စနေနေ့မနက် လမ်းလျှောက်ပွဲအတွက် သူငယ်ချင်းတစ်ယောက်ဆီက လက်ခံရရှိတဲ့သတင်းတစ်ခုကို အားလုံးကို ဖြန့်ပေးလိုက်ခဲ့တယ်။ သတင်းဆိုတာ တကယ်မှန်ကန်ရင် လက်ဆင့်ကမ်းတတ်ကြတာ ဒါအမြဲပါပဲ .. ။ ဒါ မထူးဆန်းပါဘူး .. ။ ဒီလမ်းလျှောက်ပွဲမှာ ခေါင်းဆောင်မရှိဘူး .. ။ ငယ်သားမရှိဘူး . ။ စိတ်ပါဝင်စားသူ လိုက်ခဲ့ကြပါဆိုပြီး ဖိတ်ခေါ်ကြတယ်. .။ အဲဒီအတွက် ကျွန်မကိုယ်တိုင်လဲ မိတ်ဆွေတွေနဲ့ ထိပ်ဆုံးက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ် .. ။ မနက်ခင်းတစ်ပွဲ ညနေခင်းတစ်ပွဲမှာ ညနေခင်းအတွက် သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သွားနေချိန်မှာ ကျွန်မ လမ်းပေါ်ရောက်ပြီး လမ်းတစ်ဝက်မှ ပါစင်နယ်အကြောင်းတစ်ခု ပေါ်လာတယ် . ။ အဲဒီအတွက် အဖြူရောင်ကြီးဝတ်ပြီး အော့ချပ်ပေါ်တော့ မရောက်ခဲ့ပေမယ့် ကျွန်မကိစ္စတွေနဲ့ တစ်နေကုန် အလုပ်ရှု့ပ်သွားခဲ့တယ် … ။ အဲဒီအတွက် ရလဒ်တွေက ဘာလဲ
“ကျွန်မ သတ္တိမရှိဘူးတဲ့“
“ကျွန်မ ငကြောက်”တဲ့။
အချို့က မေးလ်နဲ့ဆဲတယ် .. ။ အချို့က ဖုန်းလှမ်းဆက်ပြောတယ် .. ။ အချို့က ဘလော့ခ်မှာ အော်တယ် … ။ အဲဒီလူတွေကို မေးချင်တယ် .. ။ သတ္တိဆိုတာဘာလဲ … ။ ဘာကို သတ္တိလို့ခေါ်တာလဲ … ။ လူ့ဘ၀မှာ အကြောင်းကိစ္စတွေ အမျိုးမျိုးရှိတတ်ကြတယ် .. ။ အဓိကက မိမိရဲ့စေတနာ သန့်စင်မွန်မြတ်ဖို့ပဲ .. ။ စနေမနက်မှာ ကျွန်မနဲ့အတူလျှောက်ဖို့ ချိန်းထားတဲ့ လူတွေ ကျွန်မစိတ်ဓါတ်ကိုသိတယ် . .။ အားတက်သရော ကျွန်မလုပ်နေတာတွေကို အကြောင်းစုံသိတဲ့ ကျွန်မကိုချစ်သူတွေ နားလည်တယ် . ။ အစပိုင်းက ကျွန်မ တအားခံစားသွားရတယ် .. ။ ဒါပေမယ့် ကျွန်မကို တိုက်ခိုက်သူတွေကို ကျွန်မ ရန်ပြန်မဖြစ်ချင်ပါဘူး .. ။
“မိမိလုပ်ပြီး သူများက အကြောင်းတစ်ခုကြောင့် ပျက်ကွက်ခဲ့တာနဲ့ နှစ်ပြားမတန်အောင် ပြောကြေးလား”။
မကျေနပ်ရင် face to face လာပြောလို့ရတယ် . .။ ကျွန်မက သူများလို မပုန်းတတ်ဘူး .. ။ ကျွန်မ ဘယ်သူဘယ်ဝါလဲ နအဖ လက်ပါးစေတွေကအစ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူတွေအဆုံး သိကြတယ်။ ကျွန်မဘယ်သူဘယ်ဝါလဲ မလျိုထားဘူး .. ။
ကျွန်မ ဘလော့ခ်ရေးနေတာ ၊ မြန်မာနိုင်ငံအတွက် စေတနာအပြည့်နဲ့ တတ်နိုင်တဲ့နေရာတွေမှာ ပါဝင်နေတာ လူတွေ လေးစားဖို့လည်း မဟုတ်ဘူး .. ။ အပေါင်းအသင်း ပိုဝင်ဆံ့အောင်လည်း မဟုတ်ဘူး .. ။ လင်းလက်ကြယ်စင်ဆိုတာ ဖြစ်လာဖို့လည်း မဟုတ်ဘူး . .။ ဒါတွေက ကျွန်မ ဘ၀မှာ မရှိမဖြစ် လိုအပ်တာတွေ မဟုတ်ဘူး ။ ကျွန်မ စိတ်ထဲယုံကြည်ရာကို တစ်ယောက်တည်း လိပ်ပြာသန့်သန့် စေတနာသန့်သန့်နဲ့ လှမ်းနေတာပဲ ရှိတယ် .. ။ အဲဒီအတွက် ဘယ်သူပဲ အကောင်းပဲပြောပြော အဆိုးပဲပြောပြော ကျွန်မ ဘာမှမဖြစ်သွားဘူး .. ။ လူတွေ ကျေနပ်တာ မကျေနပ်တာ ကျွန်မ ဂရုမစိုက်ဘူး။ မိမိလိပ်ပြာမိမိလုံဖို့ ၊ မိမိစေတနာက မွန်မြတ်သန့်စင်နေဖို့ပဲ ကျွန်မ အဓိက ဦးတည်ထားတယ်။ သူတစ်ပါးရဲ့ စိတ်ကျေနပ်ဖို့ ၊ သူတစ်ပါးတွေ အကောင်းမြင်ဖို့ ကျွန်မ လူဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာကို အတ္တကင်းကင်းနဲ့ စေတနာအပြည့်လုပ်ပေးဖို့အတွက်ပဲ ကျွန်မ လူဖြစ်လာတာ။ တစ်ယောက်တည်းပဲ စေတနာအပြည့်နဲ့ ယုံကြည်ရာကို လှမ်းရဲတဲ့ သတ္တိအပြည့်မွေးထားပါတယ် ။ ဒီလိုမဟုတ်ရင် ကျွန်မ ဘယ်သူလဲ ဘယ်သူမှတောင်သိမှာမဟုတ်ဘူး။
စိတ်ပါဝင်စားသူပါဝင်ဖို့ လက်ဆင့်ကမ်း သတင်းပေးလိုက်တာပဲရှိတယ် … ။ ဒီကိစ္စကို စတင်ဦးဆောင်သူတွေရဲ့ လုံခြုံရေးကို ကျွန်မ နားလည်လို့ စတင်အကြံရသူဘယ်သူဘယ်ဝါတွေလဲ ကျွန်မ မဖော်ထုတ်တာပဲ ရှိတယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာတွေကို ကျွန်မနားလည်တယ် .. ။ မလိုအပ်တဲ့ နေရာတွေ ကျွန်မ စကားမများချင်ဘူး။
တစ်ခုပဲ ကျွန်မ မေးချင်တယ် ။ “မြန်မာနိုင်ငံကို တကယ်တိုးတက်စေချင်တာလား ။ လူတတ်ကြီးလုပ်ဖို့ အားသန်နေတာလား ။ သူများကို လက်ညိုးထောက်ဖို့ ဒါတွေလှုပ်၇ှားနေတာလား”
ကျွန်မက တာဝန်ခံခေါင်းဆောင်မဟုတ်ပေမယ့် လူတွေက ကျွန်မကိုပဲ သိကြတော့ မေးကြတယ်။ ကျွန်မ ရှင်းပြတယ်။ ဒါကို နားလည်သဘောပေါက်သူတွေချည်းပါပဲ .. ။ ဒါပေမယ့် အချို့ကတော့ သိပ်မိုက်ရိုင်းကြတယ်။
လမ်းလျှောက်ပွဲအတွက် လာသူတွေအားလုံးကို ကျွန်မ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။ ကျွန်မ ပျက်ကွက်ခဲ့တဲ့အတွက် ကျွန်မမိတ်ဆွေများကိုတော့ အများကြီးဆောရီးပါပဲရှင် .. ။ အတ္တတွေနဲ့ ကျွန်မကို လာတိုက်ခိုက်သူတွေကိုတော့ အော့နှလုံးတကယ်နာပါတယ်။ နာမည်ရဖို့ သွားနေတာလား ၊ ငါလုပ်ပြီး သူများကျ မလုပ်ဘူးဆိုပြီး ပြိုင်နေတာလား ။ ပြိုင်ရအောင် ဒါ ပြိုင်ပွဲမှ မဟုတ်တာ ။
အယူအဆတွေအဲလိုမကွဲချင်လို့ ၊ စကားမများချင်လို့ သည်းခံခဲ့ပေမယ့် ရင်ထဲမှာတော့ တကယ်နာပါတယ်။
3 comments:
ညီမလေးရေ လူတွေက ဒီလိုပါပဲ သူတို့ထင်ရာတွေ စွတ်ပြောပြီး သူတစ်ပါးသားကို အပုတ်ချဖို့ဆို သိပ်တော်နေတတ်ကြတယ် ဒါတွေကို ဂရုမစိုက်ဘဲ ကိုယ့်စေတနာသန့်သန့်နဲ့သာ ရှေ့ဆက်သွားပါ တစ်ခါတစ်လေ ဥပက္ခေတရားကိုလည်း မွေးမြူနော်
လင်းလက်ရေ ကိုယ့်ကို ဝေဖန်သွားတဲ့သူတွေကို သိပ်ဂရုစိုက်မနေပါနဲ့။ စိတ်ဓါတ်မကျပါနဲ့။ အော့နှလုံးလည်းမနာပါနဲ့။ တိုင်းပြည်အတွက် ကိုယ်လုပ်စရာရှိတာကို လုပ်ပေးပါ။ လင်းလက်ကိုလေးစား အားပေးလျှက်ပါ။
မမဒါမျိုးတွေကဖြစ်တတ်ပါတယ်.....လူတိုင်းကကိုယ့်လို
မဟုတ်ဘူး...ညီမလေးလဲကျုံဘူးတယ်..ကျောင်းတက်တုန်း
ကပေါ့....ကိုယ်ကတော့ကိုယ့်သူငယ်ချင်းဆိုပြီးပွင့်ပွင့်လင်းလင်း
ပြောနေဆက်ဆံနေတာ..သူကတော့ကိုယ့်နောက်ကွယ်မှာ
ကိုယ့်ကိုကောက်ကျစ်နေတာကိုကိုယ်ကမသိဘူး..
မမပြောသလိုမြေခွေးမျက်နှာနဲ့လေ....သူများပြောမှသိရတော့
ပိုပြီးစိတ်တိုဖို့ကောင်းတယ်....ကိုယ်ကသူ့ကိုထင်လည်းမထင်
ဘူးလေအဲလိုလုပ်မယ်လို့....ကိုယ့်သူငယ်ချင်းအရင်းကြီးလေ
လူ့စိတ်ဆိုတာအဲလိုပါပဲ...မမရယ်
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။