Tuesday, January 29, 2008

Rambo 4 ရုပ်ရှင်ကားအား စင်္ကာပူရှိမျိုးချစ်မြန်မာများအားလုံး အတူကြည့်ရှုကြစို့


ယခုနှစ် အခါသမယကို အဆုံးသတ် တိုက်ပွဲ ၂၀၀၈ (သို့) မင်္ဂလာရှိသောနှစ် ဖြစ်စေရန် ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာ လူတန်းစား အလွှာအသီးသီးမှ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ကြရန် ပြင်ဆင်ပြုလုပ်နေကြသည်ကို မျိုးချစ်မြန်မာများ အားလုံး သိကြပြီး ဖြစ်ပေလိမ့်မည်။

ထိုသို့ ဖြစ်မြောက်ရန်မှာလည်း လူတစ်ဦး၊ အဖွဲ့အစည်း တစ်ဖွဲ့ ပြုလုပ်ရုံနှင့် မရရှိနိုင်ပါ။ မြန်မာပြည်သူ လူထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲမှသာ ဖြစ်နိုင်မည်ကိုလည်း အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်နေမည်ဟုလည်း အပြည့်အ၀ ယုံကြည်ပါသည်။


ပဏာမဦးစွာ စည်းလုံးညီညွတ်ကြောင်း ပြသသည့် အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ရုံတင်ပြသနေသော စစ်အာဏာရှင် မိစ္ဆာကောင်တို့၏ ယုတ်မာရက်စက်မှုကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသော RAMBO 4 အား ပြည်ပရောက် မျိုးချစ်မြန်မာများမှ လာမည့် တနင်္ဂနွေနေ့ (၃ ဖေဖော်ဝါရီလ၂၀၀၈)၊ ညနေ ၅း၅၅ နာရီ တွင် Bugis Cinema ၌ စင်္ကာပူရောက် မြန်မာများ အားလုံး အတူတကွ ကြည့်ရှု အားပေးနိုင်ရန် THEATRE တစ်ခုလုံးအား ကြိုတင်လက်မှတ် ၀ယ်ယူထားပြီး ဖြစ်ပါသည်။

စင်္ကာပူရှိ မျိုးချစ်မြန်မာများ အားလုံးသည်လည်း ပြည်တွင်းနှင့် အခြားသော ပြည်ပရှိ မျိုးချစ်မြန်မာများနှင့် တစ်သွေးတစ်သားတည်း ရှိကြောင်း ပြသသည့် အနေဖြင့် အတူတကွ ကြည့်ရှုကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

လက်မှတ် ၀ယ်ယူရန်
၁) Sin Myanmar ၂) လင်းလက် ၃) ရွှေနဒီ ၄) သပြေနု ၅) Vilas Saloon

လက်မှတ် တန်ဖိုး မူလတန်ဖိုးအတိုင်း $ 9.50

အချိန် နှင့် နေ့ရက်
ညနေ ၅း၅၅ နာရီ ၊ ၃ ရက် ဖေဖေါ်ဝါရီလ၂၀၀၈ ၊ တနင်္ဂနွေနေ့

နေရာ Bugis Junction, Shaw Theatre, Bugis 2

မှတ်ချက်။ မျိုးချစ်စိတ်အတက်ကြွလွန်ကြပြီး ရုပ်ရှင်ရုံထဲတွင် ရိုင်းစိုင်းစွာမပြုမူကြရန် ၊ မိမိလူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် မည်သည့်ပြဿနာတစ်စုံတစ်ရာမျှ မဖြစ်ပေါ်စေရန် လာရောက်ကြမည့် မျိုးချစ်မြန်မာများအားလုံး ဂရုပြုပေးကြပါဟု ကျွန်မ လင်းလက်ကြယ်စင်မှ ဆန္ဒပြုပါတယ်ရှင်။

12 comments:

အိုးဝေအောင် said...

ညီမ ။ သတ့်ုတခု ပြင်လိုက်ပါ ။
ပမာဏ နေရာမှာ ပဏာမ လို့ ပြင်ပါ ။ ရှေးဦးစွာ လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အိုးဝေအောင်

အိုးဝေအောင် said...

သတ်ပုံ လို့ပြင်ဖတ်ပါ။
သတ့်ုံ မှာလို့ ပြင်ခိုင်းတာ သတ့်ုံ ကထပ်ပြီး သတ့်ု မှားနေပြန်တယယ် ။ရယ်ရတယ်နော် ။
အိုးဝေအောင်

အိုးဝေအောင် said...

သတ်ပုံ

Anonymous said...

ဇော်မျိုးငါးမျှားနေတယ်--မသွားကြနဲ့ဗျို့--ခင်ဗျားတို့ကိုအိုင်ပီတွေသိသွားလိမ့်မယ်

YeKyawAungMDY said...

I do go and watch this weekend!!!

Doughnut IO said...

စောက်ရူးပဲ (ခွင့်လွှတ်ပါ)

ကိုယ့်အဖေ အရက်သောက်ပြီး ရပ်ကွက်ထဲ ရမ်းတာ လူမသိအောင် ဖုံးဖုံးဖိဖိလုပ်၊ အဖေ့ကို တိုးတိုးတိတ်တိတ် တရားချ၊ တရားပြမဲ့ဟာကို အရပ်က ၀ိုင်းဆဲ၊ ၀ိုင်းရိုက်တာကို လက်ခုပ်တီးတယ်။

စောက်ရူးပဲ။

Anonymous said...

နအဖ သောက်၇ူး တွေက ၇န်ဘို လို စကားများများ မပြောဘဲ လက်တွေ. င်္ဆုးမ တဲ.သူမျိုး ဘဲ ကြောက်တာ မို. တို.မြန် မာတွေ ထဲက စူစိုက်င်္ဘုမာ ဖြစ်ဖြစ် တကယ် သတ်၇ဲ တဲ.လူမျိုး များများ ၇ှိဘို. လိုအပ်တာ ကတော. အမှန်ပါဘဲ။။

Anonymous said...

အရက်သောက်ပြီး ရပ်ကွက်ထဲ ရမ်းနေတာ ကျနော့်အဖေတော့ မဟုတ်ပါ။ ခင်ဗျားအဖေသာ ဖြစ်ပါလိမ့်မယ် ကိုလောရှည်။

Anonymous said...

law shay , Fuck you .

Anonymous said...

U law shay...,..
Mother fucker (so sorry to other ppl)
fuck you...suck your father (who drunk and sleep on the street) disk...
lee bae ma aie lowww yay....

Anonymous said...

အဖေမဟုတ်ဘူး..ပထွေးဟေး .. အိမ်ပေါ်တတ်ပြီးရှိသမျှထိုင်ဖြုန်းနေတာ..အရပ်ကသိကုန်လို့ ဒါမျိုးတွေပေါ်လာတာ. ..

Anonymous said...

မပြောချင်ပေမယ့်လဲ ပြောရအုံးမယ် ဇော်မျိုးရဲ့ တုံးချက်ကတော့ သူ့အဘတွေအတိုင်းပဲ၊ Sunamiက Bushကြောင့်တဲ့.... တော်တော့်ကိုတုံးတဲ့ကောင်..တုံးယုံတင်မဟုတ်ဘူး ချိုင့်တောင်နေသေးတယ်...

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။