့သည် ။ ကိစ္စပြီး၍ သစ်ရွက်များနှင့် ဖုံးရန်ကြည့်လိုက်သောအခါ စွန့်ထာသော မစင်များသည် ပကတိရွှေသားများအဖြစ်သို့ ပြောင်းလဲနေပါဧ။် ။ ထိုသတင်းသည် သစ်ခုတ်သမားနေသော ရွာကလေးတွင် တမဟုတ်ချင်း ပျံ့နှံသွားရာ လူအများလာရောက်၍ ခြုံနွယ်များကို ရှင်းလင်းကြဧ။်။ ရှင်းလင်းပြီးသောအခါ မစင်စွန့်ရာ နေရာသည် မြေကြီးထဲသို့ တ၀က်တပျက်မြုပ်နေသော လျောင်းတော်မူ ရှေးဟောင်းဘုရားတော်ကြီးဧ။် ဦးခေါင်းပေါ်တွင်ဖြစ်နေဧ။် ။ လူအများသည် ဘုရားဦးခေါင်းတော်ပေါ်တွင် မလုပ်သင့်ဟု မစဉ်းစားကြတော့ဘဲ ရွှေရလိုဇောနှင့် အပြိုင်အဆိုင် မစင်စွန့်နေကြရာ ထိုနေရာတွင် မစင်စွန့်သူများနှင့် စည်ကားနေဧ။် ။ ရွာစွန်တဲကလေးတွင်နေသော အဘိုးအို ၊ အဘွားအိုလင်မယားသာ ဗုဒ္ဓဘာသာဖြစ်လျက် ဘုရားဦးခေါင်းတော်ပေါ် မစင်မစွန့်ဝံ့ဟုဆိုကာ မလာခဲ့ပါပေ။
ရွှေများရောင်းရငွေဖြင့် ရွာကလေးမှာ နေ့ချင်းညခြင်း ပြောင်းလဲလာဧ။်။ အိမ်ကြီးအိမ်ကောင်းများ အပြိုင်အဆိုင်ဆောက်ကြ၍ ပြိုးပြိုးပျက်ပျက်များ ၀တ်ဆင်ကာ အထူးပျော်မြူးနေကြဧ။်။ ပင်ပန်းစွာ ခြံစိုက်စားရသော အဘိုးအိုလင်မယားကိုလည်း တုံးလှ အလှသည်ဟု ပျက်ရယ်ပြုကြသည်။ ထိုဖြစ်ရပ်သည် တလကျော်မျှ ကြာရှည်သွားသည်။ တစ်ညတွင် မိုးကာလ မဟုတ်ပါဘဲ လေပြင်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်၍ ရေများလျှံကာ ရွာကလေးကို ၀ါးမြိုတိုက်စားသွားဧ။် ။ ထူးဆန်းစွာပင် အိမ်ကြီးအိမ်ကောင်းများ အားလုံးရေတွင်ပါ၍ အခြေမခိုင် ယိုင်နဲ့နဲ့နှင့် လယ်စွန်တဲကလေးသာ ကျန်ရစ်ဧ။် ။ မုန်တိုင်းစဲသော နောက်တစ်နေ့နံနက်တွင် တရွာလုံးတွင် တဲတစ်လုံးသာ ကျန်ရစ်ခဲ့တော့ဧ။် ။
ဤသည်မှာ ဖြစ်ရပ်မှန်ဟု သက်သေပြစရာမရှိသော်လည်း ဗုဒ္ဓဘာသာပီပီ ကပ်ဆေးသည်ဟူသော ကံကံဧ။် အကျိုးကို ကျွန်မယုံကြည်ပါဧ။် ။
မေတ္တာပို့ကြပါ
ကျွန်မသည် အိမ်မှ ဘုရားစင်ရှေ့တွင်ထိုင်ကာ မေတ္တာသုတ်ရွတ်ဆို၍ သန်းရွှေနှင့် မောင်အေးပုံကို မြင်ယောင်ပါသည် ။ မေတ္တာမရှိသူကို မေတ္တာပို့ရသည်မှာ အလွန်ခက်ခဲသော အလုပ်ဖြစ်ပါသည်။ အထူးသဖြင့် ငိုမှန်း ရယ်မှန်း ခန့်မှန်းရခက်သော အကြောအခြင်များ တင်းနေသည့် ထိုသူနှစ်ယောက်ဧ။် မျက်နှာများကို ပြုံးနေသည်ဟု မှန်းဆမြင်ယောင်ရသည်မှာ အခက်ခဲဆုံးဖြစ်ဧ။် ။ သို့သော် ကျွန်မတို့လုပ်ရမည် ။ ကျွန်မတို့ တိုင်းပြည်အတွက် ၊ လူမျိုးအတွက် ၊ ဘာသာ သာသနာတော်အတွက် မေတ္တာပို့ကြရမည် ။
ထင်မြင်ချက် ( တတ်သလောက်ပါ )
ယခုအချိန်တွင် မောင်အေး (သို့) တခြားခပ်ကြီးကြီးတစ်ယောက်က ပြည်သူရဟန်းတို့နှင့် ပူးပေါင်းလိုက်လျင် ထိုသူသည် အလိုလိုကျေးဇူးရှင် စာရင်းဝင်သွားမည် ။ ကမ္ဘာတွင် နာမည်ကောင်းရမည်။ နိုင်ငံကို အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည် ။ စောမောင်လို ရူးသေရခြင်း ၊ ခင်ညွန့်လို ပက်ပက်စက်စက် အဖမ်းခံရခြင်းများမှ ကင်းလွတ်မည်။ ဤအခွင့်အကောင်းကို အသုံးချသင့်သည်။ စစ်သားများသည် မပစ်နိုင်ဟု ပြော၍ ထောင်ထဲဝင်မည့်အစား ပစ်မည်ဟု ဟန်ဆောင်ထွက်၍ လူထုနှင့်ပူးပေါင်းသင့်သည်။ လူများသည် လက်သာ ကိုယ်ကျွတ် အရိုက်ခံရမည့်အစား လက်နက်များအိမ်တွင်ဆောင်ထား၍ ပြန်လည်ခုခံသင့်သည်။
ခရေဖြူ
မှတ်ချက် ။ စကားလုံးအချို့ကို လင်းလက်မှ ပြုပြင်မွမ်းမံထားသည် ။
Read More...
Collapse...