လေးစားရပါသော စာဖတ်သူများရှင်
လင်းထင်မြင်ချက်ဝေဖန်ရေးများဖြင့် ပြည့်နှက်နေသော နိုင်ငံရေး ပို့စ်များအားလုံးကို သက်ဆိုင်သောသူတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အကုန်ဖျက်ပစ်လိုက်ခဲ့တယ်။ သူ တော်တယ်လို့ ကျွန်မချီးကျူးပါတယ်။ လွယ်လွယ်နဲ့ ဟတ်ကာတွေလိုက်မရအောင် အကုန်လိုက်ပိတ်ထားတာတောင် ရအောင်ကြိုးစားတဲ့ အရည်အချင်းကိုတော့ မကောင်းတဲ့ဘွဲ့တစ်ခု အပ်နှင်းပြီး ဂုဏ်ပြုလိုက်ပါတယ်။ အချိန်အနည်းငယ် ပြန်ပေးဖို့ ကျွန်မကိုချစ်သောသူများအားလုံးကို တောင်းဆိုပါတယ်။ အဲဒီညနေက ကျွန်မ အတော်ဒေါသထွက်သလို တော်တော်ခံစားလိုက်ရတယ်။ တခြားသူက ၀င်ဖျက်ဆီးရင် ကျွန်မ သိပ်ဘာမှဖြစ်မှာမဟုတ်ဘူး။ ပြန်ရေးမယ် ထပ်ကြိုးစားမယ် လုပ်သူကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်မှာပဲ။ အခုက ကျွန်မ ဒီကမ္ဘာမှာ ရန်မဖြစ်ချင်ဆုံးသူ (၂)ယောက်ထဲက (၁)ယောက်က လုပ်လိုက်တော့ အတော်စိတ်ဓါတ်ကျသွားတယ်။ ဒါပေမယ့် အားလုံးကို လိုက်မရှင်းနိုင်တာနဲ့ ဒီမှာပဲ ပေါ်တင်အော်လိုက်ပါတော့တယ်။ အဲ ကျွန်မကို မချစ်နှစ်သက်သူ ၊ ကြည့်မရသူ ၊ အထင်လွဲသူများကတော့ ၀မ်းသာနေမှာပေါ့နော်။ ဒါပေမယ့် ကျွန်မရေးခဲ့တဲ့စာတွေထဲ စကားတစ်ခွန်းလိုပဲနော်။ ပါးစပ်တွေကို လိုက်ပိတ်လို့ရမှာပါ။ လက်တွေကို လိုက်ချိုးလို့ရမှာပါ။ ခြေထောက်တွေကို ချိုးနိုင်မှာပါ။ မျက်လုံးတွေ မမြင်၇အောင် ဖောက်ထုတ်နိုင်သလို နားတွေလည်း ကန်းအောင်လုပ်လို့ရပေမယ့် ရင်ထဲက ဒဏ်ရာခံယူချက်တွေကိုတော့ ပျောက်ကွယ်အောင် ဘယ်လိုနည်းနဲ့မှလုပ်မရပါဘူး။ ဒီလောက်ပဲ ကျွန်မပြောချင်သလို တောင်းပန်ချင်ပါတယ်။ အရင်ပို့စ်များအားလုံးကို တစ်ရက်တည်း အကုန်ပြန်တင်ပြီး အနည်းငယ် ပြန်ပြီး ဘလော့ခ်ကိုပြန်ပြင်ဆင်ချင်လို့ပါ။
Honey, You are the one I don’t want to argue..
Honey, You are the only one person I love most………. You are the only one person I hate most..
Honey, I will never forgive you for this case….
Honey, I don’t want to see your face even I am in last breath..
Don’t disturb me !!!!!!!!!!!!!!!!
Read More...
Collapse...
sorry linlet, i deleted your post. so sorry
Read More...
Collapse...
သူကတော့ Singapore Idol က လင်းအကြိုက်ဆုံး အဆိုရှင်ပါပဲ….. အမြဲတမ်း ဆံပင်ကို မျက်နှာတစ်ဝက်ဖုံးထားပြီး သူတို့တစ်ဖွဲ့လုံးက ပုံစံအတူတူပါပဲ…. သူ့အသံကတော့ အကောင်းဆုံးစာရင်းထဲမပါပေမယ့် သူက သီချင်းဆိုတဲ့အမူအယာ ၊ ပုံစံလေးက အတော်ချစ်ဖို့ကောင်းတာမို့ စင်ကာပူက မိန်းကလေးအတော်များများအားပေးမှုကို ရယူထားသူပါ… ၀ိုင်းစက်တဲ့မျက်လုံးနက်ကြီးနဲ့ မိန်းကလေးတစ်ယောက်လို ချောတာမို့ အရုပ်ကလေးနဲ့တူတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေပါတယ်.. အပြင်မှာလည်း သဘောအတော်ကောင်းပါတယ်…. သူုတို့ပြိုင်ပွဲက အခုထိအဆုံးမသတ်သေးပါဘူး.. ပြိုင်ပွဲတစ်ခါမှာ မက်ဆေ့ခ်ျနဲ့ စံချိန်ဆုံးဖြတ်တာလည်းပါဝင်တာမို့ Paul အတွက် Singapore Idol ညမှာ အိမ်မှာရှိတဲ့ဖုန်းတွေအားလုံးနဲ့ ပို့ကာအားပေးတာကြောင့် အဖေက ခဏခဏဆူပါတယ် .. ဘေလ်လာရင် တစ်နင့်ကြီးရှင်းရလို့တဲ့လေ ဟိးဟိး… မတတ်နိုင်ဘူးအဖေရယ်.. သမီးက Paul အသံမကောင်းပေမယ့် သူ့ကို အားပေးချင်တာကိုး…
Read More...
Collapse...
ဘလော့ခ်တွေလိုက်ဖတ်ရင်းလင်းအရမ်းခင်ရတဲ့ မောင်လေးသူရိန်ဘလော့ခ်ကို အခုရောက်သွားမိတယ်။ သူရေးထားတဲ့ စိတ်ကူးသက်သက်များကို ဖတ်ပြီး ရင်ထဲမှာ ထပ်တူထပ်မျှခံစားမိတယ်. မောင်လေးရေ လင်းကလည်း မောင်လေးဘ၀ထက် ပိုတင်းကျပ်တဲ့ အခြေအနေမှာ ၁၈နှစ်လုံးနေနေခဲ့ရတာမို့ မောင်လေးခံစားချက်ကို အပြည့်အ၀နားလည်ပေးနိုင်ပါတယ်. လင်းကိုဆိုရင်လည်း အပြင်မှာခင်ရင် သိပ်ကိုလွတ်လပ်ပေါ့ပါးတဲ့ မိန်းကလေးတစ်ယောက်လို့ပဲ သာမန်လူတွေကမြင်မှာပါ.. မောင်လေးနဲ့စခင်တုန်းကလည်း မောင်လေးရဲ့လွတ်လပ်တဲ့ခင်မင်မှုတွေကြောင့် ဘယ်သူကမှ အခုလိုထင်မှာမဟုတ်ဘူး.. လင်းကိုယ်ချင်းစာနားလည်ပေးလို့ရပါတယ်.. လင်းကိုယ်တိုင်ကလည်း လူ၂ကိုယ်လို့ထင်ရလောက်အောင် ပင်ကိုယ်စိတ်ရင်းကတစ်မျိုး ၊ အိမ်မှာဆိုတစ်မျိုးနေရတာလေ.. မောင်လေးစာတွေကိုဖတ်ပြီး လင်းကိုယ်တိုင်လည်း ခံစားရတယ်.. လင်းဘ၀အကြောင်းရေးထားတာတွေလည်း အားရင်ဖတ်ကြည့်လေ.. မောင်လေးကို အပြစ်လို့ဆိုထားတာထက် လင်းလည်းအပြစ်ပါပဲ..
မိဘနဲ့သားသမီးကြားက နားမလည်ပေးထားတဲ့ ပဋိပက္ခတွေကို လင်းစာတစ်စောင် ရေးမလားစိတ်ကူးနေပါတယ်.. ကိုယ်တွေလိုချင်တာနဲ့ သူတို့နဲ့က အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ ကြည့်လိုက်ရင် လူငယ်တွေကချည်း လျှော့ပေးနေရတာ တွေ့နေရတယ်. မိဘဆိုတာ သားသမီးကို အချစ်ဆုံးသူတွေပါ.. သားသမီးတွေကလည်း သိပါတယ်.. ဒါပေမယ့် လင်းလက်တို့နေတဲ့ခေတ်က အိမ်ထဲမှာ မခို့တရို့နေရမယ့်အချိန် မဟုတ်တော့ဘူးလေ.. အောင်ကောင်းထက်ပြောခဲ့သလို မြန်မာပြည်က မိဘတွေသားသမီးကိုချစ်တာတော့ ပြိုင်စံရှားပါတ်ယတဲ့.. အဲလိုစကားအတွက် ကိုယ်က ဂုဏ်ယူပေမယ့် ချစ်ခံရတာတော့ မသက်သာဘူးကွယ်...
ဘာပဲဖြစ်ဖြစ် သိပ်စိတ်ညစ်မခံနဲ့မောင်လေးရေ.. အပြစ်ဆိုတာ အချစ်လို့သတ်မှတ်ကြတာပေါ့.. အင်း စဉ်းစားကြည့်ရင် တို့မောင်နှမတွေအဖြစ်ကလည်း အတူတူပါပဲ.. ကြားရတာ လင်းကိုယိတိုင်လည်းစိတ်မကောင်းသလို ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်သေးပါဘူး..
Read More...
Collapse...