အားလုံး တစ်ဖန်ပြန်လည် မင်္ဂလာပါရှင် .. ။ ကျွန်မ နေမကောင်းဖြစ်စဉ် ဆုတောင်းပေးကြသော ၊ အလည်လာရောက်ကြသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိမိပါတယ် .. ။ မြန်မာဘလော့ခ်တွေလည်း မမှတ်မိတော့အောင် များလာလို့ သွားရင်း မိုးတောင်လင်းပါတော့မယ် .. ။ လက်လှမ်းမှီသလောက်တော့ အချိန်ရသလောက် လျှောက်ဖတ်ဖြစ်တာမို့ အချို့မောင်နှမ မိတ်ဆွေဘလောခ့်တွေ တော်တော်နဲ့ မရောက်ဖြစ်ခဲ့ရင် နားလည်ပေးဖို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်ရှင် .. ။
ကျွန်မအတွက် ဒီဘလော့ခ်လေးက တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်မရဲ့ ခံစားမှုမှတ်တမ်းရတနာလေး တစ်ခုပါ .. ။ တကယ်တော့ နိုင်ငံရေးဆိုတာကို ကော်ဖီတစ်ခွက်သောက်သလောက် ကျွန်မ နားမလည်ပါဘူး။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေကို ဖွင့်ဟနေခြင်း ၊ အတွေးအမြင်များကို လွတ်လပ်စွာ ဖော်ကျူးနေခြင်းသာ ဖြစ်ပါတယ် ။
စစ်အစိုးရရဲ့ လက်ပါးစေတွေနှင့်အပြိုင် စကားလုံးတွေနဲ့ မပစ်ပေါက်ချင်ပါဘူး ။ တရုပ်နိုင်ငံ ၊ အမေရိကန် နိုင်ငံ ကောင်းကျိုး ဆိုးကျိုးတွေကိုလဲ အပြိုင်မပြောချင်ပါဘူး .. ။ နိုင်ငံရေးသမားတွေရဲ့ အားနည်းချက် ၊ ပျော့ကွက်တွေကို လက်ညိုးငေါက်ငေါက်ထိုးလာချိန်မှာ စစ်အစိုးရရဲ့ဘေးမှာ ကပ်ဖားယက်ဖားလုပ်နေတာတွေကိုလဲ ပြန်မထောက်ချင်ပါဘူး .. ။ အာဏာရှင်ရဲ့ လက်အောက်ငယ်သားတွေ ပြိုင်ဖက်ကင်းအောင် မိုက်ရိုင်းနေချိန်မှာ ဘယ်သူမှားတယ် မှန်တယ် ပြိုင်မကိုက်ချင်ပါဘူး .. ။ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဒါတွေထက် ပုံမှန်လာမယ့် လျှပ်စစ်မီး ၊ ပုံမှန်အချိန်မှန်ရရှိမယ့် ရေ ၊ အဆင့်မှီ ပညာရေး ၊ ပြည်သူတွေရဲ့ စီးပွားရေးတိုးတက်ခြင်း ၊ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ၊ လွတ်လပ်သော အနုပညာ ၊ တရားမျှတသော ဥပဒေ အစရှိတာတွေကိုပဲ အလိုရှိပါတယ်ရှင် .. ။
4 comments:
လင်းလက်ရေ
သမီးရဲ့ အမြင်တွေ ရိုးသားသန့်ရှင်းတယ်။
တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်။
ကိုယ့်ပြည်သူတွေကို တကယ်အဆင့်အတန်းမြင့်မားစေချင်တယ်။
တကယ်ချစ်တယ်ဆိုတာကို အန်တီတို့က လေးစားနေလျှက်ပါ။
သမီးလျှောက်နေတဲ့ အမှန်တရားလမ်းပေါ်မှာ တွေ့လာရမယ့်အခက်အခဲတွေကို စစ်မှန်တဲ့ မိတ်ဆွေတွေက ကူညီအားပေးသွားမှာပါ။
စေတနာမှန်ရင် အကျိုးပေးမှာပါ။
မမလင်းလက်ရေ... အမြဲ အားပေးနေတယ်နော်။
Welcome back!
ဒီပို့ (စ) က ကာတွန်းကောင်မလေးပုံလေးကမြင်ဖူးသလိုထင်မိတာ ညီမလင်းလက်ရဲ့ အပေါ်ကဘန်နာ က ဓာတ်ပုံနဲ့ အတော်ဆင်တာကိုး…
အားလုံးအဆင်ပြေပါစေခင်ဗျား….
တော်လှန်ရေးဆိုတာကတော့ ကော်ဖီသောက်သလိုတော့ ဘယ်လွယ်ကူပါ့မလည်း ညီမရယ်၊ အများ”ကီး အရင်းအနှီး ”ကီးတာပေါ့
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။