Tuesday, October 30, 2007
သီတင်းကျွတ်ခဲ့လေပြီ
Posted by Anonymous at 1:18 PM 0 comments
Labels: Festivals, Lin Let Kyal Sin
Saturday, October 20, 2007
Women sending panties to Myanmar embassies in protest
Related Link
ဒီသတင်းနဲ့ပတ်သတ် ကျွန်မစိတ်ထဲဖြစ်ပေါ်လာတာ ရေးသင့်လား ၊ မရေးသင့်လား တော်တော်လေး စဉ်းစားနေမိတယ် .. ။ နောက်တော့ ရေးမယ်ကွာ .. ဘာဖြစ်လဲ .. ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ် .. ။
အမိမြေ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဘ၀တွေ အသက်တွေပေး တကယ်လုပ်နေကြသူတွေ ရှိတာကို ကျွန်မ သိပ်ပြီးလေးစားပါတယ် .. ။ အချို့ကတော့ တက်ကြွစွာ ကူညီသူ ၊ ပါဝင်သူ ၊ ဦးဆောင်သူတွေ .. ။ အချို့ကတော့ ထောက်ခံအားပေးသူတွေ ၊ ရင်ဖွင့်သူတွေ အစရှိသဖြင့် ကိုယ်နိုင်ရာပါဝင်ကူညီရင်း ဒီတိုက်ပွဲကြီးက ရှေ့ဆက်နေပါတယ် .. ။ ကန်ပိန်းတွေလည်း ကိုယ်နဲ့လက်လှမ်းမှီရာ လုပ်ကြ ၊ ရင်ဖွင့်သံတွေ ပြုလုပ်ကြ ၊ တကယ့်ထိရောက်စွာ လုပ်နိုင်ဖို့ စတင်လုပ်ကိုင်နေကြ …. တကယ်ကို စုံလင်လှပါတယ် .. ။
ကန်ပိန်းတော်တော်များများကို ကိုယ်တိုင်ထောက်ခံအားပေး ကျွန်မ သွားရောက်လေ့ရှိပါတယ် .. ။ အခုခပ်ဟော့ဟော့လေးဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွန်မကို လူတွေက မြင်တိုင်း မေးနေကြတာ ကျွန်မလည်း ရှက်လွန်းလှပါတယ် .. ။
“လင်းလက်ရေ panties တွေ ပို့ပြီးပြီလား”တဲ့ .. ။
ဒါချည်းပဲ လာလာ မေးနေကြတယ် .. ။ သူများတော့ မသိဘူး .. ။ ကျွန်မတော့ အမေးခံရတိုင်း
စိတ်ထဲကသိကအောင့်ဖြစ်သလို စိတ်လဲတိုမိသလို
လူသားတိုင်း ၊ လူသားတိုင်းက မိမိစိတ်ထဲ ခံစားနေရတဲ့ မတရားမှုကို လွတ်လပ်စွာ ဖော်ကျူးခွင့်ရှိတာမို့ ကျွန်မက သိပ်ပြီးတော့ မပြောလိုပါဘူး .. ။ ဒါပေမယ့် မြန်မာအမျိုးသမီးတွေ အားလုံးကို တစ်ခုပဲ အကြံပြုချင်ပါတယ်ရှင် .. ။
ကျွန်မတို့က ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ .. ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာဝင် မြန်မာလူမျိုးတွေလဲ မြန်မာ့ယဉ်ကျေးမှုဆိုတာကိုတော့ နားလည်သိရှိကြပါတယ် .. ။ ကျွန်မတို့က နအဖအစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နှလုံးသားတွေလဲ ကွဲကြေနေရပါတယ် .. ။ ကျွန်မတို့ မြန်မာလူမျိုးတွေသာမက အခြားလူမျိုးတွေကပါ ဘာသာတရားကို စော်ကားခြင်းကို ခါးသီးပြင်းရှစွာ ခံစားနေရပါတယ် .. ။ ကျွန်မတို့ ရင်ထဲမှာ နအဖရဲ့လုပ်ရပ်ကို ဘယ်လောက်ထိ မုန်းတီးစက်ဆုပ်သွားမလဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ် .. ။
ဒါပေမယ့် ကျွန်မတို့ရဲ့ တုံ့ပြန်မှုက ညစ်ညမ်းမှုတွေ မဖြစ်သင့်ဘူး .. ။ ကျွန်မတို့ မိန်းမတွေက မိန်းမတွေ လုပ်နိုင်တဲ့ ပါဝါကို ပြတယ်ဆိုရာမှာ ညစ်ပတ်တဲ့အမည်ကြီး မဖြစ်သွားစေဖို့အတွက် အားလုံး သတိပြုဖို့လောက်ပဲ ကျွန်မ အကြံပြုပါရစေ .. ။
ကျွန်မတို့ မိန်းမတွေ လုပ်နိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီးပါ .. ။ ကျွန်မက သံရုံးအသိုင်းဝိုင်းကို ကျဉ်ထားတဲ့ မိန်းကလေးပါ .. ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရိုင်းစိုင်းစွာ မဆက်ဆံပါဘူး .. ။ သူတို့က နအဖရဲ့ အမှုထမ်းတွေဖြစ်ပေမယ့် သူတို့တွေက နအဖရဲ့ စစ်သားတွေ မဟုတ်ပါဘူး .. ။ သူတို့ဘက်က ကျွန်မ ဘက်လိုက်ပြောနေတာ မဟုတ်ပါဘူး .. ။ မဆိုင်တဲ့လူတွေကို သွားရမ်းတာမျိုး မဖြစ်စေချင်လို့ပါ .. ။
လူသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ပြခွင့်က လူသားတိုင်းရဲ့ လွတ်လပ်ခွင့်မို့ စင်္ကာပူ မြန်မာသံရုံးရှေ့မှာ ဟိုတစ်လောက ပြုလုပ်တဲ့ သံရုံးရှေ့မှာ ရေးချင်ရာရေးပြီး ကပ်ထားတဲ့ စာသားတွေကို ကျွန်မ ကန့်ကွက်ခြင်း မရှိသလို အားပေးခြင်းလည်း မပြောခဲ့ပါဘူး ။
ဒါပေမယ့် panties တွေပို့တယ်ဆိုတာကတော့ လူအချင်းချင်း အပြန်အလှန် စော်ကားခြင်းအဆင့်ကို ရောက်နေတဲ့အတွက် မသင့်တော်လှပါဘူး .. ။
စစ်မှန်သောဒီမိုကရေစီစနစ်ကို လိုလားပြီး အားပေးထောက်ခံတဲ့ အာရှတိုက်က မိန်းမတွေရဲ့ လုပ်ရပ်က ဒီလိုကြီးလားဆိုပြီး သမိုင်းမှာ အမည်မကျန်ခဲ့ကြပါစေနဲ့ရှင် .. ။
ဖြည့်စွက်ချက် ။ ကျွန်မ ဒီစာကို သေသေချာချာ လေးရေးထားတာပါ ။ ပြင်းထန်စွာ ရှုံ့ချခြင်း သဘော လုံးဝ မသက်ရောက်မိအောင် စဉ်းစားရေးထားတာပါ ။ မြန်မာပြည်အတွက် စိတ်စေတနာရှိတဲ့လူမျိုးအားလုံးကို အသိမှတ်ပြုပါတယ် ။ အခုက ကျွန်မဘက်က ခံစားမှုကိုပဲ လွတ်လပ်စွာ ရေးထားတာပါ ။ ဒီလိုကန်ပိန်းမျိုးကို မကြိုက်ဘူး ကြိုက်တယ်ဆိုတာက စာဖတ်သူ သဘောပါ ။ ကျွန်မကတော့ ရှင်းရှင်းပဲ ။ စိတ်စေတနာကို အသိမှတ်ပြုတယ် ။ ကျွန်မကိုယ်တိုင်တော့ အားမပေးဘူး ။ မကြိုက်ဘူး ။ လွတ်လပ်စွာ အမြင်ကွဲနိုင်ပါတယ် ။
ကျွန်မတို့ မြန်မာပြည်အတွက် ရင်ဖွင့်သံတွေပဲဖြစ်ဖြစ် ၊ ထိရောက်တဲ့ လုပ်ဆောင်ချက် ကြိုးစားမှုတွေပဲဖြစ်ဖြစ် ၊ ဆုတောင်းပွဲတွေပဲဖြစ်ဖြစ် ၊ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ ခံစားချက်ပဲဖြစ်ဖြစ် အားလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပြီး ညစ်တီးညစ်ပတ်လုပ်ရပ်တွေကိုတော့ နအဖလူတန်းစားတွေမရှောင်ပေမယ့် အမျိုးကောင်းသားသမီးပီသစွာ ကျွန်မတို့ ရှောင်ရှားကြပါစို့ .. ။
Posted by Anonymous at 2:54 AM 11 comments
Labels: My Opinion
Touching Words
ဒီစာသားတွေက ကျွန်မရဲ့ ချစ်ခင်လေးစားရသော မွေးစားဖေဖေ ( ကလောင်အမည် ကိုမွှေး ) ရေးသားသော ရင်ကိုထိမှန်သော စကားများဖြစ်ပါတယ် ။
Touching Words ဖိုင်နာမည်နဲ့ Yahoo Groups တွေကို ကျွန်မကိုယ်တိုင် ဖြန့်ဝေပေးခဲ့ခြင်းပါ .. ။
စာဖတ်သူတို့ရဲ့ ရင်ကို တစ်နေရာကနေ လေးနက်စွာ ၀င်ရောက်သွားဖို့အတွက် ဝေမျှပေးလိုက်ပါတယ် .. .။
ကိုမျိုးချစ်မြန်မာဘလော့ခ်မှာ စကားဝိုင်းဖွဲ့ရင်း ရင်ထဲက ထွက်ကျလာတဲ့ ကျွန်မ မွေးစားဖေဖေရဲ့ ခံစားမှုသံစဉ်တွေကို အားလုံး ခံစားကြည့်လှည့်ပါအုန်းရှင် .. ။
Posted by Anonymous at 12:59 AM 1 comments
Labels: Others
Wednesday, October 17, 2007
ပို့စ် ၂၀၀ကျော် နှင့် ဖြတ်သန်းခဲ့သောခြေလှမ်းများ
တကယ်တော့ ပို့စ် ၂၀၀ပြည့်တဲ့နေ့က ဒီစာတွေကို ရေးမလို့ပါ ။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ မရေးဖြစ်ခဲ့ပါဘူး ။
ကျွန်မ ဒီဘလော့ခ်ကိုရေးတဲ့သက်တမ်းက ၁နှစ်ခွဲနီးပါးလောက် ရှိပါပြီ ။ အမြဲတမ်း စာတွေရေးချင်တဲ့ ကျွန်မ ဘလော့ခ်ဆိုတာကို စတင်မိတ်ဆက်တော့ သဘောကျတာနဲ့ စရေးဖြစ်ခဲ့တာပါ ။ အစပိုင်းတော့ ရင်ထဲရှိသမျှ ခံစားချက် အကြောင်းအရာအားလုံးရေးခဲ့ပါတယ် ။ ရေးရင်းနဲ့ ကျွန်မ အများဆုံးစိတ်ဝင်စားတာ ဖြစ်တဲ့ အမိမြေနဲ့ပတ်သတ်တဲ့ ခံစားချက်တွေချည်းပဲ ရေးဖြစ်လာတယ် ။
ကျွန်မ ဒီဘလော့ခ်ကိုစရေးတော့ အားပေးခဲ့သူ အတော်နည်းခဲ့ပါတယ် ။ ကျွန်မနဲ့ ပတ်သတ်ရာ သူငယ်ချင်းမိတ်ဆွေတွေကတော့ စိုးရိမ်စိတ်နဲ့ အသဲအသန် တားခဲ့ပါတယ် ။ အဲဒီအချိန်တုန်းက မြန်မာပြည်နဲ့ပတ်သတ်တာ သီးသန့်ရေးတဲ့ ဘလော့ခ်ဆိုတာလည်း အတော်လေး နည်းပါတယ် ။ ကျွန်မ ဘလော့ခ်ကို ပထမဦးဆုံး လေးလေးစားစား အသိမှတ်ပြုပြီး အားလုံးရှေ့မှာ ရဲရဲဝံ့ဝံ့ ထောက်ခံအားပေးခဲ့သူကတော့ ကိုငြိမ်းချမ်းရာ ဘလော့ခ်ပါ ။ ကျွန်မ မမေ့ပါဘူး ။ နောက် ကိုမြတ်မင်းဟန်တို့ ကိုသန့်ဇင်အောင်တို့ပါ ရောက်လာပြီး ကျွန်မ လိုအပ်တာရှိရင် ကူညီဖို့ သူတို့အားလုံး ပြောခဲ့ပါတယ် ။ ကျွန်မ ကျေးဇူးတကယ်တင်ပါတယ် ။
ကျွန်မ လင်းလက်ကြယ်စင်ဆိုတဲ့ မိန်းကလေးက စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ပြီး ကိုယ်မှန်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားရင် အလျှော့မပေးတတ်တဲ့ ခေါင်းမာတဲ့ မိန်းကလေးတစ်ဦးပါ ။ ကျွန်မ ဘလော့ခ်စရေးတုန်းက အသုံးအနှုန်းတွေက သိပ်ပြင်းပါတယ် ။ ကျွန်မ ငယ်တာလဲ ပါပါတယ် ။ အဲဒီအချိန်တုန်းက ကျွန်မအသက်က ၁၇နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ် ။ နောက် ကျွန်မ အခုနဲ့ယှဉ်ရင် ဘလော့ခ်စရေးတုန်းက ဘာအတွေ့အကြုံမှ မရှိပါဘူး ။ ကျွန်မ အဲဒီအချိန်က ဒေါသဖြစ်ရင် ဖြစ်တဲ့အလျောက် အဲဒီအကြောင်းကိုရေးပြီး စကားလုံးဆိုရင် သုံးတာ ပြင်းပါတယ် ။ ဒါတွေက ကျွန်မ မမေ့နိုင်တဲ့ အမှတ်တရတွေပါ ။ ကျွန်မ စာရေးတာ ပြင်းထန်တဲ့ စကားလုံးတွေသုံးတယ်ဆိုတာ ကျွန်မပေါက်ကွဲတာကြောင့်လည်း ပါပါတယ် ။ အဲဒါကို နောင်တရလားလို့ မေးလာရင် ကျွန်မ နောင်တ လုံးဝမရပါဘူးလို့ ဖြေမှာပါ ။ ကျွန်မက ကျွန်မဖြတ်သန်းခဲ့တဲ့ ခြေလှမ်းတွေကို အမှားတစ်ခုလို့ ဘယ်တုန်းကမှ မယူဆမိသေးလို့ပါ ။ မနှစ်က နည်းနည်းရိုင်းချင်ရိုင်းမယ် .. ကျွန်မ မပြောတတ်ဘူး ။ ဒါပေမယ့် အချိန်နဲ့ခံစားချက်အပေါ် ဖြစ်ခဲ့တာတွေမို့ ကျွန်မကတော့ ကျွန်မသွားနေတဲ့ လမ်းကြောင်းပေါ်မှာ နောက်ဆုံးအချိန်အထိ ဘာတစ်ခုကိုမှ နောင်တတော့ ရမယ့်သူ မဟုတ်ဘူး။
နောက်ပိုင်းပေါ့ ကျွန်မဘလော့ခ်ကို ဖတ်သူပိုများလာတာတွေ ၊ လူကြီးတွေ အားပေးမှုတွေ ၊ ကျွန်မဆိုဒ်ကိုေ၇ာက်လာသူတွေ များလာချိန်မှာ ကျွန်မ အရေးအသားကို ကောင်းအောင် ပိုပြုပြင်လာခဲ့တယ် ။ ကျွန်မက အဲဒီအချိန်တုန်းက ချယ်ရီသစ္စာ ၊ သံလွင်အိပ်မက် ၊ မြန်မာပြည်သား အစရှိတဲ့ ဆိုဒ်တွေမှာ စာရေးနေပြီး ဒီဘလော့ခ်ကတော့ ကျွန်မ အများဆုံးအချိန်ပေးတဲ့ နေရာတစ်ခု ဖြစ်လာပါတယ် .. ။
ကျွန်မ ဟိုးငယ်ငယ်လေးကတည်းက အားရင်စာအုပ်တွေပဲ ဖတ်နေတာများပါတယ် ။ ဒီဘလော့ခ်ရေးတော့ ကျွန်မ မဖတ်ဖူးတဲ့ စာတွေပါ ပိုဖတ်ဖြစ်လာပါတယ် ။ စာအုပ်ရွေးခဲ့ဖူးတဲ့ ကျွန်မအကျင့်တွေက ဗဟုသုတပိုရနိုင်တဲ့ လိုင်းဘက်ပိုပြောင်းလာပါတယ် ။ ဆောင်းပါးတွေ ပိုဖတ်ဖြစ်လာပါတယ် ။ မြန်မာပြည်ရဲ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို လက်လှမ်းမှီသလောက် ရှာဖတ်ဖြစ်လာပါတယ် ။ ကျွန်မ ဒီဘလော့ခ်ကိုရေးတဲ့အတွက် ကျွန်မ ဘ၀မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါတယ် … ။
ကျွန်မ ဘလော့ခ်ကို private counter လေးတစ်ခု တပ်ကြည့်ပြီး နေ့စဉ် အလည်လာပတ်သူတွေကို ကျွန်မ ကြည့်ခဲ့ချိန်က ကျွန်မ အံ့သြသွားခဲ့ဖူးပါတယ် ။ ကျွန်မ ကြွားပြောနေတာ မဟုတ်ပါဘူး ။ ရင်ထဲက စကားပါ ။ အံ့သြသွားတယ်ဆိုတာ ကျွန်မက လုပ်ချင်ရာလုပ်နေတာ စာဖတ်သူတွေ နားရောခံသာကြရဲ့လားလို့ တွေးမိသွားလို့ပါ ။ ကျွန်မက အများကြည်ဖြူဖို့ စာရေးခဲ့ခြင်း မဟုတ်ဘဲ ကျွန်မ ၀ါသနာပါတဲ့ စာရေးခြင်းပေါ်မှာ ခံစားချက်တွေကို စိတ်ထဲရှိတဲ့အတိုင်း လွတ်လပ်စွာ လုပ်ချင်ရာ လုပ်ခဲ့တာပါ ။ အဲဒီရက်ကစပြီး ကျွန်မ နည်းနည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်သုံးသပ်ပြီး ပိုရင့်ကျက်အောင် ကျင့်ကြံခဲ့ပါတယ် ။
ကျွန်မ အထင်ပေါ့လေ … ။ မနှစ်က ဒီဇင်ဘာမှာ ကျွန်မအသက် ၁၈နှစ်ပြည့်ပြီးနောက်ပိုင်းမှာ ကျွန်မ တော်တော်လေး ပြောင်းလဲသွားတယ် ။ ကျွန်မ အတွေးတွေကအစ ၊ ကျွန်မလုပ်ချင်တာတွေ ၊ အရေးကြီးတာနဲ့ အရေးမပါတာ ခွဲခြားစဉ်းစားလာတာတွေ ၊ အနာဂတ်အစီစဉ်တွေ အားလုံး အားလုံး ပြောင်းလဲသွားပါတယ် ။ ကျွန်မ အတွေးတွေ ၊ ကျွန်မ လုပ်တာကိုင်တာတွေ ၊ စဉ်းစားတာတွေက ကိုယ့်ကိုယ်ကိုယ် မူကြိုအဆင့်ပဲရှိသေးတယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်မ ပိုမိုလေ့လာသင်ယူနေရင်း တစ်ဖက်တစ်လမ်းကလည်း ကျွန်မ ပါဝင်ကူညီနိုင်တာတွေကို ကလောင်တံကိုလည်း ကိုင် ၊ ကိုယ်တိုင်လည်း ကြိုးစားထမ်းဆောင်ရင်း ကျွန်မခြေထောက်တွေ ခိုင်မာလာခဲ့ပါတယ် .. ။
ကျွန်မ ဒီဘလော့ခ်ကိုရေးရင်း အခက်ခဲတွေလည်း အများကြီး တွေ့ခဲ့ပါတယ် ။ ကျွန်မပိုစ်တွေ အဖျက်ခံရတာတွေ ၊ ကျွန်မနာမည်ကိုဖျက်သူတွေ စုံနေတာပါပဲ … ။ ဒါပေမယ့် ကျွန်မ တစ်ယောက်တည်း ပြန်ရပ်တည်ခဲ့တယ်။ အဲဒီအချိန်တွေတုန်းက စိတ်တိုခဲ့ဖူးပေမယ့် အခုအချိန်မှာ ပြန်စဉ်းစားရင် ကျေးဇူးတင်စရာပါ ။ ကျွန်မကို ဒုက္ခပေးသူတွေ များခဲ့လို့ ကျွန်မပိုမိုခိုင်မာလာတာပါ .. ။ အဲဒီအတွက် ဒီနေရာကနေ ကျွန်မကို ဒုက္ခရောက်အောင် လုပ်ခဲ့သူအားလုံးကို ကျေးဇူးတင်ရှိမိပါတယ် .. ။
ဘလော့ခ်ရေးရင်းနဲ့ ကျွန်မ အရင်နဲ့ယှဉ်လိုက်ရင် စိတ်ပိုတည်ငြိမ်လာပါတယ် ။ သည်းခံမှုအား ၊ ဝေဖန်ခံနိုင်မှုအားတွေကအစ ပိုခံနိုင်လာပါတယ် .. ။ မလိုအပ်တာတွေကိုလဲ ဘေးချိတ်တတ်လာတယ် ။ ဒါတွေက ကျွန်မရရှိတဲ့ အမြတ်တွေပါ … ။
တကယ်တော့ ကျွန်မ လုပ်နေတာတွေက သဲတစ်ပွင့်ပါ .. .။ ကျွန်မ သိတယ်ဆိုတာ တကယ်သိသူတွေနဲ့ ယှဉ်လိုက်ရင် မူကြိုအဆင့်ပါ .. ။ ဒါပေမယ့် မပြောင်းလဲဘဲ တည်မြဲနေတဲ့အရာတစ်ခုကတော့ ကျွန်မရဲ့ ရှေ့ဆက်နေတဲ့ ခွန်အားတွေပါ .. ။
ကျွန်မကို တကယ်အားပေးချစ်ခင်လေးစားတယ်ဆိုရင် ကျွန်မရဲ့ လိုအပ်ချက်တွေကို အားလုံး မေတ္တာတရားနဲ့ ထောက်ပြပေးဖို့ ကျွန်မ တောင်းဆိုချင်ပါတယ် .. ။
ကျွန်မကို အစဉ်အမြဲအားပေးနေတဲ့ စာဖတ်သူတွေ ၊ ကွန်မန့်ရေးပေးသူတွေ ၊ မေးလ်မှ တစ်ဆင့် အကြံပြုပြောသူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် ။ ကျွန်မ အများကြီး ပိုဆက်ကြိုးစားသွားမှာပါ .. ။ ကျွန်မကို ချစ်တဲ့ အားလုံးရဲ့ အချစ်တွေနဲ့ တန်ဖိုးထပ်တူညီမျှ ဖြစ်အောင် ကျွန်မ ဘက်စုံကနေ ကြိုးစားသွားမှာပါ ။
ကျွန်မ အသက်ရှင်နေသရွေ့ ကာလပတ်လုံးမှာ ကျွန်မက ဒီဘလော့ခ်နှင့်အတူ ဘယ်လိုအခြေအနေမျိုးမှာမဆို အမြဲခိုင်မြဲစွာ တည်ရှိနေပြီး ကျွန်မ နိုင်တဲ့တာဝန်မှန်သမျှကို သန့်စင်တဲ့ စေတနာနဲ့ ထမ်းဆောင်သွားမယ်ဆိုတာကိုလည်း အားလုံးကို လေးစားစွာ ပြောလိုပါတယ် .. ။
Posted by Anonymous at 12:28 AM 3 comments
Labels: True Feelings
Tuesday, October 16, 2007
ရင်တွင်းစကား
ရင်တွင်းစကား
ဒဏ်ရာတွေကပိုပိုများလာတော့
နှလုံးသားတစ်စုံလုံးက
ငိုရမှာတောင် အားပြတ်နေတယ် ။
၈လေးလုံးမှာတစ်ခါ
ဒီပဲယင်းမှာတစ်ခါ
နောက်ဆုံးအခုတစ်ကြိမ်
ရင်ထဲမှာဒဏ်ရာတွေစုလာတော့
လူတစ်ယောက်ရဲ့အတ္တနဲ့
ဘာကိုမှထပ်မနာချင်တော့ဘူး ။
အနာတွေလည်းများလှပါပြီ
ပေးခဲ့ရတာလည်းများနေပါပြီ
လက်ကျန်နေသေးတဲ့
နှလုံးသားတစ်ခုလုံးကိုတော့
ထပ်ပေးဖို့ခွန်အားမရှိသူမို့
ပြောချင်တာသာ ပြောကြပါစေတော့ ။
မိန်းမတစ်ယောက်ရဲ့နှလုံးသား
နာကျင်မှုတွေနဲ့ဆက်လက်တိုက်ပွဲဝင်နေရတာ
အဆုံးမသတ်သေးတဲ့ဒီစစ်ပွဲအတွက်
ငါ့နှလုံးသားတစ်စုံလုံးကိုတော့
နင်းချေပြီးဆက်မသွားပါနဲ့ကွယ် .. ။
စိတ်ပူလွန်းရတဲ့ငါ့နှလုံးသားမှာ
အချစ်နဲ့တာဝန်တွေကြား
လွန်ဆွဲဗျာများနေရပေမယ့်
အဖြစ်သင့်ဆုံးကိုရွေးချယ်နေရသူမို့
မပြီးဆုံးသေးတဲ့တိုက်ပွဲမှာ
ကျေးဇူးပြုပြီး
ငါ့နှလုံးသွေးတွေ မြေထပ်မကျပါရစေနဲ့တော့.. ။
လင်းလက်ကြယ်စင်
Posted by Anonymous at 12:13 PM 2 comments
Labels: Poems, True Feelings
Monday, October 15, 2007
သပိတ်သွတ်ပွဲ (14th October )
ဒါကတော့ အဲဒီနေ့က ကျွန်မသွားခဲ့တဲ့ပုံပါ ။ ကျွန်မဘလော့ခ်ကို အစဉ်အမြဲအားပေးနေသူများက ကျွန်မကို အခမ်းအနားတွေမှာ သေသေချာချာ လာနှုတ်ဆက်စကားပြော ၊ ဝေဖန်အကြံပြုတိုင်း ကျွန်မ ရင်ထဲ ၀မ်းသာပါတယ် ။ ကျွန်မကို အကြံပြုဝေဖန်သူများကိုလည်း လေးစားလျက်ပါ .. ။ အပြင်မှာမြင်ရင် အရင်ဓါတ်ပုံတွေထဲကနဲ့ မတူဘူး မမှတ်မိဘူးလို့ အများက သိပ်ပြောနေတဲ့အတွက် နောက်မှပဲ ပုံအသစ်တွေ ဖော်ပြပေးပါတော့မယ် ။ လောလောဆယ် မအားသေးလို့ပါ ။
Posted by Anonymous at 11:26 PM 0 comments
Labels: Lin Let Kyal Sin, News And Activities, Overseas Burmese Patriots
Thursday, October 11, 2007
ပေါက်ကွဲမှု (၂)
အချစ်စစ်တစ်ခုရဖို့
မာနတွေအားလုံး
မြေပေါ်ချပေးခဲ့ရတယ် .. ။
အချစ်စစ်တစ်ခုရဖို့
မျက်ရည်မိုးနဲ့
အလွမ်းတွေခြွေပေးခဲ့ရတယ် .. ။
အချစ်စစ်တစ်ခုရဖို့
ငါတန်ဖိုးထားကြီးကျယ်တဲ့
သိက္ခာတရားတွေအားလုံး
မြောင်းထဲဆင်းရပ်ခဲ့ရတယ် .. ။
ပြောစမ်းပါ
ငါဘာမှားလဲ
တကယ်ဆိုရင်
ငါ့လောက်တင်းမာ
ငါ့လောက်မာနကြီးတာ
ငါပဲရှိပါတယ် .. ။
အဲဒီစကားလုံးတွေပေါ့
ငါ့ရင်ကိုခွဲပြီး
ငါ့နှလုံးသွေးကိုစုပ်သောက်
ငါ့မာနတွေကို
စုတ်ပြတ်သတ်နေအောင်
တစစီဖဲ့ခြွေခဲ့တာ … ။
မြင့်မြတ်တဲ့တော်ဝင်ပန်းမဟုတ်ပေမယ့်
ဆူးအပြည့်နဲ့ရပ်တည်နေတဲ့
မြက်ရိုင်းကြားကပန်းတစ်ပွင့်မို့
စော်ကားဖို့တော့မကြိုးစားနဲ့
အဆိပ်ပြည့်မာနတွေက
ပြန်သတ်မိလိမ့်မယ် .. ။
လင်းလက်ကြယ်စင်
Posted by Anonymous at 8:16 PM 2 comments
Labels: Poems
Wednesday, October 10, 2007
မခရေဖြူဧ။်အတွေးခံစားချက်များ
ဒီစာမူကို သံလွင်အိပ်မက်မှာ စာရေးလေ့ရှိတဲ့ မမခရေဖြူက ပို့ပေးလာတာပါ ။ သဘောကျတဲ့ စာမူလေးဖြစ်တာမို့ စာပြန်စီပြီး စာဖတ်သူများကို လက်ဆင့်ကမ်း ဝေမျှလိုက်ပါတယ်ရှင် .. ။
Aug လအတွင်း ဆန္ဒပြသတင်းများကို စတင်ကြားရသည် ။ မစုစုနွေး ၊ ကိုထင်ကျော်တို့ကို အတင်းဆွဲတွန်းထုတ် ရိုက်နှက်၍ လူစုခွဲသော် သတင်းရုပ်ပုံများကို မြင်ရ ကြားရသောအခါ စိတ်မကောင်းဖြစ်မိသော်လည်း “သတ္တိကတော့ မသေးဘူးဟေ့ ၊ ဘာလုပ်လို့မှ ဘာမှမဖြစ်တဲ့ တိုင်းပြည်မှာ သွားလုပ်နေတယ်”ဟု ဝေဖန်ခဲ့ပါသည်။
စင်္ကာပူတွင် လမ်းလျှောက်ရန် ဆော်သြကြသောအခါ “ကြောက်တယ် မလိုက်ဘူး”ဟု ငြင်းဆိုသူများတွင် ကျွန်မတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါသည်။ လမ်းသွားလျှောက်သော သူငယ်ချင်းများ အစစ်အဆေးခံရသည်ဟု ကြားသိသောအခါတွင်လည်း ဖုန်းဆက်ပြီး “ငါပြောသားပဲ မလုပ်ပါနဲ့လို့ ။ ရှိတဲ့ ပီအာလေး ပြုတ်သွားလို့ မြန်မာပြည်ပြန်ရမှ နင့်ပထွေး နအဖက လေဆိပ်မှာ လာကြိုနေလိမ့်မယ်”ဟု ပြောခဲ့သည်။ နိုင်ငံရေးသည် ကျွန်မနှင့် မပတ်သတ် ။ ပင်ပင်ပန်းပန်းရရှိခဲ့သော ယခုလက်ရှိအနေအထားတစ်ခုကို အထိခိုက်မခံနိုင် ဟူသော ကျွန်မခံယူချက်များသည် ၂၅ ရက်နေ့ထိသာ တာရှည်ခဲ့သည် ။
စင်္ကာပူစံတော်ချိန် ၅နာရီခွဲခန့်တွင် ကျွန်မအလုပ်များ လက်စသပ်နေစဉ် သူငယ်ချင်းတစ်ယောက်ဆီမှ ဖုန်းဝင်လာသည်။ ပစ်ကြပြီ ။ မြန်မာပြည်တွင် စစ်တပ်က ရဟန်းများ ၊ လူများအားလုံးကို သေနတ်နှင့် လိုက်ပစ်ကာ တုတ်များနှင့် ရိုက်၍ အများအပြားသေကြေကြသည်ဟူဧ။် ။ နားထင်မှ သွေးများ တဒိတ်ဒိတ် ခုန်လာသည်။ တကိုယ်လုံး လှည့်ပတ်နေသော သွေးများအတွင်းတွင် ဒေါသ ၊ ၀မ်းနည်းခြင်း ၊ ယူကြုံးမရ ဖြစ်ခြင်းတို့သည် အလုအယက် စီးမျောနေကြဧ။် ။ ကျန်ရှိနေသော အလုပ်ချိန် နာရီဝက်သည မစ္ဇျိမ ၊ ဘားမား တူဒေး ၊ ဘီဘီစီ ၊ ဆုံဆည်းရာ အစရှိသည့် ၀ဘ်ဆိုဒ်ပေါင်းစုံတွင် အချိန်ကုန်သွားဧ။် ။
စက်တင်ဘာ ၂၆
နံနက်ရုံးလာချိန်တွင် ကျွန်မ လုပ်ဖော်ကိုင်ဖက် တစ်ဦးက စင်္ကာပူသတင်းစာလာပေး၍ နင့်တိုင်းပြည်အကြောင်း ပါတယ်ဟု အကြောင်းကြားထားဧ။် ။ ခေါင်းကြီးပိုင်း မျက်နှာဖုံးတွင် နေရာယူထားသော ကျွန်မတို့အစိုးရဧ။် အစွမ်းကုန်ပက်စက်ရမ်းကားပုံများသည် ကျွန်မအား နံနက်စောစောစီးစီး ဒေါသထွက်စေဧ။် ။ သတင်းစာ ဖတ်ပြီးချိန်တွင် စိုစွတ်နေသော ပါးနှစ်ဖက်က ကျွန်မဧ။် စိတ်ခံစားမှုအတိုင်းအတာကို သက်သေခံနေပါသည်။
ထိုနေ့မှစ၍ company တစ်ခုလုံးတွင် တစ်ဦးတည်းသော မြန်မာ ကျွန်မကိုမြင်တိုင်း “What Happen To Your Country” “Why monks are involved in politic” ဟူသော မေးခွန်းနှစ်ခုကို နေ့စဉ် ရင်ဆိုင်ရပါသည်။ ကျွန်မကလည်း ဖြစ်ပျက်ပုံနှင့် ရဟန်းများ ပါဝင်ရပုံကို ရှင်းပြရလွန်း၍ အာခေါင်တွေတောင် ခြောက်လာဧ။် ကျွန်မ ကွန်ပြူတာတွင် United ဟူသော ရဟန်းသံဃာနှင့် ပြည်သူလက်တွဲနေပုံကို Screen Saver အဖြစ် တင်ထားဧ။်။ MSM တွင် May we win stupid government ဟူ ခေါင်းစဉ်တပ်ထားသည်။ ၂၈ရက်နေ့တွင် အနီရောင်ဝတ်၍ ဘုန်းကြီးကျောင်းတွင် ဘုရားဝတ်ပြု ပရိတ်နာခဲ့ဧ။် ။ “ဘာလုပ်လို့ ဘာဖြစ်မှာမို့လဲ”ဟူသော အချိန် ကျွန်မအတွေးအခေါ်များသည် “ဘာဖြစ်ဖြစ် မဖြစ်ဖြစ် လုပ်သင့်တယ်ထင်ရင် လုပရမယ်”ဟု ပြောင်းလဲကုန်ဧ။်။
ဘာဖြစ်မှာမို့လို့လဲ
လူတော်တော်များများ ဤမေးခွန်းကို မေးကြသည်။ ပေါက်မည်သေချာမှ ထီထိုးမည်ဆိုလျှင် ထိုးဖြစ်တော့မည် မဟုတ်ပါ ။ ထီသည် ကံတစ်မျိုးတည်းနှင့်သာ သက်ဆိုင်သော်လည်း နိုင်ငံအရေးသည် ကံ ၊ ဥာဏ် ၊ ၀ီရိယ ၊ စည်းလုံးညီညွတ်မှု ၊ ပါးနပ်လိမ္မာမှုတို့နှင့် များစွာသက်ဆိုင်သည် ။ ယခု လှုပ်ရှားနေသော လူများသည် “နိုင်ချင်သည် ၊ နိုင်ရမည်”ဟု ခံယူထားသော်လည်း “နိုင်မည်”ဟု မည်သူမျှ မပြောနိုင်ပါ ။ သို့သော် ထိုသူတို့ ဦးဆောင်ကြဧ။် ရဲရင့်စွာ ၊ စည်းကမ်းရှိစွာ “အမှန်တရားအတွက် စတေးခဲ့ဧ။် တယောက်တွန်းက မရွေ့ ၊ ပြိုင်တူတွန်းမှ ရွေ့သည်”ကို သတိပြုအပ်သည်။
နိုင်ငံရေးစိတ်မ၀င်စားဘူး
ဟုတ်ကဲ့ ။ မည်သူမျှ အမိဝမ်းမှ ထွက်လာကတည်းက “နိုင်ငံရေး နိုင်ငံရေး”ဟု အော်ထွက်လာသည်ဟု မကြားဖူးပါ။ နိုင်ငံရေးလုပ်သူသည် သိပ္ပံပညာရှင်များကဲ့သို့ Born in talent လည်း မဟုတ်ကြပါ ။ မခံမရပ်နိုင်မှု ၊ အနစ်နာခံမှုများမှ ရပ်တည်မှု ခံယူချက်အဖြစ် ကူးပြောင်းသွားခြင်းသာ ဖြစ်ဧ။် ။ နအဖထောင်သည နေပျော်စရာကောင်းသည်ဟု တခါမျှ မကြားဖူးသောကြောင့် နိုင်ငံရေးကို popular ဖြစ်အောင်လုပ်၍ ထောင်ကျခံချင်သူများလည်း ရှိကြမည်မဟုတ်ပါ။ စိတ်မ၀င်စားသော သူများသည် နအဖလက်ထက်တွင် အထုတ်လိုက် အထည်လိုက် မျိုဆို့နေရသော မျက်စိနားများကို ပိတ်၍ ပါးစပ်နှင့်လက်သာ လှုပ်နေသည့် လူတန်းစားများ ဖြစ်ဧ်။ ကိုယ်တိုင်မပါဝင်ရဲသည့်တိုင် စိတ်ဝင်စားရမည် ။ အမှန်အမှား သိရမည် ။
မြန်မာပြည်သည် တို့တိုင်းပြည်ဖြစ်သည် ။ မလွှဲသာ၍ စွန့်ခွာခဲ့ရသော်လည်း ကျွန်မတို့သွေးများသည် မြန်မာ့သွေးများဖြစ်ပါဧ။် ထို့ကြောင့် “နိုင်ငံရေး စိတ်မ၀င်စား”ဟု ပြောမည်ဆိုလျှင် ငါဘယ်လိုလူစားမျိုး ဖြစ်သွားမည်လဲဟု အရင်စဉ်းစားသင့်သည် ။ ယခုရက်စက်ပစ်သတ်ရိုက်နှက်ခံနေရသော လူထုထဲတွင် သင့်မိဘ ညီအကိုမောင်နှမ ၊ သင့်ချစ်သူသာပါမည်ဆိုလျှင် “နိုင်ငံရေး စိတ်မ၀င်စားဘူး”ဟု သင်ဆက်၍ ပြောနိုင်မည်လော။
“အပြင်က ဟောင်မနေကြနဲ့ ။ သတ္တိရှိရင် ပြန်လာခဲ့”
ဤစာတမ်းကို ကျွန်မ မကြာခဏ ဘလော့ခ်များတွင် ကွန်မန့်များတွင် တွေ့ဖူးပါသည်။ ရေးသူသည် မြန်မာပြညထဲမှ ဆင်းရဲကျပ်တည်းမှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူတစ်ဦး ဖြစ်နိုင်သလို နအဖတပ်မှ ရုရှားဗိုလ်ကြီး ၊ ဗိုလ်ကလေးများလည်း ဖြစ်နိုင်ပါသည် ။ ဟုတ်ကဲ့ ။ အနီးစပ်ဆုံး ဥပမာပြရပါလျင် ဘောလုံးပွဲများကို ကြည့်ပါ။ ဘောလုံးကန်သူများရှိသလို အားပေးသူများလည်း ရှိရပါသည်။ နင့်ဘာသာ လေ့ကျင့်ထားရရင် နိုင်မှာပဲ ။ အားပေးစရာ မလိုဟူသော ပရိတ်သတ်များ အပ်ကျသံ မကြားတိတ်ဆိတ်၍ ဘောလုံးသမားများသည် ကိုယ့်ဘာသာကစားသော ဘောလုံးပွဲများ ရှိပါသလော ။ အော်ကြ ဟစ်ကြ အားပေးကြဧ။် ။ သူ့ဘက် ကိုယ့်ဘက် အသံကုန်အော်ကြဧ။် ။ ရှုံးနေရာမှ ပရိတ်သတ်အားပေးမှုကြောင့် စိတ်အားထက်၍ အနိုင်ရလိုက်သော သာဓကများစွာရှိဧ။် ။ အားပေးသော ပရိတ်သတ်သည် ဘောလုံးကန်တတ်သူများ မဟုတ်ပါ ။ သို့သော် သူတို့သည် ကိုယ့်အသင်းနိုင်ရေးအတွက် အချိန်ကုန် ၊ ငွေကုန် အလုပ်ပျက်ခံ၍ လာရောက်ကြည့်ရှုကြခြင်းဖြစ်ဧ။် ။ ( ဘောလုံးပွဲလောင်းသည်များကို မဆိုလိုပါ ) ။
ထို့အတူ ကျွန်မတို့သည် ပြည်ပမှအားပေးဧ။် ။ ငွေကုန် အလုပ်ရှုပ်ခံ၍ ၀ါဒဖြန့်ဧ။် ။ အလုပ်ပျက် ကျောင်းပျက်ခံ၍ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ဧ။် ။ ကျွန်မတို့ရနေသော ၀င်ငွေများသည် မြန်မာပြည်နိုင်ငံတော်အစိုးရ ရုံးများကဲ့သို့ ကိုရီးယားရုပ်ရှင်အကြောင်းလေးပြောလိုက် ၊ လက်သည်းနီလေးဆိုးလိုက် ၊ အတင်းလေး ပြောလိုက်နှင့် ရသောလခများ မဟတ်ပါ။ အလုပ်အချိန်အတွင်းတွင် အမှန်တကယ်လူအား ဥာဏ်အားစိုက်ထုတ်၍ တင်းပြည့်ကျပ်ပြည့် အလုပ်လုပ်ရဧ။် ။ တချို့ Work Permit သမားများဆိုလျှင် တနေ့လုံး အလုပ်လုပ်မှ $ 13 လောက်သာရဧ။်။ သို့သော် ကျွန်မတို့သည် ကျွန်မတို့ တိုင်းပြညအတွက် ၊ ဘာသာ သာသနာတော်အတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူများအတွက် လှူဒါန်းရန် နောက်မတွန့်ကြပါ ။ ဤသည်မှာ ကျွန်မတို့ ထမ်းနိုင်သလောက် ကူထမ်းခြင်းသာဖြစ်၍ ပြည်ပမှ ဟောင်နေသည်ဟု မစွပ်စွဲသင့်ပါ။
သတ္တိရှိရင်ပြန်လာခဲ့ ဟူသည်ထက် မိုက်လျင် ပြန်လာခဲ့ဟူသည်က ပိုမှန်ပေမည် ။ သတ္တိရှိခြင်းနှင့် မိုက်ရူး၇ဲဆန်ခြင်းကို ကောင်းစွာခွဲခြားတတ်သင့်သည် ။ ကျွန်မတို့ မြန်မာပြညသို့ ယခုအချိန်ပြန်လျင် အခြေအနေဘာများ ပြောင်းလဲသွားမည်နည်း ။ ဆန္ဒပြလူအုပ်ထဲတွင် လူတစ်ယောက်တိုးလာသည်မှအပ (သို့) အဖမ်းခံရာ လူအုပ်ထဲတွင် လူတစ်ယောက်တိုးလာသည်မှအပ ပိုထူးမည်မဟုတ်ပါ ။ ပြည်ပမှ အလှူရှင်တစ်ဦး လျှော့သွားသည် ။ ၀င်ငွေကို မှီခိုစားသောက်နေရသောကြောင့် အလုပ်မရှိပါက ပြည်တွင်းတွင် ကျပ်တည်းသော မိသားစုတစ်ခုတိုးလာပါမည် ။ ပြန်ချိန်ရောက်လျှင် ပြန်လာခဲ့ကြပါမည် ။ ထိုအချိန်သည် ကြက်ခြေနီ ဦးထုပ်လေးဆောင်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် volunteer အနေလည်း ဖြစ်နိုင်ဧ။် လူမှုရေး ၊ ကျန်းမားရေး ၊ ပညာရေးများ ပြန်လည်ထူထောင်ရန် ကျွန်မတို့လို ပြည်ပအင်အားများ အမှန်တကယ် လိုအပ်မည်ပင်။ ထိုအချိန်သည် မဝေးသော ကာလတစ်ခုတွင် ရောက်ရှိလာမည်ဟု မျှော်လင့်မိပါသည်။
အားပေးစကား
ကျွန်မငယ်ငယ်က ဘုရားမှန်မှန်ရှိခိုးပါလျက် ကံမကောင်း ။ မဟုတ်တာ လုပ်နေကြသူများတော့ ကံကောင်းကြသည် ဟု မကျေမနပ်ပြောသောကြောင့် ကျွန်မ အဘွားက ကျွန်မကို ပုံပြင်လေးတစ်ပုဒ် ပြောပြပါသည်။ ထိုပုံပြင်လေးမှာ
တခါက ရွာတစ်ရွာတွင် သစ်ခုတ်သမားတစ်ယောက်သည် တောထဲတွင် သစ်ခုတ်သွားစဉ် အလေးသွားချင်၍ ချုံတခုထဲဝင်ကာ သွားခဲ့သည် ။ ကိစ္စပြီး၍ သစ်ရွက်များနှင့် ဖုံးရန်ကြည့်လိုက်သောအခါ စွန့်ထာသော မစင်များသည် ပကတိရွှေသားများအဖြစ်သို့ ပြောင်းလဲနေပါဧ။် ။ ထိုသတင်းသည် သစ်ခုတ်သမားနေသော ရွာကလေးတွင် တမဟုတ်ချင်း ပျံ့နှံသွားရာ လူအများလာရောက်၍ ခြုံနွယ်များကို ရှင်းလင်းကြဧ။်။ ရှင်းလင်းပြီးသောအခါ မစင်စွန့်ရာ နေရာသည် မြေကြီးထဲသို့ တ၀က်တပျက်မြုပ်နေသော လျောင်းတော်မူ ရှေးဟောင်းဘုရားတော်ကြီးဧ။် ဦးခေါင်းပေါ်တွင်ဖြစ်နေဧ။် ။ လူအများသည် ဘုရားဦးခေါင်းတော်ပေါ်တွင် မလုပ်သင့်ဟု မစဉ်းစားကြတော့ဘဲ ရွှေရလိုဇောနှင့် အပြိုင်အဆိုင် မစင်စွန့်နေကြရာ ထိုနေရာတွင် မစင်စွန့်သူများနှင့် စည်ကားနေဧ။် ။ ရွာစွန်တဲကလေးတွင်နေသော အဘိုးအို ၊ အဘွားအိုလင်မယားသာ ဗုဒ္ဓဘာသာဖြစ်လျက် ဘုရားဦးခေါင်းတော်ပေါ် မစင်မစွန့်ဝံ့ဟုဆိုကာ မလာခဲ့ပါပေ။
ရွှေများရောင်းရငွေဖြင့် ရွာကလေးမှာ နေ့ချင်းညခြင်း ပြောင်းလဲလာဧ။်။ အိမ်ကြီးအိမ်ကောင်းများ အပြိုင်အဆိုင်ဆောက်ကြ၍ ပြိုးပြိုးပျက်ပျက်များ ၀တ်ဆင်ကာ အထူးပျော်မြူးနေကြဧ။်။ ပင်ပန်းစွာ ခြံစိုက်စားရသော အဘိုးအိုလင်မယားကိုလည်း တုံးလှ အလှသည်ဟု ပျက်ရယ်ပြုကြသည်။ ထိုဖြစ်ရပ်သည် တလကျော်မျှ ကြာရှည်သွားသည်။ တစ်ညတွင် မိုးကာလ မဟုတ်ပါဘဲ လေပြင်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်၍ ရေများလျှံကာ ရွာကလေးကို ၀ါးမြိုတိုက်စားသွားဧ။် ။ ထူးဆန်းစွာပင် အိမ်ကြီးအိမ်ကောင်းများ အားလုံးရေတွင်ပါ၍ အခြေမခိုင် ယိုင်နဲ့နဲ့နှင့် လယ်စွန်တဲကလေးသာ ကျန်ရစ်ဧ။် ။ မုန်တိုင်းစဲသော နောက်တစ်နေ့နံနက်တွင် တရွာလုံးတွင် တဲတစ်လုံးသာ ကျန်ရစ်ခဲ့တော့ဧ။် ။
ဤသည်မှာ ဖြစ်ရပ်မှန်ဟု သက်သေပြစရာမရှိသော်လည်း ဗုဒ္ဓဘာသာပီပီ ကပ်ဆေးသည်ဟူသော ကံကံဧ။် အကျိုးကို ကျွန်မယုံကြည်ပါဧ။် ။
မေတ္တာပို့ကြပါ
ကျွန်မသည် အိမ်မှ ဘုရားစင်ရှေ့တွင်ထိုင်ကာ မေတ္တာသုတ်ရွတ်ဆို၍ သန်းရွှေနှင့် မောင်အေးပုံကို မြင်ယောင်ပါသည် ။ မေတ္တာမရှိသူကို မေတ္တာပို့ရသည်မှာ အလွန်ခက်ခဲသော အလုပ်ဖြစ်ပါသည်။ အထူးသဖြင့် ငိုမှန်း ရယ်မှန်း ခန့်မှန်းရခက်သော အကြောအခြင်များ တင်းနေသည့် ထိုသူနှစ်ယောက်ဧ။် မျက်နှာများကို ပြုံးနေသည်ဟု မှန်းဆမြင်ယောင်ရသည်မှာ အခက်ခဲဆုံးဖြစ်ဧ။် ။ သို့သော် ကျွန်မတို့လုပ်ရမည် ။ ကျွန်မတို့ တိုင်းပြည်အတွက် ၊ လူမျိုးအတွက် ၊ ဘာသာ သာသနာတော်အတွက် မေတ္တာပို့ကြရမည် ။
ထင်မြင်ချက် ( တတ်သလောက်ပါ )
ယခုအချိန်တွင် မောင်အေး (သို့) တခြားခပ်ကြီးကြီးတစ်ယောက်က ပြည်သူရဟန်းတို့နှင့် ပူးပေါင်းလိုက်လျင် ထိုသူသည် အလိုလိုကျေးဇူးရှင် စာရင်းဝင်သွားမည် ။ ကမ္ဘာတွင် နာမည်ကောင်းရမည်။ နိုင်ငံကို အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည် ။ စောမောင်လို ရူးသေရခြင်း ၊ ခင်ညွန့်လို ပက်ပက်စက်စက် အဖမ်းခံရခြင်းများမှ ကင်းလွတ်မည်။ ဤအခွင့်အကောင်းကို အသုံးချသင့်သည်။ စစ်သားများသည် မပစ်နိုင်ဟု ပြော၍ ထောင်ထဲဝင်မည့်အစား ပစ်မည်ဟု ဟန်ဆောင်ထွက်၍ လူထုနှင့်ပူးပေါင်းသင့်သည်။ လူများသည် လက်သာ ကိုယ်ကျွတ် အရိုက်ခံရမည့်အစား လက်နက်များအိမ်တွင်ဆောင်ထား၍ ပြန်လည်ခုခံသင့်သည်။
ခရေဖြူ
မှတ်ချက် ။ စကားလုံးအချို့ကို လင်းလက်မှ ပြုပြင်မွမ်းမံထားသည် ။
Posted by Anonymous at 1:25 PM 5 comments
Labels: Articles
Tuesday, October 09, 2007
ပေါက်ကွဲမှု
လှည့်မကြည့်နဲ့
ဒဏ်ရာအနာတွေ တပွေ့တပိုက်
ငါက တခြားအရာမှာခြင်္သေ့ဆိုပေမယ့်
အချစ်နဲ့ပတ်သတ်ရင် ယုန်ငယ်တစ်ကောင်ပါ ။
လှည့်မကြည့်နဲ့
နှလုံးသွေးတွေ တဆစ်ဆစ်နာ
ရင်တစ်ခုလုံးနာရလွန်းလို့
ဒီစစ်ပွဲမှာ
အစကတည်းက ငါရှုံးနေတာပါ .. ။
ပြန်လည်တည်ဆောက်နေတဲ့
ငါ့နှလုံးသားစိတ်အစဉ်က
သွေးရှင်ရှင်ထွက်နေပြီမို့
နောက်ဆုံးအကြိမ်အဖြစ်
လင်းလက်ကြယ်စင်
Posted by Anonymous at 9:00 PM 0 comments
Labels: Poems
International Burmese Movement Day 6-Oct-2007
စနေနေ့ နေ့လည် ၂နာရီမှာ စင်္ကာပူက တက်ကြွတဲ့ မျိုးချစ်ပုဂ္ဂိုလ်များအဖွဲ့က ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းစွာ ဆုတောင်းခြင်း ၊ အမှာစကားပြောကြားခြင်း အခမ်းအနားတစ်ခုကို Singapore Excelsior Hotel မှာ ကျွန်မ တက်ရောက်ခဲ့ပါတယ် .. ။
ခန်းမထဲကို ၀င်ဝင်လိုက်ချင်းပဲ အနီရောင်အများစုနဲ့ အဖြူေ၇ာင်တွေ ၀တ်ဆင်ထားတဲ့ တက်ကြွတဲ့ ရွှေမြန်မာများစွာကို ကျွန်မ မြင်ရချိန်မှာ ရင်ထဲ ၀မ်းသာတာလား ၊ ၀မ်းနည်းတာလား ဘာမှန်းမသိတဲ့ ခံစားမှုလေး ဖြစ်သွားပါတယ် .. ။
နံရံမှာ ကပ်ထားတဲ့ ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည်အခြေအနေ ပုံတွေ ၊ ဆောင်းပါးတွေက မြင်ရသူရင်ကိုနင့်စေပါတယ်။
နေရာယူပြီး သိပ်မကြာခင်မှာပဲ အခမ်းအနား စတင်ပါတယ် ။ အခမ်းအနားကို ကျောင်းသားတစ်ဦးက စတင်ပြီး ခံစားချက်တနင့်တပိုးနဲ့ အမှာစကားပြောချိန်မှာ သူ့စကားလုံးတိုင်းက ကျွန်မရင်ကို နေရာပေါင်းစုံကနေ လာထိမှန်ပါတယ်။
“မင်္ဂလာပါခင်ဗျာ ၊ ကျွန်တော် ဒီနေ့ ဒီအချိန်မှာ ကြွရောက်လာကြတဲ့ မျိုးချစ်မြန်မာအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ချိန်မှာ ကျွန်တော့်ရင်ထဲမှာ အမိမြန်မာပြည်မှာ တိုက်ပွဲဝင်နေတဲ့ သံဃာတော်တွေ ၊ ပြည်သူတွေအတွက်တော့ မင်္ဂလာရှိနေမှာ မဟုတ်ဘူးဆိုတာ တွေးမိလိုက်ချိန်မှာ ကျွန်တော့်စိတ်အစဉ်က အရမ်းကိုဝမ်းနည်းကြေကွဲရပါတယ် ”
“ကျွန်တော်တို့က ဘယ်နိုင်ငံပဲရောက်ရောက် ၊ ဘယ်နေထိုင်ခွင့်ကိုပဲယူယူ ကျွန်တော်တို့ ခင်ဗျားတို့ရင်ထဲ သွေးထဲမှာ မြန်မာဆိုတဲ့ သွေးက အစဉ်အမြဲစီးဆင်းနေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” အစရှိတဲ့ စကားလုံးတွေကို ခံစားချက်ပြင်းထန်စွာ ပြောသွားချိန်မှာ အားလုံးရဲ့ ထောက်ခံအားပေးလက်ခံသံတွေနဲ့အတူ အားလုံးရဲ့ရင်ထဲမှာ ပြင်းထန်တဲ့ခံစားချက်တွေ ဖုံးလွှမ်းနေမယ်လို့ ကျွန်မထင်မြင်မိပါတယ် .. ။
သံဃာတွေတွေက တစ်ပါးပြီးတစ်ပါး ထင်မြင်ယူဆချက်တွေ ၊ ရင်ထဲမှာဖြစ်ပေါ်တာတွေကို ခံစားမှုနဲ့ထပ်တူ ပြောသွားချိန်မှာ ကျွန်မရင်ထဲမှာ အများကြီး ထပ်တူခံစားမိတယ် ။
“ဦးဇင်းတို့က နိုင်ငံတော်ကို ဘယ်သူအုပ်ချုပ်နေတယ် စိတ်မ၀င်စားပါဘူး ။ ဦးဇင်းတို့လိုချင်တာ စိတ်ဝင်စားတာ တစ်ခုက peace & justice ပါပဲ”
“အရှက်တရား အကြောက်တရား ကမ်းကုန်နေပြီဖြစ်တဲ့အတွက် အများကြီးဝမ်းနည်းခံစားမိပါတယ်”
“သာသနာကိုစော်ကားလွန်းတဲ့ ခွေးစုတ် ခွေးနာတွေ ခွေးလိုမကျင့်ဘဲ ဒေါင်းလိုကျင့်စေချင်ပါတယ်”
“လူတွေက ဘုန်းကြီးတွေ သပိတ်မှောက်တာ ဘုန်းကြီးတွေနဲ့ဆိုင်လို့လား မေးတတ်ကြပါတယ်။ ပထမဦးစွာ ရှင်းပြလိုတာက သပိတ်ဆိုတာ လူနဲ့ဆိုင်တာလား ၊ ဘုန်းကြီးနဲ့ဆိုင်တာလား ဆိုတာပါပဲ”
“ဆရာလေးကတော့ နိုင်ငံရေးတွေ နားမလည်ပေမယ့် သတ်ဖြတ်သူတွေကိုတော့ တရားအရကြည့်မယ်ဆိုရင် သနားမိပါတယ် ။ ငရဲအိုးမှာ ကမ္ဘာတစ်သိန်းတိုင်အောင် ခံရမယ့် သူတို့က တကယ်တော့ သနားစရာပါ။ အခုအချိန်မှာ အရူးလက်ထဲ လက်နက်ရောက်နေသလို ဖြစ်နေတာမို့ အရူးကုနည်းကို ရှာရပါမယ် ။ အရူးကို နိုင်မယ့်နည်းလမ်းအတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ အဖွဲ့အစည်းတွေ ဖွဲ့ပြီး ၊ အချင်းချင်း ဆက်သွယ်ကြပါ ၊ ထိရောက်စွာ လုပ်ကိုင်ကြပါ”
အစရှိတဲ့ စကားတွေနဲ့ အခမ်းအနားကို အောင်မြင်စွာ ပြောကြားသွားပါတယ် ။ သံဃာတော်တွေနဲ့ ဆရာလေးတစ်ပါးရဲ့ ထိရောက်စွာ ပြောကြားချက်တွေကို ကျွန်မအပါအ၀င် လူထုကြီးက တခဲနက်ထောက်ခံခဲ့ကြပါတယ် .. ။
နောက်အစီစဉ်တစ်ခုအနေနဲ့ ကျောင်းသားများကိုယ်စား ၊ အလုပ်သမားများကိုယ်စား အမှာစကားပြောကြားချိန်မှာလည်း အများကြီးရင်ထဲလှုပ်ခတ်မိပါတယ်။ အလုပ်သမားများကိုယ်စား ပြောကြားသွားတဲ့ အကိုကြီးက
“ကျွန်တော်တို့ မြန်မာတွေ ပြည်ပကို ကျောင်းတက် အလုပ်လုပ်ဖို့လာတာနဲ့ အင်မီဂရေးရှင်းရောက်ရင် မျက်နှာလေးတွေက ဇီးရွက်လောက်လေးတွေ ဖြစ်ကုန်ကြရော” ဆိုတဲ့စကားကို အားလုံးက လက်ခုပ်သြဘာတွေ ညံနေအောင်တီးခဲ့ကြပါတယ် .. ။
အမှာစကားတွေပြောကြားပြီးချိန်မှာ အမိမြေမှာ ကျဆုံးသွားသော သူရဲကောင်းများအားလုံးကို လေးစားဂုဏ်ပြုဆုတောင်းတဲ့အနေနဲ့ မီးအမှောင်မှိတ်ပြီး ဖယောင်းတိုင်လေးတွေ ကိုင်ဆောင် ၊ ၁မိနစ်ခန့် ငြိမ်သက်စွာ ရပ်ကြရပါတယ် .. ။
မီးများပြန်ဖွင့်လိုက်ချိန်မှာ အားလုံးက ရင်ထဲကလာတဲ့ခံစားမှုတနင့်တပိုးနဲ့ နိုင်ငံတော်သီချင်း ၊ ကမ္ဘာမကြေဘူး သီချင်းတွေကို ဆိုချိန်မှာ ကျွန်မ ရင်ထဲ လှုပ်ခတ်သွားမိတယ် ။ ကျွန်မတို့ မြန်မာတွေ အရင်ကထက် ပိုပြီး စည်းကမ်းရှိလာတာကို တွေ့ရချိန်မှာလည်း သိပ်ဝမ်းသာမိပါတယ် .. ။
သံဃာတော်များနဲ့ အခမ်းအနားစီစဉ်သူတွေက စည်းကမ်းရှိဖို့ ၊ ၀ိုင်းဝန်းကူညီဖို့ ပြောကြားပြီး သံဃာတော်တွေက ပြန်ကြွသွားချိန်မှာ အခမ်းအနားက အောင်မြင်စွာ ပြီးဆုံးသွားပါတယ် .. ။
တိုပါးရိုးဘုန်းကြီးကျောင်းကို ဆက်သွားဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ် ။ တော်တော်များများ ဆက်သွားကြမယ်လို့ ကျွန်မထင်ပါတယ် ။ ကျွန်မက ပင်ပန်းနေပြီဖြစ်တဲ့အတွက် အိမ်ကိုပဲ အခမ်းအနားပြီးတော့ ပြန်လာခဲ့ပါတယ် ။
ဒီအခမ်းအနားမှာ မြန်မာတွေရင်ထဲမှာ မြန်မာ့သွေးတွေ ပိုပြီး တောက်ပြောင်လာအောင် ၊ စည်းကမ်းပိုရှိလာအောင် ၊ ပိုပြီးစည်းလုံးတတ်လာအောင် ၊ အားပေးတဲ့စကား ၊ ခံယူချက်စကားတွေကို ကျွန်မကြားသိပြီးချိန်မှာ ပိုပြီး စိတ်ထဲဝမ်းနည်း ၀မ်းသာ ဖြစ်သွားမိပါတယ် .. ။
ကျွန်မတို့အားလုံး ရတဲ့နေရာမှာ ရသလို ဆက်လက်တိုက်ပွဲဝင်ရမှာကို အများ ပိုသိလာအောင် ဆောင်ရွက်ပေးခဲ့တဲ့ ဒီအခမ်းအနားက လူကြီး လူငယ်တွေ ၊ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့ သံဃာတော်တွေ အားလုံးကို ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိမိပါတယ်ရှင် .. ။
Posted by Anonymous at 2:26 PM 5 comments
Labels: News And Activities