Saturday, January 01, 2011

** Happy New Year 2011 **


နှစ်ဟောင်းလေးတစ်ခု ၂၀၁၀က ရင်ထဲမှ လက်ပြနှုတ်ဆက်လို့ ထွက်ခွာသွားခဲ့ပြီ .. ။ ချစ်ရသော ဒီဇင်ဘာလ ရွက်ဝါလေးတစ်ခုလို တစ်နှစ်တာအတွက် ခဏတာ နှုတ်ဆက်သွားချိန်မှာ ကိုယ့်အသက်လည်း တစ်နှစ်တိုးသွားခဲ့ပြီ .. ။ ၂၀၁၀ခုနှစ်ကို လှည့်ကြည့်တွေးလိုက်မိတော့ ရင်ထဲမှာ ခံစားမိတာတွေကလည်း အများသား .. ။

၂၀၁၀ခုနှစ်ဟာ ကျွန်မအတွက် သင်ယူရတာတွေ အတော်များလိုက်သလို ၊ ကျေနပ်မှုအများဆုံးရသော နှစ်တစ်နှစ်လည်း ဖြစ်ခဲ့တယ် .. ။ အလိုချင်ဆုံးသော အလုပ်တစ်ခုကို ကျောင်းပြီးချိန်မှာ ရခဲ့သလို ၊ ကိုယ့်အစွမ်းအစကိုထုတ်ဖော်ပြသခွင့်ရတဲ့အတွက်လည်း ကျေနပ်အားရမှုအဖြစ်ဆုံး နှစ်တစ်နှစ်ပါပဲ .. ။ ချစ်သူနဲ့ ခရီးလမ်းလည်း ချစ်ချစ်ခင်ခင် ချောမွေ့ရင်း ပိုပြီး လူကြီးပုံစံဝင်လာခဲ့ပြီ ထင်ပါရဲ့ .. ။ နှစ်ဟောင်းရဲ့ ကျေနပ်ပျော်ရွှင်မှုတွေ နှစ်သစ်မှာ ပိုမိုတိုးပွားရန် ဆန္ဒပြုရင်း အားမာန်တွေနဲ့အတူ ဘ၀ခရီးလမ်းကို ကျွန်မ ဆက်လျှောက်နေဆဲ …. ။








2011 New Year Fireworks in Marina Bay, Singapore

Magnificient Marina Bay Sands in New Year Eve. A place where I enjoy working :)

Read More...