Tuesday, May 06, 2008

၅-၅-၂၀၀၈ အထိ စင်္ကာပူတွင် စုစုပေါင်းရရှိသော အလှူငွေ


မြန်မာနိုင်ငံရှိ ၊ Nargis မုန်တိုင်းဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)မှ City Hall, Peninsular Plaza နှင့် အခြားနေရာများတွင် ယနေ့ (၅.၅.၂၀၀၈) ၌ ကောက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

လင်းလက် အလှူခံဌါနမှ- S$ ၁၈၈၆

စင်းမြန်မာ အလှူခံဌါနမှ- S$ ၆၄၆၇

သပြေနု အလှူခံဌါနမှ- S$ ၇၉၂

ဓါတ်တော်တိုက် အလှူခံဌါနမှ- S$ ၂၇၅

ယနေ့ စုစုပေါင်းကောက်ခံ ရရှိငွေမှာ စင်္ကာပူဒေါ်လာ ၉၄၂၀ တိတိ ဖြစ်ပါသည်။ တမြန်မနေ့ က ကောက်ခံရရှိသော စုစုပေါင်းငွေမှာ စင်္ကာပူဒေါ်လာ ၁၆၀၀ တိတိ ဖြစ်ပါသည်။ ထိုကြောင့် မုန်တိုင်းဘေးကယ်ဆယ်ရေး အလှူခံငွေမှာ၊ နှစ်ရက်ပေါင်း စင်္ကာပူဒေါ်လာ ၁၁၀၂၀ တိတိ ရရှိနေပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာပြည်အရေးတွင် တကယ်လိုအပ်သောအချိန်၌ သဒ္ဓါတရားထက်သန်စွာ ဒါနအရေး၊လက်မနှေး ကူညီလှူဒါန်းကြသော စင်္ကာပူရောက် မျိုးချစ်ရွှေမြန်မာများအား မြန်မာပြည်တွင်းရှိ ဘေးဒုက္ခသည်များ ကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်။

နောက်ရက်များတွင်လည်း သတ်မှတ်ထားသော အလှူခံဌါနများ ဆက်လက်ဖွင့်လှစ်ပြီး အလှူငွေများ ကောက်ခံမည့် အကြောင်း ရွှေမြန်မာများအား အသိပေးအပ်ပါသည်။

သတ်မှတ်ထားသော အလှူခံဌါနများ (Peninsular Plaza)

* နှစ်ထပ်တွင် လင်းလက်ဆိုင်

* သုံးထပ်တွင် စင်းမြန်မာဆိုင်

* ငါးထပ်တွင် သပြေနုဆိုင် နှင့် လမ်းပြကြယ်စာကြည့်တိုက်

အခြားနေရာများ

* Eunos ဓါတ်တော်တိုက်ကျောင်း

ပြည်ပရောက် မျိုးချစ်မြန်မာများ

စင်္ကာပူနိုင်ငံ

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။