Wednesday, December 16, 2009

(၂၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် လက်ထပ်ထိမ်းမြားခြင်း (၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် .. နေ့ဆွမ်းကပ်လှူခြင်း




၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ကျွန်မရဲ့ (၂၁)နှစ်ပြည့် မွေးနေ့နှင့်အတူ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနှစ်ပတ်လည် (၁)နှစ် ပြည့်သွားခဲ့ပါပြီ .. ။ နောက်တပတ်ထဲမှာ စာမေးပွဲနှင့် နောက်ငါးလလောက်ဆိုရင် ပြီးဆုံးတော့မည့် ပညာရေးတစ်ခုအတွက် အားသွန်ခွန်စိုက် လုပ်နေခဲ့ရင်း ဒီနှစ် မွေးနေ့မင်္ဂလာအတွက် စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်းမှာ ရင်းနှီးသော မိတ်ဆွေအနည်းငယ်နှင့်အတူ ကျွန်မတို့ ဇနီးမောင်နှံ နေ့ဆွမ်းကပ်လှူခဲ့ပါတယ် .. ။ နောင်ဘ၀များစွာတိုင် .. သံသရာတစ်လျှောက်လုံး ချစ်ခင်စွာ ပြန်လည်ဆုံဆည်းချင်သည့် ဆန္ဒများဖြင့် ... ကျွန်မတို့ဇနီးမောင်နှံ ဆရာတော်ထံ ၀တ္ထုကပ်လှူဒါန်း အမျှပေးဝေ ရေစက်အတူချခဲ့ပါတယ်။ မအားလပ်တာကြောင့် အချိန်မရသော ကျွန်မအတွက် စိတ်ထဲ ဖြစ်ချင်ခဲ့သော .. နေ့ဆွမ်းကပ်လှူရန်အတွက် အစစအရာရာ စီစဉ်ဆောင်ရွက်ပေးခဲ့သော ချစ်သူခင်ပွန်းကို ချစ်ခင်မြတ်နိုး ကျေးဇူးတင်မိသလို နေ့ဆွမ်းကပ်ချိန် ၀ိုင်းဝန်းပြင်ဆင်ပေးခဲ့ကြသော မိတ်ဆွေရင်းများကိုလည်း ကျေးဇူးတင်မိပါတယ် .. ။





ဓမ္မဥယျာဉ်ကျောင်းဆရာတော်က ကျွန်မအတွက် မွေးနေ့မင်္ဂလာဆုတောင်းစာပေးခဲ့ပြီး ကျွန်မတို့ဇနီးမောင်နှံ မင်္ဂလာနှစ်ပတ်လည်အတွက် နောင်ဘ၀များစွာတိုင်အောင် ဆုံဆည်းနိုင်မည့်နည်းလမ်းကို မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့်တရားထဲမှ ကောက်နှုတ်ဟောကြားပေးခဲ့ပါတယ်။ ချစ်ခင်ရပါသော ဇနီးမောင်နှံများဟာ ဒီဘ၀တစ်ခုတည်းအပြင် နောင်ဘ၀များစွာဆုံဆည်းနိုင်သည့် နည်းလမ်းတရားကို ကျွန်မတို့ နှစ်သက်စွာ နာကြားရင်း မွေးနေ့နှင့် မင်္ဂလာနှစ်ပတ်လည်အစီစဉ်လေးဟာ အောင်မြင်လှပစွာ ပြီးဆုံးသွားခဲ့ပါတယ် .. ။

မနှစ်က ဒီအချိန်လေးဟာ ရင်ခုန်ကြည်နူးခြင်းများစွာဖြင့် အသက်ဝင်လှပခဲ့သလို ဒီနှစ် မင်္ဂလာနှစ်ပတ်လည်လေး အေးချမ်းလှပစွာ တည်ရှိနေခဲ့ပုံက စိတ်နှလုံးသားကို ပြုံးပျော်စေခဲ့ပါတယ် .. ။

ဘ၀မှာ မိတ်ဆွေလည်းဖြစ် ၊ ချစ်ရသူလည်းဖြစ် ၊ မိသားစုဝင်လည်းဖြစ်သော ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်နှင့် ရင်ဆိုင်ဖြတ်သန်း ကြိုးစားတည်ဆောက်သမျှဟာ စာဖွဲ့သီကုံးပြဖို့ .. စကားလုံးတွေ ရှာမတွေ့တာကြောင့် ရင်ထဲခံစားရသမျှနှင့် တူညီသော သီချင်းလေးတစ်ပုဒ်ကိုပဲ ဖော်ကျူးလိုက်ပါတယ်ရှင် … ။

တွဲလက်များ

Read More...

Sunday, November 29, 2009

စင်္ကာပူနိုင်ငံ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ (၂၀-၁၂-၂၀၀၉)



(ပုံများကို အကျယ်ချဲ့ကြည့်ရန် ပုံများပေါ်တွင် click ခေါက်ပေးပါ)

Speakers : Chit Oo Nyo, Nay Win Myint and Jue

Ticket price is S$15.

Purchase your tickets from:

Daw Than Than Nu [Tha Pyay Nu] (6336 7703, 6336 7601)
Ko Zaw Zaw Naing (9850 6046)
Ma Yin Htoo Htoo Naing (9450 2646)

Read More...

Wednesday, October 28, 2009

စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်း တန်ဆောင်တိုင် ကထိန်အလှူပွဲ (Sembawang )


(ပုံများကို အကျယ်ချဲ့ကြည့်ရန် ပုံများပေါ်တွင် click ခေါက်ပေးပါ)

အောက်တိုဘာလ (၂၅)ရက်နေ့ .. တနင်္ဂနွေနေ့ မနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ စင်္ကာပူနိုင်ငံဓမ္မဥယျာဉ်ကျောင်းမှ ပြုလုပ်ကျင်းပသော ကထိန်အလှူပွဲကို ကျွန်မ သွားရောက်အားပေးခဲ့ပါတယ် .. ။ စင်္ကာပူနိုင်ငံ .. ကထိန်အလှူပွဲတွေကျင်းပတိုင်း အစားအသောက်ဈေးရောင်းပွဲအများစုကိုသာ တွေ့ကြုံဖူးလေ့ရှိသော ကျွန်မ .. ဒီနှစ် Sembawang မြန်မာဘုန်းကြီးကျောင်း ကထိန်အလှူပွဲမှာ မြန်မာ့ရိုးရာ အဆို ၊ အကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ထူးခြားစွာ တွေ့ကြုံခဲ့ရပါတယ် .. ။




(မြန်မာအစားအသောက်များ)

ဓမ္မဥယျာဉ်ကျောင်းဟာ Sembawang Park အနီးနားမှာ ရှိတာကြောင့် ကထိန်အလှူပွဲကို လွတ်လပ်ကျယ်ပြန့်သော Sembawang Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ အဆို ၊ အကများကို ဖျော်ဖြေတင်ဆက်ပေးသော အစီအစဉ်လေးက တက်ရောက်အားပေးကြသူများအားလုံးကို ပိုမိုစည်ကားစေပါတယ်။ အစီစဉ်တင်ဆက်ကြေငြာပေးသူများကလည်း ရယ်မောဖွယ် ပျက်လုံးလေးတွေကို ပိုင်နိုင်စွာ ဖျော်ဖြေကြတာကြောင့် ကထိန်အလှူပွဲက အသက်ဝင်နေသလို … တဖက်မှာလည်း အုန်းနို့ခေါက်ဆွဲ ၊ ကြာဇံဟင်းခါး ၊ အသုပ်စုံ ၊ ဆီချက်ခေါက်ဆွဲ အစရှိသော အစားအသောက်များကို ပေးလှူကျွေးမွေးနေသည့် အစီစဉ်ကလည်း စည်ကားအသက်ဝင်လှပါတယ် .. ။



(အလှူဒါနပြုနိုင်သည့် ပစ္စည်းများ)

အလှူဒါနပြုလုပ်ရန်အတွက် မိမိဆန္ဒရှိသလို ပေးလှူနိုင်ကြပြီး ဘုန်းကြီးကျောင်းမှာ ကိုယ်တိုင်သွားကပ်ကြရပါတယ်။ သင်္ကန်းပရိက္ခရာတစ်စုံ .. ကျွန်မတို့စုံတွဲ အလှူဒါနပြုခဲ့ရင်း ဓမ္မဥယျာဉ်ကျောင်းကို ပထမဆုံးအကြိမ် ကျွန်မရောက်ဖူးခဲ့ပါတယ်.. ။ ဒီကထိန်ပွဲကို ဘုန်းဘုန်းကိုယ်တိုင် ဦးစီးပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ပရိတ်သတ်များအတွက် ကံစမ်းမဲတွေကိုလည်း ပြန်လည်ဖောက်ပေးပြီး မြိုင်ဆိုင်သော တေးဂီတ ၊ အကများဖြင့် တန်ဆောင်တိုင်ကထိန်ပွဲဟာ Sembawang Park မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

( Dhamma Garden Buddhist Temple in Sembawang, Singapore )



( Our couple donation to Dhamma Garden Buddhist Temple, 25-Oct-2009 )

အလှူဒါန စေတနာထက်သန်သူများအတွက် ဓမ္မဥယျာဉ်ကျောင်းကိုလည်း တတ်နိုင်သမျှ လှူဒါန်းကြရန် စင်္ကာပူရှိ ရွှေမြန်မာများကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင် .. ။

Dhamma Garden Buddhist Temple
No.2, Jalan Kerayong, Singapore 759300
Tel: (65) 6405 5322

Read More...

Monday, September 07, 2009

Special Blood Donation event honouring 2nd anniversary of Saffron Revolution, Singapore, 27 Sep 09 (Sunday)


Dear All
You are proudly invited to join in the special blood donation event honouring the second anniversary of Burma ’s Saffron Revolution.

The purpose is to make a point that we, Burmese in Singapore , remember, value and salute the effort and sacrifices of thousands of courageous monks, nuns and civilians for a noble aim of peaceful change and national reconciliation in Burma .

Together, we shall pay tribute to this venerable sangha movement, which is unprecedented in the history of Burma and Sasana as well, by donating our blood


The program details are as follow:

Date & Time: 27 September 2009, Sunday, 9:30 AM ~ 11:30 AM

Venue: Blood Bank , Singapore General Hospital (SGH), near Outram Park MRT

Transportation: Chartered Buses at Peninsular Plaza, 9:00 AM

Please contact in advance to:

(1) Ko Soe Tun (HP: 9487 4413)

(2) Ko Thiha (HP: 8157 2117)

(3) Ko Kyaw Htin Aung (HP: 9180 2933)

We, the people of Burma, shall always admire how our monks stand up --- with courage, dignity & sanctity --- for us, for peace, justice & freedom in this month of September, two years ago.

Best Regards,
Wunna (on the behalf of the organizers)
Contact: 9227 6490

Photo Credit ; http://i143.photobucket.com/albums/r147/Nitajk/november%2007/redcross.jpg

Read More...

Wednesday, July 22, 2009

ဇူလိုင်မနက်ခင်း၏ … မိုးစက်များကြားမှ အလွမ်းသံစဉ်


ဖုန်းလေးထဲမှ နာရီနှိုးစက်သံသီချင်းလေး ထွက်ပေါ်လာချိန်မှာ မနက်(၆)နာရီတိတိ။ ညက ချစ်သူ အလုပ်တွေမပြီးမချင်း မအိပ်နိုင်ချိန် .. ကိုယ်လည်း စာဖတ်လို့ ထိုင်စောင့်နေခဲ့တာကြောင့် မျက်လုံးတွေက ခပ်ကျိန်းကျိန်း။ ပုခုံးပေါ် လက်ကလေးလာတင်တဲ့ ချစ်သူကို ကျီစယ်ရင်း အိပ်ယာထသွားချိန်မှာ မနက်စာအတွက် ကိုယ်သွားပြင်ဆင် ၊ ချစ်သူရုံးသွားဖို့ အ၀တ်တစ်စုံကို မီးပူတိုက်ပေးလိုက်တယ်။ သွားခါနီးမှ ကိုယ်က မီးပူတိုက်တာ ပိုသဘောကျတာကြောင့် ကြိုတင်မီးပူတိုက်လေ့ မရှိဘူး။ ခေါက်ရိုးမပြန့်မှာ ၊ အနည်းငယ်ကြေမွသွားမှာ စိုးရိမ်တာ ကိုယ့်အကျင့်တစ်ခု။

ဒီရက်ပိုင်းတွေ မဖြစ်မနေ ချစ်သူ ရုံးသွားရမှာမို့ ကိုယ့်စိတ်ထဲမှာ ကြိုလွမ်းနေမိသေးတယ်။ တမိုးအောက်မှာ နှစ်ယောက်အတူရှိရင်း တစ်ယောက်က အလုပ်တွေလုပ် ၊ တစ်ယောက်က ကျောင်းစာနှင့် အိမ်အလုပ်တွေ လုပ်ကိုင်ရင်း ခွဲခွာရသော အချို့ရုံးသွားရမယ့်ရက်တွေ ၊ အစည်းအဝေးရှိသောရက်တွေ ၊ စင်မနာတက်ရသောရက်တွေ ၊ ကိုယ်ကျောင်းသွားရသော အချိန်ပိုင်းလေးတွေကလွဲရင် မခွဲမခွာ ကိုယ်တို့ အတူတည်ရှိခဲ့တာ ကိုယ်ဟာ ဖျောက်မရတဲ့ အကျင့်တစ်ခုဖြစ်နေခဲ့ပြီ။ မြင်လွှာအောက်မှာ မြင်နေရမှ ပျော်ရွှင်တတ်သော ကိုယ့်အကျင့်ကြောင့် ချစ်သူဟာ ကိုယ့်ကို အမြဲအလိုလိုက်ခဲ့ပါတယ်။ တနင်္ဂနွေတစ်ရက် ကိုယ့်အတွက် မိသားစုအချိန်အဖြစ် သီးသန့်ပေးရင်း .. အလုပ်ကိစ္စအတွက် ခရီးထွက်ရရင်လည်း ဘေးနားမှာ အမြဲရှိနေတဲ့ ကိုယ့်ကို အပြုံးမပျက် ဂရုတစိုက်ခေါ်ဆောင်မှုတွေကြောင့် ကိုယ်ဟာ အချိန်ပိုင်းကျောင်းတက်ဖို့ပဲ ဦးစားပေးစဉ်းစားခဲ့တယ်။


မနက်ခင်း မိုးသောက်နေရောင်ခြည်အောက်မှာ ကိုယ့်ဘ၀ရဲ့ “အိမ်ထောင်ရေး”ဆိုတာကို ကိုယ် အတွေးပြန့်ပွားနေမိတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ မမောမပန်းပြင်ဆင်ခဲ့ရင်း ကိုယ်တို့ရဲ့ မင်္ဂလာအခမ်းအနား ၊ ဟန်းနီးမွန်းခရီးအားလုံးပြီးသွားချိန်မှ ကိုယ်တို့ရဲ့ “ချစ်ခြင်းမေတ္တာခရီးသစ်”တစ်ခု ထပ်မံဖွင့်လှစ်ခဲ့ရတယ်။ကိုယ့်ဘ၀ရဲ့ မင်္ဂလာဦးနေ့ရက်များမှာ ပျော်ရွှင်ခြင်းတစ်ဖက် ၊ ကြိုးစားခဲ့ရတဲ့ နားလည်မှုကတစ်ဖက် .. အမှန်အတိုင်းဝန်ခံရရင် ကိုယ် စိတ်အနည်းငယ်ပင်ပန်းခဲ့ရပါတယ်။ သိပ်ချစ်ကြတဲ့ နှစ်တွေချီ .. နားလည်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအတွက် .. အတူနေရမှ ပိုနားလည်ပေးရတဲ့ သေးသေးမွှားမွှားလေးတွေက ဒုနဲ့ဒေးဖြစ်ခဲ့တာမို့ ကိုယ့်အတွက် ပိုမိုရင့်ကျက်ပေးရတဲ့ နှလုံးသားတစ်စုံလည်း မွေးဖွားလာခဲ့ပါရဲ့။ တစ်ယောက် နေပုံထိုင်ပုံလေးတွေကို အပြန်အလှန် ဆွေးနွေးနားလည်ခဲ့ကြရင်း ကံကောင်းခြင်းတစ်ခုက ကိုယ်တို့က စိတ်ထဲမှာ ဒွိဟတွေ ထားခြင်းမရှိတာပဲ။



ကိုယ့်မှာ ချစ်သူကို သိပ်ချစ်တဲ့ ၊ အစွဲအလမ်းကြီးမားတဲ့ “နှလုံးသားတစ်စုံ”နဲ့ သင်ယူလေ့လာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ “ဆုံးဖြတ်ချက်”တစ်ခုပေါင်းပြီး လက်ထပ်ခဲ့ချိန်မှာ ပထမဆုံး ကိုယ်အခက်အခဲဖြစ် ရင်ဆိုင်ခဲ့ရတာက “ချက်ပြုတ်ခြင်းအတတ်ပညာ”။ လက်မထပ်ခင် ကိုယ်အနည်းငယ် ကြိုတင်လေ့လာထားပေမယ့် လက်တွေ့မှာ ကိုယ်အတော်လေးကြိုးစားခဲ့ရပါတယ်။ ဆေးကြောသန့်စင် ၊ သိမ်းဆည်းခြင်းလောက်ကိုပဲ ၀ါသနာပါတဲ့ ကိုယ့်အတွက် ချစ်သူရဲ့ တောင်းဆိုမှုအောက်မှာ ချက်ပြုတ်ခြင်းစိတ်မပါတဲ့ ကိုယ့်အကျင့်က ချက်ချင်းပြောင်းလဲသွားခဲ့ပါရဲ့။ နေ့နေ့ညည ကိုယ်အစွမ်းကုန်ကြိုးစားရင်း (၁)လကြာတဲ့အချိန်မှာ သာမန်အရသာလောက် ကိုယ်နိုင်နင်းခဲ့တယ်။ “အလေ့အကျင့်”က လူကိုပြောင်းလဲစေခဲ့ရင်း စာရေးဖို့ပဲ စိတ်ဝင်စားတဲ့ ကိုယ့်လက်ချောင်းတွေက “မီးဖိုချောင်”ကိုလည်း စာအုပ်တွေလို ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ အမြဲတမ်း ကိုယ့်ဘေးနားမှာ အားပေးရင်း ၊ ကိုယ်ချက်သမျှ ကျေကျေနပ်နပ်စားရင်း .. ပိုကောင်းမွန်ဖို့ အမြဲအကြံပေးတဲ့ ချစ်သူကြောင့် ကိုယ်လုံးဝမအားသောရက်များ ၊ နေမကောင်းသောရက်များကလွဲ … နေ့စဉ်ချက်ပြုတ်ကြိုးစားသမျှ ကိုယ်တိုင်ကျေနပ်ခဲ့ရတယ်။

ကိုယ့်သူငယ်ချင်းတွေအားလုံး ကိုယ့်ကို “အိမ်ရှင်မကြီး”လို့ နောက်ပြောင်ကြပေမယ့် ကိုယ်ဟာ အရင်လို စိတ်မဆိုးဖြစ်တော့ဘူး။ ကိုယ်ပေးရတဲ့ ကြိုးစားမှုအချိန်တွေအားလုံးရဲ့ ရလဒ်အဖြစ် ကိုယ်ဟာ အရင်းနှီးဆုံးသော နှလုံးသားတစ်စုံကို အပြည့်အ၀ ပိုင်ဆိုင်ခဲ့ပြီလေ။ ကိုယ့်ရဲ့ငယ်ရွယ်စဉ်ဘ၀မှာ ဖခင်နဲ့ နှစ်ပေါင်းများစွာ ခွဲခွာရခြင်းတွေက “ဖခင်မေတ္တာ”ကို အနီးကပ်လိုအပ်သလောက် မရခဲ့တာကြောင့် ချစ်သူဟာ ကိုယ့်အတွက် “ဖခင်မေတ္တာ”ကိုလည်း သယ်ဆောင်လာပေးခဲ့ပါတယ်။ စိတ်မြန်တဲ့ ကိုယ့်အကျင့် ၊ စိတ်ကြီးတဲ့ ကိုယ့်ခံစားချက်တွေကို တော်တော်များများ သေချာနားလည်ပေးရင်း ဒေါသထွက်တတ်တဲ့ ကိုယ့်စိတ်နှလုံးသားကို အမြဲနှစ်သိမ့်ပေးခဲ့တဲ့ ချစ်သူကို စိတ်ဒေါသကြားက ပြန်သနားမိရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုထိန်းချုပ်သင်ကြားဖြစ်ခဲ့တယ်။

ကိုယ်လိုချင်သောအရာမှန်သမျှကို ချက်ချင်းမပေးနိုင်ရင်တောင် .. မဝေးသောအချိန်တစ်ခုမှာ ပေးတတ်တဲ့ ချစ်သူကြောင့် ကိုယ့်ရဲ့စိတ်ကြီးမှုတွေကို မိဘတွေကလည်း ချစ်သူဘက်မှ ဆုံးမပေးခဲ့တယ်။ ချစ်သူရဲ့ စရိုက်သဘာဝဟာ ကိုယ့်ထက်အများကြီး စိတ်ပိုကြီးပြီး ၊ သိပ် independent ဖြစ်လွန်းပေမယ့် ကိုယ့်အတွက် စိတ်အားလုံးလျှော့ပေးခဲ့တာ ကိုယ်တိုက်ရိုက် မပြောပေမယ့် စိတ်ထဲမှာ အမြဲတမ်း ကျေနပ်စွာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ အလုပ်အကိုင် စီးပွားရေးတွေမှာ အသေးစိပ် လက်တွေ့ကျကျ ၊ ပြတ်ပြတ်သားသား အကောင်းဆုံးလုပ်ကိုင်တတ်တဲ့ ချစ်သူရဲ့ စိတ်နှလုံးသားဟာ “အချစ်”နဲ့ပတ်သတ်လာရင် မထင်မှတ်ထားစွာ နူးညံ့မှုကို ချစ်ခင်မြတ်နိုးတတ်တာ ၊ စိတ်နှလုံးသားတခုလုံး ရင်းနှီးမြုပ်နှံပြီး ပါရမီဖြည့်ပေးတတ်တာတွေက ကိုယ်အမြဲအတုယူရပါတယ်။ စကားအပြောအဆိုလေး ကိုယ့်အကြိုက် လှအောင်မပြောတတ်ပေမယ့် စိတ်နှလုံးသားဟာ ကိုယ်နဲ့ပတ်သတ်ရင် ပျော့ပျောင်းညင်သာစွာ ဆက်ဆံပုံကိုပဲ ကိုယ့်မှာ ကျေးဇူးတင်ရပါတယ်။

အသေးစိပ် ခံစားတတ်တဲ့ ကိုယ့်စိတ်နှလုံးသားဟာ အတတ်နိုင်ဆုံး စိတ်လျှော့ရင်း ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုအိမ်လေးအတွက် အကောင်းဆုံးကြိုးစားခဲ့တာ “ချစ်သူ”ကလွဲရင် ဘယ်သူ့အတွက်မှ မဟုတ်ပါဘူးကွယ်။ စာတွေ့ ၊ လက်တွေ့ နှစ်ခုလုံး အရေးကြီးတာကြောင့် ချစ်ခြင်းမေတ္တာ ၊ အိမ်ထောင်ရေးအားလုံးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကို နှစ်နှစ်သက်သက် လေ့လာဖတ်ဖြစ်ခဲ့ရင်း ကိုယ်အများကြီး သင်ယူရပါတယ်။ ခိုင်မြဲသော ချစ်ခြင်းတွေ အခြေခံအဖြစ် တည်မြဲစွာ ရှိနေပေမယ့် “မယိုင်နဲ့သော .. မပြိုကွဲသော အိမ်ကလေး”အမြဲတမ်း အသက်ဝင်နေဖို့အတွက် အရေးကြီးသော အချက်တွေအားလုံးကို ကိုယ်အမြဲသတိပြုနေထိုင်ခဲ့ပါတယ်။



ကိုယ်နားလည်တဲ့ သီအိုရီတစ်ခုက အိမ်ထောင်ရေးတစ်ခုမှာ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ လက်ထပ်ထားပြီးရင် ထိုအိမ်ထောင်ရေး တည်တံ့ခိုင်မြဲဖို့ အချက်အလက် ၊ အနုပညာအားလုံးကို ဖန်တီး .. ထိန်းသိမ်းသွားဖို့ အခွင့်အရေးတွေအားလုံးက မိန်းမလက်ထဲမှာ အများဆုံးတည်ရှိပါတယ်။ ဒီအတွက် ကိုယ်တို့ကြားမှာ ကိုယ်ထင်ထားတဲ့ “မာန”တွေ မရှိခဲ့တာ အံ့သြခဲ့ရပါတယ်။ ကိုယ့်အကျင့်စရိုက် ၊ အကြိုက်အားလုံးကို လေ့လာပြီး ကြိုးစားဖြည့်ဆည့်ပေးတဲ့ ချစ်သူကို တခါတလေ ကိုယ်စိတ်အလိုမကျရင် အနည်းငယ်ခပ်ဆတ်ဆတ်ပြောမိတာလည်း မချစ်လို့ မဟုတ်ပါဘူးကွယ်။ ချစ်ခြင်းမေတ္တာတွေ ပေးလွန်းရင် .. ထုံသွားမှာ ၊ ရိုးသွားမှာစိုးလို့ ရံဖန်ရံခါ ခပ်အေးအေးနေရင်း ၊ လုပ်ချင်တာလုပ်နေတာလည်း မချစ်တော့လို့ မဟုတ်ပါဘူးကွယ်။

ချစ်သူနဲ့ပတ်သတ်ရင် ကိုယ့်အပေါ် ပါရမီဖြည့် ၊ ချစ်ခင်မြတ်နိုးမှုအရာအားလုံး စိတ်ကျေနပ်ပေမယ့် “စေတနာ”တစ်ခုကိုပဲ ကိုယ် မခံနိုင်သေးတာပါ။ ကိုယ့်ကိုဖြစ်ထွန်းစေချင်စိတ်တွေများတဲ့ ချစ်သူစေတနာတွေကို ကိုယ်ဟာ အမြဲခပ်လန့်လန့်နဲ့ “အဲဒီလောက် မဖြစ်နိုင်ဘူးနော် ကိုကို။ မီးမီးကို အများကြီးမျှော်လင့် မလုပ်ခိုင်းနဲ့”လို့ ကြိုတင်ကာကွယ်ထားရတယ်။ ကိုယ့်ကို အသိဥာဏ်ပညာတွေ ပိုမိုဖြစ်ထွန်းစေချင် ၊ ထူးချွန်ထက်မြက်အောင်မြင်စေချင် ၊ စိတ်ခံစားမှုတွေ ပိုမိုရင့်ကျက်စေချင် ၊ သူ့အပေါ်မှာလည်း ရင့်ကျက်မှုနှလုံးသားနှင့် သာယာပျော်ရွှင်ချစ်စဖွယ်ကောင်းတာတွေ ရှိစေချင် ၊ အချစ်နှင့် ပြုစုပျိုးထောင်သော ပါရမီဖြည့်ဖက် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်စေချင် ၊ အနာဂတ်မှာရှိလာမယ့် သားသမီးတွေအပေါ်လည်း အချိန်ပေး ပြုစုပျိုးထောင်နိုင်မည့် မိခင်ကောင်းတစ်ယောက်ဖြစ်စေချင် အစရှိတာတွေနဲ့ “ဖြစ်စေချင်သော စေတနာ”တွေများလွန်းလို့ ကိုယ်လည်း မျက်ခုံးတွေ တော်တော်လှုပ်မိတယ်။



“အချစ်”ဆိုတာ ပြုစုပျိုးထောင်ရှင်သန်ရတာကြောင့် ချစ်ခြင်းအဆင့်လေးတွေလည်း လူသားတွေကြားမှာ ကွဲပြားနေတတ်ပါတယ်။ ကိုယ်နဲ့စတင်ခင်မင်သိကျွမ်းကတည်းက “ကိုယ်နဲ့တူသော သမီးလေးတစ်ယောက် လိုချင်မိတယ်”လို့ ရိုးသားစွာ ၀န်ခံကတည်းက ခပ်တင်းတင်းပုံစံကိုယ့်မှာ ခြေလှမ်းတွေတောင် မှားကုန်ခဲ့ရင်း ရင်ခုန်သံလေးတစ်ခု စတင်ဖြစ်ထွန်းခဲ့တယ်။ ဒီရင်ခုန်သံတွေ မပျောက်ဆုံးဖို့ … နှစ်တွေကြာလာရင် .. သံယောဇဉ်ကလွဲ ချစ်ခြင်းတွေ အေးခဲလို့ ကိုယ့်ဘ၀နဲ့ကိုယ် အလုပ်တွေရှုပ် ၊ ဖြတ်သန်းနေကြတဲ့ စုံတွဲစာရင်းထဲ ကိုယ်မပါဝင်ချင်တာကြောင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ .. ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှု ၊ ကြိုးစားမှုတွေကို ကိုယ်အသက်ရှင်နေသရွေ့ စိုက်ပျိုးသွားမှာပါ။

အတွေးလေးတွေကြားမှာ မိုးဖွဲဖွဲလေးတွေလည်း ကောင်းကင်တစ်ခုလုံးမှာ ညိုမှောင်ပြီး ရွာသွန်းလာပါရဲ့။ မိုးစက်တွေဟာ အလွမ်းတွေကို ပိုမိုဖြစ်ထွန်းစေတယ်ဆိုရင် … ဒီရက်ပိုင်းလေး မိုးမရွာပါနဲ့လားကွယ်။ ကိုယ့်အလွမ်းတွေကို ဖတ်မိသူတွေ မျက်လုံးနောက်ချင်နောက်နိုင်ပါတယ် .. ။ ဒါပေမယ့်လည်း … ရေမြေတွေခြား ခွဲနေသူတွေမှ လွမ်းခွင့်ရှိတာလားကွယ်။ ခေတ္တခဏလေး ခွဲခွာသူတွေလည်း လွမ်းခွင့်ရှိတယ်လို့ ကိုယ်ယုံကြည်တာကြောင့် …….. မြစ်နှစ်ခု၏ပေါင်းဆုံရာ သီချင်းလေးကို ခပ်တိုးတိုးညည်းဆိုရင်း ရောင်နီလာသော မနက်ခင်းမှာ အလွမ်းတွေက မိုးစက်တွေကြား ပြန့်ကျဲလျက် .. ။

မှတ်ချက်။ ဓာတ်ပုံများအား google မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Read More...

Sunday, July 12, 2009

Burma VJ - Screening in Singapore





Date: Thursday, 16 July 2009
Time: 19:00 - 22:00
Location: Jubilee Hall, Raffles Hotel

Screening starts at 7.30pm promptly.
Admission Free. Seating begins from 6.45pm First-come-first served basis.

Read More...

Wednesday, July 08, 2009

Goodbye .. King of Pop


အနုပညာအရည်အသွေးများ တောက်ပြောင်နေခဲ့သော ကြယ်တစ်ပွင့် ကမ္ဘာမြေပေါ်က အပြီးပိုင် ကြွေလွင့်သွားခဲ့ရပြီ။ ထွက်ခွာသွားခဲ့သော သတင်းတွေ စတင်ထုတ်လွှင့်ကတည်းက ရင်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့မိတာ အကြိမ်ကြိမ်။ ပြည်သူချစ်သော သူရဲကောင်းတွေ ၊ အနုပညာရှင်တွေ ၊ ခေါင်းဆောင်ကောင်းတွေ ကြွေလွင့်သွားတိုင် ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုများက ဆိုးရွားနာကျင်လှသည်။ သူသီဆိုခဲ့သော ၊ သူ့နှလုံးသား အနုပညာအရည်အသွေးများကို နေ့စဉ် အချိန်တိုင်းလိုလို ထုတ်လွှင့်ပြသနေသော Channels တွေကို ထိုင်ကြည့်ဖြစ်ရင်း နှမြောတသသ ပိုမိုဖြစ်နေမိသည်။ “ထွက်ခွာသွားခြင်း”ဟာ သူ့အတွက် အေးချမ်းခြင်းသာ ဖြစ်စေတယ်လို့ လူအများစု ယုံကြည်ဖြေသိမ့်ကြပေမယ့် ဒီထက်ပိုမိုကောင်းမွန်သော စိတ်နှလုံးသားအေးချမ်းမှုများဖြင့်သာ သဘာဝကြီး၏ မလွန်ဆန်နိုင်မှုအဖြစ် ကျွန်မစိတ်ထဲ ဖြစ်စေချင်မိသည်။

လူမျိုးမရွေး ဘာသာမရွေး သူ့အရည်အသွေး ၊ အနုပညာကို ချစ်မြတ်နိုးကြသည်။ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးက ဤကမ္ဘာမြေပေါ်တွင် အကြိမ်ကြိမ်ဖြစ်ထွန်းနေသည်။ သူ့ စွမ်းအင် ၊ ခွန်အားများဖြင့် အကောင်းဆုံး ကြိုးစားထားသော အနုပညာများကို နားဆင်ကြည့်ရှုရင်း ရင်ထဲမှ လှိုက်လှဲစွာ ဆုတောင်းပေးဖြစ်ခဲ့သည်။ ခမ်းနားစည်ကားလှသော သူ၏ နောက်ဆုံးခရီးကို နှုတ်ဆက်ခြင်းများဖြင့် ကြည့်ရှုဖြစ်ရင်း ခံစားထိခိုက်ဖွယ်ကောင်းလှသော သမီးလေး၏စကားလုံးများကို ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိသည်။

“နှုတ်ဆက်လိုက်ပါတယ် အလင်းလက် အတောက်ပဆုံး အနုပညာကြယ်တစ်ပွင့် King of Pop, Michael Jackson … ကောင်းရာမွန်ရာဘ၀မှာ မင်းရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်သွေးတွေနဲ့အတူ သီဆိုကခုန်ရင်း အေးချမ်းစွာနားခိုနိုင်ပါစေ … ”

ကိုယ်တို့အားလုံးဟာ တိုတောင်းလှတဲ့ လူ့ဘ၀လေးကို ခဏတာရရှိချိန် … ကိုယ်ချစ်ခင်သူများအားလုံးကို ဖြစ်နိုင်သမျှ အကောင်းဆုံးပေး ၊ အတူပျော်ရွှင်ကြရင်း “နောင်တ”ဆိုတဲ့ စိတ်ခံစားမှုကြီး ကျန်ရစ်မနေခဲ့ဖို့ အရေးကြီးပါတယ်။ ကိုယ်တို့အသက်ရှင်နေထိုင်တဲ့ ဒီမိခင်ကမ္ဘာမြေပေါ်မှာ ကိုယ့်ကိုချစ်တဲ့ ၊ ကိုယ်ကချစ်တဲ့လူတွေအားလုံးအတွက် “စိတ်ချမ်းသာမှု”လက်ဆောင်လေး မပျက်မကွက် ဖြည့်ဆည်းပေးကြဖို့ မမေ့ရင်း ဘ၀ရဲ့နေ၀င်ချိန်ကို အကောင်းဆုံးဖြတ်သန်းကြရအောင်လားကွယ် … ။

ကမ္ဘာမြေလူသားများရင်ထဲ အစဉ်အမြဲ စွဲထင်ကျန်ရစ်နေမည့် သီချင်းကောင်းများ




Read More...

Monday, June 22, 2009

(၆၄)နှစ်မြောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာူပြုလုပ်ကျင်းပခြင်း (စင်္ကာပူ)


“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ” ပြုလုပ်ကျင်းပခြင်း
(၂၁ရက်၊ ဇွန်လ၊ ၂၀၀၉)

“(၆၄)နှစ်မြောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ” အား ဂုဏ်ပြုသော အားဖြင့် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများမှ စင်္ကာပူနိုင်ငံ၊ တိုပါးရိုးရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးများအား “အာရုံဆွမ်း ကပ်လှူခြင်း”၊ မနက်(၁၁)နာရီမှ စတင်၍ တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များအား “မုန့်ဟင်းခါး၊ လက်ဖက်ရည်ဖြင့် ဧည့်ခံကျွေးမွေးခြင်း”၊ တက်ရောက်လာသူများမှ “မွေးနေ့ဆုတောင်းများ ရေးသားခြင်း”၊ “ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပြပွဲ” အား ကြည့်ရှုခြင်း၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ “ကဗျာရွတ်ဆို ဂုဏ်ပြုခြင်း”၊ နေ့လည်(၁)နာရီတွင် “တရားနာယူခြင်း နှင့် စုပေါင်းမေတ္တာပို့သခြင်း”၊ နေ့လည်(၂)နာရီတွင် သွေးလှူဒါန်းသူပေါင်း (၉၆)ယောက် အနက်မှ စုစုပေါင်း (၇၂)ယောက် အောင်မြင်စွာ “စုပေါင်းသွေးလှူဒါန်းခြင်း” တို့အား ကျင်းပပြုလုပ်ခဲ့ပါသည်။


ထိုသို့ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရန် တက်ရောက်လာကြသော မြန်မာ့အရေး စိတ်ဝင်စားသူများ၊ သွေးလှူရှင်များ နှင့် အဖက်ဖက်မှ တတ်အားသရွေ့ ၀ိုင်းဝန်းကူည်ီဆောင်ရွက်ခဲ့ကြသူများအား မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နောင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတိုင်းတွင် တက်ကြွစွာ စုပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ဓါတ်ပုံများကို အောက် ဖေါ်ပြပါ လင့်ခ်များတွင် ကြည့်ရှုနိုင်ပါသည်။

http://picasaweb.google.com/lunlunn/DASSK64ThBirthdayCelebration1PhotoJittooGroup#


http://picasaweb.google.com/lunlunn/DASSK64ThBirthdayCelebration2PhotoJittooGroup#

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ (စင်္ကာပူနိုင်ငံ)

Read More...

Tuesday, June 16, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေးတရားနာနှင့် စုပေါင်းမေတ္တာပို့ဆုတောင်းပွဲ ဖိတ်ကြားစာ (စင်္ကာပူ)



Dear fellow Burmese citizens

You are cordially invited to the special event of celebrating the 64th birthday of our beloved Daw Aung San Suu Kyi in appreciation of her sacrifices for the country, her noble qualities and especially her unrivalled role of being the national leader our time.

We will be serving the monks with breakfast, the attendees with lunch and listening to dhamma discourse and having a prayer session for her liberty.


Venue: Toa Payoh Burmese Buddhist Temple


Time: 11 am ~ 2 pm, 21 June 2009, Sunday

(a) 11 am ~ 1 pm: Serving the attendees with lunch (Mok-Hin-Kha)

(b) 1 pm ~ 2 pm: Listening to Dhamma discourse + having prayer session


Once again, let's come together in love of Daw Suu and Burma.

Please kindly forward this invitation far and wide.

Best Regards
Wunna
(on behalf of the organizers)
Contact: (65) 9227 6490

Read More...

Wednesday, June 03, 2009

Melaka သို့ အလည်တစ်ခေါက်

( Photo ; http://www.ecomaxmc.com/images/melaka.jpg )

လွန်ခဲ့သော ရက်ပိုင်းခန့်က မလေးရှားနိုင်ငံ ၊ Melaka မြို့ကို တစ်ညအိပ် .. နှစ်ရက်ခရီး အလည်ရောက်သွားခဲ့တယ်။ ဒီကျွန်းလေးပေါ်က ထွက်လိုက်တယ်ဆိုတာနဲ့ အရာအားလုံးက မတူညီစွာ ပြောင်းလဲသွားခဲ့တယ်။ ၂၀၀ ကီလိုမီတာ ကျော်ခရီးကို အဝေးပြေးလမ်းမကြီးပေါ်မှာ ခပ်မြန်မြန်စိတ်ကြိုက် ကားမောင်းလို့ရတာကြောင့် စိတ်ပျော်ရွှင်တက်ကြွနေတဲ့ ချစ်သူနဲ့ ဘေးနားမှာ မြင်သမျှ ရှုခင်းကို စိတ်ကြည်နူးစွာကြည့်ရင်း ကားအရှိန်ကြောင့် ရင်တမမနဲ့ လိုက်လာခဲ့တဲ့ ကျွန်မတို့ ခရီးစဉ်ကို သူက “ဒုတိယအကြိမ် ဟန်းနီးမွန်းခရီး”လို့ ပြောဆိုရယ်မောနေခဲ့တယ်။

မရောက်ဖူးသော ဒေသဖြစ်တာကြောင့် မြေပုံတစ်ခုနဲ့ GPS ခရီးသွားလမ်းညွှန်လေးတစ်ခုကို အားကိုးပြီး နှစ်ယောက်သား အလုပ်များလွန်းတဲ့ စင်္ကာပူကျွန်းမှ ထွက်ခွာခဲ့ကြတယ်။ စင်္ကာပူနယ်မြေထဲက ထွက်သွားတာနဲ့ ကားမောင်းသူများ အကျင့်စရိုက်လေးတွေ ကွာခြားတာကို သတိပြုမိခဲ့တယ်။ စင်္ကာပူမှာ ကားမောင်းသူအများစုဟာ စိတ်လုံးဝမရှည်သူ များပြီး တစ်စက္ကန့်တောင် စောင့်ဆိုင်းနိုင်ကြခြင်းမရှိပါဘူး။ မလေးရှားနယ်မြေဘက် အထူးသဖြင့် မြို့ထဲတွေမှာ အားလုံးဟာ ပုံမှန်လေးပဲ လှုပ်ရှားသွားလာကြရင်း အနည်းငယ်လေး စောင့်ဆိုင်းရတာ ၊ မတော်တဆ လမ်းလေးမှားသွားရင် ဟွန်းဆက်တိုက်တီးတာတွေ .. စိတ်တိုသောပုံစံတွေ မတွေ့ရဘဲ အားလုံးအေးအေးဆေးဆေးရှိကြတာကို သတိပြုမိရင်း ထိုအချက်ကလေး တစ်ချက်ကို ချီးကျူးမိပါတယ်။



Melaka မြို့ထဲဝင်ဝင်ချင်းလေးမှာပဲ ဗိုက်ဆာလာတာနဲ့ စားသောက်ဆိုင်တစ်ခုခုကို မနည်းရှာခဲ့ရတယ်။ ထိုင်းအစားအသောက်လို့ ကြေငြာထားတဲ့ ဆိုင်းဘုတ်လေးမြင်မှ ထိုဆိုင်ကို ၀င်ကြည့်ခဲ့တယ်။ သိပ်သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်လေးနဲ့ လှပသော အပြင်အဆင်လေးတွေကို ကြည့်ရင်း သဘောကျမိသွားတယ်။ တိုက်ဆိုင်မှုဖြစ်စွာ .. ကျွန်မတို့စားပွဲကို menu လာချပေးတဲ့ စားပွဲထိုး မိန်းကလေးက မြန်မာဖြစ်နေတယ်။ သူမနှင့်အတူ အလုပ်လုပ်နေသော အခြားမိန်းကလေးတစ်ယောက်လည်း မြန်မာလူမျိုးဖြစ်ကြောင်း ပြောပြတယ်။ သူမတို့နှစ်ဦးက ကျွန်မတို့ ဇနီးမောင်နှံကို ရင်းနှီးခင်မင်စွာ စကားပြောဆိုရင်း နောက်တစ်ခါ အလည်ထပ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။




ဆိုင်အပြင်အဆင် လှပသပ်ရပ်ရှင်းလင်းမှုလေးကို သဘောကျရင်း Interior Designer ကို ချီးကျူးနေတဲ့ ကျွန်မ .. အရသာကောင်းမွန်သော အစားအသောက်နှင့် သင့်လျော်သော ဈေးနှုန်းကြောင့် ထပ်မံသဘောကျမိသွားပါတယ်။ Melaka မြို့ကို အလည်သွားဖြစ်ခဲ့ရင် King Hotel ပထမထပ်က ထိုင်းစားသောက်ဆိုင်လေးကို အားပေးဖို့ လက်ဆင့်ကမ်းလိုက်ပါတယ်ရှင်။

ဟိုတယ်မှာ ပစ္စည်းတွေချ ၊ ခဏနားပြီးမှ အပြင်ထွက် လည်ဖြစ်ခဲ့ကြတယ်။ အစက Johor ကို ခဏအလည်သွားရန် စီစဉ်ထားပြီးမှ ခရီးစဉ်ကို Melaka ဘက် ပြောင်းဖြစ်ခဲ့တယ်။ စင်္ကာပူလောက် မသန့်ရှင်းတာကလွဲရင် မဆိုးပါဘူးလို့ မြို့ထဲမှာ ကောက်ချက်ချမိတယ်။ ထိုမြို့မှာ သစ်ပင်တွေ နည်းတာကို ကျွန်မ သိပ်မနှစ်သက်မိခဲ့ဘူး။ တိုက်အိမ်တွေအားလုံး ပြည့်နေပေမယ့် စိမ်းစိုသော သစ်ပင်က နည်းပါးလွန်းတယ်။ တစ်မြို့လုံးကို ပြင်းထန်စွာ ဖြာကျနေသော နေအရှိန်က တော်တော်လေး ပူပြင်းပါတယ်။ နေပူများကြားမှပဲ ကျွန်မ သိပ်သွားချင်သော နေရာအချို့ကို လည်ပတ်ခဲ့ပါတယ်။

ရှေးဟောင်း အမွေအနှစ် St. Paul’s Church


ရှေးဟောင်းအမွေအနှစ် St.Paul's Church နှင့် Eye on Malaysia, Ferris Wheel ကို အလည်ရောက်သွားဖြစ်ခဲ့တယ်။ Ferris Wheel စီးရင်း ထိုနေရာဟာ ပိုမိုကောင်းမွန်ဖို့ အများကြီးလုပ်သင့်သေးကြောင်း ကျွန်မ သတိထားမိတယ်။ သေချာတည်ဆောက်ထားရမည့် အများသုံးသန့်စင်ခန်းမှအစ ပိုမိုစည်ကားသပ်ရပ်သွားစေဖို့ အရာတော်တော်များများ အများကြီး လုပ်ဆောင်သင့်ပါတယ်။

ရှေးဟောင်း လေယဉ်

အပျော်စီး အလှဆိုက်ကားများ

Melaka မှာ ကျွန်မအတွက် ဒုက္ခအရောက်ဆုံးက “အိမ်သာ”တွေ အလွန်မသန့်ရှင်းခြင်းပါပဲ။ နည်းနည်းလေးဆိုရင်တောင် သိပ်ရွံတတ်တဲ့ ကျွန်မအတွက် သိပ်အခက်ခဲဖြစ်ရပါတယ်။ ကျွန်မ အပေါ့သွားရင်တောင် ဘာမှသိပ်မကြည့်မိအောင် မျက်လုံးကို သတိထားရပါတယ်။ တည်းခိုတဲ့ Holiday Inn ဟိုတယ် ပြန်ရောက်မှပဲ ကျွန်မ သေသေချာချာ သန့်စင်ခန်းဝင်ဖြစ်တယ်။ အဆိုးဆုံးက Shopping Mall ကြီးမှာရှိတဲ့ အိမ်သာတွေတောင် တော်တော်ညစ်ပတ်ခြင်းပါပဲ။ အလုပ်သမားတွေ ရှိပေမယ့်လည်း သုံးစွဲသူတွေ လုံးဝစည်းကမ်းမရှိဘူးလို့ ကျွန်မ မြင်မိတယ်။

ပထမရက်မှာ ထိုမျှလောက်ပဲ လည်ပတ်ခဲ့ရင်း ညစာစားရန်အတွက် ပင်လယ်စာစားချင်တာကြောင့် အနီးဆုံးဆိုင်ကို သွားဖြစ်ခဲ့တယ်။ မိမိဒေသမဟုတ်တာကြောင့် ခပ်ဖြေးဖြေးမောင်းနှင်ရင်း ဆိုင်ကို သေချာရှာခဲ့ရတယ်။ မြို့ထဲနှင့် အနည်းငယ်ဝေးပြီး ကျယ်ဝန်းသောနေရာတစ်ခုမှာ နေရာယူထားတဲ့ ဆိုင်ကို နှစ်ဦးသား ရောက်သွားရင်း ချစ်သူစိတ်ကြိုက် အစားအသောက်တွေကိုပဲ မှာခိုင်းလိုက်တယ်။ ဂဏန်း ၊ ခရု မစားတဲ့ ကျွန်မအတွက် ပင်လယ်စာကို သိပ်မက်မောခြင်းမရှိခဲ့။ အုန်းထမင်းခပ်မွှေးမွှေးကို ငှက်ပျောဖက်လေးတွေနှင့် သေချာထုပ်ပေးထားရင်း အစားအသောက်တွေက အရသာကောင်းမွန်ပြီး ဈေးနှုန်းသင့်လျော်ပါတယ်။

ဒုတိယရက်မှာ ကျွန်မ အဓိကသွားချင်ခဲ့သော “Cultural Museum” ကို ရောက်ဖြစ်ခဲ့တယ်။. ပြတိုက်နန်းတော်ကြီးရဲ့ တည်ဆောက်ထားပုံကို သဘောကျမိတယ်။ ပြတိုက်နန်းတော်တွင်းမှာ ယဉ်ကျေးမှုရိုးရာဝတ်စုံများ ၊ နိုင်ငံမျိုးစုံမှ ကုန်သည်များ လာရောက် စီးပွားရောင်းဝယ်လုပ်ကိုင်ကြပုံ ၊ နန်းတွင်းရေးရာ သမိုင်းများ ၊ ဘုရင်နှင့် ရာထူးအလိုက် နန်းတွင်းဝန်ကြီး အကြီးအကဲများ ညီလာခံကျင်းပနေပုံ ၊ နန်းတွင်းအသုံးအဆောင် ပစ္စည်းများကို ခင်းကျင်းပြသထားပါတယ်။



နိုင်ငံခြားမှ ကုန်သည်များ

ဘုရင်နှင့်မိဖုရား

ဘုရင်နှင့် မှုးမတ်ဝန်ကြီးများ ညီလာခံကျင်းပနေပုံ

ထိုပြတိုက်ကြီးရဲ့ ထည်ဝါလှပမှုကို အင်တာနက်ပေါ်မှာ ဖတ်မိကတည်းက ကျွန်မ စိတ်ဝင်စားနေခဲ့တာကြောင့် အလည်ပတ်ရောက်သွားခဲ့ချိန်မှာ စိတ်ကျေနပ်မိရင်း အမိမြေက တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်သမိုင်းများရှိရာကို ကျွန်မ မရောက်သေးတာ သတိတရဖြစ်မိတယ်။

နန်းတွင်းပြတိုက်မှာ လည်ပတ်ပြီးချိန် Mahkota Parade Shopping Centre မှာ ဈေးဝင်ဝယ်ခဲ့ကြတယ်။ ကျွန်မ စိတ်ကူးထဲမှာ လိုချင်နေခဲ့သော ဒီဇိုင်းအချို့အင်္ကျီကို ရခဲ့တဲ့အတွက်လည်း ကျေနပ်ပျော်ရွှင်ရင်း စင်္ကာပူမှာ ဈေးဝယ်တာလောက် ငွေမကုန်တဲ့အတွက်လည်း ကျေနပ်မိတယ်။



Mini-Malaysia & Mini-Asean Village ဓာတ်ပုံလေးတွေကို အင်တာနက်မှာ မြင်ကတည်းက သွားချင်ခဲ့သော ကျွန်မ ထိုနေရာကို ၀င်ရောက်ကြည့်ရှုခဲ့တယ်။ အာဆီယံအလံတွေထဲမှာ မြန်မာအလံကို တွေ့ရတာနဲ့ အမိမြေအလံနှင့်အတူ ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့တယ်။ ချစ်ဖို့သိပ်ကောင်းတဲ့ အိမ်ကလေးတွေကို နှစ်သက်မိရင်း တစ်အိမ်စီရဲ့အတွင်းမှာ မလေးရှားနိုင်ငံရဲ့ မတူညီသော နေထိုင်ပုံဓလေ့တွေကို ပြသထားပါတယ်။

အသွားချင်ဆုံး နေရာတွေကို လည်ပတ်ပြီးချိန် .. စင်္ကာပူကို ကျွန်မတို့ ပြန်လာခဲ့ပါတယ်။ ကောင်းမွန်သော လမ်းခရီးကြောင့် နှောင့်နှေးခြင်းတစ်စုံတစ်ရာမရှိဘဲ ချောချောမောမော ပြန်ရောက်လာခဲ့တယ်။ ကျွန်မ သွားချင်သေးသော နေရာအချို့ကို အချိန်အခက်အခဲကြောင့် မရောက်ခဲ့သေးပေမယ့် နောက်တစ်ကြိမ်မှာ သွားဖြစ်ဖို့ စိတ်ကူးထဲမှာ ဆုံးဖြတ်ထားမိတယ်။ ဖြစ်နိုင်ရင် …….. အမိမြေရဲ့ နေရာတော်တော်များများကို အနည်းဆုံး အလည်တစ်ခေါက်လောက် ကျွန်မ သွားလည်ပတ်ရင်း နွေးထွေးသော လေထုအောက်မှာ ၀မ်းသာကျေနပ်စွာ နေထိုင်ချင်ပါသေးတယ် ……. ။

Read More...

Monday, May 25, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုပေါင်းဝတ်ပြုဆုတောင်းပွဲ (စင်္ကာပူ)


၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ရာခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။



တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များအား ဝေငှကြသည်။

လာမည့် မေလ ၃၁ ရက်နေ့တွင် Speakers’ Cornerတွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။

မှတ်တမ်းဓာတ်ပုံများအားလုံးကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

Read More...

Friday, May 22, 2009

လွတ်လပ်တရားမျှတမှုနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုပေါင်းဝတ်ပြုဆုတောင်းပွဲ (တိုပါးရိုး မြန်မာဘုန်းကြီးကျောင်း ၊ စင်္ကာပူ)



Dear All,
It is time to show our support and affection to our beloved leader, Daw Suu, wishing her freedom, justice & peace of mind. You are cordially invited to join the praying session for Daw Suu, our people & our country.

Time : 6:00 PM, 24 May 2009, Sunday

Venue: Toa Payoh Burmese Buddhist Temple (3rd Floor)

Please disseminate this info to show your support. Let's make very clear that we, the people, are with Daw Suu.

Read More...

Wednesday, April 22, 2009

ဒီမိုကရေစီသင်ခန်းစာများ

Lessons in Democracy ( Burmese Translation ) Lessons in Democracy ( Burmese Translation ) linletkyalsin

Read More...

Friday, April 10, 2009

ရွှေတိဂုံအသင်းတော် (စင်္ကာပူ) ဓာတ်တော်တိုက်၏ မွန်မြတ်သော နှစ်သစ်မင်္ဂလာ မေတ္တာသင်္ကြန်ရေပွဲတော် ဖိတ်ကြားလွှာ



Read More...