Friday, May 30, 2008

အကြင်နာတွေနဲ့ဖေးကူပါ ( လေးဖြူ ၊ ဟယ်ရီလင်း ၊ မျိုးကြီး ၊ ဆုန်သင်းပါရ်)

ဤ သီချင်းသည် အကြမ်းထည်ပဲသွင်းရသေးပြီး စိစစ်ရေးကို မတင်ရသေးသောကြောင့် တစ်စုံတစ်ရာပြဿနာများကို ကာကွယ်သည့်အနေဖြင့် Public သို့ မဖြန့်ချီရသေးခင် ကာလအတွင်း အိုင်စီမှ တောင်းဆိုမှုဖြင့် ခေတ္တခဏပြန်လည်ဖြုတ်သိမ်းထားလိုက်ပါသည်။

Read More...

Wednesday, May 28, 2008

စင်္ကာပူမှ ပြည်ပရောက်မျိုးချစ်မြန်မာများ၏ ကော့မှုး၊ ကွန်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံဒေသများသို့ သွားရောက်လှူဒါန်းခဲ့သော ခရီးစဉ်ဓါတ်ပုံများ

Read More...

( UN JOBs Vacancies in Myanmar ) မြန်မာအလုပ်သမားများအလိုရှိသည်


UN JOBs Vacancies in Myanmar

International Rescue Committee (IRC)

Relief

Location: Myanmar (Yangon and Delta Townships)

Cyclone Nargis hit Myanmar on 2 and 3 May 2008, devastating much of what was in its path: knocking out power lines, flooding villages, polluting fresh water sources and farm land with salt water, blocking roads and destroying infrastructure.

Are you interested in supporting the survivors of Cyclone Nargis? The International Rescue Committee is a private, non-sectarian relief agency launching health, sanitation, shelter and other emergency assistance to victims of the disaster. The IRC is seeking experienced humanitarian professionals interested in supporting our relief efforts.

Suitable profiles needed:

* Doctors
* Nurses
* Public Health Specialists
* Water and Sanitation Engineers
* Builders
* IT Specialists
* Communication and Programme Communication Specialists
* Monitoring and Evaluation Specialists
* Procurement/Logisticians
* Human Resources/Administration Managers .


Vacancies Contact
If you are a national or resident of Myanmar with experience in the above areas, fluency of English, with immediate availability, apply with your CV (in English) with a letter of interest for professional positions based in both the country office of

Yangon and field offices in the Delta Townships to

Aroonrat@ircthailand.org. Positions will be filled on a rolling basis.

Reference Code: RW_7ELHA2-43

Vacancies in Myanmar

Senior Logistician, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Operations Coordinator, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Water and Sanitation Manager, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Deputy Country Health Director, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Reproductive Health Coordinator, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Senior Project Medical Coordinator, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Country Health Director, Myanmar
Medical Emergency Relief International (Merlin) Closing Date: Thursday, 31 July 2008 (added 20 May)


Program Advisor, Myanmar
CARE Australia Closing Date: Friday, 30 May 2008


Programme Manager, Myanmar
Save the Children UK Closing Date: Sunday, 01 June 2008
Emergency Technical Positions, Myanmar
International Rescue Committee (IRC) Closing Date: Saturday, 31 May 2008


Technical Advisor, Shelter, Myanmar
World Concern Closing Date: Monday, 30 June 2008


Program Support Officer, Myanmar
World Concern Closing Date: Monday, 30 June 2008


Technical Advisor, Medical/Health, Myanmar
World Concern Closing Date: Monday, 30 June 2008


Relief Director, Myanmar
World Concern Closing Date: Monday, 30 June 2008


Technical Advisor, Water, Myanmar
World Concern Closing Date: Monday, 30 June 2008


Technical Advisor, Agriculture, Myanmar
World Concern Closing Date: Monday, 30 June 2008


Communications/PR Manager, Myanmar
World Concern Closing Date: Monday, 30 June 2008


Project Manager, Food Security, Myanmar
Cooperazione E Sviluppo (CESVI) Closing Date: Saturday, 31 May 2008


Water & Sanitation Engineer - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Health Coordinator - Complex Emergency /Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Rapid Response Coordinator - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Security Coordinator - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Logistics/Operations Coordinator - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Administration & Finance Officer - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Shelter / Construction Engineer - Rapid Response, Myanmar
American Refugee Committee International (ARC) Closing Date: Sunday, 01 June 2008


Country Administrator, Myanmar
CESVI - Cooperazione e Sviluppo Onlus (CESVI) Closing Date: Saturday, 31 May 2008


Emergency Volunteers, Myanmar
Australian Aid International (AAI) Closing Date: Sunday, 15 June 2008


Health Project Manager, Malaria Expert, Myanmar
CESVI - Cooperazione e Sviluppo Onlus (CESVI) Closing Date: Monday, 26 May 2008


Project Manager (M/F), Maungdaw, Myanmar
Action Contre la Faim (ACF) Closing Date: Wednesday, 18 June 2008

Read More...

ဘဝရဲ့မုန်တိုင်း


ဘဝရဲ့မုန်တိုင်း

ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့


ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..

မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်။

Download Here

Read More...

Wednesday, May 21, 2008

ပြည်သူ့အသက်တွေ အလျော်ပြန်ပေး (ရဲရင့်သက်ဇွဲ)


“ပြည်သူ့အသက်တွေ အလျော်ပြန်ပေး”
(ရဲရင့်သက်ဇွဲ)

သမ္မာကျမ်းစာပါ
ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ်
နာဂစ်ပြန်တော့ ကျန်ရစ်တယ် .. ။

ကြမ်းကြား လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ် .. ။


ဥမကွဲ သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါရဲ့ ..
အခုတော့
ဥကွဲ သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ် .. ။

သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ် .. ။

အကြင်နာကင်းမဲ့တဲ့နှလုံးသား
ဇိန္နမာန ဥာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ ..
အင်္ဂလန်လာပါ ..
ပြင်သစ်လာပါ ..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ ..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့ ..။

အစားအစာပေးပါ
သောက်စရာ ရေပေးပါ ..
အ၀တ်အထည်ပေးပါ ..
နေစရာ နေရာပေးပါ ..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက်
သူတို့ရဲ့ အာဏာလက်မလျွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား
အတ္တလောက်တွေ တဖွားဖွားနဲ့ပေါ့ .. ။

ဒါကြောင့်
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား စွဲချက်တင်လိုက်တယ် .. ။

“အို ဘုရားသခင်
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ
ထပ်ပြီးတော့ အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် ..
စစ်အုပ်စုကြောင့်သာဖြစ်တယ် .. ။

အို ဘုရားသခင်
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့သက်တမ်းကား
ရှည်လျားလွန်းလှ ..
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့.သက်တမ်းကား
တိုတောင်းလှချေ… ။
တရားသဖြင့် မျှတသောစီမံမှုကို ပေးတော်မူပါ .. ။

စစ်အုပ်စုကျဆုံးပါစေ ..
ပြည်သူလူထု လွတ်မြောက်ပါစေ …

ရဲရင့်သက်ဇွဲ

Read More...

ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ (စင်္ကာပူ)မှ ဒေးဒရဲမြို့နှင့် တွံတေးမြို့သို့ စင်္ကာပူမှ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းစဉ်

Read More...

ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ (စင်္ကာပူ)မှ မုန်တိုင်းသင့်ကျေးရွာဒေသများသို့ စင်္ကာပူမှ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းစဉ်

Read More...

Tuesday, May 20, 2008

China Earthquake Vs Myanmar Cyclone

Read More...

ဒေးဒရဲမြို့နှင့် ရွာစွန်ရွာဖျားများရှိ မုန်တိုင်းဒုက္ခသည်များအား ကူညီလှူဒါန်းပေးနေသော ရန်ကုန်မှ FORWARD132 အဖွဲ့





Read More...

Sunday, May 18, 2008

သေဆုံးသွားသူ ကျန်ရစ်သူများအတွက် ဆုတောင်းဖို့ရာ ခွင့်ပြုချက်ရယူပါ (ကိုဂျွန်မိုး)


သေဆုံးသွားသူ ကျန်ရစ်သူများအတွက် ဆုတောင်းဖို့ရာ ခွင့်ပြုချက်ရယူပါ

နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး (၁၄) ရက်ခန့်တွင် စင်္ကာပူနိုင်ရှိမြန်မာလူမျိုး တစ်ရာခန့်မှ St. Martin's Drive ရှိမြန်မာသံရုံးရှေ့သို့ သေဆုံးသွားသူ တစ်သိန်းကျော်နှင့် ကျန်ရစ်သူမိသားစုများအတွက် ဖရောင်းတိုင်များ ပန်းများဖြင့် ဆုတောင်းမေတ္တာပို့သရန် စနေနေ့ညနေပိုင်းတွင် သွားရောက်ခဲ့သည်။

စင်္ကာပူနိုင်ငံရှိ အရပ်ဝတ် ရဲအရာရှိ အယောက် ၂၀ခန့်မှ ဆုတောင်းလာရောက်သူများကို တားမြစ်ပိတ်ပင်ခဲ့ရာ "လူလေးယောက်ထက် ပိုပြီးစုရုံးခဲ့ရင် တရားဥပဒေအရ အပြစ်ရှိတယ် အဆောက်အဦရဲ့အပြင်ဘက်မှာ စုရုံးမှုမှန်သမျှကို ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုမိန့် ရယူဖို့လိုတယ် ဒါကြောင့် ကျနော်တို့အနေနဲ့ ခင်ဗျားတို့အားလုံး ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ အကြံပေးချင်ပါတယ်" ဟု ရဲအရာရှိများမှ ပြောခဲ့သည်။

ဆုတောင်းရန်ရောက်လာခဲ့ကြသူမြန်မာများမှ စိတ်ထိခိုက်ကြပြီး ငိုယိုခဲ့ကြသည် "ကျနော်တို့ ဗုဒ္ဓဘာသာအယူဝါဒအရ သေဆုံးသွားသူတွေ ဘဝကူးကောင်းရေးအတွက် ဆုတောင်းမေတ္တာပို့သဖို့ သက်သက်လာတာ" ဟု လာရောက်ဆုတောင်းသူ တစ်ယောက်မှ ပြောဆိုခဲ့သည်။ ရဲများမှပြန်ကြဖို့ကိုသာ အမိန့်ပေးနေခဲ့သော်လည်း ရောက်ရှိလာသူ မြန်မာများမှာ ထွက်ခွာသွားခြင်းမရှိခဲ့ပေ။


"သေဆုံးသွားခဲ့ကြတဲ့ဆွေမျိုးသားချင်းတွေ ကိုယ့်နိုင်ငံသားတွေအတွက် ဝမ်းနည်းဖို့ကို ငါတို့က နင်တို့ဆီကနေ ဝမ်းနည်းဖို့ကို ခွင့်ပြုချက်ယူရဦးမှာလား နင်တို့နိုင်ငံသားတွေ တခြားနိုင်ငံတစ်ခုမှာ ငါတို့လိုပိတ်ပင်ခံရရင် နင်တို့ဘယ်လိုခံစားရမလဲ" ဟု အင်ဂျင်နီယာ အမျိုးသမီး မဟန်သူ မှ မျက်ရည်များဖြင့် ရဲအရာရှိအား ပြောဆိုခဲ့သည်။

"ကျနော်တို့ ဒီမြန်မာသံရုံးရှေ့ကိုလာတာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် ဆုတောင်းရုံသက်သက်ပဲ.. ဘာဖြစ်လို့ဒီနေရာကိုမှ လာရတာလဲဆိုတာကလဲ စင်္ကာပူနိုင်ငံ မြန်မာသံရုံးဟာ မြန်မာပြည်ရဲ့ မြေနေရာလေးတစ်ခုဖြစ်လို့.. ပြီးတော့ ကျနော်တို့ဟာ အဲဒီမြေနဲ့သက်ဆိုင်တဲ့ မြန်မာလူမျိုးတွေဖြစ်လို့ပဲ၊ စင်္ကာပူကျွန်းပေါ်မှာ မြန်မာသံရုံးမှလွဲပြီးလဲ တခြားဘယ်နေရာမှ မြန်မာ့မြေအဖြစ် သတ်မှတ်လို့ရတဲ့ နေရာမရှိဘူး" ဟု စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားလျှက်ရှိပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မျိုးမြင့်မောင်မှ ရဲအရာရှိအား ပြောကြားခဲ့သည်။

တစ်နာရီခန့်အပြင်းအထန် ပြောဆိုကြပြီးနောက် မျိုးမြင့်မောင်သည် စင်္ကာပူရဲများနှင့် ညှိနှိုင်းနားလည်မှုရယူကာ လေးယောက်တစ်တွဲ ငါးမိနစ်ခန့် သံရုံးရှေ့တွင် ဆုတောင်းခွင့်ရရှိခဲ့သည်။ ကျန်ရှိနေသူများမှာမူ ပါလာသောပန်းများ ဖရောင်းတိုင်များကိုင်ဆောင်၍ St. Martin's Drive လမ်းထိပ်တွင် ဆုတောင်းရန် စောင့်ဆိုင်းခဲ့ကြသည်။


"ဒီနေ့စင်္ကာပူရဲလုပ်တာကိုင်တာ နဲနဲသေးသိမ်တယ်လို့ ကျနော်ထင်တာပဲ ကျတော့ရဲ့အဓိက ရည်ရွယ်ချက်က စင်္ကာပူရဲတွေနဲ့ ပြဿနာတက်ဖို့မဟုတ်ဘူး ကျနော်က ဆိုင်ကလုံးမုန်တိုင်းကြောင့် သေဆုံးသွားတဲ့သူတွေကော ကျန်ရစ်ခဲ့တဲ့သူတွေအတွက်ကို ဆုတောင်းမေတ္တာပို့သချင်တယ် အဲဒါကို အခက်အခဲကြားထဲက ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့အတွက် ကျနော်ကတော့ ကျေနပ်ပါတယ်" ဟု ဆုတောင်းပွဲလာရောက်ခဲ့သူ အင်ဂျင်နီယာ ကိုဝဏ္ဏ မှပြောပြသည်။

ရဲ၏ခွင့်ပြုချက်ဖြင့် လေးယောက်တစ်တွဲ သွားရောက်ဆုတောင်း မေတ္တာပို့သခဲ့ကြကာ မြန်မာများမှ ရဲအရာရှိများကို ကျေးဇူးတင်စကားပြောကြားပြီး ငြိမ်းချမ်းစွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

စင်္ကာပူနိုင်ငံရှိ စထရိတ်တိုင်း သတင်းစာ၏ အဆိုအရ စင်္ကာပူနိုင်ငံတွင် မြန်မာလူဦးရေ တစ်သိန်းခန့် နေထိုင်ကြောင်းသိရသည်။

Permit to pray for the cyclone victims


By: J Moe
May18 2008

Singapore - 14 days since the cyclone, and about one hundred Burmese in Singapore turned up to St. Martin's Drive on Saturday evening to hold a candlelight vigil outside the door of the Burmese Embassy in memory of the victims of killer cyclone which took away more than 100,000 lives.

About twenty plain cloths police officer blocked the road access and told that "assembling more than four persons will be an offence and consider outdoor illegal assembly" "You need to get permission from Singaporean police to hold outdoor assemblies! I advice you all to leave right now" police officer said.

A few of them crying out and emotionally told police officer "we just want to pray for the victims and allow their spirits to peacefully crossover according to our Buddhism believed". Burmese people still doesn't want to leave without prayer despite the officer’s order to leave.

Ma Han Thu working an engineer also told police officer with tearful eyes, "Do I need to apply permit for commemorate my sorrow and pain? If you were in my position, at some other country, if the authorities block you for candlelight vigil how would you feel?”

Myo Myint Maung, one prominent Myanmar student and pro-democracy activist in Singapore said "We have come to the Burmese embassy to do our commemoration service because the Burmese embassy is part of the land of Burma in Singapore and Burma is where we all belongs. So we have our sense of belonging at this embassy and no where else in this island."

After controversy an hour later Myo Myint Maung successfully negotiate with the police officer who allowed four person per group to walk to the embassy from the entrance of St. Martin's Drive which is more than one hundred meters away whilst the rest of the large group of Burmese still have to wait to take their turn to walk and pray at the dedicated praying spot. That was a long queue waiting, holding flowers and candles in their hands.

One engineer from Wunna said "The way police was handling the event made us felt more depressed and miserable. My main intention was to pray for the victims of the cyclone at the land of Burma and not for making argument with police. No matter what, I am satisfied because I could pray for them even though we faced police restrictions and difficulties.”

After that the police allowed them to go four persons per group, most of Burmese politely gave thanks to the police officer and peacefully departed from St. Martin's Drive at 9.00p.m.

According to The Straits Time newspaper closed to 100,000 Burmese are working and studying in Singapore.

Read More...

မြန်မာပြည်ရှိ မုန်တိုင်းဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်သော ဆေးဝါးများစာရင်း


WHO ( World Health Organization, Country Office For Myanmar )မှ မြန်မာပြည်ရှိ မုန်တိုင်းဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်သော ဆေးဝါးများစာရင်း ဖြစ်ပါတယ်။ လိုအပ်နေသော ဆေးဝါးများ လှူဒါန်းနိုင်ဖို့အတွက် ရန်ပုံငွေများထဲမှဖြစ်စေ ၊ မိမိဘာသာ ၀ယ်ယူခြင်းဖြင့်ဖြစ်စေ ... ဆက်သွယ်လှူဒါန်းပေးပို့ဖို့ ကြိုးစားပေးကြပါရှင် .. ။ ဆေးဝါးများစာရင်းကို ဒီနေရာမှ ဒေါင်းလော့ခ်ဆွဲယူ ဖြန့်ဝေပေးနိုင်ပါတယ်။ အောက်တွင်ဖော်ပြထားသည့် မြန်မာပြည်ရှိ WHO ရုံးချုပ်ကို ဆက်သွယ်မေးမြန်း ပို့ဆောင်လှူဒါန်းနိုင်ကြပါတယ်ရှင်။

Address : 12A Floor, Traders Hotel, 223 Sule Pagoda Road, KyauktadaTownship, Postal code 11182, Yangon, Myanmar.

Telephone: (95-1) 241932, 241933, 250583, 250584 ( Reception )

Fax: (95-1) 241836, 250273

GPN Extn: 24200 (Reception)

GPN Fax: 24300

E-mail: whommr@searo.who.int

WR’s Office: Monday through Friday (Saturday and Sunday closed) [0830 to 1700 hours (Lunch 1200 to 1230 hours)]

Government: Monday through Friday (Saturday and Sunday closed)

Read More...

Saturday, May 17, 2008

စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲတစ်ခုအတွက် ကိုနေလင်းမောင် ( Opposite-eye) သို့ ကျေးဇူးတင်လွှာ


ကိုနေလင်းမောင်ရေးထားတာတွေကို စိတ်ဝင်တစားတစ်ခါမှလည်း ကျွန်မ လေ့လာခဲ့ခြင်းမရှိတဲ့အတွက် ပြန်စာနှောင့်နှေးခဲ့ရပါတယ်။ ကိုနေလင်းမောင်ရေးထားတဲ့ ကျွန်မနှင့်သက်ဆိုင်သောဒီပို့စ်ကိုဖတ်ပြီး ကျွန်မပြုံးမိပါတယ်။ စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲတွေကို ၀င်ရဖို့ဆိုတာ အခွင့်အရေးကအမြဲတမ်း လိုချင်တိုင်းမရပါဘူး။ အခုလို ကိုနေလင်းမောင်တို့ဘက်မှ ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ပြီး မဆိုင်တဲ့ ကျွန်မရဲ့ ကိုယ်ကျင့်တရားသိက္ခာတွေကိုပါ စော်ကားပြီးရေးသားပေးတဲ့အတွက်လည်း ကျွန်မဘက်မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမိပါတယ်။ ဒီလိုစာမျိုးတွေဖတ်ပြီးချိန်မှာ စိတ်အစမ်းသပ်ခံလေ့ကျင့်ပွဲကို ကျွန်မ ၀င်ရတယ်လို့ ကျေနပ်သွားမိလို့ပါ။ ပြောတိုင်းကိုယ်ကရတာမဟုတ်ဘူးဆိုသော စကားကို လက်တွေ့ကျင့်သုံးခွင့်ပေးတဲ့အတွက်လည်း အမှန်တကယ်ကျေးဇူးတင်ရှိမိပါတယ်။

တပ်မတော်သားများဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသလား ၊ မကျင့်သုံးနေသလား .. အမြင်မတူတာပဲဖြစ်ဖြစ် .. မကျေနပ်တာကြောင့်ပဲဖြစ်ဖြစ် .. ကျွန်မ ကြားသိခဲ့ရတဲ့ သတင်းတစ်ခုကို မျောက်မီးခဲကိုင်မိသလို ချက်ချင်းပြန်စာထရေးတဲ့ ကိုနေလင်းမောင်ပို့စ်က တစ်ဖက်လူကို `ဒါတောင်မသိဘူးလား´ဆိုတဲ့ အတွေးအခေါ်နဲ့ အင်မတန် အာဏာရှင်ဆန်သောပုံစံဖြစ်နေတာကို ဖတ်မိသူတိုင်း နားလည်သဘောပေါက်ကြမှာပါ .. ။ ကျွန်မရေးခဲ့တဲ့တဘောင်ပို့စ်မှာ ကျွန်မကိုယ်တိုင် အပြည့်အ၀ ယုံကြည်ခြင်းမရှိသလို အထိုက်အလျောက်ယုံကြည်မှုတစ်ခုတော့ ရှိပါတယ်လို့ ရေးခဲ့ပါတယ်။ အစက သတ်မှတ်ထားတဲ့ ယုံကြည်မှု ၅၀%နေရာမှာ အရှိုက်ထိသွားတဲ့ ကိုနေလင်းမောင်တို့စကားတွေကို ကြားပြီးချိန်မှာ ၈၀%လောက်ထိ ပိုမိုတောင်ယုံကြည်သွားမိပါသေးတယ်။

နအဖတပ်မတော်ဟာ `အမေကျော်ဒွေးတော်လွမ်းတယ်´ဆိုသော စကားကို ထပ်တလဲလဲသုံးဖန်များလွန်းလို့ ဒီစကားဟာ နေ့စဉ်စားသုံးနေရတဲ့ အစားအသောက်တစ်ခုလို အင်မတန်မှ ငြီးငွေ့ဖို့ကောင်းနေပြီဆိုတာ ကိုနေလင်းမောင် လေ့လာသင့်ပါတယ်။ အမေကိုကျော်ရအောင် နအဖစစ်တပ်ဟာ ပြည်သူရဲ့ မိခင်လည်းမဟုတ်သလို ဖခင်လည်းမဟုတ်ပါဘူး။

ဒုတိယစာပိုဒ်က `ကျွန်ခံ´တယ်ဆိုသော စကားအတွက် မရှင်းတာလေးတွေ လေးလေးစားစားမေးပါရစေ .. ။ အခုခေတ်ကြီးဟာ ဘိုးတော်ဘုရားဦးအောင်ဇေယျခေတ်မဟုတ်ဘူးဆိုတာတော့ ပြည်ပရောက်နေတဲ့ ကိုနေလင်းမောင် အနည်းငယ်မျက်လုံးဖွင့်ကြည့်ရင် သိမှာပါ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ အားလုံးဟာ ရေကြည်ရာ မြက်နုရာ ၊ မိမိစိတ်အားသန်ရာ ၊ အဆင်ပြေရာ နေရာတွေမှာ ပညာသင်ကြား အလုပ်လုပ်ကြပါတယ်။ မိမိတတ်သိထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတယ်ဆိုတာကို `ကျွန်ခံ´တယ်လို့ ကိုနေလင်းမောင်သုံးသင့်ပါသလား။ ကျွန်မနားလည်တဲ့ ကျွန်ခံတယ်ဆိုသော အဓိပ္ပါယ်မှာ ဘာအတတ်ပညာ ၊ အသက်မွေးဝမ်းကြောင်းကိုမှ အရင်းနှီးမပြုဘဲ အထက်လူကြီးပြောသမျှ အကုန်ခေါင်းညိတ်ပြီး ပစ်ပေးတဲ့အမဲရိုးလောက်ကို စိတ်တိုင်းကျ စားသောက်နေခြင်းသာလျင် ကျွန်ခံနေသော သူများဖြစ်ပါတယ်။ မိမိအတတ်ပညာနဲ့ ရိုးသားဖြူစင်သန့်ရှင်းစွာ ယနေ့ခေတ်ကြီးထဲမှာ ရှင်သန်နေသူအားလုံးကို ကျွန်ခံတယ်လို့ ပြောချင်ခဲ့ရင် ကိုနေလင်းမောင်တို့လို အထက်လူကြီးစိတ်ကျေနပ်ဖို့ ခေါင်းမဖော်ရဲဘဲ လုပ်ပေးနေသူအားလုံးသာလျင် `အမှန်တကယ် ကျွန်ဘ၀စစ်စစ်ရောက်နေသူများ´ ဖြစ်ပါတယ်။

ကိုနေလင်းမောင်တို့ရေးတဲ့ ဒီမိုသမားတွေ .. ဒီမိုသမားတွေဆိုတာကို ကျွန်မ သိပ်အံ့သြမိပါတယ်။ ဒီမိုသမားတွေဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပြည်သားတွေပဲဖြစ်ပါတယ်။ ဒီမိုတွေ ဒီမိုတွေဆိုပြီး ပြောနေတဲ့စကားကို နားထောင်ရင်း ဒီမိုသမားတွေဟာ လူတွေနဲ့ကွဲပြားခြားနားနေတဲ့ နတ်တွေလားဆိုပြီး ကျွန်မစဉ်းစားလိုက်မိပါသေးတယ်။ ဒီမိုသမားတွေ ဦးနှောက်မရှိဘူးဆိုသော စကားဟာ လူအားလုံးကို သိမ်းကြုံးရမ်းပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုနေလင်းမောင်တို့ နအဖစစ်တပ်ကြီးကရော ဘယ်လောက်ဦးနှောက်ရှိသလည်း .. ကမ္ဘာမှာ အောက်တန်းအကျဆုံး စာရင်းဝင်နေတာတော့ လိမ်မရပါဘူး။ နအဖစစ်တပ်ကို ကျွန်မဟာ တကယ်ချီးကျူးမိပါတယ်။ တော်ရုံလူ မဆွတ်ခူးနိုင်တဲ့ ဘွဲ့တွေ ၊ ဂုဏ်ဒြပ်တွေ ၊ အမုန်းတရားတွေကို ရအောင်ဆွတ်ခူးယူထားနိုင်တယ်ဆိုသော အရည်အချင်းဟာ တော်ရုံဦးနှောက်နဲ့တော့ မရနိုင်ပါဘူး။

နအဖ ယခုလက်ရှိလုပ်နေတဲ့ မုန်တိုင်းအလှူပစ္စည်းတွေ ၊ နိုင်ငံတော်အတွက် အလုပ်လုပ်နေပါတယ်ဆိုသော စကားတွေ ၊ လူထုဆန္ဒခံယူပွဲတွေ အစရှိသော အကြောင်းအရာတွေကိုတော့ စကားထဲတောင် ထည့်ပြောဖို့ အဆင့်မရှိတဲ့အတွက် ကျွန်မ ပြန်မပြောတော့ပါဘူး .. ။

ကိုနေလင်းမောင်ရဲ့ပို့စ်မှာ ဒေါသသံတွေ ၊ အသုံးမကျတာတွေ ၊ ဦးနှောက်မရှိတာတွေ အစရှိတဲ့ စကားလုံးတွေကို ထပ်တလဲလဲပြောနေပုံမှာ မိမိဘာသာမလုံမလဲ ကာကွယ်နေပုံနဲ့ တူနေပါတယ်။ ကိုနေလင်းမောင်လုပ်နေသမျှ အားလုံးဟာ ကိုနေလင်းမောင်ရဲ့ အသိစိတ် ၊ မသိစိတ်အားလုံးမှာ မှန်ကန်တယ် ၊ အဆင့်ရှိတယ် ၊ လိပ်ပြာလုံတယ်လို့ မိမိကိုယ်တိုင်ကရော ယုံကြည်ရဲ့လားဆိုတာကို ဘလော့ခ်ပေါ်မှာ ရေးနေတဲ့ ပို့စ်တွေ ၊ ဒိမိုကရေစီအစစ်ကိုလိုချင်တဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေကို လိုက်တိုက်ခိုက်နေခြင်းတွေအားလုံး ခ၀ါချပြီး ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘဲ မှန်ရှေ့မှာကြည့်ပြီး ကိုနေလင်းမောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဦးလို့ပဲ ကျွန်မအကြံပြုချင်ပါတယ်။

`မျိုးမစစ်´ဆိုသော စကားအတွက်လည်း ကျွန်မ နားမလည်မိပါဘူး ။ ပတ်ဝန်းကျင်လူအများအလယ်မှာ ကျွန်မဘယ်သူဘယ်ဝါလဲ ရှင်းရှင်းပဲနေတဲ့ကျွန်မအတွက် ကျွန်မကိုယ်ကျင့်တရားသိက္ခာကို လူတိုင်းသိသလို ကိုနေလင်းမောင်တို့လို ခိုးကြောင်ခိုးဝှက် လုပ်စရာ မရှိပါဘူး။ ပစ္စည်းဥစ္စာ ၊ ရာထူးတွေ မချမ်းသာပေမယ့် ကိုယ်ကျင့်တရား နဲ့ ပညာချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကျွန်မကတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိရှိတဲ့အတွက် အမြဲတမ်း ဂုဏ်ယူကျေနပ်ခဲ့ပါတယ်။ မိဘနှစ်ပါးက ပေးထားတဲ့ မာနအမွေနဲ့ ဘယ်အထက်လူကြီး ၊ ဘယ်ကောင်မျက်နှာမှ ကြည့်ပြီး ယနေ့ထိ တစ်ခါမှ အသက်မဆက်ခဲ့ဖူးပါဘူး။ မျိုးမစစ်ဆိုသော စကားအတွက်တော့ ကျွန်မက မယူတဲ့အတွက် ကိုနေလင်းမောင်ပဲ ပြန်ယူသိမ်းသွားပါ။ ခိုင်းတာလုပ် ၊ ကျွေးတာစား ၊ အရှက်မဲ့စွာ ရှင်သန်အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ကိုနေလင်းမောင်မိသားစုအတွက်ပဲ `မျိုးမစစ်များ´ဆိုသော စကားကို ပြန်လည်ပေးလိုက်ပါတယ်။

ပြည်သူ့အသံဆိုတာ လိမ်မရပါဘူး။ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးဟာ လုံလောက်သော ကယ်ဆယ်ကူညီမှုတွေကို နအဖမှ သေချာဆောင်ရွက်ခြင်းမရှိပါဘူးလို့ ပြောလာခဲ့တိုင်း အားလုံးသောပြည်သူလူထု မှားနေတယ်လို့ ကိုနေလင်းမောင် ဆိုရဲပါသလား .. ။ ဒါပေမယ့် .. အခုလို စကားတွေပြောနေမှ ၊ ရေးနေမှ ကိုနေလင်းမောင် အသက်မွေးဝမ်းကြောင်းပြု လခရတယ်ဆိုရင်တော့ ဆက်လက်ပြောဆိုရေးသားနိုင်ပါတယ်။ ဒေါ်လာငတ်နေသူများကို အလှူပြုတယ်လို့ ကျွန်မတို့ဘက်မှ သဘောထားပေးနိုင်ပါတယ်။

ကိုနေလင်းမောင်ရေးတဲ့ပို့စ်မှ ကွန်မန့်တွေကိုဖတ်ပြီး ကျွန်မဟာ ထိုသူများကိုယ်စား ကြောက်ရွံ့သွားမိပါတယ်။ အမျိုးကောင်းသားသမီးများကို ပစ်မှားစော်ကားခြင်းဟာ မိမိကိုမွေးဖွားခဲ့တဲ့ မိခင်ကိုပြန်စော်ကားခြင်းနှင့် အတူတူပဲဆိုတာ နားမလည်တဲ့ ထိုသူတွေအတွက် အပါယ်ငရဲဆိုတာကို တွေးမိရင်း ကြောက်၇ွံ့သွားမိပါတယ်။ ဒီလိုကွန်မန့်တွေကိုဖတ်ပြီးမှ မြန်မာစကားမှာ ဒီလိုမိုက်ရိုင်းလွန်းတဲ့အသုံးအနှုန်းစကားတွေ ရှိနေပါလားဆိုပြီး အံ့သြမိပါတယ်။ ယဉ်ကျေးတဲ့လူ့အသိုင်းဝိုင်းမှာ မွေးဖွားကြီးပြင်းလာသူတွေဟာ ထိုစကားမျိုးကို မမြင်ဖူးပါဘူး။ ဒီလိုရိုင်းစိုင်းယုတ်မာလွန်းသော စကားကိုပြောဆိုရဲသူများဟာလည်း အရှက်မဲ့စွာ ရိုင်းစိုင်းပြောဆိုကျင့်ကြံနေထိုင်သူများရဲ့ ပတ်ဝန်းကျင်အလယ်မှာ ရှင်သန်ကြီးပြင်းနေထိုင်ခဲ့ရလို့ဖြစ်မှာပဲဆိုပြီး ကျွန်မဖြည့်တွေးပေးလိုက်ပါတယ်။

နောက်ဆုံးစကားကတော့ --- အခုအချိန်မှာ ဘက်နှစ်ဘက်ရှိပါတယ်။ ကျွန်မသိသလောက် ရှင်တို့ဘက်ကို ရှင်တို့လူတွေကလွဲပြီး ဘယ်သူမှ စိတ်မ၀င်စားပါဘူး။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေရေးသမျှ စာတွေလိုက်ဖတ်ပြီး အမှန်တရားအကြောင်းတွေတွေ့တိုင်း မျောက်မီးခဲကိုင်မိသလို ဆွေ့ဆွေ့ခုန်နေမယ့်အစား မိမိကိုယ်ပိုင်အတွေးဥာဏ်နဲ့ ယုတ္တိရှိရှိစာတွေေ၇းပါလို့ အကြံပြုပါတယ်။ ဒီပွဲဟာ ကွင်းကိုတစ်ပတ်ပြေးတဲ့ တာတိုပြေးပွဲမဟုတ်ပါဘူး။ နှလုံးရည် နဲ့ အမှန်တရားသစ္စာချင်း ယှဉ်တဲ့ပွဲမို့ မပြီးဆုံးသေးတဲ့ တာရှည်ပွဲအတွက် အွန်လိုင်းပေါ်မှာ လူအမြင်ကတ်အောင် လုပ်ပြမနေပါနဲ့လို့လည်း အကြံပြုချင်ပါတယ်။

`နှလုံးရည်ချင်း ၊ အမှန်တရားသစ္စာချင်းယှဉ်တဲ့ တာရှည်ပွဲမှာ အမျိုးကောင်းသားသမီးတွေရဲ့ ထဘီစကို လိုက်မဆွဲမိပါစေနဲ့´

လင်းလက်ကြယ်စင်

Read More...

ရန်ကုန်တိုင်းရှိ မုန်တိုင်းဒုက္ခသည်များအား အစားအသောက်များ လှူဒါန်းနေကြသည့်ပုံများ

Read More...

မေလ ၁၇ ရက် - စင်္ကာပူနိုင်ငံ မြန်မာသံရုံးရှေ့ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ


မေလ ၁၇ ရက်နေ့ (စနေနေ့) ညနေ ၇ နာရီမှ စတင်ကာ စင်္ကာပူနိုင်ငံ စိန့်မာတင်ဒရိုက်လမ်းရှိ မြန်မာသံရုံးရှေ့၌ စင်္ကာပူရောက် မြန်မာများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြသော မြန်မာလူမျိုး တသိန်းကျော်အတွက် ၀မ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် စုဝေးကြကာ ဖယောင်းတိုင်များ ကိုယ်စီ ထွန်းညှိ၍ ငြိမ်းချမ်းစွာ ဆုတောင်းကြမည်ဖြစ်ကြောင်း ကြားသိရသည်။ နှင်းဆီပန်းပွင့်လေးများလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယူဆောင်လာနိုင်ပါတယ်ရှင်။

(မိုးမခသတင်းဌာနမှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်)

Read More...

Thursday, May 15, 2008

ပြန်မလာနဲ့တော့ မုန်တိုင်းရေ ( ရဲရင့်သက်ဇွဲ )


“ပြန်မလာနဲ့တော့ မုန်တိုင်းရေ”

(ရဲရင့်သက်ဇွဲ)

မုန်တိုင်းရေ
ပြန်မလာနဲ့တော့
နာစရာအသဲ
ခွဲထုတ်ထားခဲ့ပြီပဲ .. ။

မုန်တိုင်းရေ
ပြန်မလာနဲ့တော့
တို့တိုင်း တို့ပြည်ရဲ့
ရှိသမျှဝဋ်ကြွေး
အကုန်ပေးခဲ့ပြီးပြီပဲ .. ။


မုန်တိုင်းရေ
ပြန်မလာနဲ့တော့
နာကျင်ကြေမွ
ဘ၀များစွာ
တိုက်စားခဲ့ပြီးပြီပဲ .. ။

မုန်တိုင်းရေ
ပြန်မလာနဲ့တော့
သေသင့်တဲ့သူတွေ
မသေပဲနဲ့
မသေသင့်တဲ့ပြည်သူတွေ
သေစေခဲ့ပြီးပြီပဲ .. ။

မုန်တိုင်းရေ
ပြန်မလာနဲ့တော့
လူမဟုတ်တဲ့သူတွေရဲ့
အုပ်စိုးမှုအောက်မှာ
ရန်သူမျိုး ငါးပါးထဲက
မချစ်မနှစ်သက်သူ
သူခိုးနဲ့မင်း
တပေါင်းတည်းဖြစ်သွားမှတော့
ပြည်သူတွေခမျာ
ကံ.. ကံ၏အကျိုး
တရားဓမ္မ အားကိုးလို့မရတော့ပြီပဲ .. ။

မုန်တိုင်းရေ
ပြန်မလာနဲ့တော့
အခင်းအကျင်းက
ဇာတ်လမ်းဇာတ်ကွက်နဲ့
မက်တဲ့အိပ်မက်လို
အိပ်မက်ကနိုးထ
ပြည်သူတွေရဲ့ ဘ၀က
အိုးမဲ့ အိမ်မဲ့
စားရမဲ့ သောက်ရမဲ့
ဝတ်ရမဲ့ နေရမဲ့
ကူသူမဲ့ ကယ်သူမဲ့ လူမှုဒုက္ခ
ရှုပ်ပွနေတဲ့ အပျက်အစီးတွေကြားမှာ
သေသူ ရှင်သူတို့ရဲ့ကျိန်စာ
လျှပ်စီးလိုပျိုးပျိုးပြက်ပြက်
ကောင်းကင်ကြီးလဲကွဲအက်
စစ်အုပ်စုရဲ့ နောက်ဆုံးထွက်သက်ဟာ
မိုးခါးရေတိမ်မှာ နစ်ရပြီပဲ . ။

ရဲရင့်သက်ဇွဲ

(နာဂစ် မုန်တိုင်းသင့်ပြည်သူများသို့)

Read More...

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်


အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်

ကျွန်မဟာ ဗေဒင်တွေ ယတြာတွေကို အပြည့်အ၀ယုံကြည်သူမဟုတ်သလို ၊ လုံးဝ မယုံကြည်သူလည်း မဟုတ်ပါ။ အပြည့်အ၀မဟုတ်သည့်တိုင် အထိုက်အလျောက်တော့ ယုံကြည်မှုရှိပါသည်။ နအဖစစ်အာဏာရှင်များ၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များနောက်ကွယ်မှာ ယနေ့ထိတိုင် ထိုလူများ ထိုင်ခုံပေါ်တွင် မလှုပ်တလှုပ်ထိုင်နေနိုင်ခြင်းမှာ မတရားသော အောက်လမ်း ၊ ဗေဒင်ယတြာအတတ်ပညာများအချို့ ပါဝင်နေသည်ဆိုတာကိုတော့ လက်ခံထားပါသည်။

လွန်ခဲ့သောရက်ပိုင်းခန့်က အတွင်းလူများထံမှ တိကျသော သတင်းတစ်ခုကို ကျွန်မ လက်ခံရရှိခဲ့ပါတယ်။ စစ်အာဏာရှင် ဦးသန်းရွှေကြီးဟာ သူ့ရဲ့နေ၀င်ချိန်တစ်ခုဖြစ်နိုင်တဲ့ တဘောင်ကို သိရှိပြီးချိန်မှာ ယခုလို ကယ်ဆယ်ရေးအဖွဲ့များကို ပိုမိုဝင်ခွင့်မပေးခြင်းဖြစ်ပါတယ်။ ဦးသန်းရွှေကြီးကို ဟောကြားထားသော အကြောင်းအရာမှာ `အနောက်နိုင်ငံသား အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချပြီး ရောက်ရှိလာခဲ့ရင် .. လက်ရှိစစ်အာဏာရှင်တို့၏ နေ၀င်ချိန်ရောက်ရှိပြီ´ဟု ဖြစ်ပါတယ်။ ကာကွယ်မှုအနေနဲ့ ပြန်လည်ယတြာချေမရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို မြန်မာပြည်မြို့နယ်များသို့ လုံးဝ ၀င်ခွင့်မပေးတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ အနောက်နိုင်ငံတွေဘက်မှ မြန်မာပြည်ကို ကိုယ်တိုင်လာရောက် အလွန်အကျွံကူညီချင်နေတာဟာ စစ်အာဏာရှင်အတွက် ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်နေပါတယ် .. ။ ယခုအချိန်မှာ ပြည်သူလူထုကို သေချာကူညီနိုင်ဖို့က ပထမအချက်ဖြစ်ပါတယ်။ နိုင်ငံရေးတွေ မပါပေမယ့် ပါသင့်သလောက်လည်း တွဲပါသွားရမှာပါ။ မုန်တိုင်းဆိုတာ စစ်အာဏာရှင်လုပ်လို့ တိုက်ခတ်လာတာမဟုတ်ပေမယ့် ယခုကဲ့သို့ သေဆုံးသူများ တစတစ ပိုမိုများပြားနေတာ ၊ လိုအပ်သော ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့တာ ၊ နိုင်ငံတကာအကူညီတွေ လက်မခံတာ ၊ ငတ်ပြတ်နေသော ပြည်သူလူထုကို ထိရောက်စွာ အမှန်တကယ်ကူညီမှုမပေးတာ ... အစရှိသောအချက်များဟာ လူမှုရေးအနေနဲ့ အင်မတန်စိတ်ထိခိုက်နာကျင်မှုဖြစ်မိသလို နိုင်ငံရေးအရလည်း အာဏာရှင်ဘက်မှ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ပါတယ်။

ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊ နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင် နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီခေတ်ဒီအချိန်ခါကြီးထဲမှာ မယုံကြည်သူနဲ့ ယုံကြည်သူ ရောနေမှာလည်း ကျွန်မ နားလည်ထားပါတယ်။ စစ်အာဏာရှင်ဟာ နေပြည်တော်မှာ ညီလာခံတက်ရင် ရှေးခတ်ဘုရင့်ဝတ်စုံဝတ်တာ ၊ ဘုရားပေါ်မှာ ၀က်ဆွဲပြီး လမ်းလျှောက်တာ ... ထိုကဲ့သို့လုပ်ရပ်မျိုးတွေကို လုပ်နေခြင်းမှာ သွက်သွက်ခါအောင်ရူးသွား၍ လုပ်နေခြင်းမဟုတ်။ စိတ်ဖောက်ပြန်နေခြင်းလည်းမဟုတ်။ တွက်ချက်လေ့လာပြီး အာဏာရှင်များကိုးကွယ်သော ဆရာကြီးများစကားအတိုင်း အာဏာတည်မြဲအောင် မကောင်းသောနည်းလမ်းများဖြင့် လုပ်နေကြခြင်းသာဖြစ်ပါတယ်။

ပြင်ပလောကမှာ ကျွန်မထက်အများကြီး ပိုစွမ်းဆောင်နိုင်တဲ့လူများစွာ ရှိကြတာမို့ စစ်အာဏာရှင် ကြောက်ရွံ့နေတဲ့ လက်ရှိဟောကြားခြင်းခံထားရသော တဘောင်ကို မဖြစ်ဖြစ်အောင် ကျေးဇူးပြုပြီး အစွမ်းကုန်ကြိုးစားပေးကြပါလို့ ကျွန်မတောင်းဆိုတိုက်တွန်းလိုပါတယ်။ ဒီအချိန်မှာပဲ အနောက်နိုင်ငံသားတွေဟာ မြန်မာပြည်ကိုသွားရောက်ကူညီဖို့ စိတ်အားအထက်သန်ဆုံးအချိန်လည်း ဖြစ်နေတာမို့ အခြေအနေလိုက်လျောညီထွေချိန်လို့ သတ်မှတ်လို့ရပါတယ်။ ဒီသတင်းကို ကျေးဇူးပြုပြီး လက်ဆင့်ကမ်းဖြန့်ပေးကြဖို့လည်း တောင်းဆိုလိုပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို မျိုးစုံသောဒုက္ခတွေနဲ့ နှိပ်စက်ညှင်းပန်းနေတဲ့ ဒီစစ်အာဏာရှင်အုပ်စု အမျိုးပါပြုတ်သွားအောင် ဖြုတ်ရမှာပါ။ ပြည်သူလူထုဟာ ဘာမဟုတ်တဲ့ ကြံ့ဖွတ်တွေရဲ့ အနိုင်ကျင့်မှု ၊ ဒုက္ခပေးမှုတွေကို လူပါးဝစွာ ခံနေရပါတယ်။ ဒါတွေကိုမြင်ရတဲ့ ကျွန်မနှလုံးသားဟာ အင်မတန် နာကျင်မှုဖြစ်ရပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံး ၊ သနားစရာအကောင်းဆုံး ဘ၀ကို လုံးလုံးရောက်ရှိနေခဲ့ပါပြီ .. ။ မြန်မာဆိုတာ ဗမာဆိုပြီး ပြန်လည်ခေါင်းမော့လာဖို့ ၊ လူတန်းစားအားလုံး စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် စစ်အာဏာရှင်စနစ်ဆိုတာ လုံးဝပျောက်ကွယ်မှပဲ ဖြစ်မှာပါ .. ။

အာဏာရှင်၏ဆရာကြီးများ ဟောကြားလိုက်သော တဘောင်

`အနောက်နိုင်ငံသားစစ်စစ် အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်ကာလအတွင်း ၂၀၀၈မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချရောက်ရှိလာခဲ့ရင် .... စစ်အာဏာရှင်များ ဘုန်းကံရော ၊ ရှိသမျှ အဆောင်အယောင် အာဏာများအားလုံး ကျဆင်းပြီး နေ၀င်ချိန် ရောက်ကိုရောက်ရလိမ့်မယ် ........ ´


Download English Version

Download Myanmar Version


Read More...

မြန်မာပြည်သူပြည်သားများသို့ အရေးပေါ်သတိပေးတားမြစ်ချက် (ကိုမျိုးချစ်မြန်မာ)


လေးစားချစ်ခင်ရပါသောမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျား

ပြည်သူအများသိပြီးကြတဲ့အတိုင်း စစ်အစိုးရဟာ မုန်တိုင်းဘေးသင့်သူတွေကယ်ဆယ်ရေးကို ညံ့ဖျင်းမှားယွင်းစွာ ကိုင်တွယ်နေပါတယ်။ ဒါကိုပြည်ပနိုင်ငံတွေကသိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်းမပေးခဲ့တဲ့အတွက် ခုဆိုရင်သေဆုံးသူအရေအတွက်ဟာ သိန်းကျော်ခဲ့ပါပြီ။ မုန်တိုင်းပြီးခဲ့ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်းမှုတွေကြောင့် ပြည်သူအများအပြားဆက်လက်သေဆုံးနေကြရှာပါတယ်။ ဒီအတိုင်းရှေ့ဆက်မယ်ဆိုရင် နောက်ထပ်သေဆုံးသူများဦးရေဟာ ၆သိန်းနီးပါးရှိနှိုင်တယ်လို့ နိုင်ငံတကာမှ လေ့လာသူများ၊ ဆေးပညာရှင်များကခန့်မှန်းထားပါတယ်။


အခုဆိုရင် ဝမ်းရောဂါနဲ့ အခြားကူးစက်ရောဂါများဟာ မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ်ပျံ့နှံ့နေပါပြီ။ ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခဲ့တဲ့အပြင် UN နှင့် USA တို့မှ လတ်တလောပေးပို့ခဲ့တဲ့ လေဘေးကူညီမှုလှုဒါန်းထားတဲ့ ပစ္စည်းတွေကို ပါစစ်ဂိုဒေါင်တွေထဲထည့်သွင်းသိမ်းဆည်းထားခဲ့ပါတယ်။ ပြီးတော့ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက်အလွဲသုံးစား အသုံးပြုနေပါတယ်။ သူတို့မိသားစုများတွေဆီဘဲပေးပို့ခြင်း၊ ငွေဖြင့်ပြန်လည်ရောင်းချစီးပွားရှာခြင်းများ ပြုလုပ်နေပါတယ်။ ဒါကို အခု USA နဲ့ UN ကသက်သေအတိအကျရထားပြီးပါပြီ။ ဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲက အချက်တစ်ချက်ဖြစ်တဲ့ အရေးပေါ်ဝင်ရောက်ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ်။ ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်။

ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့်အနေအထားနဲ့အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ်။ သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့် ဒီတစ်ခါအဲဒိလိုလုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်နဲ့အတိုက်မခံရအောင် သတိကြီးစွာထားပြီးလှုပ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီးသူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူတွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့စစ်သားတွေလဲပါမယ်လို့သိထားပါတယ်။ ဒါကလဲ ပြည်သူတွေနဲ့နိုင်ငံတကာရဲ့အမြင်မှာ မြန်မာတွေကို အမေရိကန်တွေသတ်နေပါပြီလို့ ထင်ရအောင် ကြိုတင်အကွက်ဆင်ခြင်းဘဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုလုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှတင်းကြပ်စွာ သတိပေးထားပါတယ်။ ဒါပေမယ့် သူတို့အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တယ်ဆိုရင်တော့ စစ်ရေးအရလိုအပ်သလိုတုံ့ပြန်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

ဒါကြောင့် ကျွန်တော်အခု မြန်မာတွေကို UNနဲ့ USA ကသတိပေးချင်တဲ့ အရမ်းအရေးကြီးတဲ့အချက်တွေကိုပြောပြပါမယ်။ ပြည်တွင်းကိုလက်လှန်းမှီသလောက်ပို့ပေးကြပါ။

အမေရိကန်နဲ့ UNစစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ခဲ့ရင် .... ရဟတ်ယာဉ်ဖြင့် ဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း


သင်္ဘော ပေါ်မှဆင်းလာခြင်းတွေ့လျင်သော်လည်းကောင်း



စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့်တွေ့လျင်သော်လည်းကောင်း



၁) မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊
၂) နှုတ်ဆက်ရန်ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်းပြောဆိုခြင်း၊
၃) လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်မှုကိုတိုးမြင့်စေခြင်း၊
၎) ၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊
၅) သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာအော်ဟစ်အားပေးရင်း ပန်းကုံးများဖြင့်ပေါက်ခြင်း ) ၊ အစရှိသော အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်မှ မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာသတိပေးထားပါတယ်။

အဓိကသူတို့မှာချင်တာကတော့ တတ်နိုင်သမျှဝေးဝေးမှာနေကြပါ။ အနားလုံးဝမကပ်ပါနဲ့။ အရမ်းအန္တရာယ်ကြီးပါတယ်။ လိုအပ်ရင်သူတို့ကအရင်ချဉ်းကပ်လာပါ့မယ။် ပြည်သူတွေရှေ့အရမ်းစွတ်မတိုးကြပါနဲ့ ဆိုတာပါဘဲ။

ဒီစာနဲ့ပုံတွေကိုလဲပြည်တွင်းမှာ လက်လှန်းမှီသလောက် အမြန်ဆုံးပို့ပေးပြောပေးကြပါလို့မေတ္တာရပ်ခံပါတယ်။ မြန်မာပြည်သူတွေအသက်အန္တရာယ်ကင်းကြပါစေ။

မျိုးချစ်

Read More...

Wednesday, May 14, 2008

မုန်တိုင်း .. ဒုက္ခ .. သောက နှင့် နာကြဉ်းချက်များ


မုန်တိုင်းတစ်ခု
တ၀ုန်းဝုန်းတိုက်ခတ်အော်မြည်
လျင်မြန်သောအဟုန်တစ်ခုနဲ့
မြင်မြင်သမျှဇီဝိန်ခြွေသွားခဲ့တာ
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း
အရာအားလုံး ဗလာနတ္တိ ပျောက်ဆုံးသွားခဲ့ .. ။


နှလုံးသားဟာ အညှာခြွေခံရသလို
ဇနီးမယား သမီးသား မိဘအားလုံး
ကွဲကွာသေဆုံးပျောက်ဆုံးခဲ့တာ
ပေါ့လျော့မှုသတင်းတစ်ခုကြောင့်လား
စေတနာမဲ့ လျစ်လျူရှုမှုကြောင့်လား .. ။


တရိပ်ရိပ်တိုးနေတဲ့သေဆုံးမှုလူတွေကြား
အိမ်ယာမဲ့လူတန်းစားတွေသာများပြား
ဟန်ရေးတပြပြ လမ်းသလားနေတဲ့
အစိမ်းရောင်ယူနီဖောင်းဝတ်များ
စာနာစိတ်တစ်စက်တောင် ရှိကြရဲ့လား .. ။



ကယ်ပါ .. ကူညီပါ
အပြစ်မဲ့ဒီလူများရဲ့ငိုကြွေးတမ်းတသံ
အရာအားလုံးမျက်ကွယ်ပြုလို့
လိုအပ်ချက်ကယ်ဆယ်မှုတွေအားလုံး
ဗီဇာဆိုတဲ့စာရွက်တစ်ရွက်နဲ့ပယ်ချ
မျက်ရည်မိုးထဲ အပြစ်မဲ့ပြည်သူတွေ ငိုကြွေးစောင့်မျှော်နေခဲ့တယ် .. ။



အလဲလဲအကွဲကွဲနှလုံးသားတွေနဲ့
အားကိုးရာမဲ့ပြည်သူတွေအတွက်
ချွေးနည်းစာတွေစုပေါင်းလှူရင်း
ရင်တွင်းမှ နာကြဉ်းချက်မီးတွေ
တစတစ ပိုမိုပြင်းထန်တောက်လောင်လာခဲ့တယ် .. ။


စေတနာရှင်တွေလှူသမျှ
လိုအပ်သမျှ ပြည်တွေတွေဆီရောက်ဖို့ဝေးစွ
သူခိုးဓါးပြလို ခိုးဝှက်ယူဆောင်နေကြတာ
အရှက်တရား အနည်းငယ်ထားရှိကြပါဦးလား .. ။


မုန်တိုင်းလဲစဲခဲ့ပြီ ..
ဧရာဝတီမြစ်နဒီမှာ ၀ိဥာဉ်တွေ ပြည့်နေခဲ့ပြီ ..
သွေးချင်းညီအကိုမောင်နှမများ အလောင်းတွေစုပုံနေခဲ့ပြီ ..
ကူရာမဲ့ အသက်ရှင်လူများ ငိုစရာမျက်ရည်ကုန်ခမ်းခဲ့ပြီ ..
စာနာမဲ့အာဏာရှင်အောက် အသက်ရှင်လျက်ဒုက္ခပင်လယ်ဝေနေခဲ့ရပြီ ..
မြင်မြင်သမျှ အပျက်စီးအယိုယွင်း လွင်ပြင်တွေကြား
ငါတို့သွေးသားမောင်နှမတွေအတွက်
ငါတို့လက်နဲ့ကယ်ဆယ်ကူညီရင်း
စာနာနှလုံးသား အကြင်နာတရားခေါင်းပါးတဲ့ စစ်အာဏာရှင်ရေ
(ငါတို့)ဘ၀ဆက်တိုက်လူပြန်ဖြစ်ရင်တောင်
တစ်သက်တာ ကမ္ဘာမကြေဘူးဟေ့ .... ။


လင်းလက်ကြယ်စင်

Read More...

စင်္ကာပူရှိ မျိုးချစ်မြန်မာများအဖွဲ့မှ အလှူငွေများကို လပ္ပတ္တာမြို့နယ်ရှိ ဒုက္ခသည်စခန်းများနှင့် အခြားကျေးရွာများသို့ လှူဒါန်းခြင်း






စင်္ကာပူတွင် ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ ဦးစီးကောက်ခံရရှိသော အလှူငွေများဖြင့် အလှူရှင်များကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လပ္ပတ္တာမြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့ လိုအပ်သော အစားအသောက် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ စင်္ကာပူ မှ စေတနာရှင်များကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ လပွတ္တာမြို့ရှိ ဘုန်းကြီးကျောင်း(၄)ကျောင်း သို့ ဆန်အိတ် (၂၈၀) ၊ ကုန်ခြောက်များ ၊ ခေါက်ဆွဲခြောက် ၊ အချိုရည် ၊ အ၀တ်အစားများ နှင့် ငွေသား (၁၂) သိန်းခန့် စုစုပေါင်းမြန်မာငွေ ကျပ်သိန်း (၁၀၀)ခန့် လှုဒါန်းပေးပြီးဖြစ်ပါသည်။

ထို့ပြင် ပြည်ပရောက်မျိုးချစ်မြန်မာများမှ စင်္ကာပူမှစေတနာရှင်များကိုယ်စား လေမုန်တိုင်းဒဏ် အပြင်းအထန်ခံစားနေရသည့် ကျေးရွာများရှိ ပြည်သူများ၏လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဖြူးလှူဒါန်းနေသည့်အပြင် ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူ၏ နာရေးအဖွဲ့ကြီးသို့ စင်္ကာပူငွေသားတစ်သောင်းခန့် တန်ဘိုးရှိသော ဆန်အိတ် (၅၀၀) လှုဒါန်းပြီးဖြစ်ကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။

Read More...

မြန်မာနိုင်ငံလေမုန်တိုင်းဒုက္ခသည်များအတွက် ဆုတောင်းပွဲနှင့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းအလှူပွဲ (USA)





Read More...

Monday, May 12, 2008

ဒုက္ခသည် အမှတ် တစ်သန်းခြောက်သောင်း


ဒုက္ခသည် အမှတ် တစ်သန်းခြောက်သောင်း
(ကိုမွှေး)

အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့အလောင်းလေး တွေကြား
အစာမရှိတဲ့ ၀မ်းဟောင်းလောင်းနဲ့
သားပျောက်လင်ဆုံး အမေဟာ
ရှာနေသတဲ့...။

မျက်ရည်တွေနဲ့............။
မျက်ရည်တွေနဲ့..... ။
ရေသောက်စရာမရှိတဲ့သူ့မှာ...............
သူ့ မျက်လုံးထဲက မျက်ရည်ပူတွေနဲ့.....။

သူ့ မျက်လုံးထဲက မျက်ရည်ပူတွေ ကြားမှာ
ဝိုးတ၀ါးမြင်ရတဲ့ အလောင်းလေးတွေကြား.........
ငါ့သားလေးများ ပါမလား...............
ငါ့သားလေးများပါမလားနဲ့ ....
လဲပြိုကျသွားခဲ့ရတယ်...။

သူကိုယ်တိုင်
မျက်ရည်စတွေကြွေလို့
ဆုံးပါးသွားရပြန်ပေါ့.............။

ကိုမွှေး

Read More...

စိတ်ထိခိုက်ကြေကွဲရင်နာဖွယ် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူပုံများ(၂)

ဘယ်လိုမှ မခံစားနိုင်ဖွယ် ဖြစ်ပျက်ခဲ့တဲ့ ဓါတ်ပုံတွေပါပဲ .. ။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူထဲမှာ ကလေးတွေ အများကြီးပါသွားပါတယ်။ စိတ်ခိုင်ခိုင်ထားပြီးမှ ဆက်ကြည့်ဖို့ပဲ ပြောချင်ပါတယ်ရှင်။ မိမိလက်လှမ်းမှီရာ ၊ လုပ်နိုင်တာအားလုံးကို ကူညီဆောင်ရွက်ပေးကြဖို့လည်း အလေးအနက်တိုက်တွန်းလိုပါတယ်။









Read More...

၁၀-၅-၂၀၀၈ အထိ စင်္ကာပူတွင် စုစုပေါင်းရရှိသော အလှူငွေ

Read More...

Saturday, May 10, 2008

လူထုဆန္ဒခံယူပွဲကိစ္စနှင့် မုန်တိုင်းဘေးအတွက် အကူညီပေးခွင့်မပြုသည့်ကိစ္စ .. နအဖသံရုံးရှေ့ မလေးရှားရောက်မြန်မာများဆန္ဒပြ



အပြည့်အစုံဖတ်ရှုရန်

Read More...

၉-၅-၂၀၀၈ အထိ စင်္ကာပူတွင် စုစုပေါင်းရရှိသော အလှူငွေ


မြန်မာနိုင်ငံရှိ ၊ Nargis မုန်တိုင်းဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)မှ City Hall, Peninsular Plaza နှင့် အခြားနေရာများတွင် (၉.၅.၂၀၀၈) ၌ ကောက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

လင်းလက် အလှူခံဌာနမှ- S$ ၁၉၈၁၃.၀၀

စင်းမြန်မာ အလှူခံဌာနမှ- S$ ၂၆၁၃.၀၀

သပြေနု အလှူခံဌာနမှ- S$ ၂၂၀၂.၃၀ + EU $ 200

၉ရက်နေ့တွင် စုစုပေါင်းကောက်ခံ ရရှိငွေမှာ စင်္ကာပူဒေါ်လာ ၂၄၆၂၈.၃၀ နှင့် Euro ဒေါ်လာ ၂၀၀ တိတိ ဖြစ်ပါသည်။ ၄.၅.၂၀၀၈၊ ၅.၅.၂၀၀၈ ၊၆.၅.၂၀၀၈၊ ၇.၅.၂၀၀၈၊နှင့် ၈.၅.၂၀၀၈ ငါးးရက်ပေါင်း ကောက်ခံရရှိသော မုန်တိုင်းဘေးကယ်ဆယ်ရေး အလှူခံငွေမှာ၊ စင်္ကာပူဒေါ်လာ ၆၂၉၉၇.၁၀ နှင့် ယူရိုဒေါ်လာ ၂၀၀ တိတိ ဖြစ်ပါသည်။ ယနေ့ ကောက်ခံရရှိသော ငွေအပါအ၀င် စုစုပေါင်း အလှူငွေ (စင်္ကာပူဒေါ်လာ) ၈၇၆၂၅.၄၀ နှင့် EU $ ၂၀၀ ရရှိနေပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ မြန်မာပြည်အရေးတွင် တကယ်လိုအပ်သောအချိန်၌ သဒ္ဓါတရားထက်သန်စွာ ဒါနအရေး၊လက်မနှေး ကူညီလှူဒါန်းကြသော စင်္ကာပူရောက် မျိုးချစ်ရွှေမြန်မာများအား မြန်မာပြည်တွင်းရှိ ဘေးဒုက္ခသည်များ ကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်။ နောက်ရက်များတွင်လည်း သတ်မှတ်ထားသော အလှူခံဌာနများ ဆက်လက်ဖွင့်လှစ်ပြီး ပြည်ပရောက်မျိုးချစ်မြန်မာများမှ အကျိုးဆောင်၍ အလှူငွေများ ကောက်ခံသွားမည့် အကြောင်း ရွှေမြန်မာများအား အသိပေးအပ်ပါသည်။

ပြည်ပရောက်မျိုးချစ်မြန်မာများ(စင်္ကာပူ)

Read More...

Friday, May 09, 2008

ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံးဝင်ရောက်နိုင်ရေးလှုပ်ရှားမှု (စင်္ကာပူ)

"လူသားချင်းစာနာသည့် အထောက်အပံ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များ " အမြန်ဆုံးဝင်ရောက်နိုင်ရန် စင်္ကင်္ာပူနိုင်ငံရှိ မြန်မာလူထုမှ သဘောထားလက်မှတ်များ စုစောင်းမည်ဟု သတင်းရရှိပါသည်။ ၄င်းကောက်ခံရရှိသော လက်မှတ်များကို မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားသည့် သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ တနင်္လာနေ့တွင် အပ်နှင်းမည်ဟု သတင်းရရှိပါသည်။ စင်္ကာပူနိုင်ငံရှိ မြန်မာများ လက်မှတ်ရေးထိုးရာတွင် လွယ်ကူစွာ ပါဝင်နိုင်ရန်အတွက် ပင်နီဇူလ ပလာဇာ (၅)လွှာရှိ လမ်းပြကြယ်စာကြည့်တိုက်တွင် စနေနေ့ နေ့လည် (၁၂) နာရီမှ စတင်ကာ တနင်္ဂနွေနေ့ အထိ၎င်း၊ မဟာဝိဟာရကျောင်းတိုက်တွင်မူ စနေနေ့ညနေ (၈း၃၀) မှ (၁၀) နာရီအတွင်း လက်မှတ်များ လာရောက်ထိုးနိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။

ဂျေမိုး မေလ ၉ရက်၊ ၂၀၀၈။

Read More...

စိတ်ထိခိုက်ကြေကွဲရင်နာဖွယ် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူပုံများ

Read More...

နာဂစ်စ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူပြည်သားများအတွက် ၀တ်ပြုဆုတောင်းပွဲ (စင်္ကာပူ)

နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများကို ကောင်းရာသုကတိလားစေရန်နှင့် လက်ရှိဒုက္ခအတိရောက်နေသော မြန်မာပြည်သူပြည်သားများအတွက် ဆုမွန်ကောင်းတောင်းလိုသူများအား အသိပေးလိုပါသည်။ မြတ်ဘုရားရှေ့မှာတောင်းဆုပြုလိုသူများနှင့် "မိမိတောင်းဆိုချင်သမျှကို မိမိဆန္ဒရှိတဲ့နေရာမှာ မိမိကြိုက်သလိုတောင်းဆိုကြဖို့အတွက်" အရင်ဦးဆုံး ဘုရားတရားအေးရိပ်ကို ဖိတ်ခေါ်လိုပါသည်။ စင်္ကာပူရှိ Eunos ရထားဘူတာအနီး မင်္ဂလာဝိဟာရကျောင်းတိုက်တွင် စနေနေ့ညနေ ၈း၃၀ မှ ၉း၃၀ အထိ ဆုတောင်းပွဲကျင်းပမည် ဖြစ်ပါသည်။

Read More...

၈-၅-၂၀၀၈ အထိ စင်္ကာပူတွင် စုစုပေါင်းရရှိသော အလှူငွေ (OBP)


ကားဖြတ်သတင်း

မေလ၉ရက်နေ့ မနက်ပိုင်းလေယဉ်နှင့် ပြည်ပရောက်မျိုးချစ်မြန်မာများ(စင်္ကာပူ) မှ မျိုးချစ်မြန်မာအချို့ဟာ ကယ်ဆယ်ရေး ဆေးဝါး၊ အ၀တ်အထည် ပစ္စည်းများနှင့်အတူ စင်္ကာပူ မှ မြန်မာပြည်တွင်းသို့ ၀င်ရောက်သွားပြီဖြစ်ပါသည်။ ရန်ကုန်မှ တစ်ဆင့် လေမုန်တိုင်း ဒဏ် ကို အဆိုးဝါးဆုံးခံခဲ့ရသော လပွတ္တာ မြို့နယ်သို့သွားရောက်တိုက်ရိုက် အကူအညီပေးရန် စီစဉ်ထားပါသည်။

Read More...

Thursday, May 08, 2008

အသက်ရှည်ကျန်းမာဖို့လှူကြစို့



ဒေါ်မာမာအေး ရေးသားသီဆိုထားသော အသက်ရှည်ကျန်းမာဖို့လှူကြစို့သီချင်းကို ဤနေရာမှ ဒေါင်းလော့ခ်ဆွဲယူနိုင်ပါတယ်ရှင်။

Read More...

ဒုက္ခ သောက .. မုန်တိုင်း


အသက်အိုးအိမ်စည်းစိမ်အားလုံးကို နာရီပိုင်းအတွင်း ဖြုတ်ခြွေဖျက်ဆီးနိုင်တဲ့ မုန်တိုင်းသတင်းကို မြန်မာပြည်မှာ သေသေချာချာ အထူးသတင်းအဖြစ် ကြေငြာခြင်းမရှိခဲ့တာ အံ့သြရင်နာလို့မဆုံးပါဘူး။ ကျွန်မတစ်သက်မှာ ငယ်စဉ်အချိန်က တစ်မြို့လုံးရေအတိဖုံးလွှမ်းခဲ့ရပုံကို ကြုံခဲ့ရဖူးပါတယ်။ အဲဒီအချိန်ကတောင် အင်မတန်သွေးပျက်ထိတ်လန့်ခဲ့ရပါတယ်။ ဒုက္ခအတိရောက်နေချိန် .. ကျွန်မတို့ ပဲခူးနယ်မြေအဲဒီလို ဖြစ်နေခဲ့တာ ဘယ်သူမှ မသိခဲ့ကြသလို သတင်းဌာနတွေမှာလည်း အထူးတလည်ဖော်ပြခြင်းမရှိခဲ့ပါဘူး ... ။ လာရောက်လှူဒါန်းကြတဲ့ ပစ္စည်းတွေကလည်း နအဖလူတွေလက်ထဲ အားလုံးလွှဲလိုက်လို့က လုံလုံလောက်လောက် လက်ထဲမရောက်ခဲ့ပါဘူး .. ။ အစားအသောက် ၊ ဆေးဝါး ၊ ကျန်းမာရေး အားလုံးဒုက္ခရောက်တာကို ကြုံဖူးသူမို့ အဆပေါင်းများစွာပိုဆိုးတဲ့ဒီမုန်တိုင်းဒုက္ခအတွက် အများကြီးကြေကွဲဝမ်းနည်းမိပါတယ် .. ။

မုန်တိုင်းအပြီး လူသေအလောင်းပုံတွေမြင်ရတိုင်း ရင်ထဲတစ်ခါဆို့နင့်မိတယ် .. ။ ဆိုးရွားလှတဲ့အခြေအနေမှာ ဘယ်လိုဒုက္ခဆိုးတွေကများ ထပ်မံဝင်ရောက်လာပါလိမ့် .. ။ သဘာဝဘေးအန္တာရယ်ကြီးကို မဖြစ်အောင် တားဆီးလို့မရပေမယ့် မိမိဘက်မှ ကာကွယ်နိုင်တာကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ် .. ။ ဒီအတွက် လိုအပ်တဲ့အရေးတကြီးထုတ်ပြန်ကြေငြာချက် ၊ အသံ နှင့် ရုပ်မြင်သံကြားတွေမှ သေသေချာချာ သတိပေးကြေငြာချက် ၊ သတင်းစားခေါင်းကြီးပိုင်းတွေမှာ ပြင်ဆင်သင့်တဲ့နည်းလမ်းတွေကို အထူးဖော်ပြချက် .. အစရှိတာတွေလုပ်လို့ရပါတယ် .. ။ ဒါပေမယ့် ... စစ်အာဏာရှင်အပါအ၀င် အဖွဲ့အစည်းတစ်ခုလုံး ဘာများဆောင်ရွက်နေကြလဲ နားမလည်နိုင်တော့ပါဘူး။


လူသေနှုန်းတွေ အနည်းဆုံး သောင်းဂဏန်းခန့် အရမ်းများပြားလွန်းချိန် အသက်ရှင်ကျန်ရှိနေသော ပြည်သူများ စားဝတ်နေရေးအတွက် အများကြီး ကူညီရပါဦးမယ် .. ။ အဲဒီအတွက် စစ်အာဏာရှင်တွေအားလုံးဘက်မှ လိုက်မကူညီနိုင်ရင်တောင် ဘေးကနေ ကူညီချင်လွန်းလို့ အာပေါက်အောင်ခွင့်တောင်းနေကြတဲ့ နိုင်ငံတကာအသိုင်းဝိုင်းအကူညီကို ၀မ်းသာအားရလက်ခံသင့်ပါတယ် .. ။ ဒီအချိန်ဟာ အယူအဆတွေ ၊ နိုင်ငံရေးတွေ ၊ လူထုဆန္ဒတွေ ကောက်ခံစည်းဝေးနေရမယ့် အချိန်မဟုတ်ပါဘူး။ ဖြစ်ပေါ်လာတဲ့ အခြေအနေဆိုးကြီးကို အကောင်းဆုံးပြန်လည်ကယ်ဆယ်ရချိန်ပါ .. ။ မိမိဘက်မှ လိုအပ်နေချိန် သူများထံက အကူညီကို တောင်းယူရမယ့်အချိန်ပါ .. ။ အဖိုးတန်လှသော လူ့အသက်တွေအတွက် အရေးပေါ်ကူညီကယ်ဆယ်မယ့်သူတွေ လာဖို့အရေး ... ဗီဇာ ... ဆိုတာကြီးနဲ့ အတင်းတံခါးပိတ်ထားနေပါလားနော် ... ။

မြောက်မြားစွာသော လူသေအလောင်းတွေကို ဒီအတိုင်းသာပစ်ထားနေကြရင် နောက်ဆက်တွဲဖြစ်လာမယ့် ကူးစက်ရောဂါတွေအတွက် ကျွန်မ အင်တန်စိတ်လေးနေမိပါတယ် .. ။ အပြစ်မဲ့တဲ့ ဒီပြည်သူတွေမျက်နှာမှာ ကြုံတွေ့ရတဲ့ သောကဒုက္ခတွေများလွန်းလို့ ဘာခံစားမှုမှတောင် မကျန်ရစ်တော့ပါဘူးလို့ ကျွန်မထင်မိပါတယ်။ လောလောဆယ် အရေးတကြီး လိုအပ်နေတဲ့ သောက်သုံးရေ ၊ အစားအသောက် ၊ ဆေးဝါးများ ၊ နေရာထိုင်ခင်း အစရှိတာတွေကို သေသေချာချာ အလျင်အမြန် စီစဉ်ပေးရပါ့မယ် .. ။ ဒါတွေကို သေချာမလုပ်ဘဲ ယူနီဖောင်းကြီးတွေဝတ် ၊ အစိမ်းရောင်တွေ တလဲ့လဲ့နဲ့ ဟန်ရေးပြ ပျော်ပွဲစားများ ပြည်သူတွေရှေ့ ထွက်ပြနေသလား မြင်နေမိပါတယ် .. ။

ဒုက္ခပင်လယ်ဝေနေသူတွေထဲမှာ စစ်သားမိသားစုအသိုင်းဝိုင်းတွေလည်းပါမယ် ... ကြံ့ဖွတ်ဆိုတာတွေလည်း ပါမယ် .. အာဏာရှင်လက်အောက်က အလုပ်သမားဝန်ထမ်းအားလုံး ပါဝင်နေမယ်... ပြည်သူတွေအားလုံးပါဝင်မယ် ... ဒီလူတွေအားလုံးကို မခွဲခြားဘဲ ကူညီဖို့အရေး နိုင်ငံတကာနဲ့ ပြည်ပရောက်မြန်မာတွေက ကြိုးစားနေတာကို အသာတကြည်လက်တွဲဆောင်ရွက်လိုက်မယ်ဆိုရင်ဖြင့် ဒီထက်ကြီးမားသောဆုံးရှုံးမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး .. ။ ဆက်သွယ်ရေးနှေးကွေးမှုတွေအပြင် ၊ အလုပ်လုပ်ပုံလေးပင့်မှုကြောင့် မဖြစ်သင့်တာတွေတော့ ထပ်မံဖြစ်လာမှာ ရင်လေးနေမိပါတယ်။ မိမိဘက်က စနစ်တကျ မကိုင်တွယ်တတ်ရင် တတ်သိနားလည်သူတွေက စေတနာဖြင့် ကူညီပေးမှာကိုလည်း မလိုချင်မှတော့ ......... မုန်တိုင်းထဲသာ ထိုတစ်အုပ်စုလုံး ပါသွားသင့်ပါတယ် ... ။

လက်ရှိအခြေအနေမှာ အလျင်အမြန်လည်း ကူညီနိုင်သလို ကူညီပါ့မယ်လို့ ကမ်းလှမ်းနေတဲ့ အမေရိကန်ရေတပ်ကို ၂၄နာရီအတွင်း နအဖဘက်က လက်ခံသင့်ပါတယ် .. ။ ဒါ့အပြင် .. ကျွန်မတို့ ပြည်ပရောက်မြန်မာတွေဘက်ကလည်း မိမိအုပ်စုမိမိနည်းဟန်များဖြင့် ပြည်တွင်းမှာ လုံခြုံစိတ်ချရသော တာဝန်ခံများမှတဆင့် သေသေချာချာ ထိထိရောက်ရောက် ကူညီလှူဒါန်းနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရပါ့မယ် .. ။

ပြည်တွင်းရှိမြန်မာများအားလုံး မီးဘေးတစ်မျိုး ၊ စီးပွားရေးကျပ်တည်းမှု အငတ်ဘေးတစ်မျိုး ၊ လေဘေးတစ်မျိုး ၊ ရေဘေးတစ်မျိုးဖြင့် အမျိုးမျိုးသော ဒုက္ခတွေကြုံနေရတာ မင်းကောင်းမင်းမြတ်မရှိခြင်းကြောင့်ဖြစ်သလို စနစ်တကျပြင်ဆင်လုပ်ကိုင်ပုံမရှိသေးတာကြောင့် ဖြစ်ပါတယ် ... ။

ဒီဒုက္ခသောကတွေအားလုံးလက်အောက်ကနေ ပြည်သူအားလုံးကို လွတ်မြောက်အေးချမ်းစေချင်ပါပြီ ... ။

Read More...

စင်္ကာပူက ငွေပြန်ပို့ နာရေးအသင်းကြီးမှ "ဆန်" ဝေဖို့


စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ်စာကြည့်တိုက်နှင့် ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာပြည်သူများအတွက် အလှုငွေများနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများကို မုန်တိုင်းဒဏ်ခံနေရသူများကိုယ်စား လက်ခံပေးလျှက်ရှိပါသည်။

လမ်းပြကြယ်စာကြည့်တိုက်မှ ၄င်းကောက်ခံရရှိသောငွေများအား နေ့ချင်းရန်ကုန်သို့ အရောက်ပို့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော နာရေးအသင်းကြီးမှတဆင့် ပြည်သူလူထုအခြေခံလိုအပ်ချက်ဖြစ်သည့် "ဆန်" ကိုအဓိကထားဖြန့်ဝေနေပါသည်။

"စင်္ကာမှာရှိတဲ့ မြန်မာအများစုက လေဘေးဒုက္ခသည်တွေကို ကူညီချင်တယ်ဗျာ အဲဒီတော့ လမ်းပြကြယ်အနေနဲ့က အလှုငွေတွေကိုလက်ခံပေးတယ်…ပြီးတော့ နာရေးအသင်းကြီးကို နေ့ချင်းလွှဲပေးတယ်" "သူတို့ကဟိုဘက်မှာ ဆန် ၀ယ်ပြီးလိုက်ဝေတယ်" "ဒီနေ့ဆိုရင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ စတင်ပြီးဝေဖြစ်တယ်ဗျ" ဟုလမ်းပြကြယ်စာကြည့်တိုက်မှ ကိုစိုင်း ကပြောပြပါသည်။



ပြည်ပရောက် မျိုးချစ်မြန်မာများမှလည်း မြန်မာပြည်ရှိဘုန်းကြီးကျောင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှတဆင့် ပြည်သူလူထု အခြေခံလိုအပ်ချက်များကို ကူညီသွားမည်ဟု သိရပါသည်။

"ကျနော်တို့အနေနဲ့ကတော့ မုန်တိုင်းဒုက္ခသည်တွေ အဓိကရောက်နေတဲ့ ရန်ကုန်က ဘုန်းကြီးကျောင်းတွေကို မနက်ဖြန်ကစပြီး ဆန်ဝေသွားမယ်" ဟု ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ ကိုစိုးထွန်း ကပြောပြပါသည်။

စင်္ကာပူနိုင်ငံရှိမြန်မာများမှာ ပင်နီဇူလပလာဇာရှိ အလှုခံဌာနများတွင် အလုပ်သိမ်းချိန်၌သွားရောက် လှုဒါန်းကြသော သတင်းများကို စင်္ကာပူနိုင်ငံရှိ နေ့စဉ်သတင်းစာများတွင် ဖေါ်ပြကြပါသည်။

စင်္ကာပူနိုင်ငံတွင် မြန်မာအများစု လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိ မြန်မာလူဦရေ တစ်သိန်းခန့်ရှိကြောင်း သိရပါသည်။

ဂျေမိုး

Read More...