Thursday, May 23, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့ ၊ ညောင်ရေသွန်းပွဲနှင့် တရားနာပွဲများ (စင်္ကာပူ)


 မေလ ၂၄ရက်နေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ၊ ညောင်ရေသွန်းပွဲနှင့် တရားနာပွဲများကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်ပါတယ်။ 

  

ဗုဒ္ဓဂယာသုခါရာမကျောင်းမှ ကျင်းပမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော် 
အချိန် - နံနက် (၉)နာရီမှ နေ့လည် (၂)နာရီထိ
 နေရာ - Guest House, Japanese Garden, Chinese Garden Road 


   


Clementi မြန်မာဘုန်းကြီးကျောင်းမှ ကျင်းပမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော် 
 နေရာ - 23A, 25A Jalan Mas Puteh, Along West Coast Road, Singapore 128628 (Opposite Blk 701, near ESSO station) 
Clementi MRT မှ Bus 78 / 285 ကိုစီးပြီး ၃ တိုင်မြောက်မှာ ဆင်း၍လမ်းဖြတ်ကူးပါ။ 


 


သစ္စာပါရမီကျောင်းမှ ကျင်းပမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော် 

အချိန် - နေ့လည် (၁)နာရီမှ ညနေ (၆)နာရီထိ 
နေရာ - Stone Boat, Chinese Garden (Near Chinese Garden MRT)


  

Toa Payoh မြန်မာဘုန်းကြီးကျောင်းမှ ကျင်းပမည့် ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်


 

Read More...

Sunday, May 12, 2013

သနားမိခြင်း ပုစ္ဆာ



သနားမိခြင်း ပုစ္ဆာ

“သနားခြင်း”က
သွားချင်တဲ့ ခြေလှမ်းတွေကို တုပ်နှောင်စေတယ် .. ။

“သနားခြင်း”က
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ယိုင်နဲ့စေတယ် .. ။

“သနားခြင်း”က
ကိုယ့်ဆန္ဒတွေကို နောက်ပို့လိုက်ရတယ် .. ။

“သနားခြင်း”က
စိတ်လွန်ဆွဲပွဲကို သရေပွဲနဲ့ အဆုံးသတ်လိုက်ရတယ် .. ။

“သနားခြင်း”က
အိပ်ပျက်ညတွေအလယ်မှာ ကယောင်ခြောက်ခြားဖြစ်ရတယ် .. ။

“သနားခြင်း”က
တောင်ပံမဲ့ငှက်တစ်ကောင်လို ရှင်သန်ရတယ် .. ။

နောက်ဆုံးမှာ ....
“သနားမိခြင်း”ဟာ “အချစ်”မဟုတ်ပေမယ့်
အဖြေထုတ်ရခက်ဆုံး ပုစ္ဆာတစ်ပုဒ်လို အမြဲတ၀ဲလည်လည် ..... ။

လင်းလက်ကြယ်စင် (ဂျူးဂျူး)
Sat, 11th May 2013

Read More...