ဟင်္သာမြေအလွမ်း
ဟိုးခပ်ဝေးဝေးက
ဖုန်ထူနေတဲ့ခရေပင်လမ်းရယ်
ရေအိုးစဉ်အပြည့်နဲ့
ညောင်ညိုပင်လမ်းလေးရယ်
ပြေးလွှားကစားခဲ့ဖူးတဲ့
ရွှေမော်ဓေါဘုရားစောင်းတန်းရယ်
မြင်တိုင်းစိတ်ချမ်းမြေ့ရတဲ့
ဟင်္သာကုန်းဘုရားရယ်
အပြုံးတွေပွင့်ဝေနေတဲ့
ရိုးသားတဲ့မြို့သူမြို့သားတွေရယ်
အရာအားလုံးကို
(ငါ) သိပ်လွမ်းနေမိပါတယ် .. ။
ဘယ်အချိန်မှလည်း
စဉ်းစားစိတ်ကူးလိုက်တိုင်း
ပြန်ရလာတဲ့သက်ပြင်းများ
အဖြေမဲ့စကားလုံးများနဲ့
မဆုံးနိုင်သေးတဲ့အလွမ်းများသာ
ရင်မှာပြည့်ကျပ်နေခဲ့တယ် .. ။
ဆိုးရွားလှတဲ့
ဒီကံကြမ္မာတွေအားလုံးကြောင့်
မျက်ရည်စတွေကြိုးစားသုတ်
အားလုံးကိုခွဲခဲ့ရပေမယ့်
အလွမ်းတွေဝေနေတဲ့နှလုံးသားနဲ့
မဝေးတဲ့တစ်နေ့
အေးမြသော ဟင်္သာမြေကို
ငါအရောက်ပြန်လာခဲ့မယ် … ။
လင်းလက်ကြယ်စင်
1 comments:
ညီမလင်းလက်..
ဒီကဗျာကလေးကောင်းတယ်…ကလေးဘဝတုန်းက ပဲခူးဖက်ကို ဟောလီးဒေးဆိုဘုရားဖူး ထွက်ပြီး ရွှေမော်ဓော၊ရွှေသာလျောင်း ဘုရားတွေမှာ နားရင်းဘုရားဖူးခဲ့ကြတာ၊ ဇောင်းတန်းကအရုပ်တွေဝယ်ပေးဖို့  ပူဆာခဲ့တာသတိရမိတယ်..
ဟသာင်္ကုန်းဆိုတာ ဟသာင်္မောင်နှံ တစ်ယောက်ပေါ်တစ်ယောက်နားနေတဲ့ ရုပ်တုကလေးရှိတဲ့နေရာထင်တယ်...ပဲခူး က ဘုရား ပရ၀ုဏ်တွေ ကို က ဆိတ်ငြိမ်အေးချမ်းပြီးကဗျာဆန်နေတော့တာကိုး..........
.It's a nice poem..
Post a Comment
အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။